Food For Soul - ACM
This Page stands for the improvement of your religious knowledge and for your spiritual nourishment.
08/06/2026
ဖိလစ်ပိုင်နိုင်ငံ၊ Mindanao ၌ (၇.၈) မက်နီကျူဒ်ရှိသော အင်အားပြင်းငလျှင် ယနေ့တွင်လှုပ်ခတ်သွားခဲ့သည်။
ငလျှင်သင့် မင်ဒန်နာအိုရှိ ပြည်သူများဘေးကင်းလုံခြုံဖို့ သတိရဆုတောင်းပေးကြပါစို့။
8/6/2026
Philippines
Photo CRD to the original uploaders
07/06/2026
လူပေါင်း (၁.၂) သန်းခန့် ပါဝင်သော စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ကိုယ်တော်မြတ်ပွဲတော်ကြီးကျင်းပခြင်းမြင်ကွင်း 🇻🇦🤝🇪🇸
*********************
7/6/2026
Spain, Madrid
ရဟန်းမင်းကြီးအရှင်သူမြတ်လေအိုသည် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ သိုးထိန်းခရီးစဉ်အတွင်း ကိုယ်တော်မြတ်ပွဲတော် (Corpus Christi) ကို ယနေ့တွင် ကျင်းပခဲ့ပါသည်။
သူသည် မက်ဒရစ်မြို့ရှိ Plaza de Cibeles ၌ ကိုယ်တော်မြတ်ရောင်ခြည်တော်ကို ကိုင်မြှောက်ကာ ပင့်ဆောင်သွားခဲ့ပါသည်။
အဆိုပါကိုယ်တော်မြတ်ပွဲတော်ကြီးတွင် စပိန်နိုင်ငံတစ်ဝှမ်းက ယုံကြည်သူဘာသာဝင်ပေါင်း (၁) သန်းကျော် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
🖋️ Food For Soul - ACM
📸 Vatican News
07/06/2026
Corpus Christi တနင်္ဂနွေနေ့၊ မစ္ဆားပူဇော်ခြင်း၌ ဘုရားကျောင်းတက်သော ကက်သလစ်ဘာသာဝင်ယုံကြည်သူ၊ အနုပညာရှင် ပန်းရောင်ခြယ် ဖြစ်ပါတယ်။
ဇာတဘက်လေးဆောင်းပြီး ဘုရားတက်တာ ကျက်သရေရှိပါတယ်။ စံနမူကောင်းပါ။
Photo: Pan Yaung Chel
07/06/2026
လူပေါင်း (၆) သိန်းခန့်က Pope Leo XIV အား ကြိုဆိုနှုတ်ဆက်ခြင်း 🇪🇸🤝🇻🇦
****************************
7/6/2026
Spain, Madrid
🌍 World Youth Day ကိုကြိုတင်မြည်းစမ်းခြင်းသဖွယ်ဖြစ်နေသော စပိန်နိုင်ငံ
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှ လူပေါင်း (၆) သိန်းခန့်က သိုးထိန်းခရီးစဉ်ကြွလာသော Pope Leo XIV အား ကြိုဆိုနှုတ်ဆက်ကြသော မြင်ကွင်းကြီးဖြစ်ပါတယ်။
လွန်ခဲ့သော (၁၅) နှစ်အကြာ၊ (၂၀၁၁) နှစ်တုန်းက Pope Benedict XVI သည် စပိန်နိုင်ငံသို့ သိုးထိန်းခရီးစဉ်သွားခဲ့ဖူးပါသည်။
ယခု ရဟန်းမင်းကြီး၏သိုးထိန်းခရီးစဉ်သည် သမိုင်းဝင်မှတ်တမ်းတစ်ခုအဖြစ် တင်ရတော့မည်ဖြစ်သည်။ လူအုပ်ကြီးမှ ကြိုဆိုနှုတ်ဆက်ခြင်းသည် အားရကြည်နူးဖွယ် ကောင်းလှသည်။
လာမည့် ၂၀၂၇ ခုနှစ်၊ ကိုရီးယားနိုင်ငံ Seoul မြို့တွင် ကျင်းပမည့် World Youth Day ၏အရသာကို ကြိုတင်ခံစားနေကြခြင်းပင်ဖြစ်ပါသည်။ ယခုထက် များသော ကမ္ဘာ့အရပ်ရပ်က လူငယ်များ ကိုးရီးယားနိုင်ငံသို့ လာကြမည်ဖြစ်ပါသည်။
ရဟန်းမင်းကြီးက စပိန်လူထုအား "သခင်ခရစ်တော် လူသားဆန်သလို လူသားဆန်ကြပါ" ဟု မိန့်ကြားခဲ့ပါသည်။
✍️ Food For Soul - ACM
📸 Vatican News
03/06/2026
R.I.P Fr. Joseph Labang Tu!
ကချင်ပြည်က ဘုန်းတော်ကြီး Fr. Joseph Labang Tu သည် ယနေ့ညနေ (၆) နာရီ (၁၅) မိနစ်တွင် ခရစ်တော်၌ အိပ်ပျော်သွားသောကြောင့် သူ၏ဝိညာဉ်အတွက် ဆုတောင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သက်တော် - ( 84 ) နှစ်
ရဟန်းဝါတော် - ( 51 ) နှစ်
Photo: RVA Kachin
Click here to claim your Sponsored Listing.
Category
Contact the public figure
Address
Yangon