Slow Book

Slow Book

Share

ဖြည်းဖြည်းဖတ် များများချစ်

13/06/2026

ဒီနှစ်အုပ်ထဲက
တစ်အုပ်ကို ရွေးရမယ်ဆိုရင်
ဘယ်ညာ ဘယ်တစ်အုပ်ကို
ရွေးကြမလဲ❤️🖤

Photos from WE Distribution's post 22/05/2026

သားသားမီးမီးတို့အတွက်

🔎စူးစမ်းနဲ့ မက်စ် 🤖
လာပါပြီ

https://www.facebook.com/share/p/1DgLgEBeFt/?mibextid=wwXIfr

15/05/2026

🙏အထူးမေတ္တာရပ်ခံချက်🙏

မေ ၁၅ ရက်နေ့ ညနေမှာ
Slow Book ဝန်ထမ်းများရဲ့
Staff Party ရှိပါသဖြင့်
နေ့လယ် ၂ နာရီ (2PM) မှာ
စာအုပ်ဆိုင်လေး စောပြီး ပိတ်ပါရစေနော်…

နောက်နေ့တွေမှာတော့
နေ့စဉ် မနက်ကိုးနာရီကနေ ညနေ ငါးနာရီထိ
နေ့စဉ် ပိတ်ရက် မရှိ
ဖွင့်ပါတယ်။

Photos from WE Distribution's post 12/05/2026

မောင်နှေးကွေးလေးရဲ့
ဆိုင်မှာလည်း
မောင်နှေးကွေးလေးရဲ့
ဘော်ဒါတွေအကြောင်း
ဝယ်ယူအားပေးနိုင်ပါပြီ

https://www.facebook.com/share/p/18wh55VC2R/?mibextid=wwXIfr

12/04/2026

သင်္ကြန်ကာလအတွင်း
အေးချမ်းပျော်ရွှင်ကြပါစေ

https://www.facebook.com/share/p/1bEB664cHZ/?mibextid=wwXIfr

အတာရေနဲ့အတူ
အေးချမ်းပျော်ရွှင်ကြပါစေ

💦🎉 💦🎉

09/04/2026

💐 💦သင်္ကြန်ရုံးပိတ်ရက် ကြေငြာခြင်း 💦

✅Yangon Book Plaza ၊
✅We Distribution၊
✅Slow Book
✅ငါတို့စာပေ၊
လုပ်ငန်းအားလုံးကို
April 11 ရက်နေ့ မှ
April 19 ရက်နေ့ထိ
နှစ်သစ်ကူးအားလပ်ရက်အဖြစ်
ပိတ်ထားမည်ဖြစ်ကြောင်းနှင့်
Yangon Book Plaza ၊ Slow Book
ဆိုင်များကိုတော့
April 20 ရက်နေ့မှာတော့
ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်သွားမှာပဲ
ဖြစ်ပါတယ်။

အွန်လိုင်းအမှာများကိုလည်း
April 21 ရက်နေ့မှာ
ပြန်လည်ပို့ဆောင်
ပေးသွားမှာပါ😘

အားလုံးပဲ နှစ်သစ်မှာ
ဘေးရန်အပေါင်း
ကင်းရှင်းကြပါစေ….

Photos from Slow Book's post 14/03/2026

ဘယ်လို စာဂျပိုးလဲ

စာအုပ်ဆိုင်အငှားဆိုင်ယဉ်ကျေးမှုဆိုတာ
ယနေ့ခေတ်မှာ တိမ်ကောလုနီးပါးဖြစ်နေပေမယ့်
တစ်ချိန်တစ်ခါက လူငယ်များရဲ့ ငယ်ဘဝမှာ
အလွန်အရေးပါခဲ့တဲ့ အမှတ်တရလေးတွေပါပဲ။

ဒီတော့ မိတ်ဆွေဟာ ဘယ်လို စာအုပ်ငှားသမားလဲ။

၁။ စာအုပ်အငှားဆိုင်ပိုင်ရှင်က သီးသန့်ဝှက်ထားတဲ့
အသစ်စက်စက်စာအုပ်တွေကို ငှားရမ်းခွင့်ရသူဆိုရင် ၂၀ မှတ်

၂။ ရက်ရှည်ရုံးပိတ်ရက်တွေမှာ အိတ်ကြီးနဲ့ တစ်ပွေ့တစ်ပိုက်
ငှားခဲ့သူဆိုရင် ၂၀ မှတ်

၃။ စာအုပ်အငှားဆိုင်ထဲမှာပဲ အချိန်အကြာကြီး စာအုပ်တွေ
တစ်အုပ်ပြီး တစ်အုပ်မြည်းစမ်းဖတ်ခဲ့ဖူးရင် ၂၀ မှတ်

၄။ စာအုပ်ထဲမှာ ရည်စားစာတွေညှပ်ပေးခဲ့ဖူးရင် ၂၀ မှတ်

၅။ စာရေးဆရာတစ်ယောက်ရဲ့ ထွက်သမျှ စာအုပ်တွေအကုန်လုံးကို
ငှားဖတ်ခဲ့ဖူးရင် ၂၀ မှတ်

၆။ ငှားဖတ်ပြီး ပြန်မအပ်ဘဲ စာအုပ်တွေ ဘတ်ခဲ့ဖူးရင် - ၁၀ မှတ်

၇။ မဂ္ဂဇင်းထဲက မင်းသား မင်းသမီးပုံတွေကို ဖြဲယူခဲ့ဖူးရင် - ၁၀ မှတ်

၈။ ငှားဖတ်တဲ့ စာအုပ်ကို မျဉ်းတွေတားခဲ့ရင်၊ ဟိုခြစ်ဒီခြစ်လုပ်ခဲ့ရင် -၁၀ မှတ်

ဒီတော့ စုစုပေါင်း ၈၀ မှတ်အနည်းဆုံးရရင်တော့
မိတ်ဆွေဟာ စာအုပ်အငှားဆိုင်ယဉ်ကျေးမှုမှာ
ဂုဏ်ထူးမှတ် ထွက်သူ တစ်ယောက်ပါပဲ။

မောင်နှေးကွေးလေးရဲ့
Slow Book မှာ
စာအုပ်လေးတွေ ငှါးလို့မရပေမယ့်
တစ်ဝကြီးထိုင်ဖတ်လို့
ရပါတယ်။
လာခဲ့ကြနော်…

Photos from Slow Book's post 13/03/2026

ဘာလဲ
ရာသီဥတုက
ကော်ဖီခွက်၊ စာအုပ်တစ်အုပ်နဲ့
ဇိတ်ယူနှပ်ရမယ့်
ရာသီဥတုရောက်သွားပြီလား…

မိုးရွာရွာ
နေပူပူ
မောင်နှေးကွေးလေးရဲ့
Slow Book မှာ
စာလာဖတ်ပါနော်

12/03/2026

Top Ten Books for February

10/03/2026

ရှယ်လက်ဆောင်

https://www.facebook.com/share/p/1Ad7RPabga/?mibextid=wwXIfr

🥰၁၂ အုပ်တောင် ရမှာတဲ့🥰

ဒီတစ်ခေါက်
ရေဒီယိုနားဆင်ရင်း
စာအုပ်လက်ဆောင် အစီအစဉ်မှာ
ကံထူးမယ့်သူ
သုံးဦးကတော့
တစ်ဦးကို ၁၂ အုပ်တိတိလက်ဆောင်ရမှာပါ။
ဒီတော့ သုံးဦးဆိုတော့
၃၆ အုပ်တောင်လက်ဆောင်ပေးသွားမှာ
ဖြစ်ပါတယ်။

အသစ်စက်စက် Children Picture Book
များဖြစ်တဲ့
Jit Jit & Mel Lone
စာအုပ် ၁၂ အုပ်ပါ
ဘူးကြီးတို့
လက်ဆောင်ရမှာ ဖြစ်ပါတယ်။

စာအုပ်လက်ဆောင် အစီအစဉ်ကရိုးရှင်းပါတယ်။

မတ် ၁၁ ညနေငါးနာရီမှာ
MDY FM 📻 ကို
ဖွင့်လှစ်နားဆင်ပါ။
အဆိုပါ ရေဒီယိုအစီအစဉ်ကနေ
Jit Jit & Mel Loneစာအုပ်များအကြောင်းကို
ဆွေးနွေးပြောကြမှာဖြစ်ပါတယ်။
ဆွေးနွေးနေချိန်မှာ
စာအုပ်လက်ဆောင် အစီအစဉ်အတွက်
ဘယ်လို ပါဝင်ရမလဲဆိုတာပါ
ကြေညာပေးမှာ ဖြစ်တဲ့အတွက်
မတ် ၁၁
ညနေ ငါးနာရီမှာ
87.9 MDY FM 📻 မှာ
ဆုံကြပါစို့နော်…

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon