Elody
Elody is a cosmetics and fashion wholesaler. Elody sells only authentic original products that are always safe for your skin.
26/02/2021
ဒီနေ့မှာတော့ မိန်းကလေးရော ယောက်ျားလေးတွေပါ အရမ်းစိတ်၀င်စားကြတဲ့ ရေမွှေးလေးတွေ အကြောင်းပြောပြပါစေ။❣️
ရေမွှေးကို အရမ်း ချစ်ကြတဲ့ ကောင်မလေးတွေရှိလား။
ရေမွှေးရနံ့လေးတွေ ရွေးတဲ့ အခါ အရမ်းဇီဇာကြောင်တဲ့ ကောင်မလေးတွေရှိလား။
ရေမွှေးရွေးတဲ့ အခါမှာ ဘယ်brand ရွေးရမလဲ?ဘယ်လို အမျိုးအစားကိုရွေးရမလဲ? စဉ်းစားရခက်နေကြလား။
ဒါဆို ဒီစာလေးကို ဖတ်ကြည့်လိုက်ပါ။
ရေမွှေးလို့ပြောရမယ်ဆိုရင် ပန်းရနံ့ Floral, သစ်သီးရနံ့ Fruity, ပြီးတော့ ကိုယ်သင်းရနံ့ Feminine ဆိုပြီး အဓိက သုံးမျိုး ရှိပါတယ်။ ဒါကတော့ ရနံ့ပိုင်းနဲ့ ပတ်သက်တဲ့ အဓိက အမျိုးအစားတွေပါ။
ရေမွှေး တွေမှာ ပါတတ်တဲ့ Parfum တို့ Eau De Parfum ဆိုတဲ့ စကားလေးတွေကို သတိထားမိကြလား။ သတိမိတယ် ဆိုရင်တော့ ဘာကြောင့် ရေးထားလဲ ဆိုတာပြောပြ ပါရစေ။ ရေမွှေးရွေး တဲ့နေရာမှာ အရမ်းအရေးကြီးပါတယ်။
Parfum❤️
သူကတော့ အမွှေးဆီပါ၀င်မှု အများဆုံးဖြစ်ပြီး ပါ၀င်မှု ၁၅ ရာခိုင်နှုန်းကနေ ၄၀ရာခိုင်နှုန်း အထိရှိပါတယ်။
ပျမ်းမျှအားဖြင့် ရေပန်းအစားဆုံးရေမွှေးတွေမှာတော့ အမွှေးဆီပါ၀င်မှု ၂၀ကနေ၃၀ရာခိုင်နှုန်း ရှိပါတယ်။
ဒီအမျိုးအစားကတော့ အနံ့တစ်နေကုန်စွဲပါတယ်။ ပါ၀င်မှု ရာခိုင်နှုန်းအပေါ်မူတည်ပြီးတော့ အနံ့စွဲချိန်ကွာခြားပါတယ်။
Eau De Parfum🧡
ဒီတစ်မျိုးကတော့ ဒုတိယ အမွှေးဆီ ပါ၀င်မှုအများဆုံး ရေမွှေးပါ။ EDP လို့လည်းသိကြပါတယ်။ ၁၅ ကနေ ၂၀ ရာခိုင်နှုန်းအထိပါတတ်ပါတယ်။ တစ်ချို့ EDP တွေက တစ်နေကုန် ရနံ့စွဲပါတယ်။ အနည်းဆုံး 5နာရီခံပါတယ်။
Parfum နဲ့ EDP နဲ့ ကွာခြားချက်ကတော့ EDP ကပိုပြီး ဈေးသက်သာလေ့ရှိပါတယ်။
Eau De Toilette💛
EDT ကတော့ EDP ထက်ဈေးနည်းသလို အမွှေးဆီပါ၀င်မှုက 5ကနေ15 ရာခိုင်နှုန်းပဲရှိပါတယ်။ ပေါ့ပေါ့ပါးပါး ထပ်သွားထပ်လာ ရေမွှေးအမြဲသုံးတတ်တဲ့ သူတွေအတွက် သင့်တော့ပါတယ်။ သုံးနာရီ၊ လေးနာရီ အများဆုံးကြာရှည်ခံပြီး နေ့ဖက်တွေမှာ သုံးဖို့ပိုသင့်တော်တယ်လို့ သိရပါတယ်။
Eau De Cologne💚
Cologne ဆိုပြီး လူသိများတဲ့ ရေမွှေးကတော့ အမွှေးဆီ 2 ကနေ 4ရာခိုင်နှုန်းအထိပဲ ပါပါတယ်။ ယောက်ျားလေး သုံးအထွက်များပါတယ်။ မိန်းကလေးသုံးတွေလည်းရှိပါတယ်။ ဈေးကတော့ အတော်လေးတန်ပါတယ်။ ပြီးတော့ သုံးတဲ့အခါမှာ များများလေးသုံးပေးရပါတယ်။
Eau Fraiche💙
သူကတော့ Cologne နဲ့ဆင်ပါတယ်။အမွှေးဆီ 1ရာခိုင်နှုန်းကနေ 3ရာခိုင်နှုန်းလောက်ပဲ ပါလေ့ရှိပါတယ်။ ဒါကတော့ အိတ်ဆောင် ရေမွှေးဘူးလေးတွေလိုမျိုးပါ။ နှစ်နာရီလောက်သာကြာရှည်ခံပြီး ဈေးအတော်ဆုံးဖြစ်ပါတယ်။
ရေမွှေးတွေရဲ့ဈေးနှုန်းကိုမှန်းဆတဲ့အခါ ရေမွှေး အမျိုးအစားအပြင် Brand name နဲ့လည်း မှန်းဆနိုင်ပါတယ်။
Luxury Brand တွေကတော့ cologne လို အဆင့်မျိုးတောင် ဈေးအတော်လေးပေးရပါတယ်။
အားလုံးပဲ အကောင်းဆုံးကိုရွေးချယ်နိုင်ကြပါစေ။ ❤️
03/11/2020
Innisfree My Real Squeeze Mask လေးတွေရောက်နေပါပြီနော်။ 🌿🌸
Work From Home နေတဲ့ ပျိုမဒီလေးတို့ရေ အိမ်မှာလေ စကွင်းကဲရင်း အလုပ်လုပ်တော့ အလှလည်းတိုး၊ အလုပ်လည်းပြီးတာပေါ့နော်။ 💆♀️😎
အလုပ်သွားနေရတဲ့ ပျိုမဒီလေးတို့လည်း အလုပ်က ပြန်ရောက်ပြီး ညအိပ်ခါနီးလေးမှာ စကွင်းကဲရင်း အနားယူနိုင်တယ်လေနော်။ 💆♀️😉
Price>> 1,800 Ks
_________________________________________
မှာယူလိုတယ်ဆိုရင် Chat Box ကို မက်ဆေ့ ပို့လိုက်ပါနော်
ကိုယ်တိုင်လာယူလို့လည်းရတယ်နော်။
Delivery လည်းရှိတယ်နော်။
04/02/2020
💞Elody Perfume for VALENTINES DAY💞
တစ်နှစ်မှတစ်ခါ သာ ရှိတဲ့ VALENTINES DAY နေ့မှာ ကိုယ့်ရဲ့ ချစ်သူ ခင်သူ တွေဆီကို နှစ်တိုင်း ဘာလက်ဆောင်တွေ ပေးဖြစ်ကြလဲ⁉️
ချောကလက် (Chocolate) ကိုပဲ နှစ်တိုင်းပေးဖြစ်နေတယ်ဆိုရင် ငြီးငွေ့စရာ ဖြစ်မယ်လို့ မထင်ဘူးလား🤔
ကိုယ့်ရဲ့ချစ်ခင်မှု ကို ဖော်ပြနိုင်တဲ့ သင်းပျံ့တဲ့ ရနံ့လေးတွေ နဲ့ Elody Perfume လေးကို လက်ဆောင်အဖြစ် ပေးကြဖို့ တိုက်တွန်းချင်ပါတယ်နော်..😍🥰
VALENTINES Theam ❤️နဲ့လည်း အပ်စပ်ပြီး အဓိပ္ပါယ် ရှိအောင် ဘူး ဒီဇိုင်းသစ်လေးကို ထုတ်ပေးထားပါတယ်🎁
အချိန်မှီ လက်ဆောင် ပေးပြီး ကိုယ့်ရဲ့ ချစ်ခင်မှုကို ဖော်ပြနိုင်ဖို့ မှာယူထားကြရအောင်နော်💞
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon