The Light Bulb
On a mission to bring likeminded Burmese women together to inspire and empower them through education for them to grow both in life & business.
21/05/2023
How does your Sunday look? I will be grabbing a book to feed my soul.
10/07/2022
🔥 ပဋိပက္ခတွေကို ရှောင်လွဲဖို့အတွက် ကိုယ်ဘက်ကလိုက်လျောပေးလိုက်တာတွေက ဘယ်လိုဆိုးကျိုးတွေဖြစ်စေလဲ?
ဒီလူနဲ့မိတ်ပျက်မှာစိုးလို့ အငြင်းမပွားချင်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ တချို့သောအကြောင်းအရာတွေိကို အမြင်မတူပေမဲ့၊ လက်ခံဖို့ခက်ခဲပေမဲ့ သဘောတူပေးလိုက်ရတယ်ဆိုတဲ့ အခြေအနေမျိုးကို ကျွန်မတို့တော်တော်များများ ကြုံဖူးကြမှာပါ။ ဒီလိုလက်သင့်ခံပေးလိုက်တာက ကိုယ့်ကိုယ်ကို မလေးစားရာရောက်ပြီး တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ရှိသင့်တဲ့စည်း ချမှတ်နိုင်စွမ်းမရှိတာကို ဖေါ်ပြနေပါတယ်။
သတိမထားမိပဲဖြစ်တတ်တဲ့ အကြောင်းအရာလေး ၃ ခုကို ဥပမာပေးချင်ပါတယ်။ အဲ့ဒါတွေကတော့
⏳ မန်နေဂျာပြောတဲ့ dead line အတွင်းမှာ ပြီးေမြာက်အောင်မြင်ဖို့မဖြစ်နိုင်တဲ့တာဝန်ကို လက်ခံမိတာ
ကိုယ့်ကိုပေးအပ်တဲ့ dead line နဲ့ အလုပ်ပြီးမြောက်အောင်လုပ်ရမဲ့ အနေအထားက အကောင်အထည်ဖေါ်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေမျိုးကို ကြုံဖူးကြမယ်ထင်ပါတယ်။ အချိန်ကိုက်မလုပ်နိုင်ဘူးဆိုရင် ကုမ္ပဏီရဲ့အမြတ်အစွန်းနဲ့ လုပ်ငန်းအပေါ်ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိနိုင်တာတွေကို သိထားတယ်။ ပြီးတော့ မန်နေဂျာကို ငြင်းလိုက်လို့ ကိုယ့်ကိုစိတ်ပျက်သွားမှာကိုလည်း စိုးရိမ်နေတယ်ဆိုပါတော့။ ဒီလိုအချိန်မျိုးမှာ ဘယ်လိုတုံ့ပြန်ဖြစ်ခဲ့ပါသလဲ? စကားတွေအများကြီးနဲ့ ရှည်ရှည်ဝေးဝေးမရှင်းပြချင်တော့လို့၊ အထင်အမြင်လွဲသွားမှာကြောက်လို့ ဆိုတဲ့အကြောင်းပြချက်တွေကြောင့် ကိုယ့်အတွက်ပြောရပိုလွယ်တဲ့ ဟုတ်ကဲ့ဆိုတာကိုပဲ ပြောဖြစ်ကြတယ်မလား။ ကိုယ့်ကိုပေးအပ်ထားတဲ့တာဝန် ပြီးမြောက်အောင်မြင်တာပဲဖြစ်ပါစေ သို့ ကျရှုံးတာမျိုးပဲဖြစ်ပါစေ သေချာတာကတော့ ဒီလိုလက်ခံပြီးတာနဲ့တပြိုင်နက် ကိုယ့်အတွက် ကြီးမားတဲ့စိတ်ဖိစီးမှုများတဲ့ အခိုက်အတန့်ကို ကျော်ဖြတ်ရမှာပဲဖြစ်ပါတယ်။
🔕 ကိုယ်ဝယ်ယူခဲ့တဲ့ ကုန်ပစ္စည်းက စံချိန်မမှီတာကို တင်သွင်းရောင်းချတဲ့သူတွေသိအောင် မပြောပြတာ
ဉပမာအားဖြင့် ကိုယ်ဝယ်လိုက်တဲ့ပစ္စည်းက ရောင်းတဲ့သူတွေကြော်ငြာထားတဲ့ အချက်အလက်တွေနဲ့ မကိုက်ညီဘဲ အလုပ်ကောင်းကောင်းမလုပ်ဘူးဆိုပါတော့။ ဒါဆိုရင် ကိုယ့်ပိုက်ဆံတွေကို အလဟဿသုံးမိတဲ့ သဘောဖြစ်သွားပါပြီ။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုရောင်းလိုက်တဲ့သူတွေကို အကျိုးအကြောင်းသိအောင် ပြောပြတာထက် " တော်ပြီ။ ဒီတစ်ခါပဲအရှူံးခံလိုက်မယ်။ နောက်တစ်ခါသူတို့ဆီက ဘယ်တော့မှထပ်မဝယ်တော့ဘူး" ဆိုပြီး ကိုယ့်ရဲ့မကျေနပ်ချက်တွေကို မျိုသိပ်တဲ့နည်းလမ်းကိုပဲ လုပ်ဖြစ်နေကြလား? ကျွန်မတို့အနေနဲ့ လက်ပေါက်ကပ်တဲ့ဝယ်သူဖြစ်ဖို့ တိုက်တွန်းနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ပေးရတဲ့တန်ရာတန်ကြေးနဲ့ ပြန်ရတဲ့အရည်အသွေးမကိုက်ညီတဲ့ အချိန်မျိုးမှာ အခြေအနေမှန်ကို သိအောင်ပြောပြဖို့လိုပါတယ်။ ကိုယ့်ပစ္စည်းမဝယ်ဝယ်အောင် မဟုတ်တဲ့အချက်တွေပါကြော်ငြာပြီး ရောင်းတာထက် အရှိအတိုင်းပြောပြပြီးရောင်းသင့်တယ်။ ဝယ်သူတိုင်းအပေါ် ရိုးရိုးသားသားဆက်ဆံသင့်တယ်ဆိုတာကို ရောင်းလိုက်တဲ့သူတွေ သိအောင်ပြန်ပြောပြဖို့လိုအပ်ပါတယ်။
💸 သူငယ်ချင်းကို ပိုက်ဆံချေးတာ
"မျက်နှာသိငါးပိမရောင်းနဲ့" ဆိုတဲ့ ဆိုရိုးအတိုင်းလူတော်တော်များများက ရင်းနှီးတဲ့သူငယ်ချင်းတွေကြားထဲမှာ ချေးငှားတာမျိုးမလုပ်ဘူးဆိုတဲ့ စည်းချထားတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်နဲ့အရမ်းခင်တဲ့သူငယ်ချင်းက ငွေကြေးလိုအပ်နေလို့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ သေချာပေါက်ပြန်ဆပ်ပါ့ဆိုတဲ့ ကတိကဝတ်တွေနဲ့ ကိုယ့်ကိုအကူအညီတောင်းလာတယ်။ ကိုယ်ကလည်း အဘက်ဘက်ကနေစဉ်းစားပြီး မချေးပေးလိုက်ချင်ဘူး။ အဲ့ဒီလိုမျိုး မကူညီလိုက်ပြန်ရင်လည်း သူငယ်ချင်းကောင်းမပီသတဲ့သူလို့ အထင်လွဲသွားမှာလည်း ကြောက်နေတယ်ပေါ့။ ဒါနဲ့ နောက်ဆုံးမှာ ကူညီပေးလိုက်ပါလေရော။ သူ့ဘက်က ကတိတည်စွာနဲ့ပြောထားတဲ့ အချိန်အတွင်းမှာ ပြန်ဆပ်တယ်ဆိုရင် ကိစ္စမရှိပေမဲ့ ပြန်သာမပေးခဲ့ဘူးဆိုရင် ကိုယ့်ဘက်ကနေ စတောင်းရမှာတစ်မျိုးကြီးဖြစ်နေပြီး အောင့်သက်သက်နဲ့မေ့ချင်ယောင်ဆောင်ဖို့ပဲ ဆုံးဖြတ်တတ်ကြပါတယ်။
✅ ဒီလိုမဖြစ်အောင် ဘယ်လိုနည်းလမ်းတွေနဲ့ကာကွယ်ကြမလဲ?
ဒီအပေါ်မှာပြောထားတဲ့ ဥပမာတွေမှာ အငြင်းပွားမှုမဖြစ်အောင်ရှောင်လွဲနိုင်ခဲ့ပေမဲ့ တကယ့်ပြဿနာကိုတော့ မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ရဲ့စစ်မှန်တဲ့ စံနှုန်းတွေအပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်စွမ်းမရှိဘဲ ကိုယ်ချမှတ်ထားတဲ့ စည်းဘောင်တွေကို မလေးစားလို့ပဲဖြစ်ပါတယ်။ အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့ စိတ်ထဲမှာ မလိုအပ်တဲ့စိုးရိမ်မှုနဲ့ ဒိွဟတွေဖြစ်စေတဲ့အတွက် တဖက်သားကို ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်စွမ်း မရှိတော့ပါဘူး။ အမှန်ကန်ဆုံးဖြေရှင်းနည်းကိုလည်း မစဉ်းစားတတ်တော့ပါဘူး။ တစ်ဖက်သားနားဝင်အောင် ဘယ်လိုပုံစံနဲ့ပြောဆိုရမလဲဆိုတဲ့ အပိုင်းက တော်တော်ခက်ခဲမယ်ဆိုပေမဲ့ ကိုယ်ပေးချင်တဲ့သတင်းစကားနဲ့ သဘောထားအမှန်ကိုတော့ သူတို့သေချာသိအောင်ပြောပြဖို့အတွက် တိုက်တွန်းချင်ပါတယ်။ ဒီလိုလုပ်မှပဲ နောက်ပိုင်းဖြစ်ပေါ်လာမဲ့ အထင်အမြင်လွဲတဲ့ပြဿနာတွေ သို့ အခက်အခဲတွေကို ရှောင်လွဲပြီးသားဖြစ်စေမှာပါ။
💪 ဒီစာထဲမှာပါတဲ့အကြောင်းအရာတွေက ကိုယ့်ရဲ့ယုံကြည်ချက်၊ အမြင်နဲ့ ယူဆချက်တွေကို ရဲရဲကြီးဖွင့်ပြောနိုင်ကြဖို့အတွက် တွန်းအားတစ်ခုဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်အတွက်ဘယ်လိုမှ အဆင်မပြေနိုင်တာကို "no” ဆိုပြီး နည်းလမ်းမှန်နဲ့ တုံ့ပြန်နိုင်တဲ့သူတွေဖြစ်ပါစေ။ ကောင်းမွန်သောနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်မတို့ TLBC ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
*** English Version ***
Why agreeing to things just to avoid conflict is not good for you
We have all been in a situation where we don’t truly agree with the other party but still agree to it anyway just to avoid a tough discussion. If you are doing that, you may be disrespecting yourself and not proactively setting the right boundary for yourself.
We would like to highlight common scenarios which you might be already facing unknowingly.
Accepting unrealistic work deadlines by your manager
You have been in a situation where your manager gives you a deadline which you already know is impossible to achieve due to given circumstances. You understand the business impact of not meeting the deadline and how it would affect the revenue of the company. Plus, you don’t want to let down on your manager. So what did you do? Instead of going through a tough discussion and explaining with logical reasons, you said “yes” and accepted the task. What would happen is that you may or may not meet the deadline but you sure would go through a tremendously stressful period trying to fulfil the request.
Not providing confronting feedback to a supplier on product failure
Suppose you receive a product which does not function according to the advertised description. Now the product will not address your need although you have spent your money on it. Instead of contacting the supplier, you would just swallow it and say to yourself “oh well, next time I will not buy from this supplier again.” We are not suggesting that you have to be a difficult customer unnecessarily but you do need to raise your concern especially when you know you don’t get what you paid for. You deserve to be communicated with integrity, not misleading information by the supplier when you purchase their product.
Lending money to your friend
In general, you have set the boundary of not lending any money to your friends. However, a close friend approaches you to borrow her money and promises to pay it back within a set period. You know you do not want to do it but also, you don’t want to let your friend down and be there for her. So you give in. When that friend fails to return your money, you feel awkward bringing up the sensitive topic and decide to ignore the fact that the friend has broken the promise.
What can you do to avoid it?
In the above scenarios, even though you may be avoiding a conflict you are not solving the problem. You are not respecting your boundaries and holding on to your true values. The result is that you build unnecessary frustration within you and you are unable to find a solution because you are not communicating with the other party transparently.
We understand finding the right communication is probably the most difficult part but we strongly recommend preparing the message and letting the other party know proactively. In this way, you are preventing potential misunderstandings or challenges you would have later in your life.
Hope we have managed to encourage you to voice your belief, view, opinion and wish you all the best!
20/06/2022
Happy Monday, loves! This week is going to be amazing. 🙌🌟
Click here to claim your Sponsored Listing.
Website
Address
Yangon