FEC - Forever English Class

FEC - Forever English Class

Share

A unique place for study English.

31/08/2022

ကလင် ကလင် 🛎🛎
FEC ရဲ့ အတန်း တွေ မဖွင့်သေးဘူးလား ဆိုသူများအတွက် စာပါလာပြီ ဗျို့။။🍀

🌟FEC ကနေပြီးတော့ အခုလာမယ့် September (12) မှာတော့ အားလုံး အတူတူပါဝင်နိုင်မယ့် စာဖတ်တန်း
( reading class) လေးကို ပွဲဦးထွက် အနေနဲ့ ပြန်လည် ဖွင့်လှစ်သွားတော့မှာပဲ ဖြစ်ပါတယ်။
ဆိုတော့ reading class လေးနဲ့ ပတ်သက်ပြီး သိချင်နေကြပြီ ဟုတ်။ 😍🥰👇

➡️Reading class ထဲမှာ ဘာတွေ့လေ့လာရမလဲ ။ 🙄🙄

1)vocabulary
2)Grammar structure
3)Sentence structure
တွေ အပြင်
4)knowledge sharing တွေကို အပတ်စဉ် စုံလင်စွာနဲ့ လေ့လာရမှာပဲဖြစ်ပါတယ်။ 🥰😍

➡️ဘယ်လို စာမျိူးလေး တွေ ဖတ်ကြမလဲ။ 🙄🙄
👉ဖတ်ချင်တာ ဖတ်မယ်။
👉သုတ၊ရတ (fiction, non-fiction) များ၊
👉ကမ္ဘာကျော် သတင်းစာများဖြစ်တဲ့
💥New York Times , Newsweek များ၊
💥Reader’s digest ထဲမှ လူကြိုက်များသော ဆောင်းပါးများ၊
👉ဝတ္တုတို များ၊ ပုံပြင်များ အစရှိသော စာပေပေါင်းစုံကို ရူထောင့်ပေါင်းစုံမှ တွေ့မြင် ခံစားသွားနိုင်အောင် လုပ်ပေးမယ့် class တစ်ခုဖြစ်ပါတယ်။

➡️Reading class ထဲမှာကော ဘယ်လို လေ့လာရမလဲ။ 🙄🙄

ပေါ့ပေါ့ပါးပါးနဲ့ လူငယ် ဆန်ဆန် လေ့လာရမှာဖြစ်ပါတယ်။ ပြီးတော့ မသိတာရှိရင် လည်း ဆရာကနေ စိတ်ရှည် လက်ရှည် ရှင်းပြပေးမှာဖြစ်ပြီး တခြား reading class တွေလို စာတွေလည်း အများကြီး မလုပ်ခိုင်းပါဘူးနော်။ 😁😁

➡️ဘယ်သူ သင်မှာလဲ။ 🙄🙄

ဒီ စာဖတ် အတန်းလေးကိုတော့ အင်္ဂလိပ်စာ သင်ကြားရေး နယ်ပယ်မှာ ၉ နှစ်ကျော် အတွေ့အကြုံရှိပြီး FEC ရဲ့
ပဲ့ကိုင်ရှင်(Founder) လည်း ဖြစ်တဲ့
ဆရာ ရန်နိုင်လင်း မှ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

➡️အတန်းချိန်ကတော့ ပုံမှန် တင်္နလာနေ့ ည ၇ ကနေ ၉ နာရီ ထိပဲဖြစ်ပါတယ်။
➡️Monday (7pm-9pm)
🔥တစ်ပတ် တစ်ရက်တည်းပဲနော်🔥

➡️သင်တန်းကြေးကကော ဘယ်လောက်လဲ။ 🙄🙄

FEC ရဲ့ ကျောင်းသား သစ်ဆိုရင်တော့ registration form လုပ်ဖို့ အတွက် ၁၀၀၀၀(၁သောင်း)ရယ်၊ လစဉ်ကြေး ၅၀၀၀(၅ထောင်) ရယ် စုစုပေါင်း ၁ သောင်းခွဲ (၁၅၀၀၀) ကျ သင့်မှာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုလို ကာလကြီးမှာ အားလုံး ကို ရစေချင်တဲ့ ဆန္ဒကြောင့် September လ အတွက် အတန်းကို registration (၁ သောင်း) အပြင် လစဉ်ကြေး (၅ထောင်) ပါ ကင်းလွတ်ခွင့်ရမှာဖြစ်ပြီး လုံးဝ (FREE!!)
အနေနဲ့ တက်ရောက်ရမှာပဲ ဖြစ်ပါတယ်။

🚨🚨ဒါပေမယ့် တက်ရောက်ချင်တဲ့ သူတွေကတော့ အခု post လေးကို Like & Shareလုပ် ၊ သူငယ်ချင်း ၃ ယောက် ကို tag၏
ဆိုတဲ့ caption လေးနဲ့ share ပေးပြီး အခု ဒီ post ရဲ့ အောက်မှာ ပဲ screenshot လေးရိုက်ပြီး comment ဝင်ပေးရမှာပဲဖြစ်ပါတယ်။ 🚨🚨

ပြီးရင်တော့ ဒီ အောက် က group လေးကို Join ထားရမှာပဲဖြစ်ပါတယ်။
https://www.facebook.com/groups/624635035797460/

✅✅သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ နဲ့ ကိုက်ညီသူတွေ အားလုံးကို အမြန်ဆုံး လက်ခံပေးသွားမှာပဲဖြစ်ပါတယ်။

🛑 လူဦးရေကန့်သတ်ထားပါတယ်နော်🛑

အားလုံးပဲ လုံခြုံရေး ၊ ကျန်းမာရေး အထူးဂရုစိုက်ကြပါဗျ ။❤️🍀

ချစ်ခြင်းများစွာဖြင့်
Forever English Class

24/08/2022

English စာကို ငယ်ငယ် ကတည်းက သင်ယူနေပြီး အခုထိ မတက်မြောက်တာ လဲ…💭💭

အားလုံးပဲ မင်္ဂလာပါဗျ။
FEC ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။🍀❤️

ဆိုတော့ ကျွန်တော်တို့ အားလုံးက English စာကို ငယ်ငယ် ကတည်းက သင်ကြတယ်။
ပြောရမယ်ဆိုရင်တော့ မွေးကင်းစ အရွယ် ထဲက A,B,C စသဖြင့် ဆိုရင်း ကြီးပြင်းလာကြတယ်။

ဒါပေမဲ့ ကျွန်တော်တို့ အားလုံးရဲ့ ဘယ်လောက်ရာခိုင်နူန်း ကပဲ English စာကို တကယ် တတ်မြောက်ခဲ့ပါသလဲ။

၂၀၂၁ ရဲ့ EF English Proficiency Index အရဆိုရင် မြန်မာ နိုင်ငံ ဟာ စံနူန်းတွေ အတိုင်း တိုင်းတာခဲ့တဲ့ ၁၁၂ နိုင်ငံအရ
အဆင့် ၉၃ (very low proficiency)အဖြင့်ပဲဖော်ပြခံခဲ့ရပါတယ်။

ဆိုတော့…. ကျွန်တော်တို့ ရဲ့ English က ဒီလောက်တောင် ဆ်ိုးနေလား။
အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ Singapore တို့ Thailand တို့တောင် ကျွန်တော်တို့ ထက် ကျော်နေတာ ဆိုတော့ ဒါကကော တကယ် ဖြစ်နိုင်နေရဲ့လား….

တကယ်တော့ ကျွန်တော်တို့ မြန်မာတွေ က ဘယ်တော့မှ ညံ့ထဲ တဲ့မပါခဲ့ပါဘူး။
နိုင်ငံတကာ တန်းမှီတဲ့ ကျောင်းသား ကျောင်းသူတွေဆိုတာလည်း ရိုက်သတ်လို့မကုန်ပါဘူး။
သိုပေမဲ့လည်း ကံဆိုးလွန်းလှတဲ့ third world country လေးဖြစ်တဲ့ ဒီနိုင်ငံလေးမှာတော့ တန်းတူ ပညာသင့်ခွင့်မရတဲ့ သူတွေ၊ အလောင်းကစားက ပေါ်တင်လုပ်လို့ရပြီး စာသင်မှ ခိုးသင်နေရတဲ့သူတွေရယ်က များသထက်များလာရပါတယ်။

ဒါတွေ အားလုံးကို မိမိက စပြီး ပြောင်းလဲဖို့လိုပါပြီ။ ခေတ်သစ်၊စနစ်သစ်ကို တော်လှန်တဲ့ အခါမှာ တခြား အရေးကြီးသော လူမှုရေး၊စီးပွါးရေး၊ နိုင်ငံရေး တွေ အပြင် ပညာရေး ( English ဘာသာစကား) သင်ကြား ထားရေးကလည်း မဖြစ်မနေလိုအပ်လာပြီ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ခေတ်ဟောင်းကို မှောက်ပြီး ခေတ်သစ်ကို လျှောက်ချင်တဲ့ လူငယ်တွေ ကမ္ဘာ့ အလယ်မှာ မြန်မာတို့ရဲ့ ဂုဏ်ကို မြင့်တင်ချင်တဲ့ ကျောင်းသားကျောင်းသူများအတွက် FEC ကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်သွားဖို့ မျှော်လင့်ထားပါတယ်။

မိတ်ဆွေတို့ အနေနဲ့ ဘယ်လိုမျိူးလေးတွေလဲစိတ်ဝင်စားတယ်ဆိုရင်တော့ page လေးကို see first လုပ်ထားလိုက်တော့နော်။ 🍀❤️

ပြီးတော့ မိတ်ဆွေတို့ အားလုံးအတွက် စိတ်ဝင်စားစရာ အစီအစဉ်တွေကို တင်ဆက်ပေးနိုင်ဖို့ ကို လည်း team FEC က စိတ်ရောကိုယ်ပါ ကြိုးစားနေကြပါတယ်လို့ ပြောကြားရင်း….🍀❤️

အားလုံးပဲ good night ပါဗျ။🌙❤️

08/08/2022

အားလုံးပဲ မင်္ဂလာပါဗျ။ 🍀❤️

FEC ရဲ့ sharing session လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။😎🤗

ဒီနေ့မှာတော့ အရင်အပတ်က ပြောသွားတဲ့ English မှာ ကြားနေကျ main verb တွေ helping verb တွေနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

ပထမဦးဆုံး အနေနဲ့ ပြောချင်တာကတော့ကျွန်တော်တို့ sentence (စာကြောင်း) တစ်ကြောင်းမှာ verb မပါပဲ နဲ့ လုံးဝတည်ဆောက်လို့ မရပါဘူးဗျ။

တချို့ sentence တွေမှာဆို noun မပါတာ adjective မပါတာ စသဖြင့်ရှိနိုင်ပေမယ့်
Verb မပါပဲနဲ့ sentence တစ်ကြောင်းတည်ဆောက်ဖို့ ကတော့လုံးဝမဖြစ်နိုင်ပါဘူး။

ပြောရမယ့်ဆိုရင် verb တစ်လုံးထဲနဲ့တောင် Imperative လို့ခေါ်တဲ့

🍀Go!
🍀သွားတော့။

🍀Stop!
🍀ရပ်…။

စာကြောင်းမျိူးတွေ ဖြစ်လာနိုင်ပါသေးတယ်။

ကဲ verb တွေရဲ့ အရေးပါပုံက်ိုလည်း သိသွားပြီဆိုတော့ အပေါ်မှာ ပြောခဲ့တဲ့ helping Verb နဲ့ main verb တွေကဘယ်လိုမျိူး ကွာခြားမှုတွေရှိလဲဆက်လက်ကြည့်လိုက်ရအောင်။

စာကြောင်း တစ်ကြောင်း မှာ verb တစ်ခုမဖြစ်မနေ ပါရမယ်လို့ ပြောခဲ့ သလိုပါပဲ။
အဲ့ဒီ မဖြစ်မနေ ပါရမယ့် verb ကတော့ သာမာန်အားဖြင့် main verb လို ဆိုနိုင်ပါတယ်။

🍀Example🍀
🍀I sleep every day.
🍀ကျွန်တော် နေတိုင်း အိပ်တယ်။
Verb = sleep (Main verb)

Verb တစ်လုံးထက် ပိုပါလာပြီဆိုရင်တော့
Main verb , helping verb စသဖြင့် ခွဲခြားရတော့မှာပဲ ဖြစ်ပါတယ်။
မေးခွန်းပုံစံသုံးတာက လွဲ လို့ ကျန်တဲ့ အချိန်မှာ helping verb က စာကြောင်းတစ်ကြောင်းမှာဆို main verb ရဲ့ အရှေ့မှာရှိပါတယ်။
Helping verb အနေနဲ့ သုံးမယ်ဆိုရင်တော့ verb တွေကို မြန်မာလို ဘာသာ ထည့်ပြန်စရာမလိုပါဘူး။

🍀Example🍀
🍀He is sleeping now.
🍀သူ အခု အိပ်နေတယ်။
Verb = is (helping verb)
Sleeping (main verb)

ဒါဆိုရင်တော့ helping verb တွေနဲ့ main verb တွေ ဘယ်လို ရှိကြလဲ ဆိုတာသိရှိသွားပြီပဲ ဖြစ်ပါတယ်။
နောက်ရက်မှာလည်း helping Verb တွေက ဘာတွေလဲ ဆိုတာနဲ့ ပတ်သက်ပြီး sharing လုပ်ပေးသွားဖို့ရှိလို့ FEC page လေးကို see-first လေး ပြေးလုပ်ထားလိုက်တော့နော်။

ဒါအပြင် ဒီနေ့ sharing လေးက ကိုယ်အတွက် knowledge တစ်ခုခုရခဲ့တယ်ဆိုရင် ကိုယ်ရဲ့ သူငယ်ချင်းတွေကိုလည်း အတူတူရသွားအောင် like and share လေး လုပ်သွားဦးနော် ။🍀❤️

မေ့တော့မလို့…
Comment box ထဲမှာလည်း ကိုယ်ပိုင် စာကြောင်းလေးတွေ ရေးပေးသွားပါဦးနော်။ 🍀❤️

See you all 🍀❤️

21/06/2022

🔔 Phonetic & IPA Symbols Class 🔔

💁‍♂️ English စကားကို Native တစ်​ယောက်လို Confident ရှိရှိ ​ပြောဆိုတက်​စေရန် တက်သင့်​သော Phonetic & IPA Symbols Class🧏

📌 ဘယ်သူ​တွေတက်သင့်လဲ??

》English စကား​ပြောဆိုရာတွင် Standard
ကျကျ အသံထွက်မှန်မှန် ​ထွက်ဆို၊ ​ပြောဆိုချင်
သူများ...

》Foreign Country တွေမှာ​ကျောင်းသွားတက်
ချိန် English language ကို Confident ရှိရှိ
သုံးချင်သူများ...

》English စာလုံးများ ၊ စာ​ကြောင်းများကို
အဓိပ္ပါယ် သိ​နေပါလျက်
အသံထွက်​ကောင်း​​ကောင်းနဲ့ ထွက်ဆိုနိုင်ရန်
အခတ်​တွေ့​နေသူများ...

》Movies များကြည့်ရာတွင် Listening
အား​ကောင်းလိုသူများ

"တက်ကို တက်​ရောက်သင့်ပါတယ်"

📢 လူဦး​ရေအကန့်သတ်နှင့် ထိထိ​ရောက်​ရောက်
သင်မည်ဖြစ်၍ အချိန်မှီ စာရင်းသွင်းရန်လို...

📌 ဘယ်လိုတက်ရမှာလဲ??

》Zoom class ဖြစ်လို့ ဆရာနဲ့ တိုက်ရိုက်
သင်ကြားရမည်ဖြစ်ပြီး ပိုမိုထိ​ရောက်စွာ
​လေ့လာနိုင်မည်ဖြစ်သည်။

🕕 သင်တန်းချိန်က​ရော??

》ရုံးချိန် ၊ ​ကျောင်းချိန်လွတ် Evening Class
Monday & Tuesday
6:00 - 8:00 pm

📌 သင်တန်း​ကြေး ??

》2,5000 MMK
(စာရွတ်စာတမ်း​ကြေး ထပ်​ပေးရန်မလို)

📌 သင်တန်းကာလ ??
》32 hours

📌 သင်တန်းစမည့်​နေ့??
》4. Jul. 2022

🧏‍♂️အ​သေးစိတ် သိရှိလိုပါက
👉 Chat Box
📞 09 25 000 3726
📞 09 45 001 3285

" ၁၀ ဦးသာ လက်ခံမည် "

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 981, 5th Floor, Corner Of Zeyar (10th) And (30th) Street (10) Ward, South Okkalapa Tsp
Yangon
1007