Panda Language School Myanmar
好人有好报
🔈🔉🔊
ပန်ဒါ ဘာသာစကားသင်တန်းကျောင်းကို ကနဦးကတော့ အဂ်လိပ်၊တရုတ် ၂ ဘာသာသင်ကြားပို့ချမည့် ကျောင်းအဖြစ်ရည်ရွယ်ပြီး Page ထောင်ခဲ့သော်ငြားလည်း၊ ယခု ကိုဗစ်ကာလနှင့် တိုက်ဆိုင်သွားသည့်အတွက် မူလရည်ရွယ်ထားသည့် ဘာသာစကားသင်တန်းကျောင်းပေ့ချ်မျိုး မဟုတ်တော့ပဲ၊ တရုတ်ဘာသာစကားသင်တန်း တမျိုးထဲကိုသာရည်ရွယ်ပြီး ဒီpage ကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ပါသည်။ 💡💡💡
သင်တန်းကျောင်းမဖွင့်ဖြစ်ခင် ယခုလတ်တလောအချိန်တွင် ဘာသာစကားနှင့် ပတ်သတ်သော ဗဟုသုတ၊ လေ့လာစရာများကို အလျင်းသင့်သလို တင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 📖📚📖📚
🐼 ဒီPanda ဆိုတဲ့ နာမည်ကိုရွေးဖြစ်ခဲ့ရခြင်း အကြောင်းရင်းကတော့ ပန်ဒါလေးတွေဟာ တရုတ်နိုင်ငံရဲ့ အမှတ်အသား တစ်ခုဖြစ်သလို၊ တရုတ်နိုင်ငံတော်ပိုင် တိရိစ္ဆာန်လေးလည်း ဖြစ်ပါတယ်။ တရုတ်ပြည်နဲ့ ပန်ဒါ ဝက်ဝံလေးဟာ ခွဲမရတဲ့ အထိမ်းအမှတ်တခုဖြစ်တဲ့အတွက် ဒီတရုတ်ဘာသာစကားသင်တန်းကိုလည်း ပန်ဒါ ဟု နာမည်ပေးထားခြင်းဖြစ်ပါတယ်။
ပန်ဒါမင်မင်များမှ တရုတ်ဘာသာစကားလေ့လာသင်ယူလိုသူ သင်ကြားနေသူများအတွက် လိုအပ်သည့် အကြံဥာဏ်များကို အချိန်ရလျှင်ရသလို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ 🙏🙏🙏
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon