MEB Talk 2

MEB Talk 2

Share

ဈေးအသက်သာဆုံးဖြင့် တစ်ကမ္ဘာလုံးသို့ဖုန်းခေါ်ဆိုနိုင်သည်။
International Calling with Amazing Rates

Photos 08/07/2016

Clash Royale Tournament
MEB Tournament (1)
အစက Tournament တစ်ပွဲတည်း လုပ်ဖို့ စိတ်ကူးထားပေမယ့် Tournament Feature က စပါလာတာ မကြာသေးတာရယ် Error တွေ ချို့ယွင်းချက်တွေ ရှိမှာရယ် ကြောက်တာကြောင့် Update စောင့်ရင်းနဲ့ အစမ်းတစ်ပွဲ အရင် ကျင်းပဖို့ စီစဉ်လိုက်ပါတယ်။
MEB Tournament (1) မှာ ပါဝင်ကစားမယ့်သူတွေကို ကန့်သတ်ချက် ထားထားမှာမဟုတ်ပေမယ့် နောက်တစ်ပွဲ ဖြစ်တဲ့ MEB Tournament (2) မှာ တော့ ကန့်သတ်ချက်တွေ ရှိသွားမှာပါ။
MEB Tournament (1) ကို ယခုလ ဇူလိုင်လ ၁၅ ရက်နေ့ ည ၁၀ နာရီ မှာ စတင်မှာ ဖြစ်ပြီး Tournament Name/Tag နဲ့ Password ကို အဲဒီနေ့ ည ၁၀နာရီတိတိမှာ Page မှာ တင်ပေးသွားမှာ ဖြစ်ပါတယ်။
အယောက် ၂၅၀ သာ ပါဝင်နိုင်မှာ ဖြစ်တဲ့အတွက် ဦးစွာ ဝင်နိုင်တဲ့သူသာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။
ကစားပွဲ ကြာချိန်မှာ ၂ ရက် လို့ သတ်မှတ်ထားပါတယ်။
Gamer တစ်ယောက်အတွက် ဆုကြေးထက် အောင်ပွဲ/အောင်နိုင်မှုက ပိုအဓိကျပေမယ့်လည်း ထို အောင်မြင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အောက်ပါဆုများကို MEB မှ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
MEB Tournament (1) က အစမ်းပွဲ အနေနှင့် ကျင်းပခြင်းဖြစ်ပြီး MEB Tournament (2) ကို ဇူလိုင်လ ၂၉ ရက်နေ့ သို့မဟုတ် သြဂုတ်လ ၅ ရက်နေ့မှာထပ်မံ ကျင်းပမှာ ဖြစ်ပါတယ်။
MEB Tournament (2) မှာ ဆုတွေ ဒီထက်ပိုမိုကောင်းမွန်များပြားမှာ ဖြစ်ပါတယ်။
MEB Tournament (2) ဝင်ရန် ကန့်သတ်ချက်များ ထားရှိမှာ ဖြစ်ပါတယ်။
MEB Tournament (1) အောင်နိုင်ထားသူ အဆင့် (၁) မှ (၁၀၀) ရှိ ကစားသူများကို MEB Tournament (2) မှာ ဦးစားပေး ပါဝင်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။
MEB Tournament (1) အတွက်က စည်းကမ်းချက်သိပ်မရှိပါဘူး။ အစမ်းပွဲ ဖြစ်တဲ့အတွက် ပါဝင်ကစားခြင်းသာအဓိက ဖြစ်ပါတယ်။
ဆုများကတော့ ပွဲပြီးသည့်အခါ နောက်ဆုံးရလာဒ် အဆင့်ပေါ်မူတည်၍ပေးသွားမှာ ဖြစ်ပါတယ်။
MEB Tournament (1) အတွက် ဆုများ
အဆင့် (၁) - Huawei Gplay Mini
အဆင့် (၂) - Asus Zenfone 5
အဆင့် (၃) - Huawei Y3II
အဆင့် (၄) - Cherry Ruby
အဆင့် (၅) - Bluetooth Gamepad
ထို့အပြင် အဆင့် (၁) ရသူမှာ Clash Royale မှ ကတ် ၃၀၀ ရရှိမည်ဖြစ်ပါသည်။
အဆင့် (၂) ရသူမှာ Clash Royale မှ ကတ် ၂၀၀ ရရှိမည်ဖြစ်ပါသည်။
အဆင့် (၃) ရသူမှာ Clash Royale မှ ကတ် ၁၅၀ ရရှိမည်ဖြစ်ပါသည်။
အဆင့် (၄) မှ အဆင့် (၁၀) အထိ ရသူများမှာ Clash Royale မှ ကတ် ၆၀ ရရှိမည်ဖြစ်ပါသည်။
အဆင့် (၁၁) မှ အဆင့် (၂၀) အထိ ရသူများမှာ Clash Royale မှ ကတ် ၄၅ ကတ် ရရှိမည်ဖြစ်ပါသည်။
အဆင့် (၂၁) မှ အဆင့် (၃၀) အထိ ရသူများမှာ Clash Royale မှ ကတ် ၃၅ ကတ် ရရှိမည်ဖြစ်ပါသည်။
အဆင့် (၃၁) မှ အဆင့် (၄၀) အထိ ရသူများမှာ Clash Royale မှ ကတ် ၃၀ ကတ် ရရှိမည်ဖြစ်ပါသည်။
အဆင့် (၄၁) မှ အဆင့် (၅၀) အထိ ရသူများမှာ Clash Royale မှ ကတ် ၂၅ ကတ် ရရှိမည်ဖြစ်ပါသည်။
အဆင့် (၅၁) မှ အဆင့် (၆၀) အထိ ရသူများမှာ Clash Royale မှ ကတ် ၂၀ ကတ် ရရှိမည်ဖြစ်ပါသည်။
အဆင့် (၆၁) မှ အဆင့် (၇၀) အထိ ရသူများမှာ Clash Royale မှ ကတ် ၁၅ ကတ် ရရှိမည်ဖြစ်ပါသည်။
အဆင့် (၇၁) မှ အဆင့် (၈၀) အထိ ရသူများမှာ Clash Royale မှ ကတ် ၁၂ ကတ် ရရှိမည်ဖြစ်ပါသည်။
အဆင့် (၈၁) မှ အဆင့် (၉၀) အထိ ရသူများမှာ Clash Royale မှ ကတ် ၁၀ ကတ် ရရှိမည်ဖြစ်ပါသည်။
အဆင့် (၉၁) မှ အဆင့် (၁၀၀) အထိ ရသူများမှာ Clash Royale မှ ကတ် ၈ ကတ် ရရှိမည်ဖြစ်ပါသည်။
ပွဲကျင်းပမည့်နေ့ - ၁၅.၇.၂၀၁၆
အချိန် - ည ၁၀ နာရီ
ပြင်ဆင်ချိန် - ၂ နာရီ ( Tournament ကြို Create ထားမှာဖြစ်တဲ့အတွက် ၁ နာရီ ကျော်သာ ရပါမည်)
အများဆုံးပါဝင်ကစားနိုင်သူဦးရေ - ၂၅၀ ယောက်
ကြာချိန် - ၂ ရက်
MEB Mobile
Room 4032, Level 3, Taw Win Center
Pyay Road, Dagon Township
Yangon, Myanmar
+959450057681
+959970696900

06/06/2016

မနက်ဖြန် June 7, 2016 တွင် MEB IT & Mobile ဆိုင်တစ်ရက်ပိတ်ပါမည်။
June 8, 2016 တွင် ပုံမှန်အတိုင်း နံနက် ၉ နာရီမှ ည ၈ခွဲအထိ ပြန်လည်ဖွင့်လှစ်ပါမည်။

Photos 04/06/2016

Asus X453S Laptop + Asus Zenfone Go 4.5
389,000 Kyats
Free Delivery
Free Mcafee Antivirus
Free Original Laptop Bag
Limited Stock
ငွေကျပ် ၃ သိန်းကျော်ရှိရုံဖြင့် လက်တော့ နှင့် ဖုန်းတစ်လုံး ပိုင်ဆိုင်နိုင်ပါပြီ။
Asus XMA453S တွင် Intel Celeron Dual Core 2.16GHz ပါဝင်ပြီး RAM 2GB နှင့် Hard Disk 500 GB ပါဝင်ပါတယ်။
Celeron Processor ဖြစ်တဲ့အတွက် Game ကြီးကြီးမားမား ဆော့နိုင်မည်မဟုတ်ပေ။ Photo Editing အတွက်မူ သာမန် ပုံ ဆိုက် ခပ်သေးသေးတွေကိုတော့ Photoshop CS3 လောက်ဖြင့် Edit လုပ်နိုင်ပါသေးတယ်။
RAM က 2GB ထဲ ပါတာမလို့ Internet သုံးတဲ့နေရာမှာ Tab အများကြီးဖွင့်တာတို့ ပရိုဂိမ်တွေ ဆော့ဝဲတွေ အများကြီးဖွင့်တာမျိုးတော့ လုပ်ရခက်မှာ ဖြစ်ပါတယ်။
Virtual Memory အသုံးပြုလို့ရပေမယ့် Virtual Memory က Physical Memory ထက် အဆများစွာ နှေးပါတယ်။
DVD Drive လည်းပါဝင်တာဖြစ်လို့ လုပ်ငန်းအတွက်ပဲ ဖြစ်ဖြစ် ဇာတ်ကားခွေ ကြည့်ချင်တာပဲ ဖြစ်ဖြစ် အစုံလုပ်လို့ရတဲ့ လက်တော့လေးပါ။
LAN ပေါက်တစ်ပေါက် VGA (Computer Monitor) တပ်လို့ရတဲ့ အပေါက်
HMDI ပေါက် တစ်ပေါက်၊ နားကြပ်ပေါက်တစ်ပေါက်၊ USB 2.0 တစ်ပေါက်နဲ့ 3.0 တစ်ပေါက်၊ Card Reader တစ်ပေါက်တို့ ပါဝင်ပါတယ်။
Graphic ကတ် က တော့ on board ဖြစ်တာနဲ့ အားလျော်စွာ Graphic နဲ့ ပတ်သက်တာ ကြီးကြီးမားမားတော့လုပ်လို့မရပါ။
RAM နည်းတာ Celeron Processor ဖြစ်တာကလွဲရင် ဒီဇိုင်းလေးလည်း လှ တန်ဖိုးလည်း သင့်တဲ့ လက်တော့လေး ဂိမ်းဆော့ဖို့ မရည်ရွယ်ကြတဲ့ သူများ လုပ်ငန်အတွက် Program အမြင့် စားတွေ မသုံးမယ့်သူများ Graphic ဒီဇီုင်း ကြီးကြီး မားမား မဆွဲမယ့်သူများအတွက် အဆင်ပြေစေပါတယ်။
ကလေးသူငယ်တွေကိုလည်း ဝယ်ပေးလို့ရတဲ့ တန်ဖိုးနည်း လက်တော့လေး တစ်ခုလည်းဖြစ်ပါတယ်။
ဖုန်းနဲ့ ပတ်သက်ပီး ပြုပြင်တာတို့ ဖမ်းဝဲတင်တာ တို့ လည်းကောင်းကောင်းလုပ်လို့ရပါတယ်။
အရောင်အနေနဲ့ကတော့ ခရမ်းနဲ့ အနက်ရောင် ဆိုပြီး ၂ မျိုးရှိပါတယ်။
================================================
Asus Zenfone Go 4.5
အရောင် အသွေးစုံစုံနဲ့ ထုတ်လေ့ရှိတဲ့ Asus ဖုန်းလေးတွေ ထဲမှာ တန်ဖိုးနည်းတဲ့ ဖုန်းတွေ ပါ ပါရှိတာဖြစ်တဲ့အတွက် အရည်အသွေးလည်းအသင့်အတင့် တန်ဖိုးလည်း နည်းတယ် ပြောလို့ရတဲ့ ဖုန်းလေးတွေ ရှိပါတယ်။
လက်ဆောင်ပေးချင်သူတွေ အတွက်လည်း မျက်နှာပန်းလှတဲ့ဖုန်းလေးတွေပါ။
Zenfone Go 4.5 ဆိုရင် လောလောဆယ် အရောင်အားဖြင့် Silver, Silver Blue နဲ့ Gold ဆိုပြီး အရောင်သုံးရောင် ရရှိနိုင်ပါတယ်။
Processor Quad-core 1.3 GHz Cortex-A7 ကိုအသုံးပြုထားပြီး RAM 1GB Internal Storage 8GB ပါဝင်ပါတယ်။
Micro SD Card ကတော့ 64 GB အထိ စိုက်လို့ရပါတယ်။
Android Version 5.1 Lollipop ကို အသုံးပြုထားပြီး ZenUI 2.0 အသုံးပြုထားပါတယ်။
မျက်နှာပြင် ၄ လက်မ ခွဲ ရှိပြီး ရှေ့ကင်မရာ 0.3 MP နဲ့ အဓိက ကင်မရာ 5MP ပါဝင်ပါတယ်။
Wifi, Bluetooth, GPS အပြင် FM Radio လည်းပါဝင်ပါတယ်။
ဆင်းကတ် နှစ်ကတ် အသုံးပြုလို့ရပြီး 3G တစ်ကတ် 2G တစ်ကတ် တစ်ပြိုင်နက်အသုံးပြုနိုင်ပါတယ်။
MPT, Ooredoo, Telenor ဆင်းကတ်များ အသုံးပြုနိုင်ပါတယ်။
ထို့အပြင် ဒီဖုန်းအသုံးပြုသူတွေအနေနဲ့ Google မှ Google Drive Space 100GB ကို ၂ နှစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Battery အနေနဲ့ ဖြုတ်တပ်လို့ ရတဲ့ 2070 mAh အရှင်လတ်လတ်ပါဝင်ပါတယ်။
အခြား ထူးထူးခြားခြား စိတ်ဝင်စားစရာပါတာလေးတွေကတော့
နောက်ခံပုံအမျိုးမျိုးပြောင်းနိုင်တဲ့ Themes
ဗီဒီယို ရုပ်ရှင်လေးတွေရိုက်ဖို့ MiniMovie
ဓာတ်ပုံဖြတ်ညှပ်ကပ် ပေါင်း ဖို့ PhotoCollage
Zencircle, SnapView
နှစ်ချက် လှုပ်လိုက်ရုံနဲ့ ဖွင့်ပိတ်လို့ရတဲ့ ZenMotion (လွတ်ကျမှာတော့မြင်ယောင်သေးတယ်၊ စာရေးသူက အရှိတ်ကောင်းလို့ iPhone ကို လွတ်ကျဖူးတာ)
နှစ်ချက်ဆက်တိုက် ထိရုံနဲ့ အဖွင့်အပိတ်လုပ်နိုင်တဲ့ Setting
အရောင်အနေနဲ့ကတော့ Silver, Silver Blue နဲ့ Gold ရရှိနိုင်ပြီး ဖုန်းချည်းသီးသန့် ဝယ်ယူလိုပါက ၉၉၉၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပါတယ်။
ရန်ကုန်မြို့တွင်းအခမဲ့ပို့ပေးပါတယ်။
Asus X453S Laptop နဲ့ Asus Zenfone Go 4.5 ၂ ခုတွဲ ဝယ်ယူပါက ၃၈၉၀၀၀ ကျပ် သာ ကျသင့်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင်းအိမ်အရောက် အခမဲ့ပို့ဆောင်ပေးပါတယ်။
Laptop အတွက် Warranty 2 years နဲ့ ဖုန်းအတွက် အာမခံ တစ်နှစ်ပါဝင်ပါတယ်။
ဆိုင်သို့လာရောက် ဝယ်ယူလို့ပါကလည်း
MEB IT & Mobile
အခန်းအမှတ် ၄၀၃၂၊ တတိယထပ်၊ တော်ဝင်စင်တာ
ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ၀၉၄၅၀၀၅၇၆၈၁၊ ၀၉၉၇၀၆၉၆၉၀၀
သို့ လာရောက်ဝယ်ယူနိုင်ပါတယ်။

21/01/2016

မနက်ဖြန် ၂၀၁၆ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် တော်ဝင်စင်တာရှိ MEB Store အား ပုံမှန် ဖွင်နေ့ကြ ၉ နာရီ ထက် ၂ နာရီ နောက်ကျ ၍ နံနက် ၁၁ နာရီမှ ဖွင့်လှစ် မည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
နောက်နေ့များတွင် ပုံမှန်အတိုင်း နံနက် ၉ နာရီမှ ည ၈နာရီခွဲအထိ ပိတ်ရက် မရှိ ဖွင့်လှစ် သွားပါမည်။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Address


Room No. 4032, Level 3, Taw Win Center, Pyay Road
Yangon