Job Ready 365

Job Ready 365

Share

You can find employment for your dream job through our top job and work opportunity listings from top

Photos from Job Ready 365's post 17/11/2025

📌 ဝန်ထမ်းလောက ဝေါဟာရများ

Credit to Tharapar Community

31/10/2025

We're Hiring for GIS Recruitment Department !

Marketing Representative

Requirements
-အပြောအဆိုသွက်လက်ပြေပြစ်ရမည်
- Team Work စိတ်ဓာတ်ရှိသူဖြစ်ရမည်
- လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ လစာတိုက်ရိုက်ညှိနှိုင်းနိုင်ပါသည်။
- ရုံးမှ ချမှတ်ထားသော စည်းကမ်းများအား တိကျစွာလိုက်နာနိုင်ရမည်။
- စိတ်ရှည်သည်းခံပြီး ပေးအပ်သော တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရမည်။
- Off Day- Sunday & Public holiday
- Office Hour-8:30AM to 5:30PM

Locations
Hlaing (လှိုင်) - Yangon (ရန်ကုန်တိုင်း)

𝑨𝒑𝒑𝒍𝒚 𝒀𝒐𝒖𝒓 𝑪𝑽 𝒕𝒐
Email : [email protected]
Viber : 09 451 350 888 , 09 780009117, 09 787101417 ,09777066773 ကို CV ပို့ထားလို့လဲ ရပါတယ်

ရှာဖွေခြင်းမှသည် အောင်မြင်ချင်းဆီသို့

JobReady365 အခမဲ့ ဝန်ဆောင်မှု
----------------------------------------
အလုပ်ရသည်အထိ #အခမဲ့ ဝန်ဆောင်မှုနဲ့ ကူညီပေးနေတဲ့ JobReady365
• CV Form တင်ခ၊
• အလုပ်လျှောက်ထားခများ 🆓လုံးဝလုံးဝမယူတဲ့အပြင် သင့်ရဲ့ CV Form ကို သိမ်းဆည်းပေးထားပြီး သင်အလုပ်မရရှိသေးသမျှကာလပတ်လုံး အလုပ်ကူလျှောက်ပေးနေမှာဖြစ်ပါတယ်

30/10/2025

ထိုင်းစကားစတင်လေ့လာနေသူ #ထိုင်းရောက်မြန်မာ
များအတွက်

24/10/2025

အလုပ်လျှောက်ရာမှာ Impression ကောင်းစေမယ့် Cover Letter ဆိုတာ...

အလုပ်လျှောက်တဲ့ အခါမှာ လူအများစုက Curriculum Vitae (CV) သာ ပဓာနလို့ ထင်ကြပါတယ်။ Cover Letter ကိုတော့ ရေးရကောင်းမှန်းမသိတဲ့သူ နဲ့ တချို့တွေကြတော့လည်း “Cover Letter ဆိုတာ အပိုတွေပါကွာ အဲ့တာကို ဘယ်သူမှ ဖတ်တာမဟုတ်ဘူး CV ပဲ ဖတ်တာ” ဆိုပြီး လွယ်လွယ် ပြောကြပါတယ်။ သူတို့မသိတာက ကောင်းမွန်ပြေပြစ်တဲ့ Cover Letter တစ်စောင်ဟာ ကိုယ့်ကို အလုပ်ရစေဖို့ အများကြီး အထောက်အကူပြုတယ်ဆိုတာပါပဲ။ ဒါ့ပြင် အလုပ်တစ်ခု လျှောက်တိုင်း ကိုယ့်အနေနဲ့ Cover Letter ကို အမြဲရေးပေးသင့်ပြီး အလုပ်ခေါ်စာထဲမှာ ‘CV တစ်မျိုးတည်းသာ’ လို့ရေးထားမှသာ Cover Letter ကိုမရေးရမှာ ဖြစ်ပါတယ်။ ဒါဆို ကိုယ်အရင် ရေးခဲ့ဖူးတဲ့ Cover Letter တွေမှာ လိုအပ်ချက်တွေ ရှိနေတာတွေကို ပြင်ဆင်နိုင်စေဖို့ အခုကစပြီး Cover Letter ကောင်း တစ်စောင်မှာ ရှိရမယ့် အချက်တွေကို ပြောပြပေးတော့မှာ ဖြစ်ပါတယ်။

✔️Cover Letter ဆိုတာဘာလဲ?

CV လို အသေးစိပ် အချက်အလက်တွေ တန်းစီချရေးထားတာ မဟုတ်ဘဲ ကိုယ်အဓိက ပြောချင်တဲ့ ပညာအရည်အချင်း ၊ လုပ်ငန်းအတွေ့အကြုံ ၊ လျှောက်ထားတဲ့ ရာထူးနဲ့ အံဝင်ခွင်ကျဖြစ်မှု အစရှိတဲ့ အကြောင်းအရာတွေကို စာကြောင်းပုံစံနဲ့ တိုတိုတုတ်တုတ် ရေးရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်ရှင်တွေဟာ CV မဖတ်ခင်မှာ Cover Letter ကိုအရင် ဖတ်ကြပါတယ်။

✔️Cover Letter မှာ ဘာတွေပါရမလဲ?

Cover Letter တစ်စောင်ရေးတဲ့ အခါမှာ အခုပြောပြပေးမယ့် အချက်တွေကို ပါအောင်ထည့်ရေးပေးပါ။

၁) ကိုယ့်အကြောင်း မိတ်ဆက် (I’m 20 year old ၊ I live in Yangon တို့ကိုပြောတာမဟုတ်ပါ။)

၂) ကိုယ်လျှောက်တဲ့ အလုပ်ရာထူးကို ရေးပါ။

၃) ကိုယ့်မှာ ရှိတဲ့ အလုပ်အတွေ့အကြုံ ၊ Talent နဲ့ Skills (Soft Skill & Hard Skill) တွေဟာ ခုလစ်လပ်နေတဲ့ ဒီရာထူးနဲ့ ဘယ်လို ကိုက်ညီကြောင်းပြောပြပါ။

၄) အလုပ်ရှင်က Cover Letter ဖတ်လိုက်တာနဲ့ ကိုယ်ဟာ ယုံကြည်စိတ်ချလို့ရတဲ့ လူဖြစ်မှန်း သိသာပါစေ။

၅) အဆုံးသတ်အနေနဲ့ ကိုယ်သာ ဒီအလုပ်ကို ရခဲ့ရင် ကုမ္ပဏီနဲ့ ကိုယ်ပါဝင်ရမယ့် အသင်းအဖွဲ့မှာ ဘယ်လိုပါဝင်ပံ့ပိုးပေးနိုင်မယ့်အကြောင်း သို့မဟုတ် ကုမ္ပဏီရဲ့ ဝန်ဆောင်မှု သို့မဟုတ် ထုတ်ကုန်ကို ပိုမိုကောင်းမွန်အောင် လုပ်ဖို့ idea တွေရှိကြောင်း ဒါတွေကို ဆွေးနွေးချင်လို့ အင်တာဗျူး အခွင့်အရေး ပေးစေလိုကြောင်း အဆုံးသတ်ပါ။

✔️စုံစမ်းပါ။
လူတိုင်းဟာ အလုပ်လျှောက်ရင် တစ်နေရာတည်းကိုပဲ လျှောက်လေ့မရှိပါဘူး။ ပြဿနာက အလုပ် လျှောက်တဲ့ နေရာတွေ ပြောင်းသွားပေမယ့် Cover Letter ကျတော့ တစ်စောင်တည်းကိုပဲ ထပ်ခါထပ်ခါပြန် အသုံးပြုတာ ဖြစ်ပါတယ်။ သူတို့ သတိမထားမိတာက ကုမ္ပဏီ မတူရင် ရာထူးတူရင်တောင် လုပ်ရမယ့် လုပ်ငန်းတာဝန်က အနည်းငယ် ကွာသွားလေ့ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ဟာ အလုပ်ခေါ်စာတွေ ဖတ်မယ်ဆိုရင် ရာထူးနဲ့ လုပ်ငန်းတာဝန် ကို သေချာဖတ်ပြီး ကိုယ်ဟာ သူတို့တောင်းဆိုတဲ့ လုပ်ငန်းတာဝန် တွေကို “ဘယ်လိုအရည်အချင်းကြောင့် ပြည့်မီအောင် လုပ်ဆောင် နိုင်သူ” ဖြစ်ကြောင်းပြပါ။ ဒါမှသာ Cover Letter ကို ဖတ်ရတဲ့ အလုပ်ရှင်အနေနဲ့လည်း ကိုယ့်ရဲ့ Cover Letter ဟာ တခြား Cover Letter တွေနဲ့ ယှဉ်ရင် ထူးခြားတယ်ဆိုပြီး ခံစားမှုကို ရစေမှာပါ။
ဒီအပိုင်းကို မရေးခင်မှာ ကိုယ့်အနေနဲ့ လိုအပ်တဲ့ အချက်အလက်တွေကို စုံစမ်းရပါမယ်။ ဘာတွေ စုံစမ်းရမှာလဲဆိုတော့ -

▪️CV ကိုဘယ်သူလက်ခံမှာလဲ သိအောင်လုပ်ပါ။
▪️ကိုယ်လုပ်ရမယ့် ကုမ္ပဏီအကြောင်း လေ့လာပါ။
▪️ကိုယ်လုပ်ရမယ့် အလုပ်အကြောင်းကို အသေးစိပ်စုံစမ်းပါ။ (အလုပ်ရဲ့ Nature ၊ အလုပ်ဝင်ရင် ဘယ်သူ့ကို Report လုပ်ရမယ်)

✔️ရေးမယ်။
ကိုယ်လိုချင်တဲ့ အချက်အလက်တွေ ရပြီ ဆိုရင်တော့ Cover Letter ကို စရေးလို့ပါပြီ။

▪️နာမည် ၊ ဖုန်းနံပါတ် နဲ့ အီးမေးလ်လိပ်စာ ကို Cover Letter ရဲ့ အပေါ်ဆုံးမှာ ထည့်ပါ။ တစ်ခုရှိတာ က ကိုယ့်ရဲ့ Email က အတည်အခန့် ဖြစ်ဖို့ လိုပါတယ်။ ဉပမာ - [email protected] တို့ [email protected] တို့လို အပြောင်အပျက်တွေ က အင်တာဗျူးမယ့်သူက ကိုယ့်ကို အထင်အမြင်သေးသွား စေနိုင်ပါတယ်။ ကိုယ့်နာမည်အရင်း ဒါမှမဟုတ် တခြားကိုယ့် Professionl နဲ့ ဆိုင်တဲ့ Email မျိုးကိုသုံးသင့်ပါတယ်။ ဉပမာ - [email protected] တို့ [email protected] တို့မျိုးဆို အဆင်ပြေပါတယ်။

▪️အဲ့ဒီအောက်မှာ ကိုယ့် Cover Letter ကို ဖတ်မယ့် သူရဲ့ နာမည် နဲ့ ရာထူး ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ နာမည်ကိုရေးပေး ရပါမယ်။ ဖတ်မယ့်သူအပေါ်မူတည်ပြီး Mrs / Mr ထည့်ရေးပါ။ အကယ်လို့ အဲ့တာတွေ မသိသေးဘူးဆိုရင်တော့ အလုပ်လျှောက်မယ့် နေရာကို ဖုန်းဆက်စုံစမ်းကြည့်ပါ။ ဘယ်လိုမှ စုံစမ်းလို့ မရဘူးဆိုရင်တော့ “Dear Sir(s)/Madam(s)” လို့သာရေးလိုက်ပါ။

▪️ပြီးသွားရင်တော့ နောက်တစ်ကြောင်း အနေနဲ့ ကိုယ်လျှောက်မယ့် အလုပ်ရာထူးကို ဖော်ပြရပါမယ်။ ဉပမာ - “Regarding:Application for Stock Controller postion” ဒါမှမဟုတ် Cover Letter ရဲ့ ပထမဆုံး စာပိုဒ်မှာ ပထမ စာကြောင်းအနေနဲ့ ရေးရင်လည်းရပါတယ်။ ဉပမာ “I am writing to apply for the recently advertised Stock Controller position”

▪️Cover Letter ရဲ့ ပထမဆုံး စာပိုဒ်မှာတော့ ကိုယ့်ရဲ့ အလုပ်အတွေ့အကြုံ ၊ Talent နဲ့ Skills (Soft Skill & Hard Skill) တွေကို အကြမ်းဖျင်း ရေးပေးပါ။ အထူးသဖြင့် လျှောက်တဲ့ အလုပ်တာဝန်မှာ လိုအပ်မယ့် Talent တွေ Skill တွေကို အသားပေး ဖော်ပြပါ။ လုပ်ငန်းအတွေ့အကြုံ ရေးတဲ့ အခါမှာလည်း အရင်အလုပ်မှာ ဘာတွေလုပ်ပြီး ဘာ သင်ခန်းစာတွေရခဲ့ပါတယ် ဆိုတာမျိုး ထည့်ရေးပေးပါ။

▪️ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေ ပြောပြနေရုံနဲ့ မပြီးပါဘူး။ နောက်တစ်ပိုဒ်မှာ ကိုယ်ဟာ အခုလျှောက်မယ့် ရာထူး နဲ့ ဘယ်လို အံ့ဝင်ခွင်ကျဖြစ်လဲဆိုတာကိုပါ ပြောပြရဦးမှာ ဖြစ်ပါတယ်။ ဉပမာ - “My ability to get along with anyone and my experience in solving customer problems in a retail setting make me ideally suited for this job.”

▪️ကိုယ့် Cover Letter အဆုံးမှာ အလုပ်ရှင်ကိုယ့်ကို အင်တာဗျူးခေါ်ချင်လာအောင် Call To Action ပါသင့်ပါတယ်။ ဉပမာ “I have attached a copy of my resume. I look forward to hearing from you about this job” ဆိုတာမျိုး ဖြစ်ပါတယ်။

✔️မပါသင့်သော အချက်များ

Cover Letter တစ်စောင်မှာ မရှိမဖြစ်ပါသင့်တဲ့ အချက်တွေ ပြောပြီးပြီဆိုတော့ မပါသင့်တဲ့ အချက်တွေလည်း ပြောမှ ဒီ Topic ကပြည့်စုံမယ်ထင်ပါတယ်။

▪️Cover Letter အစအဆုံး သေချာ ပြန်စစ်ပါ။ ဒါက Cover Letter ရေးမှ မဟုတ်ပါဘူး… ယုတ်စွအဆုံး ရည်းစားစာရေးရင်တောင်မှ စာလုံးပေါင်း ၊ သဒ္ဒါ နဲ့ ကိုယ်ရေးထားက ပြောချင်တာကို ခြုံငုံမိရဲ့လား သေချာပြန်စစ်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ ကုမ္ပဏီနာမည် ၊ ကိုယ့်ရဲ့ အီးမေးလ် လိပ်စာ မှန် မမှန် စစ်ပါ။ ဒါ့ကြောင့် Cover Letter တစ်စောင်ရေးပြီးသွားတိုင်း ကိုယ်ရေးထားတာကို အရင်စစ်ပါ ပြီးရင် ပြီးရင် ကိုယ့် သူငယ်ချင်း ၊ မိသားစု ဒါမဟုတ် တခြားအကူအညီတောင်းလို့ရမယ့် သူတစ်ယောက်ယောက်ကို ဖတ်ခိုင်းကြည့်ပါ။

▪️CV ထဲမှာ ရေးထားတဲ့ အချက်အလက် အကြောင်းအရာတွေကို Cover Letter ထဲကို ၏သည်မရွေး ကူးမထည့်ပါနဲ့။ CV မှာ အချက်အလက် အသေးစိပ် ရေးပါ ဒါပေမယ့် Cover Letter မှာတော့ အသားပေး မီးမောင်းထိုးပြရမယ့် ကိုယ့်ရဲ့ စွမ်းဆောင်မှုတွေ အရည်အချင်းတွေကို ပဲရေးပေးပါ။

▪️“I” နာမ်စား လျှော့သုံးပါ။ “I believe ၊ I have ၊ I am” အစရှိတဲ့ စကားတွေကို အရမ်းမသုံးပါနဲ့။ Cover Letter ဟာ ကိုယ့်ရဲ့ Biography ကိုရေးတာမဟုတ်ပါဘူး။ အလုပ်ခန့်မယ့် သူကို ကိုယ်က သူတို့အလုပ်ကို ဘယ်လိုကူညီပေးနိုင်ကြောင်း ပြောပြရမှာ ဖြစ်တာကို သတိရပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့ Cover Letter မှာ “I” ပါတဲ့ စာကြောင်းတွေများနေရင် ပြန်ပြင်လိုက်ပါ။

✔️Cover Letter ကို စာမျက်နှာများများရေးသင့်လား?

ကိုယ်တောင် Facebook မှာ တစ်ခါ တလေ စာအရှည်ကြီး ရေးထားတဲ့ Post တွေဆို ဖတ်ရမှာ ပျင်းတယ်ဟုတ်? ကိုယ့်ရဲ့ Cover Letter ဖတ်ရမယ့်သူကလည်း ကိုယ့်အပြင် တစ်ခြားသူတွေရဲ့ Cover Letter တွေလည်း ဖတ်ရဦးမှာဆိုတော့ ကိုယ့်ရဲ့ Cover Letter က မလိုအပ်တာတွေနဲ့ ဆယ်တန်းတုန်းက မြန်မာစာ စာစီစာကုံးရေးသလို အများကြီး ဖြစ်နေမယ်ဆိုရင်တော့ အဆင်မပြေပါဘူးနော်။ ဒါ့ကြောင့် Cover Letter ကို တိုတိုတုတ်တုတ် ရှင်းရှင်းနဲ့ ရေးသင့်ပါတယ်။ (A4တစ်မျက်နှာထက် မကျော်သင့်ပါဘူး)

ကဲ… ဒီလောက်ဆိုရင်တော့ Cover Letter တစ်စောင်ရဲ့ ရှိသင့်တဲ့ အင်္ဂါရပ်တွေ အားလုံးကို သိလောက်ပြီလို့ ယူဆပါတယ်။ ဒီဆောင်းပါးလေးက ကိုယ့်အတွက်လည်း အကျိုးရှိတယ် ကိုယ့်လိုပဲ အလုပ်လိုက်လျှောက်နေတဲ့ သူငယ်ချင်းတွေအတွက်လည်း အကျိုးရှိတယ် ထင်ရင်တော့ ပြန်လည်မျှဝေပေးလိုက်ပါဦးနော်….

ဒီလို မှတ်သားဖွယ် ဗဟုသုတတွေ တင်ပေးနေတဲ့ JobReady365 Fb Page ကို Like & * See First လုပ်ထားပြီး စောင့်ကြည့်ဖို့ မမေ့နဲ့နော်

ရှာဖွေခြင်းမှသည် အောင်မြင်ခြင်းဆီသို့




Get 👇

App (OR) www.jobready365.com
🔰 Download App - http://bit.ly/38m2AJ2
🔰Register & Apply on website
>>> https://jobready365.com/register

Want your business to be the top-listed Recruitment Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. (274), First Floor, Aung Zay Ya Street, 2 Quarter, Mayangone Tsp
Yangon
11051