YGN Electrical Engineering Group

YGN Electrical Engineering Group

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YGN Electrical Engineering Group, School, No(14), Hledan Street, Kamayut Township, Yangon.

30/04/2026

🪷ကဆုန်လပြည့် နေ့ (ဗုဒ္ဓအခါတော်နေ့)🪷

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါတယ်။🌕✨

"ဗျာ ၊ ဖွား ၊ ပွင့် ၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့"

- ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤ
ဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်သော ဂေါတအမည်
ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ
မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လ
ပြည့်နေ့တွင် ခံယူပါသည်။🙏

- မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင်
ဂေါတမဘုရားအလောင်းတော်ကို သိဒ္ဓတ္တမင်းသား
အား ဖွားမြင်တော်မူခဲ့ပါသည်။🙏

- မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့
အာရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်း
တော်သည် သဗ္ဗေညုတဉာဏ်တော်ကို ရရှိ၍ ဘုရား
ဖြစ်တော်မူခဲ့ပါသည်။🙏

- မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင်
မလ္လာမင်းတို့၏ အင်ကြင်းဉယျာဉ်၌ ဘုရားရှင်
ပရိနိဗ္ဗာန် စံတော်မူခဲ့ပါသည်။🪷

ဤသို့ ထူးခြားချက် ၄ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်
နေ့အားဗုဒ္ဓနေ့ဟုသတ်မှတ်ခဲ့ကြပါတယ်။ ကဆုန်လပြည့်နေ့တွင် ဗောဓိပင်အား ရေသွမ်းလောင်းခြင်းဖြင့်
ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြပါတယ်။🌳💦

ထို့ကြောင့် ကဆုန်လပြည့်နေ့သည် မြန်မာရိုးရာ ဓလေ့ထုံးတမ်းများအတွင်း အရေးပါသော နေ့တစ်နေ့ဖြစ်ပါတယ်။ ဤနေ့တွင် ဗောဓိညောင်ပင်အားရေသွန်းလောင်းခြင်း၊ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများနှင့် မိဘပြည်သူအပေါင်း ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း ကျွန်တောတို့ YGN မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။

#ကဆုန်လပြည့်နေ့

17/04/2026

မြန်မာနှစ်သစ်ကူးချိန်ခါ သမယလေးမှာ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကပ်ကြီးသုံးပါးမှ ကင်းဝေးပြီး စိတ်ချမ်းသာ ခြင်း၊ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံပျော်ရွှင်ပြီးစီးပွား၊လာဘ်လာဘ များ ဒီရေအလားတိုးတက်ပါစေကြောင်း YGN မိသားစုမှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်

25/02/2026

ဆိုလာတပ်ဆင်ပြီးသွားရင် အိမ်ရှင်ဘက်မှ Installer အားစစ်ဆေးပေးဖို့ တောင်းဆိုရမည့် Insulation Test အကြောင်း

12/02/2026

“ပြည်ထောင်စုနေ့”

ယနေ့မှာကျရောက်သော (၇၉) ကြိမ်မြောက်ပြည်ထောင်စုနေ့ကို YGN မိသားစု မှလှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်…

#ပြည်ထောင်စုနေ့

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No(14), Hledan Street, Kamayut Township
Yangon
11041