One Two Three Four Mobile Special
Something special with our mobiles and services .. !!! *One Two Three Four Mobile Special* is a new mobiles sale and service center.
15/03/2022
iOS 15.4 တရားဝင် Officially ထွက်ပါပြီ။
အကြီးမားဆုံး ပြောင်းလဲမှုကတော့
iPhone 12 နဲ့ 13 ကိုင်သူတွေ Mask တပ်ပြီး၊ Mask ရော ပါဝါမျက်မှန်၊ တချို့နေကာမျက်မှန်တပ်ထားရင်လည်း FaceID ဖွငိ့လို့ရပါပြီ။ အရင်လို Apple Watch မလိုတော့ပါဘူး။
Emojis အသစ်တွေလည်းပါဝင်ပါတယ်။
ထပ်ပြောပါမယ် FaceID with Mask က 12 and 13 တွေဘဲရပါတယ်။ သူတို့မှာ Wider FaceID Sensor ပါလို့ပါ။
crd htoo max
02/03/2022
Apple ဟာ Russia နိုင်ငံမှာ ရောင်းချမှုတွေအကုန်ရပ်လိုက်ပါပြီ။
Russia Sales Channel ထဲကို တင်ပို့တာတွေရပ်ပြီး။ online ရော in-store တွေ ဘာမှ Apple ပစ္စည်းတွေ ဝယ်လို့မရနိုင်အောင် တားမြစ်လိုက်ပါတယ်။
Russia နိုင်ငံပိုင် သတင်းဌာန Apps တွေဖြစ်တဲ့ RT NEWS နဲ့ Sputnik News တို့ကိုလည်း App Store ကနေ ဖြုတ်ချလိုက်ပါပြီ။
Apple Pay ငွေပေးချေမှု Service တွေလည်း တစ်ခါတည်းရပ်လိုက်ပါပြီ။
ဒါဟာ ယူကရိန်းရဲ့ ဝန်ကြီးကနေ တနေ့က Apple ကို အခုလို ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပြီး ၂ ရက်အကြာမှာ Apple က အခုလို တားမြစ် ပိတ်ပင်ချက်တွေ ချလိုက်တာပါ
အခုလို ပြုလုပ်တာဟာ Ukraine ပြည်သူများနဲ့ အတူရှိတယ်ဆိုတာ ထပ်လောင်း တရားဝင် သက်သေပြလိုက်တာဖြစ်ပါတယ်။
crd all ✌️
03/12/2021
Night bird လို့ပြောလိုက်ရင် သိတဲ့သူက သိကောင်းသိနိုင်ပါတယ်
လွန်ခဲ့တဲ့ နှစ်ကမှ American got talent မှာ Simon ကိုယ်တိုင်ပေးခဲ့တဲ့ golden buzzer ကို
ထိုက်ထိုက်တန်တန်ကြီးရယူသွားခဲ့သူပေါ့
အခုတော့ international မှာ သူပြိုင်ပွဲဝင်ခဲ့တဲ့ it's ok သီချင်းနဲ့နေရာတော်တော်ရောက်လာခဲ့သူဖြစ်နေပါပြီ
အသံချိုချိုအေးအေး လေးနဲ့ ချစ်စရာ အပြုံးတွေကြောင့် မြင်သူတိုင်းအချစ်ပိုစေတဲ့ ကောင်မလေးပါဘဲ
ဒီ သီချင်းလေးက သူမရဲ့ ဘဝအကြောင်းကို သူမကိုယ်တိုင်းရေး ဆိုခဲ့တဲ့သီချင်းပါ
သူမက လူ့လောကကြီးမှာ အသက်ရှင်နေနိုင်ဖို့ 2% လေးသာ အခွင့်ရေးရှိသူပါ ကျောရိုးကင်ဆာ ကြောင့် ဝေဒနာ အလူးအလဲခံနေရတာပါအလုပ်မလုပ်နိုင်တာလဲ ကြာပြီ အဆင်မပြေတဲ့ မိသားစုကမို့ သူမ အသက်ရှင်ရတာ
ပင်ပန်းခဲ့သတဲ့ ... ။
နောက်တော့ သူ့မွေးရပ်ဇာတိကနေ california ကို တစ်ယောက်တည်း ကိုပြောင်းလာခဲ့တယ်
အသက်ရှင်တုန်းခဏလေးမှာ သူဖြစ်ချင်ရာ ဘဝတစ်ခုကို ဖန်တီးသွားမယ်ဆိုပြီး talent မှာ ဝင်ရောက်ပြိုင်ခဲ့ ပါတယ်
ပြိုင်ပွဲမှာ သူမအကြောင်းကိုပြောပြပြီး Simon က မင်းအဆင်ပြေရဲ့လား မေးတော့ it's ok! လို့သာ ပြုံးပြုံးကြီး တုန့်ပြန်သွားပါတယ်
ဒိုင်တွေအားလုံးရော ပရိသတ်တွေပါ မျက်ရည်တွေကြားအားပေးခဲ့ကြပြီး လူတွေအားလုံးရဲ့ လေးစားအားကျမှုတွေ အချစ်တွေအားလုံးသပ်ယူသွားခဲ့ပါတယ်
အဲ့ဒီမှာ သူမပြောတာလေး တကယ်မိုက်တယ်
Moti တွေလဲ အများကြီးရသလို အရမ်းလဲအဖိုးတန်ပါတယ်... ။
" လူ့လောကကြီးမှာ ပျော်အောင်နေတော့မယ်လို့ ဆုံးဖြတ်ဖို့ကို ဘာ သောက အခက်ခဲမှ ရှိမနေတဲ့ အချိန်ကို စောင့်နေလို့မရဘူးလေ "
" ကျွန်မ က အသက်ရှင်ဖို့ 2% လေ
Zero မှမဟုတ်ဘဲ ရှိနေတုန်းခဏမှာ ကျွန်မကြိုးစားခွင့်ရှိသေးတယ် ပျော်အောင်နေခွင့် ရှိသေးတယ်တဲ့* ❤
တကယ် ဟုတ်ပါတယ်
ကျနော်တို့ မပျော်ရွှင်ရခြင်းဟာ ကျနော်တို့အပေါ်ဘဲမူတည်တာပါ
ကိုယ့်ပျော်ရွှင်မှုအတွက် ဘယ်သူမှာမှ တာဝန်မရှိပါဘူး ဘယ်သူ့အတွက်ကြောင့်မှ ခံစားစရာမလိုသလို ဘယ်သူ့ကြောင့်မှ ပျော်ရွှင်မှုတွေ ပျက်စီးခံဖို့မလိုပါဘူး
ကျနော်တို့ကသာ မပျော်ရတဲ့ အတိတ်တွေ အတွေးတွေ အဖြစ်ပျက်တွေကို အရိပ်လို သယ်သွားပြီး တမင်စိတ်ဒုက္ခတွေ ယူဆောင်နေမိတာပါ
မပျော်ရတဲ့လက်တွေကို ဆုပ်ကိုင်ရင်း ပျော်စရာပေးမဲ့ လက်တွေကို ဘာလို့အလွဲခံနေကြရတာလဲ
ခဏလေးဖြစ်ဖြစ် များများမတွေးဘဲနေကြည့်ရအောင်
အရာရာတိုင်းကို အကောင်းဘက်ကမြင်ကြည့်ရအောင်.... ။
Over thinking ဘဝကနေ ခဏလေး ဖြစ်ဖြစ် ရပ်လိုက်ပြီးတဲ့နောက် ကျနော်တို့တကယ် ပျော်လာရမှာ ကျိန်းသေပါဘဲ
" Everybody is dealing with their own drama '' တဲ့ လူတိုင်းက အခက်ခဲတွေ ွကိုယ်စီနဲ့ပါ ပျော်ရခြင်း မပျော်ရခြင်း ကတော့ ကိုယ့်အရည်ချင်း ပေါ်ဘဲမူတည်တာမို့ အခုဘဲ ပျော်အောင်နေကြည့်ရအောင်
ကျနော်တို့မှာ အသက်ရှင်ဖို့ % တွေအများကြီးကျန်ပါသေးတယ် ပျော်ပျော်ဘဲ ဖြတ်သန်းကြရအောင် လူတွေကို အပြုသဘောဆောင်တဲ့ ကောင်းခြင်းတွေ လက်ဆင့်ကမ်းကြရအောင်
ကျနော်တို့ အားလုံးကပျော်ရွှင်မှုနဲ့ ထိုက်တန်တယ် မလား ......?
အခက်ခဲတွေ အဆိုးဆုံးနေ့တွေရဲ့ အဆုံးမှာ
လှပတဲ့အနားသတ်တွေ သာယာတဲ့နေ့သစ်တွေရှိနေမြဲပါ
ဒါကြောင့် ကျနော်တို့အားလုံး စိတ်ဓာတ်မကျဘဲ ရှင်သန်ကြရအောင် ... ❤💪
Credit-
music
https://fb.watch/9F9QGF4D4q/
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
အမှတ်(၆၆၁) လသာလမ်းနှင့်မဟာဗန္ဓုလလမ်းတောင့် လသာမြို့နယ် ရန်ကုန်မြို့
Yangon
11131
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |