True Love For You
❤️ လက်တွဲဖော်ရှာဖွေဖို့ ❤️ ခံစားချက်တွေရင်ဖွင့်ဖို့
❤️ Birthday wish ဆုတောင်းတွေနဲ့ ❤️ ရင်ထဲကလိုအပ်ချက်တွေ ထုပ်ဖော်ဖို့ မင်မင့်ကို ဆက်သွယ်ပေးပါနော်။
😘💙😘
03/09/2024
အိကအခုအသက်၃၀ပါ
အိမ်ထောင်ကြတာ9နှစ်လောက်ရှိပါပီ
အိမ်ထောင်သက်တလျှောက်လုံးမှာ
စိတ်ချမ်းသာခဲ့ရတဲ့အချိန်ကတစ်နှစ်လောက်ဘဲရှိတယ်
ကျန်တဲ့အချိန်8နှစ်ကစိတ်ဆင်းရဲ့ခဲ့ရတယ်
အိရဲ့ခင်ပွန်းကအရက်ကိုအချိန်တိုင်းသောက်ပါတယ်
မိသားစုကိုလဲဘယ်တော့မှမကြည့်ခဲ့ဘူး
အဆင်မပြေမှုတွေကတော့အများကြီးပါ
အိကိုယ်တိုင်လဲဒီဘ၀ကြီးကိုမုန်းနေပီ
ဒါပေမဲ့ပတ်၀န်းကျင်က အိခလေးနှစ်ယောက်ရှိလိုဆိုပီး
ထည့်တွက်ခိုင်းတယ်
အိဘာလုပ်ရမလဲ
အိသူနဲ့လဲဆက်မပေါင်းချင်တော့ဘူး
ခလေးနှစ်ယောက်ကိုဘဲကြည့်ရမလား
အိဘာလုပ်သင့်လဲရှင်
အကြံလေးပေးပါအုန်း
အိမှာတိုင်ပင်စရာလူလဲမရှိလို့ပါ
30/08/2024
ကောင်မလေး လိုချင်လို့ပါ
အသက်က ၂၂ ပြည့်ပြီးပါပြီ
ကျောင်းတော့မပြီးသေးပါဘူး
မျက်မှန်တပ်ရပါတယ်
အရပ်ကတော့ မပြောတော့ဘူး မှန်းကြည့်ပါ😀
နေရပ်က ကြည့်မြင်တိုင်ကပါ
စကားလေး အရင်ပြောကြည့်ပြီး ရှေ့ဆက်ချင်ပါတယ်။
အရှုပ်အရှင်းကင်းပါတယ်။
လိုချင်တာလဲ သက်တူရွယ်တူထဲကပါ။
အရှုပ်အရှင်းကင်းကင်းပေါ့😀
Play girl တွေ
Red flag တွေတော့ မလာပါနဲ့
အသဲလေး 🖤မန့်ခဲ့ပါနော်
လာအပ်ပါ့မယ်နော်
29/08/2024
အားလုံးမင်္ဂလာပါ။
ကျွန်တော်က ၂၆နှစ် အရပ်က ၅ပေ၇”
အသားကတော့ လတ်ပါတယ်။
ဟင်္သတ ကပါ။
ခု လက်ရှိတော့ ချင်းမိုင်မှာ အလုပ်လုပ်နေပါတယ်။
အလုပ်ကတော့ ပင်ပန်းပါတယ်။
အလုပ်က ပြန်လာရင် တစ်ယောက်ထဲ အထီးကျန်လို့ပါ။
နိုင်ငံရေးကြောင့် ဒီကိုထွက်လာတာပါ။
အိမ်ကိုလဲ သတိရသလို တစ်ခုခုကို လွမ်းသလို ခံစားရလို့
ရင်လာဖွင့်တာပါ။
မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ။
လက်တွဲဖော်လဲ မရှာချင်ပါဘူး။
အခုက စိတ်ထဲ တစ်ခုခု လိုအပ်နေလို့ post လာတင်လိုက်တာပါ။
28/08/2024
မေးကြည့်ချင်တာပါ။ ရင်လာဖွင့်တာပါ။
ညီမက rs သက်တမ်း ၃နှစ်လောက်တွဲခဲ့တဲ့တစ်ယောက်နဲ့
အခု လမ်းခွဲထားတာပါ။
အခု အခြေအနေက ကိုယ်တိုင်ကဘဲ လိုအပ်ချက်ရှိနေသလို
သူ့အတွက် မပြည့်စုံခဲ့သလို trauma တွေရနေလို့ပါ
ဒီအခြေအနေကို ဘယ်လို Move on လုပ်ကြသလဲသိချင်တာပါ။
အခုဆို ကိုက မစားနိုင် မအိပ်နိုင်ဘူး ဖြစ်နေတာပါ။
သတိရနေတယ် ဆိုတာထက် ကိုယ် ဘာမှားနေခဲ့သလဲ
စဉ်းစားမရဘူးဖြစ်နေလို့ပါ။
ပြန်လဲမလိုချင်ဘူး
ပြန်သွားဖို့လဲစိတ်ကူးမရှိပါဘူး
တစ်ခုဘဲ ဘာကြောင့် လဲဆိုတဲ့အဖြေကို သိချင်နေတာ။
သိရတော့လဲ ဘာတန်ဖိုးမှ မရှိနိုင်တော့ဘူးထင်တယ်။
တစ်ချို့ ယောကျ်ားတွေက စစချင်းတော့ သူတို့ဘဲ အရှိအတိုင်းကို ချစ်ပါတယ်ပြောပြီး လမ်းခွဲချင်လာမှ စောက်ပြစ်တွေ တစ်ပုံကြီးပြောတတ်ကျတာလား သိိချင်လို့ပါ။
27/08/2024
လက်တွဲဖော်မဟုတ်ဘဲ JF လိုချင်တာပါ😎
အာရုံမနောက်ချင်လို့ပါ
အားရင် မုန့်အတူတူသွားစား
ရုပ်ရှင်ကြည့်
Bar & Club သွားတာမျိုးတွေ လုပ်ချင်တာကြောင့်ပါ။
ရည်းစားကြီးရှိနေရင် ဘာဖြစ်တယ်
ဘာလုပ်တယ် ဘာစားနေတယ်
ဘယ်သွားမလို့ ရှုပ်နေအောင် မပြောချင်လို့ပါ
တော်တော် အာရုံနောက်တာပါ။ 😁
ကိုယ့်ဘဝ တက်လမ်းလဲ ပိတ်တယ်လို့ ခံစားရပါတယ်။
အာ့ကြောင့် ရည်းစားမထားချင်ပါဘူး။
ညီမလဲ နေရာတကာ ရစ်တတ် ကောက်တတ် ချွဲတတ်တဲ့ထဲမပါတော့🤣 အေးဆေးပါနော်
ကိုယ့်အလုပ်ရှိ ကိုလုပ် အားမှ တွေ့ကြမယ်
သောက်မလား 👍
Club လား 👍
အဲ့ဘိုမျိုးဘဲဖြစ်ချင်တာပါ။
JF ဆိုလို့ ဘာရမလဲ တွေးပြီး အချိုအချောင်လာမရှာပါနဲ့
ကိုယ်လဲ ဇယားရှင်းရှင်းဘဲ
အဲ့ဘက်ကလဲ ဇယားရှင်းမှလာပါ
ဇယားတွေလာရှုပ်တာ လုံးဝမကြိုက်ပါနော်
ဇယားလာရှုပ်ရင် ပြန်ပြီးကွိုင်ပေးမယ့်သူမျိုးပါ
ညိမ်ခံကြောက်နေတဲ့ မိန်းမမဟုတ်တာ ကြိုပြောထားတာနော်
အသက် ၂၄ ၊ လူကလဲ ခေတ်နဲ့အညီ၊ နေရာဒေသနဲ့အညီ ဝတ်စားပြီးနေတာ။ အလုပ်လဲ အတည်တကျရှိတယ်၊
လူလဲမကြောက်တတ်၊ Confidence so hight
Ygn,Mdy ဘယ်ကမဆို လာခင်လို့ရပါတယ်။ Mdy က တစ်လ တစ်ခါလောက်ရောက်ပါတယ်။
လာခင်မယ်ဆို အသက် ၃၅အောက်တွေ
အရှုပ်အရှင်း ကင်းကင်းတွေဘဲ လာပါနော်
❌🚫 ကြိုက်တာမန့်ပေးပါ။ အကောင့်အစစ်ကိုဘဲ လာအပ်ပါမယ်။ edit
27/08/2024
လက်တွဲဖော် မိန်းကလေး လိုချင်ပါတယ်။
စကားပြောကြည့်ပြီးမှ RS ကို သွားပါမယ်။
အရေးအကြီးဆုံးပြောချင်တာ ၁-၂ ရက် စကားလာပြောပြီး ပျောက်သွားကြလို့ပါ။ အဲ့လိုဆိုရင် အစထဲက မပြောပါနဲ့နော်။
အခြား group တွေထဲမှာလဲ တင်ဘူးပါတယ်။
အခု ဒီမှာ လာတင်ကြည့်တာပါ။
အသက်က ၂၄ကျော် ၂၅ နှစ် အောက်တိုဘာဆို ပြည့်မှာပါ။
အရပ်က 5’9” ကျော်ပါတယ်။
အလုပ်နဲ့ သင်တန်းတွေ တက်နေတဲ့သူပါ။
တ/ဥက္ကလာမှာ နေပါတယ်။
Tattoo အနည်းငယ်ရှိပါတယ်။ အသားကတော့ ဖြူပါတယ်။
လူငယ်သဘာဝ သောက်တာတော့ အနည်းအကျဉ်းရှိပါတယ်။ အများကြီးမသောက်ပါ😁
အပေါင်းအသင်းစုံရင်တော့ ကစ်ဖြစ်ပါတယ်🤣။
လိုချင်တာကတော့ ၁၈ to ၂၈ လောက်အတွင်းပေါ့
ပိန်ပိန်သွယ်သွယ်ထဲက လိုချင်တာပါ။
အလုပ်ရှိတဲ့သူမျိုးပေါ့။ ဘာလို့ဆို အလုပ်ပိတ်ရက်တွေအတူတူ မုန့်စား၊ လျောက်သွား လုပ်လို့ရတာပေါ့။
အလုပ်မရှိရင်လဲ အဆင်မပြေပါဘူး😁
အားနေရင် ရစ်နေမှာ ကြောက်လို့ပါ။
ကျောပူတာမကြောက်ပါဘူး
နားပူတာတော့ ကြောက်ပါတယ်။
ဖြစ်နိုင်ရင် ကလေးစိတ်/ မရင့်ကျတ်တဲ့သူတွေ မလိုချင်ပါဘူး။ ပြောဆိုတိုင်ပင် အပြန်အလှန် ဖေးမပေးမယ့် လက်တစ်စုံ လိုအပ်တာပါ။
ဝင်ငွေက အများကြီးမဟုတ်ပါဘူး။ ဒါကြောင့် မအန်းနိုင်ပါဘူး။ အမှတ်တရနေ့လေးတွေ ရှိလာရင်တော့ အမှတ်တရလေးတွေ ဖော်ဆောင်ပေးမှာပါ။
အဆင်ပြေမယ် စကားပြောကြည့်မယ်ဆို 🐶 မန့်ပေးနော်။
အကောင့်တွေတော့ ပိတ်မထားပါနဲ့👍
ကျေးဇူးနော် အားလုံး။
27/08/2024
ညီမက vlog တွေရိုက်တဲ့ အလုပ်ကို လုပ်ဖို့ ရည်ရွယ်ထားတဲ့သူပါရှင့်။ ဘာပြောချင်တာလဲဆိုတော့
အခုမှ စလုပ်မယ့်သူဆိုတော့ ကြောက်စိတ်လဲ ဝင်နေတာရယ် အပေါင်းအသင်းကလဲ သိပ်မရှိတာရယ်နဲ့ စလုပ်ဖို့ကို တွေဝေနေတာ (၁) နှစ်ပြည့်ပါတော့မယ်။
အလုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေတော့
ဝယ်ထားပေမယ့် အကောင်းဆုံး အပြည့်စုံတော့
မဟုတ်သေးပါဘူး။ ရှိသလောက်နဲ့
ကြိုးစားကြည့်ချင်တာပါ။
လိုချင်တာက စိတ်တူကိုယ်တူ လုပ်ဖို့ လူများရှိမလားလို့ပါ။ ညီမလဲတစ်ယောက်ထဲဆိုတော့ အားငယ်တာရော ရှက်နေတာရောကြောင့်ပါ။
အတူတူလက်တွဲလုပ်မယ့်သူ(သို့) အတူတူ
ကြိုးစားမယ့် လက်တွဲဖော်များ ရမလားလို့
လာတိုင်ပင်ကြည့်တာပါ။
ညီမက ၂၃နှစ် ၊ ၅’၂” အရပ်
ပုံမှန်အနေအထားအရ ကြည့်ကောင်းပါတယ်။
ရန်ကုန်ကပါ။ ကျန်တာတွေက အများကြီး ချမရေးတော့ဘူးနော်။
🎬မန့်ပေးပါ။ အကောင့်ထဲဝင်ကြည့်ပြီး
အဆင်ပြေမယ့်သူရှိရင် အပ်လိုက်ပါမယ်။
အတူတူ လက်တွဲလုပ်မယ်ဆို Ok လို့မန့်ပေးပါနော်။
အားလုံးကို ကျေးဇူးပါ😘
27/08/2024
အရင်ဆုံးပြောချင်တာက စိတ်ညစ်လာရင် သောက်ဖြစ်ပါတယ်လို့ 🤣
အပေါင်းအသင်းဖြစ်မယ်ဆို သောက်ဖော်သောက်ဖက်လူဘူ လိုချင်ပါတယ်။ အိမ်မပိုင်တဲ့သူတွေနဲ့ဆို
အဆင်မပြေဘူးနော်။
ကိုယ်က ၂၉ နှစ်ပါ။ ၅ပေ ၄ လက်မ
မပိန်မဝ အနေအထားပါ။ အသားက လတ်ပါတယ်။
မြန်မာဝတ်ဆုံဝတ်လိုက်ရင် တော်တော်ကြည့်ကောင်းတဲ့ပုံစံထဲပါပါတယ်။
ဘွဲ့ရ၊ အလုပ်အကိုင်လဲ ရှိပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နေတာပါ။
သောက်တတ်စားတတ်လို့ ပျက်စီးနေတဲ့ မိန်းမတော့ မဟုတ်ပါ။
စကားအရင်ပြောကြည့်ပါမယ်။ ပေါင်းသင်းလို့ရမယ့်သူမျိုး၊ respect ရှိမယ့်လူမျိုး အပေါင်းအသင်းလိုချင်တာပါ။
ရန်ကုန် စမ်းချောင်းမှာနေပါတယ်။ စမ်းချောင်းအနီးအနားကဆို ပိုပြီးအဆင်ပြေပါတယ်။
အပေါင်းအသင်းဖြစ်ချင်ရင်☺️မန့်လိုက်ပါ။
ကျေးဇူးတင်ပါတယ်။
လက်တွဲဖော်ရှာဖို့ post လေးတင်မယ်ဆို
စာသားရယ် မိမိသုံးချင်တဲ့ ပုံလေး
(မိမိရဲ့ပုံအစစ်ဆိုပိုကောင်း) ပို့ပေးပါနော်။
အခု ပုံမပါလို့ မတင်ရသေးတဲ့ post လေးတွေ ရှိနေလို့ပါနော်။ တစ်ချို့စာလေးတွေတော့ မင်မင် ပြင်ပါတယ်နော်
Page ထိမှာဆိုးလို့ပါ။ နားလည်ပေးပါနော်။
26/08/2024
အတူတူရှိသွားမယ့် ဘဝလက်တွဲဖော်လေးများ ရနိုင်မလား
ကျွန်တော်က အသက်၁၆လောက်ထဲက ကျောင်းတက်ရင်းအလုပ်လုပ်ခဲ့ရတာပါ။
အခုက ၂၅ နှစ် ပြည့်တော့မှာ။ ၂၈ ရက်နေ့ပါ ဒီလ
အရပ်က ၅ပေ ၁၀ပါ။ လူကတော့ ပိန်ပိန်ပါးပါးနဲ့ပါ။
အသားက ဖြူပါတယ်။ ရုပ်ကတော့ ကြည့်ကောင်းတယ်ဆိုသလောက်ပါ။ ဘဝအကြောင်းလေး နည်းနည်း ရင်ဖွင့်ချင်ပါတယ်။
အဖေက ဝမ်းတွင်းက အမေက မိုးကုတ်ဇာတိ ရှမ်း-ကချင် တိုင်းရင်းသူပါ။ အဖေကတော့ ဆုံးပါပြီ။ အမေကတော့ ရှိပါသေးတယ်။ အမေနဲ့ မတွေ့ရတော့တာ (၉)နှစ်ကျော်ပါပြီ။
အဖေဆုံးပြီး အမေက နောက်အိမ်ထောင်ပြုသွားပြီး ပြည်ပထွက်သွားလို့ပါ။ ကျွန်တော်က အဖေ့ညီနဲ့ အမကြီးက ခေါ်ပြီး ကျောင်းထားပေးခဲ့လို့ တက္ကသိုလ်တက်ပြီး ကျောင်းပြီးခဲ့တာပါ။ ပြောရရင်တော့ ဘဝအကြောင်းက ဖြောင့်ဖြူးခဲ့တာမရှိလို့ ဒီနေရာမှာတော့ အတတ်နိုင်ဆုံး စကားလုံလှအောင် စာစီပြရတာပေါ့။
ကျွန်တော့အကြောင်းဆက်ပြောပါမယ်။
မန္တလေးမှာ ကျောင်းပြီးတာပါ။
ဂစ်တာတီးတယ် သီချင်းနည်းနည်းဆိုပါတယ်။ အသံတော့သိပ်မကောင်းပါ။ ဘာလို့ဆို ငယ်ငယ်နဲ့ အလုပ်လုပ်ခဲ့ရတော့ အချိန်ပြည့် သီချင်းညည်းနေခဲ့တာပေါ့။ စိတ်ထွက်ပေါက်အနေနဲ့ပါ။
တက္ကသိုလ်တုန်းက လက်တွဲခဲ့တဲ့ ချစ်သူရှိခဲ့ဘူးပါတယ်။
ကျွန်တော့ ဘဝအကြောင်းသိတော့ သူ့မိဘတွေက သဘောမတူလို့ ကျွန်တော် နောက်ဆုတ်ပေးလိုက်တာပါ။ ပထမဆုံးအချစ်ပေါ့ သူကတော့☺️
အခုတော့ သူလဲ အိမ်ထောင်ပြုသွားပါပြီ။
Congratulations
လက်ရှိ ကျွန်တော် မန္တလေးမှာ နေပါတယ်။ အလုပ်ကပေးထားတဲ့ အဆောင်မှာပေါ့။ ချစ်သူမထားခဲ့တာ ၃ နှစ်နီးပါးရှိပါပြီ။ ဒါကြောင့် အခု ချစ်သူ လက်တွဲဖော်အနေနဲ့ လာရှာကြည့်တာပါ။
သက်တူရွယ်တူထဲကလိုချင်ပါတယ် / ချမ်းသာဖို့မလိုပါ
အချစ်ကို သစ္စာရှိဖို့နဲ့ ချစ်ရဲတဲ့သတ္တိရှိတဲ့လူဘဲ လိုချင်တာပါ။ ကျွန်တော် အလုပ်ကို ကြိုးစားပြီး လုပ်နေတဲ့လူဆိုတော့ ငွေအကြောင်း အသိုင်းအဝိုင်းအကြောင်းတွေ အများကြီးပြောတဲ့လူဆိုရင် လက်မခံပါဘူး။
ကျွန်တော့်မှာ ခုလက်ရှိ ပညာနဲ့ အလုပ် ဝင်ငွေ ဒီအရွယ်မှာ ကောင်းစွာ ရှာနေပါတယ်။ ဒါကြောင့် လက်တွဲဖော်နဲ့အတူ ကြိုးစားပြီး ဘဝအတွက် တူတူရှိပေးမယ့် ချစ်သူလေးလိုချင်ပါတယ်။
ကျွန်တော်ကလဲ အချစ်ကိုမကစားသလို ကျွန်တော့်ကိုလဲ လာ မကစားဖို့ တစ်ခုဘဲ တောင်းဆိုပါတယ်။
Birthday wish လေး လုပ်ပေးခဲ့ကြပါလား သူငယ်ချင်းတို့
ဘဝမှာ မရဘူးတဲ့ အမှတ်တရလေးဖြစ်ချင်လို့ပါ 🎂🎉🎈
26/08/2024
Hi
မမ လိုချင်တာပါဗျ😃
ကျွန်တော်က ၂၃နှစ်ကျော်ပါပြီ။ အရပ်က ၅’၉” ကျော်နိုင်ပါတယ်။ အသားကတော့ လတ်ပါတယ်။
မမဲပါဘူး။ 🤣
မချောပေမယ့် ယောကျ်ားပီသပါတယ်။
ပေါင်ချိန် ၁၂၀ လောက်ရှိမယ်ထင်တင်။
နေတာက လှိုင်မှာပါ။ ကျောင်းလဲ ဆက်ပြီး မတက်ဖြစ်တော့ပါဘူး။ အရင်က game သမားဖြစ်ချင်တာပါ။ Try ကြည့်ခဲ့ဘူးပါတယ်။ အဆင်မပြေခဲ့ဘူးဗျ။
အခုလဲ computer ပိုင်း လုပ်နေတာပါ။ သိပ်ပြီးအဆင်မပြေတော့ လမ်းပျောက်နေလို့ပါ။
Game လောကထဲဝင်တုန်းကတော့ ရည်းစားရှိခဲ့ပါတယ်။ မအောင်မြင်တော့ သူလဲ နားလည်မပေးနိုင်တော့ လမ်းခွဲသွားပါတယ်။ အဲ့နောက်ပိုင်း အခုထိ ရည်းစား မထားခဲ့ပါဘူး။
အခုက ဆုံးမပြီး လမ်းပြပေးမယ့် မမ တစ်လောက်လိုချင်တာပါ။ အတည်ပါ။ အပျော်မတွဲပါဘူး။
အသက်အရွယ်ကို ၂၇-၃၃ လောက်အတွင်းဆို
အဆင်ပြေပါတယ်ဗျ😁။
ကျန်တာတွေ စကားပြောကြည့်ရင်း ဆက်ပြီးဆွေးနွေးကြည့်ချင်ပါတယ်။
⚽️လေးမန့်ခဲ့ပါ။ MU Fanပါ။
😊Thanks
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11041