XL Tips Vlog

XL Tips Vlog

Share

Sharing and caring 🤓

27/04/2024

စကွင်းကဲနေရင်း မိမိရဲ့မသေချာမရေရာသော အနာဂတ်ကြီး အကြောင်း စဉ်းစားမိသောအခိုက်အတန့်…….

Photos from XL Tips Vlog's post 13/02/2023

ဒီတစ်ခါ ပထမဦးဆုံး ပြန်ပြီးတော့ Review ပေးမှာတော့
🍀Tea Tree Fan လေးတွေအတွက် စျေးလဲ အရမ်းမများတဲ့အထဲက Serum လေးတစ်မျိုးနဲ့မိတ်ဆက်ပေးမှာပါ🍀

အားလုံးဘဲ သိကြမယ်ထင်ပါတယ် ဒီ Brand လေးကို
🍃I’UNIK Tea Tree Relief Serum 🍃
အဓိကသုံးသင့်တဲ့ သူတွေကတော့ ဝက်ခြံမကြာခဏ ထွက်တတ်သူများ၊ အသားအရေနီမြန်းတတ်သူများ၊ Sensitive Skin သမားများအတွက်ပိုပြီးတော့ သင့်တော်ပါတယ်။
သူ့မှာက Tea Tree Leaf water 67%, Centella Asiatica Leaf water 19.5% ပါဝင်ပြီးတော့ ဝက်ခြံကြောင့်ဖြစ်ခဲ့တဲ့ အမာရွတ်လေးတွေကိုလဲ ပါးပီးတော့ သက်သာစေတယ်

သူ့ကိုလိမ်းရတဲ့feelings ကတော့ အရည်ကျဲကျဲလေးမလို့ မင်မင်ကတော့ လိမ်းရတာပိုကြိုက်တယ် မင်မင်လို serum ဆို အားနဲ့လိမ်းတဲ့သူဆိုရင်ကတော့ အကြိုက်ပေါ့ 🌝🌝

စျေး အနေနဲ့ကတော့ 2သောင်းကျော်ကျော် ဝန်းကျင်ထဲမှာ မလို့ စျေးသင့်တဲ့အထဲမှာပါ ပြီးတော့ တော်တော်များများ သံုးနိုင်တဲ့ အမျိုးစားထဲမှာ ပါတယ်

Glow ပြီးလှချင်ရင်တော့ ဝက်ခြံသမားတွေအတွက် အထူးသင့်တော်တဲ့ brand လေးပါ

Glow ချင်ရင်တော့ ဝယ်သုံးကြပေါ့နော် မင်မင်ကတော့ အားနဲ့သုံးလို့ ပုလင်းဖင်ကပ်ဘဲ ကျန်တော့တယ် 🤣🤣 (ဒါတောင် နေ့ညလိမ်းတာ၁လကျော်ကျော် အသုံးခံတယ်နော်)

13/02/2022

၂၁ ရာစုခေတ်မှာ ကိုယ်က အလှအပရေးရာမှာ တစ်လက်မလေးမှ ပြတ်ကျမကျန်နေခဲ့အောင် Skincare သုံးနည်းအဆင့်ဆင့်ကို လေ့လာကြည့်ရအောင်🥰

အချစ်လေးတို့အတွက် ဒီနေ့မှာ မင်မင်က အသားအရည်ထိန်းသိမ်းနည်း (၅) ချက်ကို ဝေမျှပေးသွားမှာပါ

Step 1 💁🏻‍♀️ Cleanser

တစ်နေ့တာလုံး သွားလာလှုပ်ရှားပြီး အညစ်အကြေး ဖုန်မှုန့်တွေပေထားတဲ့ မျက်နှာလေးကို သေချာသန့်ရှင်းပေးဖို့လိုပါတယ်နော် မင်မင်ကတော့ မျက်နှာ မသစ်ခင် make up remover လေးကိုအရင်သုံးပါတယ် ပြီးမှ မျက်နှာသစ်ဆေးလေးကို လက်မှာ bubble လေးတွေ ဖြစ်အောင်လုပ်ပြီး မျက်နှာ အနှံ့သေချာ သန့်စင်ပေးပါတယ် ဒီနေရာမှာ အဆင့်လေး၂ဆင့်ဖြစ်သွားတာပေါ့နော် ဒါပင်မဲ့ ဒီ အဆင့်လေး ၂ဆင့်က အရမ်းအရေးကြီးလို့ နေ့တိုင်း မပျက်မကွက်လုပ်ပေးနော်

Step 2 💁🏻‍♀️ Exfoliator

ဒီအဆင့်လေးကတော့ မျက်နှာကို Peeling လုပ်တဲ့ သဘောလေးပါ မျက်နှာ ပေါ်မှာ ရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှာပေးပြီး မျက်နှာလေး သဘာဝအတိုင်းကြည်လင်စေဖို့ ၂ပတ် ၁ ကြိမ်လောက်လုပ်ပေးသင့်ပါတယ်နော် Peeling gel လေးကို မျက်နှာထဲ စိမ့်ဝင်အောင် လိမ်းပေးပြီး ရေနွေးနွေးလေးနဲ့ မျက်နှာ လေးကို ပြန်ဆေးပေးနော် ၂ပတ်မှ ၁ကြိမ်ထဲမို့ အပျင်းမထူကြဘဲ သေချာလုပ်ပေးပါရှင့်

Step 3 💁🏻‍♀️ Toner

မျက်နှာ ပေါ်က ချွေးပေါက်လေးတွေ ကျဉ်းစေဖို့နဲ့ အသားရည်အစိုဓာတ်ကို ထိန်းသိမ်းပေးဖို့ Toner လေးကို သုံးပေးပါရှင့် ဒီ step လေးကတော့ နေ့ရော ညပါ လုပ်ပေးရပါမယ်နော်

Step 4 💁🏻‍♀️ Moisturiser

မင်မင်တို့ တနေ့တာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်ကိုဖြည့်ပေးဖို့ ရေသောက်ရသလို မျက်နှာလေးကို လည်းရေဓာတ်ဖြည့်ပေးဖို့လိုတယ်နော် ရေဓာတ် ဖြည့်ပေးရင် ဝက်ခြံလေးတွေ ဖြစ်ဖို့လျော့နည်းသွားပြီး အိုမင်းရင့်ရော်မှူ လက္ခဏာ တွေကိုလည်း နှောင့်နှေးစေပါတယ် ဒါလေးကိုလည်း နေ့ရော ညပါ သုံးပေးပါနော်

Step 5 💁🏻‍♀️ Suncream

ကဲနောက်ဆုံး အဆင့်လေးကတော့ ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ဖို့ပါပဲနော် Suncream လေးကို လည်းနေ့တိုင်းလေးသုံးပေးပါနော် အမဲစက်လေးတွေလည်း မဖြစ်အောင် ဖြစ်နေရင်လည်း ပျောက်ကင်းအောင် SPF 50 ထက်မကျော်တဲ့ Suncream လေးသုံးပေးနော် SPF 50 ထက်ကျော်ရင် နေလောင်ဒဏ်ကို အကာအကွယ် သိပ်မပေးတော့လို့ပါရှင့် ကိုယ့်အသားအရည်နဲ့ သင့်တော်မဲ့ cream လေး သေချာ ရွေးသုံးပေးကြပါနော်

ဒီ ၅ ချက်က မဖြစ်မနေ လုပ်ပေးရမှာလေးတွေပါနော် မင်မင် ငပျင်းကတော့ အခု ၅ချက်တောင် မလုပ်ဘဲ အိပ်ပျော်သွားတဲ့ရက်တွေကြောင့် ဝက်ခြံလေးက တခါတလေတော့ အလည်လာတတ်တာကြောင့် သဲလေးတို့မဖြစ်အောင် မင်မင်က remind လာလုပ်တာပါ ❤️❤️

12/02/2022

The Ordinary Niacinamide 10% + Zinc 1% review

ဒီ serum ကတော့ အထူးတစ်လည် ရှင်းပြ ပြောပြနေရမဲ့ product မဟုတ်ဘူး
The ordinary ရဲ့ အပေါက်ဆုံး serum တစ်ခုထဲအပါအဝင်ဖြစ်သလို လူတိုင်းနဲ့လည်းအရင်းနှီးဝင်တယ် တော်တော်များများလည်း သုံးနေကြတာဆိုတော့ အရမ်းကြီး အကျယ်တဝင့်ရှင်းပြမနေတော့ဘူး

🌻Ingredients check

သူ့မှာ main ingredients အနေနဲ့ niacinamide 10% , zinc 1% ပါတယ်
Niacinamide - anti-aging ,wrinkle ကိုသက်သာစေတယ် အမဲစက် PIE,PIH တွေကိုသက်သာစေတယ် skin tone ညီစေတယ် antioxidant မို့ မျက်နှာရဲတာ oxidize ဖြစ်တာကို အထိုက်အလျောက် လျော့ချပေးတယ် skin bright ဖြစ်စေတယ် တင်းတိပ်(melasma) ကိုပါ အထိုက်အလျောက်သက်သာစေတယ်
Zinc- sebum control လုပ်ပေးတယ် အဆီထိန်းပေးတယ်

ဆိုတော့ အကျဉ်းချုံးလိုက်ရင် ဒီ serum ကို သုံးပေးခြင်းအားဖြင့် oil control ဖြစ်တယ် အသားကြည်မယ် အသားညီမယ် hyperpigmentation,Melasma ကိုသက်သာစေတယ် မျက်နှာနီတာရဲတာမျိုးသက်သာစေတယ်

Niacinamide ကြောင့် ဝက်ခြံအဆီဖု သက်သာသွားတာမျိုးတော့မရှိပေမဲ့ အဆီအထွက်များလို့ pore clog ဖြစ်ပြီးပေါက်တဲ့ အဆီဖု ဝက်ခြံဆိုရင်တော့ သက်သာနိုင်တယ်

ဒါပေမဲ့ သူ့မှာ niacinamide 10% ပါတဲ့အတွက် စစသုံးတဲ့သူတွေမှာ irritation ရတာမျိုးဖြစ်တတ်ပါတယ် ဒါတော့သတိချပ်ပါ

🌻Texture

Texture ကအဖြူရည် မပြစ်မကျဲလေး မျက်နှာထဲကိုစိမ့်ဝင်လွယ်တယ်
နည်းနည်းတော့ sticky ဖြစ်တယ် ဒါပေမဲ့မဆိုသလောက်လေးပါ
လိမ်းပြီးရင်တော့ အသားခြောက်တယ်

🌻Result

ဒါကလေကြိုက်လို့သုံးနေတာ ဘူးပေါင်းကို လေးငါးဘူးမကတော့ဘူး
ဘာသိသာလို့လဲဆိုရင် သူ့ကိုသုံးပြီးရင် အဆီထိန်းတယ် မျက်နှာရဲတာသက်သာတယ် နောက်အသားကြည်လာတယ် အမဲစက်လည်းသက်သာတယ်
ဂျူလီ PIE တွေသက်သာတာ ဒါကြောင့်လည်းပါတယ်
ချွေးပေါက်အတွက်တော့သက်သာတယ်ပြောလ်ို့မရဘူး သိပ်မသက်သာဘူး ကျဉ်းသယောင်တော့ဖြစ်တယ်
အမဲစက်နဲ့ မျက်နှာရဲတာသက်သာတာ အဆီထိန်းတာနဲ့တင် ဒါကိုတော်တော်ကြိုက်တယ်
Oxidize ဖြစ်လို့ မျက်နှာမဲတယ် မျက်နှာနီရဲတတ်တဲ့သူဆိုရင် ဒီ serum ကို try ကြည့်ပါ

🌻ဒီ serum ကို ဘယ်လိုလူတွေရွေးချယ်သင့်လဲ

မျက်နှာမှာ အမဲစက်တွေလည်းရှိတယ် အဆီတစ်အားပြန်တယ် အဆီတစ်အားပြန်တော့ အဆီဖု ဝက်ခြံတွေထွက်တယ် ဘာသုံးရမလဲမသိဘူးဆိုတဲ့သူတွေ ဒီ serum ကို try ကြည့်ပါ နောက် အသားရည်ညစ်တယ် skin tone မညီဘူးဆိုတဲ့သူတွေအတွက်လည်း option တစ်ခုပါ

🌻ဘယ်လိုလူတွေ မရွေးချယ်သင့်ဘူးလဲ

sunscreen,moisturizer လိမ်းလေ့မရှိတဲ့သူဆို ဒီ serum ကိုဝယ်ဖို့မစဉ်းစားသင့်ပါ

🌻အသုံးပြုပုံ

ဒီ serum ကို မနက်ည ပါသုံးလို့ရတယ် သုံးနေကျသူဆို နေ့တိုင်းသုံးလို့ အဆင်ပြေပေမဲ့ အခုမှစသုံးမဲ့သူဆို ညလောက်ကိုပဲ ရက်ခြားသုံးပေးပါ
Nia % များတဲ့အတွက် irritation ဖြစ်မှာစိုးလို့ပါ
နောက် သုံးစရှိလို့ used to ဖြစ်သွားရင်တော့ နေ့တိုင်းသုံးလည်းကိစ္စမရှိတော့ဘူး
လိမ်းပြီးရင် အသားခြောက်တတ်လို့ နောက်က moisturizer သေချာပေါက် လိမ်းပါ

🌻ဆောင်ရန်ရှောင်ရန်

နွေရာသီအတွက်တော့ အရမ်းအဆင်ပြေတဲ့ serum ပေမဲ့ ဆောင်းတွင်းအသားခြောက်တဲ့အခါမှာတော့ တစ်ရက်ခြားတစ်ခါ လောက်ပဲသုံးစေချင်တယ်
ရာသီကြောင့် skin type တိုင်း အသားခြောက်နေတဲ့အပြင် ဒါကိုပါသုံးလိုက်ရင် ပိုအသားခြောက်ပြီး dehydrated ဖြစ်သွားမှာစိုးလို့ပါ
အာ့ကြောင့်ဆောင်းတွင်းတော့တစ်ရက်ခြားလောက်ပဲ သုံးပါ
ဂျူလီလို super oily တောင် ဒီ serum ကိုဆောင်းတွင်းနားပါတယ်

Niacinamide ကို Vit-C နဲ့တွဲသုံးလို့ရလား ဘာတွေနဲ့တွဲမသုံးရဘူးလဲ purging ဖြစ်တတ်လား စသဖြင့် Nia နဲ့ပတ်သက်ပြီး အမျိုးမျိုးအဖုံဖုံ သိချင်တဲ့သူတွေ ဒီ Niacinamide myths ဆိုတဲ့ post ကို ဖတ်ပေးပါ

https://www.facebook.com/104119095427413/posts/130095816163074/

UK,USA,Korea import ရှိတယ်
import တိုင်းဂျူလီသုံးဖူးတယ် အတူတူပါပဲရှင်
ဘာမှမကွာဘူး
အဲ့တော့ စိတ်ချရတဲ့ဆိုင်မှာ ကြိုက်တဲ့ import ဝယ်ပါ အတူတူပဲ

စာလည်းရှည်သွားပြီမို့ ဒီလောက်ပါပဲရှင်

Yours Julie,
စာသားများပြန်လည်ကူးယူတင်ခွင့်မပြု🔺
’scarewithjuliee
%zinc1%serum

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00