Fusion
Media & Entertainment - TV
18/09/2020
အပူပိုင်းမုန်တိုင်း "နို(လ်)"(NOUL)နှင့် ပတ်သက်သည့် သတိပေးချက်
အမှတ်စဉ် (၀၁/၂၀၂၀)
——————————————————-—————————-
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၈ ရက်) (မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
*အပူပိုင်းမုန်တိုင်း“နို(လ်)”(NOUL)အခြေအနေ
၁။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)သည် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့(Danang) ၏ အရှေ့တောင်ဘက် မိုင်(၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အပူပိုင်း မုန်တိုင်း"နို(လ်)"(NOUL)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ယနေ့ နေ့လယ်ပိုင်း တွင် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့(Danang)အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ အဆိုပါ အပူပိုင်း မုန်တိုင်း"နို(လ်)"(NOUL)သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် တစ်ဖြည်းဖြည်းအားလျော့သွား ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ (၁၉.၉.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများသို့ လေပွေလှိုင်းအဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
*သတိပေးနှိုးဆော်ချက်*
၂။ အဆိုပါ အပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)၏ အရှိန်ကြောင့် (၁၈.၉.၂၀၂၀) ရက်နေ့မှ (၂၂.၉. ၂၀၂၀) ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင် ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
*အကြံပြုချက်*
၃။ သို့ဖြစ်ပါ၍ အပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)၏ အရှိန်ကြောင့် မိုးသည်းထန်စွာထစ်ချုန်း ရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါ သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင် သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
17/09/2020
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၇-၉-၂၀၂၀)၊ နံနက် (၈:၀၀)နာရီ
------------------------------------------------------------
၁။ (၁၆-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ မှ (၁၇-၉-၂၀၂၀) နံနက် (၈:၀၀)နာရီ အတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၁,၀၅၁) ခု၊
- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၉၄) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၃၉၁) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၃၂) ခု
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၅) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ ဒုတိယအသုတ် (၄၁) ခု၊
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၆၀၀) ခုနှင့်
- အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၇၅) ခု၊
စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၅၉၉) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ
• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၇၃) ဦးတွေ့ရှိပါသည်။
၂။ သို့ဖြစ်ရာ (၁၇-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃,၈၉၄)ဦး ရှိပြီဖြစ်ပါသည်။
၃။ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၈၄) နှစ်အရွယ် အဆုတ်တီဘီရောဂါဖြစ်ဖူးခြင်း နှင့် သွေးတိုးရောဂါအခံရှိသူ အမျိုးသား (Case-3599) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ တို့ ဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ ညနေ (၇:၂၆) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၄။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၅၈) နှစ်အရွယ်အမျိုးသား (Case-3370) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီ အချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၅။ အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၆၅) နှစ်အရွယ် အဆုတ်တီဘီရောဂါဖြစ်ဖူးခြင်း နှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသား (Case-3540) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း တို့ ဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ ညနေ (၃:၀၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၆။ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၉၀) နှစ်အရွယ် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိ၍ လေဖြတ်ထားဖူးသူ အမျိုးသား (Case-2911) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း ဖြင့် (၁၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၉:၂၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၇။ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၇၅) နှစ်အရွယ် နှလုံးရောဂါနှင့် နာတာရှည်ကျောက်ကပ်ရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီး (Case-3361) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီး ခြင်းဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ ညနေ (၆:၁၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၈။ တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၁၃) နှစ်အရွယ် အမျိုးသမီး (Case-2531) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ သွေးနှင့်ဆိုင်သော ရောဂါအခံရှိခြင်းတို့ဖြင့် (၁၇-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁:၄၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၉။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၄၆)ဦး ရှိပြီဖြစ်ပါသည်။
၁၀။ (၁၆-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင်
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၂,၀၆၈) ခု၊
- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၃၇၆) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ ဓာတ်ခွဲနမူနာ (၇၃၅) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၃၂၀) ခု
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၅) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ ဒုတိယအသုတ် (၄၁) ခု
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၈) ခု
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၇) ခု
- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၅) ခု
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၁၀) ခု
- ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ တီးတိန်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၆၀၀) ခု နှင့်
- အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၇၅) ခု
စုစုပေါင်း (၄,၅၅၅) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၅၈) ဦး တွေ့ရှိခဲ့ပါသည်။ (ဓာတ်ခွဲအတည်ပြု လူနာ (၁၈၅) ဦး တွေ့ရှိကြောင်း ကို (၁၆-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။)
, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
ရွေအိုရောင်ဂီတညပွဲ အတွက် ဆိုဖို့ရင်ထဲဝှိက်ထားတဲ့သီချင်းတွေကို ဖွင့်ပြောပြလာတဲ့ အဆိုတော် "စိုးပိုင်"
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
951