Atd-HR Practical HR Solution

Atd-HR Practical HR Solution

Share

Great vision without great people is irrelevent- Jim Collins

Photos from Atd-HR Practical HR Solution's post 30/01/2026

"Client တစ်ဦးချင်းစီရဲ့ လိုအပ်ချက်က ကျမတို့အတွက် အမြဲတမ်း သင်ခန်းစာအသစ်တွေနဲ့ တက်ကြွမှုတွေကို ပေးစွမ်းပါတယ်ရှင်။ လုပ်ငန်းခွင်အတွင်းက HR စိန်ခေါ်မှုတွေကို အဖြေရှာဖို့ နဲ့ စနစ်ကျတဲ့ HR set up တွေ တည်ဆောက်ဖို့ အကျိုးရှိရှိ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ "
Space

Photos from Atd-HR Practical HR Solution's post 30/01/2026

"HR ဆိုတာ စာရွက်စာတမ်းတွေတင် မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိနဲ့ အဖွဲ့အစည်းတစ်ခုလုံး တိုးတက်လာအောင် လုပ်ဆောင်ရတာပါ။ ဒီနေ့ တွေ့ဆုံမှုကနေ Client ရဲ့ လုပ်ငန်းအပေါ် ထားရှိတဲ့ စေတနာတွေကို မြင်တွေ့ခဲ့ရလို့ ကျမတို့ Atd HR ကလည်း အကောင်းဆုံး ပံ့ပိုးပေးသွားဖို့ အဆင်သင့်ပါပဲရှင်။

Photos from Atd-HR Practical HR Solution's post 23/12/2025

Happy Lunch together with Life Trust Team. Thanks Ma Thandar Linn 💕

# team-enjoy

15/12/2025

ည ၇ နာရီကနေ ၉ နာရီခွဲ အထိ အားလုံးတက်တက်ကြွကြွ ဆွေးနွေးခဲ့တဲ့. ZOOM webinar လေး အောင်မြင်သွားပါပြီး။
ပါဝင်ဆွေးနွေးခဲ့ကြတဲ့ တစ်ဦး တစ်ယောက်ချင်းစီ ကို ကျေးဇူးတင်ပါတယ်..

04/12/2025

🧐Myanmar Labour Law က ဝန်ထမ်းကို ကာကွယ်ပေးထားတာလား အလုပ်ရှင်ကိုကာကွယ်ပေးထားတာလား?

 ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်ချိန်၊ အလုပ်လုပ်ရက်၊ အချိန်ပို တွေနဲ့ ပတ်သက်ပြီး Myanmar Labour Law မှာ ဘယ်လိုတွေ သက်မှတ်ထားလဲ?

 ဝန်ထမ်းတစ်ယောက်ရဲ့ လစာမှာ ဘယ်အရာတွေက ဖြက်ခွင့်ရှိပြီး ဘယ်အရာတွေက ဖြက်ခွင့်မရှိဘူးလဲ?

 ဝန်ထမ်းတစ်ယောက်ကို အလုပ်ထုတ်ချင်ရင် ၃ လစာပေးပြီး ထုတ်လို့ရတယ်ဆို မှန်သလား?

 ဝန်ထမ်းတွေရဲ့ မကျေနပ်တိုင်ကြားချက်တွေကို အလုပ်ရှင်ဘက်က ဘယ်လို ကာကွယ်နိုင်လဲ?

 Labour law ဆိုတာဘာလဲ? မြန်မာဝန်ထမ်း လုပ်ငန်းခွင်တွေ အတွက် ဘာတွေ သက်မှတ်ထားလဲ ဆိုတာ သိချင်တယ် လေ့လာချင်တယ် ဆိုရင်

Atd HR ကပြုလုပ်မယ့် Labour Law HR Webinar လေးကို Join ဖို့ဖိတ်ခေါ်ပါတယ်။ ရှုပ်ထွေးတဲ့ ဉပဒေ စကားလုံးတွေကို ရှင်းလင်းစွာ နားလည်နိုင်ဖို့အတွက် Registration Fee 20,000 ကျပ်တည်းနဲ့ လေ့လာ နိုင်ပါပြီ။

🌟 ဒီ Webinar လေးမှာ ဆွေးနွေးမယ့်အကြောင်းအရာများကတော့

• လုပ်ငန်းခွင်အသုံးချ Myanmar Labour Law ဉပဒေ (၆)မျိုးနှင့် သက်ရောက်မှုများ ကို လက်တွေ့ကျကျ ခြုံငုံသုံးသပ်ခြင်း။

• တရားဝင် သက်မှတ်ထားသော အလုပ်ချိန်၊ အလုပ်လုပ်ရက်၊ ခွင့်ခံစားခွင့်များ၊ ဝန်ထမ်း စာချူပ်ချူပ်ဆိုခြင်း၊ အနိမ့်ဆုံးလစာ၊ ဝန်ထမ်း လစာပေးချေခြင်း၊ အချိန်ကြေး ပိုတွက်ခြင်း၊

• ဝန်ထမ်းကို အလုပ်ထုတ်ရာတွင် တရားဥပဒေ ကြောင်းအရ အန္တရာယ်ကင်း စေမည့် အခြေခံ လမ်းညွှန်များ စသည့် အကြောင်းအရာများ ကို အချိန်တိုအတွင်း နားလည်စေမှာ ဖြစ်ပါတယ်။
ဒီ Webinar က ဘယ်သူတွေအတွက်လဲ?

• HR ပိုင်းကို ကိုယ်တိုင် စီမံခန့်ခွဲနေရတဲ့ SME လုပ်ငန်းရှင်များ

• Myanmar Labour Law ကို လေ့လာချင်တဲ့ လုပ်ငန်းခွင်ထဲက မန်နေဂျာများနဲ့ အခြား စိတ်ဝင်စားသူများ

• HR Knowledge ရလိုသော HR နယ်ပယ်ကို စတင်ခြေလှမ်းလိုသူများ

🌟Myanmar Labour Law အကြောင်းအရာများကို ဝေမျှပေးမယ့်သူက Atd HR Practical HR Solution ရဲ့ Founder, ဒေါ်အေးသီတာခိုင် (နိုင်ငံတကာ အဖွဲ့အစည်းကြီးများတွင် စုပေါင်းလုပ်သက် ၂၅ နှစ်ကျော်၊ HR Manager လုပ်သက် ၁၂ နှစ်ကျော်ရှိသူ) ဖြစ်ပါတယ်။

🎯 Webinar အစီအစဉ်:
• Date: 14 Dec 2025 (Sunday)
• Time: 7pm – 8:30m
• Place: Zoom
• Registration Fee : (၂၀၀၀၀ ကျပ် only )

🎯 လုပ်ငန်းခွင်အတွက် အရေးကြီးတဲ့ အကြောင်းအရာတွေကို ရှင်းလင်းစွာ ပြောပြပေးမှာ ဖြစ်လို့ ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့နော်။

ပါဝင်ရန်: Comment မှာ Join လို့ရေးပြီး Registration link လေးကို ဖြည့်ပေးပါရန်။

https://forms.gle/KtLXzHyzS6heehuX8

ချစ်ခင်စွာဖြင့်
Atd-HR, Momentum Builder HR Solution
# HRStrategies

25/11/2025

ဝန်ထမ်းတွေအလုပ်မှာ မြဲအောင် စီမံနိုင်တဲ့ ELC အဆင့် (၆)ဆင့်

🏛ဝန်ထမ်းကောင်းတွေ အလုပ်ကမထွက်စေဖို့ နည်းလမ်းရှာနေပါသလား..?
လုပ်ငန်းအောင်မြင်မှုအတွက် ဝန်ထမ်းကောင်းတွေ အလုပ်မှာမြဲဖို့ လိုအပ်ပါတယ်၊ ဝန်ထမ်းကောင်းတွေ အလုပ်ကထွက်သွားတာဟာ လုပ်ငန်းအတွက် ကြီးမာတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်၊ အရည်အချင်းရှိတဲ့ ဝန်ထမ်းတစ်ဦးကို ခေါ်ယူဖို့ အချိန်၊ ငွေနဲ့ အားစိုက်ထုတ်ရပါတယ်။ ဒါပေမယ့် ကိုယ့်အလုပ်မှာမမြဲပဲ မြန်မြန်ထွက်သွားတယ်ဆိုရင် အခါအခါ ဆုံးရှုံးရပြီး လုပ်ငန်းကရှေ့ဆက်နိုင်ဖို့ ခက်ခဲရပါတယ်
🎪ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကိုယ့်လုပ်ငန်းထဲမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေကို သေချာသုံးသပ်ပြီး စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။
🎪ELC (Employee Life Cycle) ဆိုတာ ဝန်ထမ်းတစ်ယောက် ကုမ္ပဏီထဲကို ဝင်လာဖို့ စိတ်ဝင်စားတဲ့အချိန်ကစလို့ အလုပ်ထွက်သွားတဲ့အချိန်အထိ သူတို့ရဲ့ အတွေ့အကြုံ အားလုံးကို အဆင့်လိုက် စီမံခန့်ခွဲတာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေအလုပ်မှာမြဲအောင် ကောင်းမွန်တဲ့ အတွေ့အကြုံတွေပေးပြီး ထိန်းသိမ်းတဲ့ HR Strategy မဟာဗျူဟာ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ELC ဟာ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ခရီးစဉ်သာမကဘဲ လုပ်ငန်းရဲ့ အောင်မြင်မှုအတွက် အရေးကြီးတဲ့ မောင်းနှင်အားတစ်ခု ဖြစ်ပါတယ်။
🎪ဝန်ထမ်းများ အလုပ်ထွက်နှုန်း လျှော့ချနိုင်အောင် စီမံနိုင်တဲ့ ELC အဆင့် (၆)ဆင့်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ ဆွဲဆောင်ပါ (Attraction): ဝန်ထမ်းကောင်းတွေကို အလုပ်ခန့်နိုင်ဖို့ ဆွဲဆောင်နိုင်မယ့် နည်းလမ်းတစ်ခု အနေနဲ့ မိမိလုပ်ငန်းရဲ့ ကောင်းတဲ့အလေ့အထတွေကို ဖေါ်ပြပြီး Employer Branding ကို တည်ဆောက်ပါ။
၂။ အလုပ်ခေါ်ယူခြင်း (Recruitment): ဝန်ထမ်းအလုပ်ခေါ်ယူမှုနှင့် အလုပ်အင်တာဗျူးဖြစ်စဉ်မှာ အပြန်အလှန်လေ့လာကြတာဖြစ်လို့ အလုပ်လျှောက်ထားသူကို စနစ်တကျနဲ့ ကောင်းမွန်တဲ့ ခံစားချက်တွေ ပေးဖို့လိုအပ်ပါတယ်။
၃။ လုပ်စဝင်ချိန် (Onboarding): ဝန်ထမ်းအလုပ်စဝင်ချိန်မှာ သေချာကြိုဆိုပါ။ စစချင်းမှာပဲ ကောင်းမွန်တဲ့ အတွေ့အကြုံတွေပေးပြီး လုပ်ငန်းနဲ့ ပတ်သက်ပြီး သိသင့်တာတွေ ပြောပြပါ။ သင်ပေးသင့်တာ စနစ်တကျ သင်ပေးပါ။ ဝန်ထမ်းအသစ်တွေဟာ သိသင့်တာတွေ မသိရပဲ အလုပ်နဲ့ အသားကျဖို့ ခက်ခဲရင် အလုပ်ကထွက်ကြပါတယ်။
၄။ ဖွံ့ဖြိုးတိုးတက်မှု (Development): မိမိလုပ်ငန်းမှာ ဝန်ထမ်းတိုင်းအတွက် တိုးတက်မှုလမ်း ကြောင်းများ ဖန်တီးပေးပါ။ တိုးတက်မှုရှိစေရန် အတွက်လည်း သင်ကြားပေးပါ။ အရည်အချင်းမြှင့် တင်မှု သင်တန်းများ စီစဉ်ပေးပါ။ လူတိုင်းတိုးတက်မှုရှာကြတာ ဖြစ်ပါတယ်၊ လုပ်ငန်းထဲမှာမရရင် အပြင်ထွက် ပြီးရှာကြတာဖြစ်လို့ တိုးတက်မှုပေးနိုင်လျှင် အလုပ်မှာမြဲပါတယ်။
၅။ ထိန်းသိမ်းထားရှိခြင်း (Retention & Engagement): သင်ပေးထားတဲ့ ဝန်ထမ်းတွေ အလွယ်တကူ အလုပ်ကမထွက်အောင် ထိန်းသိမ်းပါ။ အရည်အချင်းနှင့် လျှော်ညီသော လစာနှင့် အကျိုးခံစားခွင့်များ ပေးခြင်း၊ ကြိုးစားအားထုတ်မှု အပေါ်မှာ အသိမှတ်ပြုခြင်း ဆုချီးမြှင့်ခြင်း၊ Work life Balance ကို အလေးထားခြင်း၊ ကောင်းသောလုပ်ငန်းခွင် တည်ဆောက်ခြင်း၊ ဝန်ထမ်းများအား အဆင်ပြေအောင် စီမံပေးခြင်းတို့ဖြင့် အလုပ်မှ မထွက်အောင် ထိန်းသိမ်းပါ။
၆။ ထွက်ခွာခြင်း (Separation / Offboarding): ကောင်းမွန်စွာ လမ်းခွဲပါ။ ဂရုတစိုက် ထိမ်းသိမ်းခြင်းကြောင့် ဝန်ထမ်းများ အလုပ်ထွက်ခြင်းမှ လျှော့ကျသွားသည့်တိုင် အချိန်ကာလတစ်ခုမှာ ထွက်မယ့်သူတွေ ရှိနေအုံးမှာဖြစ်ပါတယ်၊ အလုပ်ထွက်မယ့် ဝန်ထမ်းများကိုလည်း စနစ်တကျစီမံ ဖို့လိုအပ်ပါတယ်။ အလုပ်ထွက်ချိန် မှာ အလုပ်လုပ်စဉ်ကာလ အဆင်ပြေမှု မပြေမှုတွေကို မေးမြန်းခြင်းဖြင့် ပြင်ဆင်ခြင်းဖြင့် ပိုကောင်းတဲ့ အစီအစဉ်များ စီမံနိုင်ပါတယ်။
🎪ELC ဟာ မဟာဗျူဟာမြောက် HR Strategy ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး၊ ELC အဆင့် (၆) ဆင့်လုံးမှာ ဝန်ထမ်းတွေကိုဂရုတစိုက် စီမံခန့်ခွဲခြင်းဖြင့် ဝန်ထမ်းအလုပ်ထွက်နှုန်းကို သိသိသာသာ လျှော့ချနိုင်မည်ဖြစ်ပါတယ်။
သင့်လုပ်ငန်းမှာရော... ဝန်ထမ်းတွေရဲ့ ELC ခရီးစဉ်ကို ဘယ်အဆင့်ကစပြီး ပိုကောင်းအောင် လုပ်သင့်တယ်လို့ ထင်ပါသလဲ? Comment မှာ ဆွေးနွေးပေးခဲ့ပါဦး။ 👇
, ELC #ဝန်ထမ်းထိန်းသိမ်းရေး #လူ့စွမ်းအားအရင်းအမြစ်

18/11/2025

🧭HR System (စနစ်)ချတယ် ဆိုတာဘာလဲ??
HR System ချတယ်ဆိုတာ ကိုယ့်ရဲ့ လုပ်ငန်းမှာရှိတဲ့ ဝန်ထမ်းတွေကို ဘယ်လိုဘယ်လိုပုံစံနဲ စီမံခန့်ခွဲမလဲဆိုတာကို လုပ်ငန်းစဉ်တစ်ခု သတ်မှတ် တည်ဆောက်တာဖြစ်ပါတယ်။
🧭HR စနစ်ချတယ်ဆိုတာ
• မိမိလုပ်ငန်းနဲ့ ကိုက်ညီမယ့် ဝန်ထမ်းတွေကို ဘယ်လိုရွေးချယ်မလဲ ဘယ်လိုခန့်ထားမလဲ
• လစာစနစ်တွေကို ဘယ်လိုသက်မှတ်မလဲ ဘယ်လိုပေးမလဲ
• ဝန်ထမ်းတွေကို ဘယ်လိုဖွဲ့စည်းထားမလဲ လုပ်ငန်းတာဝန်တွေ ဘယ်လိုချထားမလဲ
• အလုပ်ကိုဘယ်လို လုပ်စေချင်လဲ ဘယ်လိုရလဒ်တွေဖေါ်ဆောင်ချင်လဲ
• အလုပ်ထဲမှာ ဘယ်လိုစိတ်ဓါတ်မျိုးတွေ ထားစေချင်လဲ ဘယ်လိုကျင့်ဝတ်တွေရှိစေချင်လဲ
• ဘယ်လို စည်းမျဉ်း စည်းကမ်းတွေချထားမလဲ
• ဝန်ထမ်းပြသနာတွေနဲ့ ပဋိပက္ခတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ
🧭ဒါတွေအားလုံး စံနှုန်းသတ်မှတ်ပြီး တိကျတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး လက်တွေ့ကျင့်သုံး အကောင်အထည် ဖေါ်တာဖြစ်ပါတယ်။ HR System မှာ ဝန်ထမ်းတစ်ယောက် အလုပ်စဝင်ချိန်ကနေ အလုပ်ထွက်ချိန်အထိ မိမိရဲ့ လုပ်ငန်းခွင်မှာ စနစ်တကျ ဖြစ်စေချင်တဲ့ အရာအားလုံးကို စည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်း အတိအကျနဲ့ စီမံခန့်ခွဲဖို့ လမ်းညွှန်မြေပုံ တစ်ခု ဖန်တီးတာပဲ ဖြစ်ပါတယ်။

🧭HR System ချရင် ဘာတွေ ဘာတွေအကျိုးရှိစေမှာလဲ
ကောင်းမွန်ပြီး စနစ်ကျတဲ့ HR စနစ်ချထားရင်
• မိမိလုပ်ငန်းမှာ ဝန်ထမ်းတွေကြောင့် ဖြစ်ရတဲ့ လှုပ်ခက်မှု အခြေအနေတွေကို ထိန်းထားနိုင်တယ်။ ဝန်ထမ်းပြသနာတွေကို လျှော့ချနိုင်တယ်ပြီး လုပ်ငန်းခွင်တွင်းက အနှုတ်သဘောဆောင်နေတဲ့ အရာတွေကို ရပ်တန့်နိုင်တယ်။
• ဘယ်သူလာလာ ကိုယ့်လုပ်ငန်းရဲ့တည်ငြိမ်တဲ့စနစ်အောက်မှာ စနစ်တကျ အလုပ် လုပ်နိုင်အောင် စီမံနိုင်တယ်။
• လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းစီးပွါးတိုးတက် လုပ်ဆောင်ဖို့ ပိုအားစိုက်နိုင်စေတယ်။
HR စနစ်ကို ဘယ်လိုတည်ဆောက်ရမှာလဲ
HR စနစ်ကိုအောက်ပါအဆင့် ၄ဆင့်နှင့်တည်ဆောက်နိုင်ပါတယ်။
1. လိုအပ်ချက် ဆန်းစစ်ခြင်း (Analysis): လက်ရှိမိမိလုပ်ငန်းမှာရှိနေတဲ့ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ ပြဿနာများကို လေ့လာသုံးသပ်ခြင်းနှင့် လိုအပ်ချက်များကို ဆန်းစစ်ခြင်း။
2. မူဝါဒများ ရေးဆွဲခြင်း (Drafting Policies):
 လုပ်ငန်းရည်ရွယ်ချက်ကို အကောင်အထည် ဖေါ်မယ့် ဝန်ထမ်းများ လိုက်နာရမယ့် မူဝါဒ၊ ကျင့်ဝတ်နှင့် လုပ်ငန်းခွင်စည်းကမ်းများ၊ ဝန်ထမ်း ရေးရာပြသနာများ ဖြေရှင်းဆောင်ရွက် ရမယ့်နည်းလမ်းများ ပါဝင်တဲ့ Employee Hand Book ရေးဆွဲခြင်း၊
 ဝန်ထမ်းစာချုပ်များ၊ HR Template အခြေခံ Forms များကို ရေးဆွဲပြင်ဆင်ခြင်း။
3. HR စနစ်ကို အကောင်အထည်ဖော်ခြင်း (Implementation): ရေးဆွဲပြီးသား မူဝါဒ၊ စည်းမျဥ်းတွေနဲ့ စာရွက်စာတမ်းတွေကို လက်တွေဆောင်ရွက်မယ့် ဝန်ထမ်းတွေကို လေ့ကျင့်ပေးခြင်း လက်တွေ့ အသုံးချခြင်း၊
4. ပြန်လည်သုံးသပ်ခြင်းနှင့် မြှင့်တင်ခြင်း (Review & Upgrade) လုပ်ငန်းလိုအပ်ပေါ်မှုတည်ပြီး မူဝါဒများ ထပ်တိုးခြင်း ပြောင်းလဲခြင်း၊ ကုမ္ပဏီ ကြီးထွားလာတာတွေနဲ့အမျှ စနစ်ကို သတ်မှတ်ချိန်တစ်ခုစီ (ဥပမာ- နှစ်စဉ်) ပြန်လည်သုံးသပ်ပြီး ခေတ်နဲ့အညီ ဖြစ်နေဖို့ ပြင်ဆင်သွားခြင်း တို့ ပြုလုပ်ရပါတယ်

🧭သင့်ရဲ့ လုပ်ငန်းနဲ့ ကိုက်ညီတဲ့ HR စနစ်တစ်ခု တည်ဆောက်ချင်ပါသလား
အထက်ပါအဆင့် (၄) ဆင့်လုံးကို ကျွမ်းကျင်သော HR Consultant ကိုယ်တိုင် သင့်လုပ်ငန်း လိုအပ်ချက် အတိုင်း စနစ်တကျ တည်ဆောက်ပေးရန် Atd HR (Practical HR Solutions)မှ အသင့်ရှိနေပါတယ်။
Employee Handbook အပါအဝင် HR စနစ်တစ်ခုလုံးကို အချိန်တိုတွင်းမှာပဲ မိမိလုပ်ငန်းနှင့်ကိုက်ညီအောင် ပြင်ဆင်ပေးပြီး ချက်ချင်းအသုံးပြုနိုင်စေမယ့် "Ready-made HR Set-up Packages" ရှိပါတယ်။ အသေးစိတ်သိရှိရန် အောက်ပါ Link သို့မဟုတ် Comment ပထမဆုံးအကွက်ကို ကြည့်ရှုပါရှင်။ 👇
https://m.facebook.com/story.php?story_fbid=122179863524508236&id=61565247104798

ချစ်ခင်စွာဖြင့်
Aye Thidar Khine, HR Consultant
HR Handbook Myanmar # HR Template Myanmar Readymade Solution #မြန်မာHR Consultant

11/11/2025

ဝန်ထမ်းတွေကို အုပ်ချုပ်တာနဲ့ စီမံခန့်ခွဲတာ ဘာကွာလဲ?

၁။ 'အုပ်ချုပ်တယ်' ဆိုတာ (Control) 🛑
• ဝန်ထမ်းတွေကို သူတို့လုပ်ရမယ့်အလုပ်တွေ ကိုသေချာ ညွှန်ကြားတယ်၊ စောင့်ကြည့်တယ်။
• လမ်းကြောင်းမှန်ပေါ်ရောက်အောင် ထိန်းပေးတယ်။ အလုပ်ပြီးမြောက်စေတယ်။
• စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေပေါ် အခြေခံပြီး အလုပ်ကို ဘယ်လိုလုပ်ရမလဲ (How) နဲ့ လုပ်ရမယ့်အဆင့်တွေ (Process) ကို အာရုံစိုက်တယ်။
၂။ 'စီမံခန့်ခွဲတယ်' ဆိုတာ (Management) ✅
• ဝန်ထမ်းတွေ သူတို့လုပ်ရမယ့် အလုပ်ကို အဆင်ပြေပြေလုပ်နိုင်အောင် စီစဉ်ပေးတယ်၊ ပံ့ပိုးပေးတယ်။
• လူမှန်နေရာမှန်ဖြစ်အောင် ခွဲပေးတယ်။ အလုပ်အတွက် လိုအပ်တာ ဖြည့်ဆည်းပေးတယ်။
• လုပ်ငန်းခွင်အခက်အခဲ၊ ပြဿနာတွေကို ဖြေရှင်းပေးတယ်။
• လုပ်ငန်းရည်မှန်းချက် (Goal) နဲ့ ရလဒ် (Outcome) ကို ရဖို့ ဘာကိုလုပ်ရမလဲ (What) နဲ့ ဘာကြောင့် လုပ်ရလဲ (Why) ကို အာရုံစိုက်တယ်။
⚖️ ဘယ်ဟာက ပိုအရေးကြီးလဲ?
• အုပ်ချုပ်တာက လုပ်ငန်းများကို စနစ်တကျ ပုံမှန်လည်ပတ်စေတယ် ၊တည်ငြိမ်မှု ဖြစ်စေတယ်။ ဒါပေမယ့် အလုပ်ပြီးမြောက်ဖို့ အုပ်ချုပ်တာများနေပြီး၊ အဆင်ပြေအောင် စီမံခန့်ခွဲပေးရမယ့် အပိုင်း အားနည်းနေရင်... ဝန်ထမ်းတွေ အလုပ်လုပ်ရတာ အဆင်မပြေတဲ့အတွက် အလုပ်ထွက်တာတွေ များမယ်။
• စီမံခန့်ခွဲတာက ရလဒ်ကောင်းစေတယ်၊ တိုးတက်ပြောင်းလဲစေတယ် ၊တိုးတက်မှု ဖြစ်စေတယ်။ သို့သော် အဆင်ပြေအောင် စီမံခန့်ခွဲပေးပေမယ့် အုပ်ချုပ်မှုအပိုင်းမှာ စနစ်တကျ မတည် ဆောက် ထားရင် လုပ်ငန်း တည်ငြိမ်မှုနဲ့ တိုးတက်မှု မရနိုင်ဘူး။
🚀 ဖြေရှင်းနည်း: HR စနစ်
• အဲ့ဒါကြောင့် လုပ်ငန်းအတွက် အုပ်ချုပ်တာရော၊ စီမံတာရော နှစ်ခုလုံးပါဝင်တဲ့ စနစ်တွေ ချထားမှသာ လုပ်ငန်းတည်ငြိမ်မှုရပြီး တိုးတက်မှုနဲ့ အောင်မြင်မှုပါ ရရှိမှာ ဖြစ်ပါတယ်။
• HR စနစ် ဟာ လုပ်ငန်းတည်ငြိမ်မှုဖြစ်စေတဲ့ စည်းစနစ်တွေ ပါဝင်သလို၊ တိုးတက်ပြောင်းလဲစေတဲ့ စီမံခန့်ခွဲမှုစနစ်တွေပါ ပါဝင်တဲ့အတွက် ဝန်ထမ်းတွေကို စနစ်တကျ စီမံအုပ်ချုပ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်း တစ်ခု ဖြစ်ပါတယ်။

မိမိလုပ်ငန်းအတွက် သင့်တော်မယ့် HR စနစ်ကို တည်ဆောက်ပြီး တည်ငြိမ်မှုနဲ့ တိုးတက်မှု ရယူချင်ရင်...
ကျမတို့ Atd HR နဲ့ ဆက်သွယ်ပြီး အကြံဉာဏ် ရယူလိုက်ဖို့ ဖိတ်ခေါ်ပါတယ်။ချစ်ခင်စွာဖြင့်
Aye Thidar Khine, HR Consultant
Atd HR @ Practical HR Solution
HR Handbook Myanmar # HR Template Myanmar Readymade Solution #မြန်မာHR Consultant
#အုပ်ချုပ်မှု #စီမံခန့်ခွဲမှု #လုပ်ငန်းတိုးတက်ရေး

Probation Retention Assessment - အစမ်းခန့်ကာလ အလုပ်ထွက်မှုများ၏ အကြောင်းရင်းအား လေ့လာခြင်း 28/10/2025

ဝန်ထမ်းအသစ်တွေ Probation ၃လ အစမ်းခန့်ကာလအတွင်းမှာ အလုပ်ထွက်တာ ဘာကြောင့်လဲ?
"ဝန်ထမ်းအသစ်တွေဟာ Probation ၃လ အစမ်းခန့်ကာလအတွင်းမှာ ဝင်လာလိုက် ထွက်သွားလိုက် နဲ့ ကြုံရတာများနေပြီလား? ဝန်ထမ်းအထွက်များခြင်းဟာ လုပ်ငန်းခွင်အတွင်း အခက်အခဲတွေ ဖြစ်စေပြီး လုပ်ငန်းကို တိုက်ရိုက် ထိခိုက်စေပါတယ်နော်။ အဲ့လိုဖြစ်နေပြီ ဆိုရင်တော့ အကြောင်းအရင်းကို အဖြေရှာဖို့ လိုအပ်နေပါပြီ။
• ဝန်ထမ်းခန့်တာပဲ အဆင်မပြေခဲ့တာလား?
• အလုပ်စဝင်တဲ့အချိန်မှာ အဆင်မပြေတာတွေ ရှိခဲ့လား?
• ဘယ်အရာတွေက အဆင်မပြေတာလဲ?
အလုပ်ရှင်တွေကတော့ အလုပ်ခန့်တဲ့အခါ အဆင်ပြေဆုံးလို့ ထင်ရတဲ့သူကို ဝန်ထမ်းအဖြစ်ရွေးချယ် ခန့်ထားခဲ့ တာပဲ။ ဒါပေမယ့် အဲ့ဒီ ဝန်ထမ်းတွေက ဘာကြောင့် ခနပဲ လုပ်ပြီး ထွက်သွားကြတာလဲ ??
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာ သိချင်ရင် အောက်ပါ Probation Retention Assessment လေး ဖြေကြည့်ပါနော်။
https://t.me/AtdHRgroup/26

(Atd HR ရဲ့ အထူးဝန်ဆောင်မှု ဖြစ်လို့ ပိုက်ဆံလုံးဝ ပေးစရာမလိုပါဘူးရှင်။)

🎁 BONUS: ဖြေဆိုသူတိုင်း သင့်လုပ်ငန်းအတွက် အဖြေနဲ့ အခြေခံသုံးသပ်ချက်ပါဝင်တဲ့ Probation Retention Recommendation Report ကို အခမဲ့ ရရှိမှာ ဖြစ်ပါတယ်ရှင်။
ချစ်ခင်စွာဖြင့်
Aye Thidar Khine, HR Consultant
Atd HR @ Practical HR Solution
HR Handbook Myanmar # HR Template Myanmar Readymade Solution #မြန်မာHR Consultant

Probation Retention Assessment - အစမ်းခန့်ကာလ အလုပ်ထွက်မှုများ၏ အကြောင်းရင်းအား လေ့လာခြင်း ၁။ ဝန်ထမ်း အလုပ်ခေါ်စဉ်မှာJob Description ကို အသုံးပြုပါသလား၊ လုပ်ငန်းခွင် ဝင်လာတဲ့အချိန် ပေးအပ်ပါသလား?

23/10/2025

🗣️ဝန်ထမ်းတွေ ရုံးနောက်ကျတာ၊ ခွင့်ခဏခဏယူတာ၊ ပြောရခက်တာမျိုးတွေနဲ့ စိတ်ညစ်နေရပါသလား?
တချို့ဝန်ထမ်းတွေက ပြောရတာအရမ်းခက်တယ် ဒီလိုအမူအကျင့်တွေက သူတို့အတွက်လည်း မကောင်းသလို လုပ်ငန်းခွင်အတွက်လည်း မကောင်းဘူး သူတို့ကို ပြုပြင်ပြောင်းလဲစေချင်တယ် အကြိမ်ကြိမ်ပြောတယ် ဒါပေမယ့်မပြောင်းလဲလာဘူး၊ ဒီလိုမျိုး ကြုံတွေ့နေရတဲ့ လုပ်ငန်းတွေ အများကြီးရှိတယ်။

📙ကိုယ့်ရဲ့လုပ်ငန်းထဲက ဝန်ထမ်းတွေကို စည်းကမ်းရှိစေချင်တယ် အမူအကျင့်တွေကောင်းစေချင်တယ် ဆိုရင် နှုတ်နဲ့ပဲ သွန်သင်ဆုံးမနေလို့လို့ မရပါဘူး နှုတ်တရာ စာတလုံး ဆိုသလို စည်းမျဉ်းစည်းကမ်းတွေ မူဝါဒတွေကို ရေးသားအတည်ပြုပြီး Employee Hand Book ထဲမှာ ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။

📘Employee Hand Book ဆိုတာဘာလဲ?
Employee Hand Book ဆိုတာ လုပ်ငန်းထဲမှာ ရှိတဲ့ ဝန်ထမ်းအားလုံး လိုက်နာရမယ့် ဝန်ထမ်း စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒတွေ စည်းမျဉ်းစည်းကမ်းတွေ သက်မှတ်ပြီး ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ လုပ်ငန်းတိုင်းအတွက် မရှိမဖြစ် အရေးကြီးတဲ့ စာအုပ်ဖြစ်ပြီး လုပ်ငန်းခွင်ပြသနာတွေဖြေရှင်းတဲ့အခါမှာ ကိုးကား ဆုံးဖြက်နိုင်တဲ့ ဉပဒေအရ ခိုင်မာမှုရှိတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။

📓Employee Hand Book မှာပါတဲ့ မူဝါဒတွေ စည်းမျဉ်းစည်းကမ်းတွေကို လုပ်ထုံးလုပ်နည်းတွေကို ဝန်ထမ်းတွေအားလုံးကို အသိပေးထားရမှာဖြစ်ပြီး ရုံးတွင်းစည်းမျဉ်းစည်းကမ်းဆိုင်ရာ မလိုက်နာမှုတွေ ဖေါ်က်ဖျက်မှုတွေရှိတဲ့အခါ မူဝါဒမှာ ချမှတ်ထားတဲ့အတိုင်း စနစ်တကျ စီမံခန့်ခွဲသွားဖို့လိုအပ်ပါတယ်။

📗Employee Hand Book က ဘာတွေအကျိုးရှိစေလဲ
1. ကြိုတင်ကာကွယ်ခြင်း - မူဝါဒအနေနဲ့ ချမှတ်ထားတဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ အလုပ်စဝင်ကတည်း ရှောင်ရန် ဆောင်ရန် တွေ ရှင်းရှင်းလင်းလင်း သိထားနိုင်လို့ ဖြစ်လာနိုင်တဲ့ စည်းမျဉ်း စည်းကမ်း ပိုင်းဆိုင်ရာ ပိုထိန်းသိမ်း ကိုင်တွယ်နိုင်လာမယ်။
2. အငြင်းပွားမှု ဖြေရှင်းခြင်း - အလုပ်နဲ့ ပတ်သက်တဲ့ စည်းကမ်းမလိုက်နာမှုတွေနဲ့ ပတ်သက်ပြိး သူမှန်တယ် ငါမှန်တယ်ဆိုတဲ့ အငြင်းပွါးမှုတွေကို ချထားတဲ့ မူဝါဒတွေနဲ့ ချိန်ထိုး အဆုံးအဖြက် ပေးနိုင်တယ်။
3. စံနှုန်းသတ်မှတ်ခြင်း- ဝန်ထမ်းတွေက အလုပ်ထဲမှာ ပြုမူဆက်ဆံရမယ် စံနှုန်းတွေရှိလာတယ်၊ ဝန်ထမ်းတွေရဲ့ အမူအကျင့်တွေ လုပ်ငန်းခွင် ဆက်ဆံရေးပုံစံတွေကို မှန်ကန်တဲ့လမ်းကြောင်းပေါ် တင်ပေးနိုင်တယ်၊
4. ကာကွယ်မှု - ဝန်ထမ်းကောင်းတွေ အဆင်ပြေအောင် အလုပ်လုပ်နိုင်ဖို့ ကာကွယ်ပေးနိုင်ပြီး လူဆိုးတွေကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စနစ်တွေအသုံးချနိုင်မှာဖြစ်ပါတယ်။
Employee Hand Book ကို သေသေချာချာ အသုံးချမယ်ဆိုရင်လုပ်ငန်းခွင်ထဲက မလိုလားအပ်တဲ့ ပြသနာတွေ အများကြီး လျော့နည်းသွားမယ်။

📕တကယ်တော့ Employee Handbook ဆိုတာ ဝန်ထမ်းစီမံခန့်ခွဲမှုအပိုင်းမှာ စည်းမျဉ်းစည်းကမ်း မရှိလို့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကြိုတင်ကာကွယ်တဲ့ ဒိုင်းတစ်ခု၊ တရားရေးစီရင်မှုအတွက် ခုံသမာဓိတစ်ခု၊ ဝန်ထမ်းအသစ်တွေအတွက် အမြန်ဆုံး အလုပ်ခွင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကူညီပေးတဲ့ လမ်းညွှန်မြေပုံ တစ်ခု ဖြစ်ပါတယ် ။
Employee Hand Book ဟာ လုပ်ငန်းခွင်တိုင်းမှာ ရှိထားသင့်ပြီး သင့်ရဲ့လုပ်ငန်းအတွက် ဝန်ထမ်းရေးရာပိုင်းနဲ့ လုပ်ငန်းလည်ပတ်မှု စနစ်ကျသွားစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးစာရွက်စာတမ်း တစ်ခုဖြစ်ပါတယ်။

📔သင့်လုပ်ငန်းအတွက် စနစ်ကျသော ဝန်ထမ်းရေးရာနှင့် လုပ်ငန်းလည်ပတ်မှု ပုံစံများ တည်ဆောက်ရန် **Atd HR (Practical HR Solutions)** မှ အသင့်ရှိနေပါတယ်။

📚Employee Handbook အပါအဝင် HR စနစ်တစ်ခုလုံးကို အချိန်မကုန်ဘဲ ချက်ချင်းအသုံးပြုနိုင်အောင် သင့်လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီအောင် ပြင်ဆင်ပေးမယ့် **"Ready-made HR Set-up Packages"** အကြောင်း အသေးစိတ်သိရှိရန် အောက်ပါ Link သို့မဟုတ် Comment ပထမဆုံးအကွက်ကို ကြည့်ရှုပါ/နှိပ်ပါရှင်။ 👇

https://m.facebook.com/story.php?story_fbid=122179863524508236&id=61565247104798

ချစ်ခင်စွာဖြင့်
Aye Thidar Khine, HR Consultant
HR Handbook Myanmar # HR Template Myanmar Readymade Solution #မြန်မာHR Consultant

t

21/10/2025

🎯 သင့်ရဲ့ ဝန်ထမ်းရေးရာ ကိစ္စရပ်တွေကို စနစ် တကျ စီမံခန့်ခွဲ နိုင်မယ့် နည်းလမ်းတွေ လိုအပ်နေပါသလား?
🚀 Atd-HR မှ မိတ်ဆက်မည့် Ready-to-Use HR Template Packages များဖြင့် ဈေးကြီးတဲ့ HR Consultant ဌားစရာမလိုပဲ HR စနစ်တစ်ခုလုံးကို လွယ်ကူမြန်ဆန်စွာ တည်ဆောက်နိုင်ပါပြီ။
သင့်လုပ်ငန်းရဲ့ အရွယ်အစား၊ ဝန်ထမ်းအင်အားနဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်နိုင်မယ့် စနစ်တကျ စီစဥ်ထားတဲ့ Package (၃) မျိုး ရှိပါတယ်👇
🥉 Starter HR Pack – စတင်ဖွံ့ဖြိုးနေတဲ့ SME များအတွက်
• ရည်ရွယ်ချက်: HR staff မရှိသော်လည်း စနစ်တကျ စီမံခန့်ခွဲနိုင်အောင် အခြေခံ HR စနစ် တည်ဆောက်ပေးရန်။
• အဓိက ပါဝင်မှု:
📘 လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒများပါဝင်သော Standard Employee Handbook (၁၅ မျက်နှာ) အခြေခံ ပြင်ဆင်မှုများ
🧾 အလုပ်ခန့်စာ၊ ဝန်ထမ်းစာချုပ်၊ ခွင့်ပုံစံ၊ သတိပေးစာများ
📊 ဝန်ထမ်းအချက်အလက် Employee Data Records (Excel Format)
• အထူးအခွင့်အရေး: 🎁 HR Specialist Consulting (၃ နာရီ) လက်ဆောင်။
🥈 Growth HR Pack – စနစ်တကျစီမံလိုသော လုပ်ငန်းများအတွက်
• ရည်ရွယ်ချက်: ဝန်ထမ်းရွေးချယ်မှု၊ စစ်ဆေးမှု၊ စည်းကမ်းထိန်းသိမ်းမှုများကို ခိုင်မာသော HR foundation ဖြင့် လွယ်ကူစနစ်တကျ စီမံနိုင်အောင် ပြင်ဆင်ပေးရန်။
• အဓိက ပါဝင်မှု:
📘 လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒများပါဝင်သော Premium Employee Handbook (၄၅ မျက်နှာ) နှင့် အခြေခံ ပြင်ဆင်မှုများ
🧾 Starter Pack မှာပါဝင်သော စာရွက်စာတမ်းများအပြင်၊ ဝန်ထမ်းစီမံခန့်ခွဲမှုဆိုင်ရာ မရှိမဖြစ်လိုအပ်သော Essential HR Templates (၁၁)မျိုး
• အထူးအခွင့်အရေး: 🎁 HR Specialist Consulting (၅ နာရီ) လက်ဆောင်။
🥇 Premium HR Toolkit – Corporate စံနှုန်း လုပ်ငန်းကြီးများအတွက်
• ရည်ရွယ်ချက်: Performance Management အပါအဝင် HR စနစ်တစ်ခုလုံး ပြည့်စုံစွာ တည်ဆောက် ရန်။
• အဓိက ပါဝင်မှု:
📘 လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒများပါဝင်သော Premium Employee Handbook (၄၅ မျက်နှာ) နှင့် အခြေခံ ပြင်ဆင်မှုများ
🧾 Growth Pack အပါအဝင် JD Packs, KPI Packs, Payroll Management process, Leave Management, Performance Management etc., Excel Working Files များ
• အထူးအခွင့်အရေး: 🎁 HR Specialist Consulting (၇ နာရီ) လက်ဆောင်။
🎁 ဒီထူးခြားတဲ့ HR Solution Package များကို ဘယ်လိုရယူမလဲ?
လုပ်ငန်းရှင် / HR Manager များအနေနဲ့ ဈေးနှုန်းနဲ့ အသေးစိတ်ပါဝင်မှုစာရင်း သိရှိလိုပါက...
👉 "Package Info" လို့ Messenger မှာ ရိုက်ပြီး ပို့လိုက်ရုံပါပဲ။
ကျွန်မတို့ရဲ့ HR Specialist က သင့်လုပ်ငန်းအတွက် အသင့်တော်ဆုံး Package ကို အကြံပြုပေးမည်။
HR # HR Template Myanmar Readymade Solution #မြန်မာHR Consultant နေပါသလား?

🚀 Atd-HR မှ မိတ်ဆက်မည့် Ready-to-Use HR Template Packages များဖြင့် ဈေးကြီးတဲ့ HR Consultant ဌားစရာမလိုပဲ HR စနစ်တစ်ခုလုံးကို လွယ်ကူမြန်ဆန်စွာ တည်ဆောက်နိုင်ပါပြီ။

သင့်လုပ်ငန်းရဲ့ အရွယ်အစား၊ ဝန်ထမ်းအင်အားနဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်နိုင်မယ့် စနစ်တကျ စီစဥ်ထားတဲ့ Package (၃) မျိုး ရှိပါတယ်👇
🥉 Starter HR Pack – စတင်ဖွံ့ဖြိုးနေတဲ့ SME များအတွက်
• ရည်ရွယ်ချက်: HR staff မရှိသော်လည်း စနစ်တကျ စီမံခန့်ခွဲနိုင်အောင် အခြေခံ HR စနစ် တည်ဆောက်ပေးရန်။
• အဓိက ပါဝင်မှု:
📘 လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒများပါဝင်သော Standard Employee Handbook (၁၅ မျက်နှာ+အခြေခံ ပြင်ဆင်မှုများ
🧾 အလုပ်ခန့်စာ၊ ဝန်ထမ်းစာချုပ်၊ ခွင့်ပုံစံ၊ သတိပေးစာများ
📊 ဝန်ထမ်းအချက်အလက် Employee Data Records (Excel Format)
• အထူးအခွင့်အရေး: 🎁 HR Specialist Consulting (၃ နာရီ) လက်ဆောင်။

🥈 Growth HR Pack – စနစ်တကျစီမံလိုသော လုပ်ငန်းများအတွက်
• ရည်ရွယ်ချက်: ဝန်ထမ်းရွေးချယ်မှု၊ စစ်ဆေးမှု၊ စည်းကမ်းထိန်းသိမ်းမှုများကို ခိုင်မာသော HR foundation ဖြင့် လွယ်ကူစနစ်တကျ စီမံနိုင်အောင် ပြင်ဆင်ပေးရန်။
• အဓိက ပါဝင်မှု:
📘 လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒများပါဝင်သော Premium Employee Handbook (၄၅ မျက်နှာ) နှင့် အခြေခံ ပြင်ဆင်မှုများ
🧾 Starter Pack မှာပါဝင်သော စာရွက်စာတမ်းများအပြင်၊ ဝန်ထမ်းစီမံခန့်ခွဲမှုဆိုင်ရာ မရှိမဖြစ်လိုအပ်သော Essential HR Templates (၁၁)မျိုး
• အထူးအခွင့်အရေး: 🎁 HR Specialist Consulting (၅ နာရီ) လက်ဆောင်။

🥇 Premium HR Toolkit – Corporate စံနှုန်း လုပ်ငန်းကြီးများအတွက်
• ရည်ရွယ်ချက်: Performance Management အပါအဝင် HR စနစ်တစ်ခုလုံး ပြည့်စုံစွာ တည်ဆောက် ရန်။
• အဓိက ပါဝင်မှု:
📘 လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒများပါဝင်သော Premium Employee Handbook (၄၅ မျက်နှာ) နှင့် အခြေခံ ပြင်ဆင်မှုများ
🧾 Growth Pack အပါအဝင် JD Packs, KPI Packs, Payroll Management process, Leave Management, Performance Management etc., Excel Working Files များ
• အထူးအခွင့်အရေး: 🎁 HR Specialist Consulting (၇ နာရီ) လက်ဆောင်။

🎁 ဒီထူးခြားတဲ့ HR Solution Package များကို ဘယ်လိုရယူမလဲ?
လုပ်ငန်းရှင် / HR Manager များအနေနဲ့ ဈေးနှုန်းနဲ့ အသေးစိတ်ပါဝင်မှုစာရင်း သိရှိလိုပါက...
👉 "Package Info" လို့ Messenger မှာ ရိုက်ပြီး ပို့လိုက်ရုံပါပဲ။

ကျွန်မတို့ရဲ့ HR Specialist က သင့်လုပ်ငန်းအတွက် အသင့်တော်ဆုံး Package ကို အကြံပြုပေးမည်။
HR # HR Template Myanmar Readymade Solution #မြန်မာHR Consultant

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Shwe Myitta Street, Tamwe
Yangon
11211