San Myint Mo
SMMမှ 100%အဆင့်မြင့်သန့်စင်ပီးဆန်များကို လက်လီလက်ကား ယုံကြည်စွာ ဝယ်ယူအားပေးနိုင်ပါပြီနော်
02/09/2023
မီးဖိုချောင်ထဲက သိထားသင့်တဲ့ နည်းလမ်းကောင်းလေးများ
မီးဖိုချောင်ထဲဝင်နေကြ အိမ်ရှင်မတွေဖြစ်ဖြစ် တခြားသူပဲ ဖြစ်ဖြစ် ဒီနည်းလမ်းလေးတွေကို သိရင် အနည်းနဲ့ အများတော့ အကျိုးရှိစေမမှာဖြစ်တာကြောင့် ပြန်လည်ဝေမျှလိုက်ပါတယ်။
ထမင်းအိုးကပ်သွားပြီး တူးနံ့နံလို့ စိတ်ညစ်နေရင် ဒီနည်းလေးကို စမ်းကြည့်လိုက်ပါလား။ ပေါင်မုန့်ဖြူ တစ်ချပ်ကို အဲဒီထမင်းပေါ်မှာ ၁၅ မိနစ်လောက်အဖုံးအုပ်ပြီး ထားကြည့်လိုက်ပါ။ ထမင်းမှာအနံ့သက်သာသွားတာကို တွေ့ရမှာပါ။ စားတဲ့အခါမှာတော့ အတူးအထိရောက်အောင် မကော်လိုက်နဲ့ဦးနော်။
ဟင်းအိုးတွေ တူးသွားရင် ပွတ်တိုက်မဆေးပါနဲ့။ တူးတာတွေ မြုပ်အောင် ရေထည့်ပြီး မီးဖိုပေါ် တင်ထားပါ။ ပွက်ပွက်ဆူလာရင် အတူးဂျိုးတွေ သူ့အလိုလို ကွာထွက်ပါတယ်။
ဖြူဖြူလွှလွှ ထမင်းလေးတွေ ရချင်တယ်ဆိုရင်တော့ ထမင်းအိုးတည်တုန်းဆူကာနီးမှာ လီမွန်ရည် ၂ စက်၊ ၃ စက်လောက်ချပေးလိုက်ပါ။
ငရုတ်သီးစိမ်းကြာကြာထားခံအောင်
ငရုတ်သီးစိမ်းလေးတွေ ကြာကြာထားခံအောင် ရေမဆေးဘဲနဲ့ အညှာလေးတွေချွေ၊ ပြီးရင် မီးဖိုချောင်သုံး tissue အထူစားနဲ့ ထုတ်၊ ပလပ်စတစ်ဗူး သို့မဟုတ် ဖန်ဗူးထဲ လေလုံအောင်ပိတ်ပြီး ရေခဲသေတ္တာအောက်ထဲ ထည့်ထားရင် တော်တော်ကြာကြာခံပါတယ်ရှင့်။ အညှာက ငရုတ်သီးစိမ်းကို ပိုပြီး ပုတ်လွယ်စေပါတယ်။ မီးဖိုချောင်သုံးတစ်ရှုးဆိုတာ Serviette ကိုဆိုလိုပါသည် ။သို့မဟုတ် paper towel အထူစားလဲသုံးနိုင်ပါတယ်။
ငရုပ်သီးကိုင်မိပြီး လက်ပူစပ်ရင်အတော် မသက်သာတာပါ။ အဲလိုပူစပ်ခြင်းမှ ကင်းဝေးစေရန် ငရုပ်သီးမလှီးခင် လက်ကိုသာ ဆီဆွတ်ပေးလိုက်ပါ။ ပူစပ်ခြင်းမှ ကင်းဝေးပါလိမ့်မယ်။
ကျွန်မတို့ အိမ်ရှင်မတွေဟာ ပလတ်စတစ်ဗူးတွေသိမ်းတာစုတာ အင်မတန်ဝါသနာပါတယ်နော်။ တစ်ခါတစ်လေမသုံးဖြစ်ပဲသိမ်းထားရတာမျိုးတောင်ရှိတယ်။ အဲလိုသိမ်းမယ်ဆိုရင် ဆားလေးကို ဗူးထဲနဲနဲထည့်ပြီး သိမ်းခြင်းအားဖြင့် အနံအသက် (အောက်သိုးသိုးအနံ့) ထွက်ခြင်းမှ ကာကွယ်နိုင်ပါလိမ့်မယ်။
အမဲသား၊ကြက်သား များနူးညံ့လိုလျှင်
ခဲနေသော အသားများကို microwave ထဲမှာ defrost လုပ်မယ်ဆိုရင် ရှာလကာရည်အနည်းငယ်ကို လောင်းပြီးမှ defrost လုပ်ပါ။ အသားများကိုနူးညံစေရုံမျှမက မြန်မြန်လည်း ရေခဲပျော်လွယ်စေပါတယ်။
အမဲသား ဆိတ်သားကဲ့သို့ Red Meat များနူးညံစေလိုလျှင် မချက်ခင်တွင် ဝိုင်အနီတွင် စိမ်ပေးပါ။
အသားများလှီးမည်ဆိုလျှင် အသားမျှင်များအား ကန့်လတ်ဖြတ်လှီးမှသာ ဟင်းချက်သောအခါ ပို၍နူးညံ့သော အသားများရနိုင်ပါတယ်။
ကြက်ဥခွံကိုစမ်းကြည့်ယုံနဲ့လတ်မလတ်သိတဲ့နည်း
ကြက်ဥခွံကို စမ်းကြည့်ယုံနဲ့ လတ်မလတ်သိတဲ့ နည်းလေးပါ။ ကြက်ဥခွံက ကိုင်ကြည့်တာနဲ့ ခပ်ကြမ်းကြမ်းလေး ဖြစ်နေမယ်ဆိုရင် လတ်ပါတယ်။ ပြောင်လက်ပြီး ချောမွတ်နေရင်တော့ နည်းနည်းကြာနေတဲ့ ကြက်ဥပါ။
နောက်တစ်နည်းကတော့ ရေထဲစိမ်ပြီးစမ်းတဲ့နည်းပါ။ ။ ရေအေး ၂ ခွက်ထဲဆား စားပွဲဇွန်း ၂ ဇွန်း ထည့်ဖျော်ပြီး။ ကြက်ဥကိုထည့်လိုက်ပါ။ ရေပေါ်ပေါ်လာရင်တော့ မလတ်တာသေချာနေပါပြီ။
ကြက်ဥပြုပ်လျှင် မကွဲအက်စေလိုပါက ဆားအနည်းငယ် ထည့်ပြီးပြုပ်ပေးပါ။
ကြက်ဥအကာနှင့် အနှစ် ကိုခွဲထုတ်လိုလျှင် ရေခဲသေတ္တ္တာထဲမှထုတ်ကာစမှာ ခွဲပါ။ ပိုပြီးလွယ်ကူပါတယ်။
ငါးကို ကောင်းအောင်ကြော်နည်း
ငါးကြော်မယ်ဆိုရင် ဆီကိုအရင်ကျက်အောင်ချက်ပြီး အနံ့သင်းသင်းရှိမှ ငါးကိုထည့်ကြော်ပေးပါ။ ကျွတ်ကျွတ်ကလေးနှင့် အရသာရှိပါလိမ့်မယ်။ ဆီမပူခင်ထည့်မိပါက ကျွတ်ကျွတ်ရွရွမရှိပဲ ပွစိစိ ဖြစ်တတ်ပါတယ်။
ကြက်သွန်ဖြူကို အလွယ်တကူခွာလိုလျှင်
ကြက်သွန်ဖြူကို အလွယ်တကူခွာလိုလျှင် မိုက်ခရိုဝေ့ဖ်ထဲကို ခဏထည့်ပြီးအပူပေးလိုက်ပါ။ အလွယ်တကူခွာလို့ရမှပါ။
နောက်တစ်နည်း။ ကြက်သွန်ဖြူမခွာခင် ငရုပ်ကျည်ပွေ့နှင့် ခပ်ဖွဖွထုပေးပါကလည်း ခွာရလွယ်ပါတယ်
ကြက်သွန်ဖြူလှီးရင်( အထူးသဖြင့် နုတ်နုတ်စဉ်းရင်) ဓါးမှာကပ်ပါလေ့ရှိပြီး ကပ်စေးစေးဖြစ်တတ်တာမျိုးရှိတယ်နော်။ အဲဒီအတွက်တော့ ကြက်သွန်ဖြူများပေါ်မှာ ဆားလေး နဲနဲဖြူးပြီးမှ လှီးကြည့်ရင် အဆင်ပြေသွားပါလိမ့်မယ်။
နွားနို့နွှေးချိန်တွင် ဆူဝေကျခြင်းမှကာကွယ်ရန်အတွက် ထောပတ်အနည်းငယ်ကို အိုးနုတ်ခမ်း အတွင်းနံရံတွေမှာ သုတ်လိမ်းပြီးမှ နွှေးပါ။ဆူဝေကျခြင်းမှကင်းဝေးပါလိမ့်မယ်
Credit:Search Myanmar
02/09/2023
🙏အားလုံးပဲ မဂ်လာပါရှင့် 🙏🌇မနက်ခင်းလား! ☀️နေ့လည်ခင်းလား! 🌃ညခင်းလား!
👨👩👦စားသုံးသူကို အချိန်တိုင်းမှာ အကောင်းဆုံးအနံ့, အရသာကို ပေးစွမ်းနိုင်တဲ့ စံမြင့်မိုရ်ဆန်ဆိုင်မှ BT ပေါ်ဆန်းမွှေးရှိပါတယ်ရှင့်
✅ ရွှေဘိုမြို့က ဆန်များကိုသာ ကိုယ်ပိုင် တန်၁၀၀ ကိုရီးယားဆန်စက်ကြီးဖြင့် အဆင့်ဆင့်ကြိတ်ခွဲသန့်စင်ထားပြီး အရောအနှောကင်း၊ အဆင်မြင့် ထုတ်ပိုးမှု၊ Export Premium Qualityတို့ကြောင့် BT တံဆိပ်ကို ဘယ်ချိန်ပဲ သုံးသုံး စိတ်ချစွာ သုံးစွဲနိုင်ပါပြီရှင်။
➡️ ဒါကြောင့် ချက်လိုက်ရင် ကျော့ရှင်းကော့ညွှတ်မွှေးကြိုင်ရှည်လျားတဲ့ ရွှေဘိုပေါ်ဆန်းမွှေးစစ်စစ် သုံးဆောင်ချင်ရင် BT ကို သတိရပေးပါရှင့်
🌟6ပြည်မှစ ၂၄ပြည်ထိ လက်လီ လက္ကား အထူးစျေးနှုန်းဖြင့် မှာယူနိုင်ပါပြီ။
စံမြင့်မိုရ်ဆန်ဆိုင်မှ အမြဲ အော်ဒါမပျက်ရောင်းချပေးနေတဲ့ ချစ်ခင်လေးစားရတဲ့ ကာကာလေးတွေ အကြိုက်ဆုံး FDA approved ဖြစ်တဲ့အပြင် Award 3ဆုရ အဆင့်မြင့်ဆန်BT ရွှေဘိုပေါ်ဆန်းမွှေးနဲ့ ဒေးဒရဲကြားပေါ်ဆန်း ဆန်တို့ကို
အင်အားအဖြစ်ဆုံးနဲ့ အာဟာရပြည့်ဝသော တောင်သူဆန်စက်တိုက်ရိုက်ဆန်တို့ကို စံမြင့်မိုရ်ဆန်ဆိုင်မှ ရရှိနိုင်ပါပီနော်🍚🍚🍚
contact us 09420055800 / 09261271143ကိုဆက်သွယ်ပီးမှာယူနိုင်ပါပီနော်
06/07/2023
🎶ရန်ကုန်မြို့မှာ ဒီလိုမိုးတွေ ဆွေလာတဲ့အခိုက်အတန့်မှာ ငါပိုလွမ်းနေ🎵🎵🎵
Hello😘 မမတို့ မိုးအေးအေးနဲ့ မိုးသီချင်းလေးတွေ နားထောင်ပီးအိမ်ထဲမှနေပီး smartကျစွာဖြင့် သက်တောင့်သက်သာနေပီး မင်မင် တို့ စံမြင့်မိုရ်ဆန်ဆိုင် Team မှ အိမ်တိုင်ရာရောက် ဆန်ပုံးထဲဆန်အရောက်ပို့ဆောင်ပေးနေပါပြီနော် hello သာလုပ်လိုက်နော် နှစ်ရက် အတွင်း ရောက်ရှိစေရပါမယ်နော်🙌🙌
်ရောင်းဝယ်ရေး
#ရွှေဘိုပေါ်ဆန်းမွှေး
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon