MSF Myanmar
MSF Myanmar monitors and moderates content posted on its social media platforms. We reserve the right to review and remove any comments deemed inappropriate.
12/09/2025
အာဟာရချို့တဲ့မှုအကြောင်း အသိပညာပေးရက်သတ္တပတ်ကို ကမ္ဘာလုံးဆိုင်ရာ အခမ်းအနားတစ်ခုအဖြစ် နိုင်ငံအသီးသီးက နှစ်စဉ် ကျင်းပကြပါတယ်။ ကျင်းပတဲ့ရက်တွေကတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွဲပြားပါတယ်။ ဒီလိုဆောင်ရွက်ခြင်းက အာဟာရချို့တဲ့မှုအကြောင်းကို ပြည်သူ့ကျန်းမာရေးဆိုင်ရာကိစ္စရပ်အနေနဲ့ ဗဟုသုတတွေ ပိုမိုသိရှိနိုင်စေမယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။
အာဟာရချို့တဲ့ခြင်းဆိုတာ လူတစ်ဦးရဲ့ စွမ်းအင် သို့မဟုတ် အာဟာရဓာတ်တွေ ရရှိစားသုံးမှုမှာ လိုအပ်နေမှု၊ လွန်ကဲမှု သို့မဟုတ် မညီမျှမှုတွေ ဖြစ်နေတာကို ဆိုလိုပါတယ်။ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ အာဟာရ မရရှိခြင်း (အာဟာရနည်းခြင်း) နဲ့ အာဟာရဓာတ်တွေကို အလွန်အကျွံစားသုံးမိခြင်း (အာဟာရလွန်ကဲခြင်း) တို့ ပါဝင်ပါတယ်။ အာဟာရချို့တဲ့မှုအတွက် ထိခိုက်လွယ်ဆုံးအုပ်စုကတော့ HIV နဲ့ တီဘီတို့လို နာတာရှည်ရောဂါရှိသူတွေ ဖြစ်ပါတယ်။ ဒီရောဂါရှိသူတွေဟာ အခြားသူတွေထက် အာဟာရပိုပြီးလိုအပ်ပေမယ့် ရောဂါကြောင့် အာဟာရရရှိမှုကို ထိခိုက်စေတတ်မှုကြောင့်ပါ။ အသက် ၅ နှစ်အောက်ကလေးတွေဟာလည်း အာဟာရချို့တဲ့မှုမှာ ထိခိုက်လွယ်တဲ့နောက်ထပ်အုပ်စုတစ်ခု ဖြစ်ပါတယ်။ ဒီအချိန်ကာလဟာ ကလေးတွေရဲ့ ခန္ဓာကိုယ်နဲ့ ဉာဏ်ရည်ဉာဏ်သွေး အလျင်အမြန် ကြီးထွားဖွံ့ဖြိုးနေတဲ့ ကာလဖြစ်တာကြောင့် အဓိကလိုအပ်တဲ့အာဟာရဓါတ်တွေကို အများအပြားစားသုံးဖို့ လိုအပ်တဲ့အချိန် ဖြစ်နေတာကြောင့်ပါ။
ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်က အာဟာရဓါတ် မြင့်မားစွာ လိုအပ်နေပေမယ့် သူတို့ရဲ့အစာအိမ်သေးသေးလေးတွေက လိုအပ်တဲ့အာဟာရပမာဏကို လက်ခံဖို့ အကန့်အသတ်ရှိနေပါတယ်။ ဒါကြောင့် ကလေးတွေမှာ အာဟာရချို့တဲ့မှု ဖြစ်လာတဲ့အခါ အာဟာရဓါတ်ကြွယ်ဝတဲ့အစားအစာတွေ ကျွေးဖို့ လိုအပ်ပါတယ်။ ကလေးတွေမှာ ဖြစ်ပွားတဲ့ အာဟာရချို့တဲ့မှုကို တိုက်ဖျက်ဖို့ MSF နဲ့ အခြားသော လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတွေ ကျယ်ကျယ့်ပြန့်ပြန့်အသုံးပြုကြတဲ့ ကုထုံးဆိုင်ရာ အစားအစာတစ်ခုကတော့ ပလမ်ပီနတ် (Plumpy'Nut) ဖြစ်ပါတယ်။
၂၀၀၀ ပြည့်လွန်နှစ်များမှာ MSF က ကလေးများမှာ ဖြစ်ပွားတဲ့ အာဟာရချို့တဲ့မှုအတွက် ပြုစုကုသမှုကို Plumpy'Nut အသုံးပြုခဲ့တာကြောင့် ပုံမှန်ဆေးရုံတင်ကုသမှုကနေ ပြင်ပလူနာကုသမှုပုံစံ အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒီပြောင်းလဲမှုကြောင့် ကူညီဆောင်ရွက်မှုတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာနိုင်တဲ့အပြင် အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရေးပေါ်အခြေအနေတွေမှာ အာဟာရချို့တဲ့မှုကြောင့် ကလေးသေဆုံးမှုနှုန်းကို များစွာ လျှော့ချနိုင်ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ Plumpy'Nut ကို HIV ရောဂါနဲ့ အသက်ရှင်နေထိုင်သူတွေ နဲ့ တီဘီရောဂါကြောင့် အာဟာရချို့တဲ့နေသူတွေအတွက် အာဟာရပံ့ပိုးမှုမှာပါ အသုံးပြုလျက်ရှိပါတယ်။ ကောင်းမွန်တဲ့ကုသမှုရလဒ်တွေရရှိဖို့အတွက် အာဟာရသည်လည်း အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။
၁၉၉၃ ခုနှစ်မှာ MSF က လှိုင်သာယာမြို့နယ်မှာ ဖြည့်စွက်အာဟာရကုထုံးစင်တာတွေ တည်ထောင်ပြီး ရန်ကုန်မှာရှိတဲ့ အာဟာရချို့တဲ့နေတဲ့ကလေးငယ်တွေအတွက် ကူညီပံ့ပိုးမှုကို စတင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်သုံးဆယ်ကာလအတွင်း နိုင်ငံတွင်း တီဘီနဲ့ HIV တိုက်ဖျက်ရေးအတွက် MSF ရဲ့ ထောက်ပံ့ကူညီမှုတွေမှာ အာဟာရချို့တဲ့မှုအတွက် ဖြည့်စွက်အာဟာရပေးခြင်း၊ ရိက္ခာပံ့ပိုးကူညီခြင်းတို့ဟာ လူနာစောင့်ရှောက်ရေးရဲ့ အဓိကအခန်းကဏ္ဍ အဖြစ် ပါဝင်ခဲ့ပါတယ်။
အရေးပေါ်အခြေအနေကို တုန့်ပြန်တယ်ဆိုရာမှာ လတ်တလောမြင်နေရတဲ့လိုအပ်ချက်တွေကို ပံ့ပိုးတာအပြင် ဒေသခံတွေ နောင်တချိန်ကြုံလာနိုင်တဲ့အခက်အခဲတွေကို ဖြေလျှော့ပေးနိုင်ဖို့ ရေရှည်တည်တံ့ပြီး ဒေသအလိုက်လိုအပ်တဲ့ အထောက်အပံ့တွေ ပေးအပ်မှုကလည်း အရေးကြီးပါတယ်။ ဒါကြောင့် အရေးပေါ်ကာလအတွင်း ကြီးကြီးမားမား ထိခိုက်ခံစားခဲ့ရတဲ့ ရပ်ရွာလူထုအတွက် ပြန်လည်ထူထောင်ရေးမှာ အဓိကအကူအညီဖြစ်နိုင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ ရေရှည်အသုံးပြုနိုင်မယ့် ရေအရင်းအမြစ်တွေ၊ သင့်တင့်လျောက်ပတ်တဲ့ အမိုးအကာနဲ့ စိတ်ကျန်းမာရေးအထောက်အပံ့ ပေးအပ်တာတွေကို MSF က အဓိကထားပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။
အရေးပေါ်ကာလ အပြီးသတ်သွားသော်ငြားလည်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ကေလာဒေသခံတွေအတွက် ရေသန့်ရရှိရေးကြိုးပမ်းမှုကို MSF က ဆက်ပြီးဆောင်ရွက်ပေးနေပါတယ်။ ဒေသခံပေါင်း ၅,၀၀၀ ကျော်အတွက် ရေသန့် အလွယ်တကူ ပေးဝေနိုင်မယ့် ဒီစီမံကိန်းကို စက်တင်ဘာလမှာအပြီးသတ်ဖို့ ခန့်မှန်းထားပါတယ်။
Responding emergencies is not just about addressing immediate needs but about providing sustainable and locally adapted solutions that reduce the community’s burden in the long-term. MSF's work has focused on laying the groundwork for sustainable sources of clean water, proper shelter and emotional health support for the community which are all key to helping communities recover from large-scale disasters.
While the emergency phase has concluded, MSF’s effort to bring clean water to Kaylar residents is still running In the Inle Lake area of Nyaung Shwe township. The project is expected to be completed by September and will provide potable water to more than 5,000 residents.
မတ်လကုန်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် မန္တလေးနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသများကဲ့သို့ ငလျင်ဒဏ်ခံခဲ့ရသော ဒေသများတွင် ကျွန်ုပ်တို့အဖွဲ့အစည်းက ကူညီရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ပါတယ်။ အခြားလုပ်ဆောင်ချက်တွေထဲမှ MSF က အဓိကထားလုပ်ဆောင်မှုကတော့ သန့်ရှင်းသောရေ ပြန်လည်ရရှိရေး ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံအဆောက်အအုံများ ဆိုးရွားစွာ ပျက်စီးခဲ့ရပြီး ရေကောင်းရေသန့်ရရှိရေးနှင့် သင့်လျော်သော မိလ္လာစနစ်ရရှိရေးသည် ကူးစက်ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန်အတွက် အရေးကြီးပါတယ်။ ဒီဗီဒီယိုမှာတော့ မန္တလေးမြို့အနီး ဘလဲ့ဘရွာတွင် သန့်ရှင်းသောရေ ရရှိစေရန် လုပ်ဆောင်ချက်မှတ်တမ်းဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးဆိုသည်မှာ အရေးပေါ်အကူအညီထက် အများကြီးပိုပြီး ရေသန့်စနစ်ရရှိရေးဆောင်ရွက်မှုတွေကဲ့သို့ ရေရှည်အသုံးပြုနိုင်မယ့် ဆောင်ရွက်မှုမျိုးဖြစ်ပါတယ်။
After Myanmar was hit by a devastating earthquake at the end of March, our teams started to help in most affected areas, such as Mandalay and Southern Shan State. Among other efforts, MSF’s special focus was on restoring access to clean water. As the infrastructure was severely damaged by the natural disaster, and access to clean water and proper sanitation is crucial for preventing outbreaks of diseases. This is the video is documenting the efforts of our team to bring clean water to Ba La Ba village in Mandalay. True recovery goes beyond emergency aid: it implies implementation of long-term solutions – such as safe water supply systems.
28/07/2025
အသည်းရောင်ရောဂါဟာ အသည်းကိုထိခိုက်စေသောရောဂါဖြစ်ပြီး တစ်ခါတစ်ရံတွင် ပြင်းထန်သောကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ရောဂါဘယ်လိုပြန့်ပွားတယ်၊ ဘယ်သူတွေဆီက ကူးစက်နိုင်တယ်၊ ဘယ်လို ကုသနိုင်တယ် ဆိုတာတွေနဲ့ ပတ်သတ်ပြီး အယူအဆ လွဲမှားမှုတွေ အများကြီး ရှိနေပါတယ်။ ရောဂါနှင့် ပတ်သတ်ပြီး မှန်ကန်စွာ သိရှိခြင်းက မိမိကိုယ်ကိုယ်နှင့် အခြားသူများကိုပါ အကာအကွယ်ပေးနိုင်ပါတယ်။ ယနေ့ကျရောက်တဲ့ ၂၀၂၅ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ်အဖြစ် အသည်းရောင်ရောဂါအကြောင်း အယူအဆအမှားတွေကို ရှင်းပြပြီး မှန်ကန်တဲ့အချက်အလက်တွေကို မျှဝေပေးလိုက်ပါတယ်။
Hepatitis is a disease that affects the liver and can sometimes lead to serious health problems. There are many misconceptions about how it spreads, who can get it, and how it can be treated. Knowing the facts can help protect ourselves and others. In recognition of World Hepatitis Day 2025, It’s a reminder to clear up myths and talk about hepatitis.
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
70 (B), Parami Road, Yankin Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |