Banking Technologies and Processes - Myanmar

Banking Technologies and Processes - Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Banking Technologies and Processes - Myanmar, Bank equipment & service, Yangon.

23/09/2025

မင်္ဂလာပါ..ဘဏ်ကဒ်နဲ့ စျေးဝယ်ရင် Customers အတွက် စက်ကလေးမှာတို့လိုက်ရုံဘဲ၊ online form ဖြည့်ရုံလေးဆိုပေမဲ့ နောက်ကွယ်မှာ ငွေရှင်းကြတဲ့ အခါ အဖွဲ့တွေ အများကြီးပါဝင်ပါတယ်။

ဥပမာ PayPal ဆို သူနဲ့ချိတ်ထားတဲ့ နောက်ကွယ် Visa / Master payment networks တွေ၊ ဘဏ်တွေက ငွေပြောင်းငွေလွှဲ​တွေ ဆောင်ရွတ်​ပေးတယ်။ ဒီလုပ်ဆောင်မှုတွေစုပြီး Payment Ecosystem လို့ခေါ်ပါတယ်။

အောက်ဆုံး အဆင့် (blue box 🟦) မှာ Individual (သုံးစွဲသူ) က ငွေချေမယ်ဆိုရင် Payment Service Provider (PayPal, Stripe စသည်) ကို သုံးတယ်။

နောက်တဆင့်တက်ပြီး (pink box 🟪) မှာ Payment Service Provider က Card Scheme (VISA, Mastercard) နဲ့ Commercial Bank တွေကို ချိတ်ဆက်ပေးတယ်။

အဲ့ဒီ Commercial Bank တွေက တဆင့်တက်ပြီး (green box 🟩) မှာ ဗဟိုဘဏ်နဲ့ Interbank System မှာ အပြန်အလှန် ချိတ်ဆက်ထားတယ်။

ဘဏ်တွေကြားထဲမှာ Tink စတဲ့ Fintech providers တွေက ထပ်ခါထပ်ခါ လွယ်ကူအောင် API integration support ပေးနေပါတယ်။

08/09/2025

သိပ်မတိုးတက်​သေးဘူးလို့ ထင်ရတဲ့ အာဖရိက နိုင်ငံ​တွေ..

ခုသတိထားမိတာ

နိုင်ငံတိုင်းမှာ KPay, Wave လို့ Mobile Wallets တွေရှိ​နေပြီ

တချိန်က အထင်သေး ခဲ့တဲ့ အီသီရိုးပီးယားဆို

ဘဏ်တစ်ခုကနေ အခြားဘဏ်တစ်ခုကို ချက်ချင်းလွှဲလို့ရတဲ့ EthSwitch Payment Network တောင် ပေါ်နေပါပြီ

21/08/2025

စာအုပ်ကတော့ ခေါင်းစဉ်နဲ့တင် ဆက်ရှင်းပြရမှာ ခက်ပြီ 🙄

19/08/2025

Market Capitalisation အရ နိုင်ငံအလိုက် အကြီးဆုံး ဘဏ် ၁၀၀ ထဲမှာ ကိုယ်သိတဲ့ ဘဏ်တွေ ဘယ်အနေအထားရှိပြီလဲ ဆိုတာ ရှာကြည့်နိုင်ပါတယ်။

Market Capitalisation ဆိုတာ ဘဏ်ရဲ့ stock တန်ဘိုး x စျေးကွက်ထဲရှိတဲ့ စ​တော့ အ​ရေအတွက်ကို မြှောက်ရင် ရတဲ့ total 🟰 ကိုကြည့်ပြီး ဘဏ်ဘယ်​လောက် အဖိုးတန် သလဲဆိုတာကို တွက်တာဖြစ်ပါတယ်။

ဒီဘဏ်က ရုံးခွဲဘယ်​လောက်များတယ် ၊ ဝန်ထမ်း ဘယ်လောက်၊ အ​ဆောက်အဦး ဘယ်​လောက်များတယ်ဆိုတာ ကြည့်ပြီး ယှဉ်တာ မဟုတ်ပါဘူး။

photo crd

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Culinary Team

Attire

Address


Yangon