SI THU AUNG
Education is power of our future
ကြည့်မြင်တိုင်
တစ်ဖက်ကအသက်တွေပေးလိုက်ရသလို တစ်ဖက်ကိုလဲ ပိုမုန်းဖို့ ဖြစ်လာခဲ့ပါပြီ ဘယ်သူ့ကြောင့်ဖြစ်ရတာပါဆိုပြီး တစ်ဖက်ကလဲ ပြန်လည် တုန့်ပြန်မှုတွေ ထက်ကြားရတော့မှာပေါ့ ဆိုလိုတာကတော့ထက်သေကြရဦးမှာပါ အသက်တွေသာပေးရတာပါ အဖြေကတော့ထွက်လာမှာမဟုတ်ပါဘူးဒါတော့သေချာပါတယ်
အဲ့တော့ကျွန်တော်ပြောချင်တာက ဖြစ်နေတဲ့အရာကြီးကို ကြိုက်ခြင်းမကြိုက်ခြင်းတွေရှိနေပေမယ့် ကျွန်တော်တို့ ဘယ်လိုမှပြောင်းလဲလို့မရသေးတဲ့အကြောင်းတရားတွေရှိနေသေးတယ်ဆိုတာတော့လက်ခံပေးရဦးမှာပါ ဘာကြောင့်လဲဆိုတော့ အသက်တွေထက်မသေအောင်လို့ပါ
သားရဲတွင်းဆိုတာ ရှောင်ဖို့လိုတယ်လေဗျာနော် ဘာလို့လဲဆိုတော့ အခုနှစ်ဖက်စလုံးမှာ သားရဲတွင်းတွေရှိနေတယ်ဆိုတာအားလုံးသိကြတာပဲလေနော် ကိုယ်ကအနေအထိုင်မတတ်လို့ ဒလန်ဆိုတဲ့ နမည်ထွက်လာရင်တော့ တစ်ဖက်ကသားရဲတွင်းထဲကို၀င်သွားလိုက်တာပါပဲ သားရဲတွင်းထဲရောက်သွားရင်တော့ အသက်ရှင်ဖို့ခက်သွားမယ်လေနော် ဒီသဘောတရားတိုင်းပဲလေနော် အခုလိုအချိန်မှာ လမ်းပေါ်ထွက်ပြီး တော်လှန်ရေးဟာ သားရဲတွင်းမှန်းသိသိရဲ့နဲ့ ဆင်းသွားတဲ့သဘောတရားလိုမျိုးဖြစ်နေတယ် ဒါကြောင့်မို့လို့ လူတိုင်းဟာ ခံယူချက်ခံစားချက် ပတ်၀န်းကျင် အတွေ့အကြုံ ဘ၀ပေးအခြေအနေတွေ ပေါ်တည်ပြီးမတူညီနိုင်ဘူးလေနော် ဒါပေမယ့်တူတာတစ်ခုကတော့ ဘယ်သူမှအသက်အပိုပါမလာကြဘူးလေနော် ဒါကြောင့် သားရဲတွင်းဆိုတဲ့ နေရာကို သိသိရက်နဲ့တော့ ထင်ပြီးဆင်းသက်တာတွေမဖြစ်ကြပါစေနဲ့တော့ဗျာ
ဖြစ်သွားပြီဆိုတဲ့အချိန်ကျတော့မှယူကျုံးမရ ခံစားနေရတာထက်စာရင် ကိုယ်ဖြစ်ချင်ကြတာလေးကိုလဲ စွန့်လွှတ်လိုက်တာမျိုးလဲမဟုတ်ဘဲ အခုလိုအဖြစ်စိုးမျိုးတွေထက်မဖြစ်အောင် ဘယ်လိုလေးများ ဆောင်ရွက်လို့ရမလဲဆိုတာစဉ်းစားပေးကြစေချင်တာပါ
ပွင့်သောပန်းတိုင်းလန်းနိုင်ကြပါစေ
နိုင်ငံရေးမှာ အကြီးမားဆုံးမပြောင်းအလဲလုပ်နိုင်တဲ့ လူတွေရဲ့စကားတွေကို FB ပေါ်မှာ လူပိန်းကြိုက် ပျက်ရယ်သွားမပြုပါနဲ့ ပြောတဲ့လူကကောင်းသည်ပဲဖြစ်စေမကောင်းသည်ပဲဖြစ်စေပေါ့နော် သူတို့ရဲ့စကားလုံးလားရာကိုကြည့်ပြီး ဘာလုပ်တာဟာ ဆုံးရှုံးမှုအနည်းဆုံးဖြစ်မလဲဆိုတာကိုစဉ်းစားကြပါ
တစ်ကြိမ်ဟာ အတွေ့အကြုံမရှိလို့ ရတယ် နှစ်ကြိမ်ဆိုရင်တော့ ကိုယ်ညံ့တယ်လို့ ၀န်ခံသလိုဖြစ်သွားမယ်
ဥပမာ - မဲကိစ္စတွေကိုဖြေရှင်းပါ မဖြေရှင်းရင် အာဏာသိမ်းမယ်လို့လဲမပြောနိုင်သလို မသိမ်းဘူးလို့လဲ အာမမခံနိုင်ပါဘူးလို့ပြောခဲ့တဲ့အချိန်ကလဲ
ခင်ဗျားတို့ ဘာလုပ်ခဲ့ကြလဲ သိမ်းချင်ရင် ငါ့လာသိမ်းတို့,သိမ်းချင်ရင်အမှိုက်သိမ်းတို့, ဒါ ၈၈ မဟုတ်ဘူး ၂၁ ယောက်ခမအိမ်ပဲသွားသိမ်းလို့ရမယ်တို့ လူပိန်းကြိုက်ပေါ်ပင်တွေနဲ့ ခင်ဗျားတို့အဖြေရှာဖို့ ကြိုတင်ပြင်ဆင်ဖို့ သတိမေ့ခဲ့ကြတယ် အဲဟိုက တစ်နိုင်ငံလုံးအိပ်နေတဲ့အချိန် သုံးနာရီပဲကြာတယ် မနက်မိုးလင်းမျက်နှာသစ်တော့မှ ဟာတကယ်သိမ်းသွားပြီဟဆိုပြီး လမ်းပေါ်တက်အသက်တွေပေးခဲ့ကြရတယ်
အခုတစ်ခါလာပြီ MYTEL တိုင်တွေ မချိုးနဲ့ တိုက်ချင်ရင်ငါ့စစ်တပ်ကိုလာတိုက်ဆိုတဲ့စကားကိုခင်ဗျားတို့ ပေါ့ပေါ့လေးမတွေးနဲ့ ဘာလို့လဲသိလား တိုက်ပွဲရေချိန်ညှိရမဲ့ အချိန်ဖြေးဖြေးကပ်လာပြီ သူဘယ်လိုအဓိပ္ပါယ်နဲ့ပြောတယ်ဆိုတယ်ဆိုတာ သူအောက်ကလူအားလုံးကနားလည်ပြီသား တိုင်ရှစ်ဆယ်မဟုတ်ဘူး တစ်တိုင်းပြည်လုံးကတိုင်တွေပြုပ်သွားလဲ သူတို့ဘာမှဖြစ်သွားမှာမဟုတ်ဘူး အဲ့ဒါတော့သေချာတယ် ဓါတ်အားပေးစက်ရုံတွေတစ်ခုမှမရှိလဲ သူတို့ဘာမှဖြစ်မသွားဘူးဗျာ သေချာတယ် ဘာလို့လဲဆိုတာရှင်းမပြတော့ဘူး ကိုယ်မှာကိုယ်သာစဉ်းစားကြည့်ပါ ကျွန်တော်အဓိကပြောချင်တာလဲအဲ့ကိစ္စမဟုတ်လို့ပါ ကျွန်တော်ပြောချင်တာက ငါ့တပ်ကိုလာတိုက်ဆိုတဲ့စကားက ခင်ဗျားတို့ FB မှာ ပေါ်ပင်လုပ်နေသလို အောက်ကစစ်သားတွေကိုသူဖုန်းတိုင်တွေလောက်တောင် တန်ဖိုးမထားဘူးလို့ပြောနေတာပါဆိုပြီး ခင်ဗျားတို့နောက်တစ်ကြိမ် အသက်တွေထက်ပေးရမဲ့ အခြေအနေတစ်ခုကို ဘယ်လိုကာကွယ်ရမလဲဆိုတာဝိုင်းအစဉ်းစားဘဲ ပေါ်ပင်အများကြိုက် ထက်လုပ်နေရင်တော့ ခင်ဗျားတို့ တတိယအကြိမ်ဆိုတာမရှိနိုင်တော့ဘူးနော် ခင်ဗျားတို့ နောက်ဆုံးတိုက်ပွဲဆိုတာ အချိန်ရှိတိုင်းပြောလာကြပေမယ့် ဟိုကနောက်ဆုံး စကားသံတွေထွက်လာပြီဆိုရင်တော့ သတိထားကြပါဗျာ စဉ်းစားကြပါ ကိုယ်ယုံကြည်ချက်နဲ့ကိုယ်လုပ်ကြတာမှန်ပါတယ် ဒါပေမယ့် ဆုံးရှုံးမှုအနည်းဆုံးနည်းလမ်းကို သေချာလေးစဉ်းစားပြီး ဆောင်ရွက်ကြစေချင်ပါတယ် ဘယ်ဖက်ကပဲဖြစ်ဖြစ် မသေသင့်မသေထိုက်တဲ့ အသက်တွေ ထက်မသေကြတာကောင်းပါတယ်
ငါတို့နိုင်ငံမှာစစ်မျက်နှာနှစ်ခုဖွင့်ထားတယ်
တစ်ခုကတကယ်တိုက်နေရတဲ့ အဖွဲ့ဖြစ်ပြီးတော့ ဘယ်ဖက်ကတိုက်တိုက်နော် စကစ ပဲဖြစ်ဖြစ် PDF ပဲဖြစ်ဖြစ်
နောက်တစ်ခုက FB စစ်မျက်နှာ မှာ အာရှောင်ပြီးစောက်တလွဲဖြစ်အောင် ဘေးတစောင်းလိုက်တိုက်နေတဲ့ အဖွဲ့ရယ်ဖြစ်ပါတယ်
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon