Polaris Language Academy

Polaris Language Academy

Share

We believe in Education which can change the world.

17/07/2025

G11, G12 English စာ သီးသန့်

အရင်က ကျောင်းချိန်တွေ ညှိရခက်လို့ ‌စာမေးရင် ရှင်းပြတာကလွဲလို့ အတန်းကျောင်းစာတွေ မသင်ပေးပါဘူး။
ဒီနှစ်တော့ G11 , G12 အတွက် Writing သင်ဖြစ်တော့၊ သင်လက်စနဲ့ English သင်ရိုး သီးသန့် သင်တန်းပါ ထပ်ဖွင့်‌မလားလို့ပါ။
သာကေတ၊ ဒေါပုံမှာ နေကြတဲ့ ကျောင်းသား/သူတွေအတွက် G11, G12 English စာ သီးသန့် သင်မယ်ဆို တက်ချင်တဲ့သူ ရှိမလား။

တပတ် ၂/ ၃ ရက်တော့ သင်ဖြစ်မယ်။
စာသင်ချိန်က ညနေ ၄:၀၀ မှ ၅:၃၀ ထိ လောက် မှန်းထားတယ်။
သင်တန်းကြေးကတော့ နည်းနည်း‌ယူမယ်။

တက်ချင်တဲ့သူတွေရှိရင် ဖုန်းဆက်/ Messenger က စာပို့ပြီး မေးပါ။




Language Academy

Updated
ညနေ ကျောင်းဆင်းချိန် မအားကြတာနဲ့၊ စာသင်ချိန်ကို မနက်ပိုင်း ၇:၀၀ ကနေ ၈:၁၅ ထိ ပြောင်းပါမယ်။ သင်မယ့်ရက်ကတော့ ဥပုသ်၊ တနင်္ဂနွေ ဖြစ်မယ်။

15/02/2025

🌞နွေရာသီ သင်တန်းသစ်🌞
1. English for Beginner
(World Wonders 1)

📢နွေရာသီ အင်္ဂလိပ်ဘာသာစကား သင်တန်း English for Beginner (အတန်းသစ်) ဖွင့်ပါမည်။

📖သင်ရိုးစာအုပ်
နာမည်ကျော် National Geographic မှ ထုတ်ဝေသော World Wonders 1 (Student's book+ Workbook) ကို အသုံးပြု၍ သင်ကြားပါမည်။

👨‍🏫သင်ကြားမည့် ပုံစံ
ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှု ၄ မျိုး (ရေး၊ဖတ်၊ပြော၊နားထောင်) ( English 4 Skills) အပြင်၊ သင်ရိုးနှင့်ဆက်စပ်သော ပြင်ပ ဗဟုသုတနှင့် ဘဝရပ်တည်မှုအတွက် လိုအပ်သော၊ တွေးခေါ် စဉ်းစား ဝေဖန်ပိုင်းခြား ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ (Knowledge+ Creative , Logical and Critical Thinking Skills) များကိုပါ ထည့်သွင်း သင်ကြားလေ့ကျင့် ပေးပါမည်။

👧တက်ရောက်သင့်သူများ🧒

အနည်းဆုံး အခြေခံပညာ အလယ်တန်း (Grade 5/6) ဖြေဆိုထား‌သော ကျောင်းသား/သူများ မှ စ၍ တက်ရောက်နိုင်ပါသည်။
( Beginners Level ဖြစ်သော်လည်း အင်္ဂလိပ်စာ အခြေခံအားနည်းပါက အခက်အခဲရှိနိုင်ပါသဖြင့် Grade 4 ဖြေဆိုထားပြီး Grade 5 တက်မည့်သူများအတွက် အဆင်မပြေနိုင်ပါ။)

🗓️စ သင်မည့် ရက်
မတ်လ (၃)ရက် တနင်္လာနေ့ (3.3.2025)

🔔သင်ကြားမည့်ရက်
တနင်္လာနေ့မှ ကြာသပတေးနေ့အထိ တစ်ပတ် (၄)ရက် သင်ပါမည်။
(စာသင်ကျောင်းများ ပြန်ဖွင့်ချိန်တွင် စနေ+တနင်္ဂနွေ သို့ ပြန်ပြောင်းပါမည်။)

🕝သင်ကြားမည့် အချိန်🕓
နေ့လယ် ၂:၃၀ မှ ၄:၀၀ နာရီအထိ။
(လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံပါမည်။အတန်းချိန် ထပ်မံ ပြောင်းလဲခြင်း၊ အတန်းသစ်ထပ်တိုး‌ပေးခြင်း ရှိမည် မဟုတ်ပါ။)

💰သင်တန်းကြေး တစ်လလျှင် ၂၅၀၀၀ ကျပ်။ (စာအုပ်ဖိုး မပါ)

( အခြေအနေအရ သင်တန်းတစ်ခုစာလုံးအတွက် အပြီးအစီး သင်တန်းကြေး မယူပါ။ အများစု တတ်နိုင်မည့် သင်တန်းကြေး (အသက်သာဆုံး)ကိုသာ ယူထားပါသဖြင့် ရေရှည်တက်ရောက် သင်ယူနိုင်မည့်သူ၊ အမှန်တကယ်ကြိုးစား သင်ယူလိုသူများ သာ တက်ရောက်စေချင်ပါသည်။)

☎️ဆက်သွယ် စုံစမ်း မေးမြန်ရန်။

POLARIS Language Academy
အမှတ်(၂၇) A2 ၊ မာန်ပြေလမ်းမကြီးနှင့် မာန်ပြေ (၁၆)လမ်းထောင့်၊ (၃) ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်။
ဖုန်း။ ၀၉ ၇၉၈ ၅၄၇ ၈၀၆

Polaris Language Academy Polaris Language Academy equips youth with essential English skills while fostering creative, logical and critical thinking skills to create a better world for brighter future of youth. We believe in Education which can change the world.

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


19th St(east), ManPyay
Yangon
11231

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00