Efectivee

Efectivee

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Efectivee, Business consultant, 66, Khaymarthi Street, Mi Chaung Kan Quarter, Thingangyun, Yangon.

28/05/2026

စီးပွားရေးလုပ်တဲ့အခါ အမြတ်များဖို့ လိုတယ်

26/05/2026

ကုမ္ပဏီဝန်ထမ်းအတွက် အရေးကြီးဆုံးက ဘာလဲ

23/05/2026

ဖြစ်ချင်တာဖြစ် သူဌေးနဲ့ ရန်တော့မဖြစ်နဲ့

အလုပ်တစ်ခုမှာတုန်းက အရမ်းရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရှိတယ်။ အခုထိလဲ အဆက်အသွယ်ရှိတယ်။ သူက တော်သလို သဘောလဲ ကောင်းတယ်။

ပြဿနာက Management ပြောင်းပြီး စည်းကမ်းတွေတိုးတော့ သူ့အတွက် သိပ်အဆင်မပြေတော့ဘူး။ အဲ့ထဲမှာ တစ်ချက်က သူ့ကို အထူးသဖြင့် သူ့မာနကို တော်တော်လေးထိတယ်။

အလုပ်က ကားပြင်တာဆိုတော့ ကားတွေ ရုံထဲမဝင်ခင်မှာ ယာဉ်မောင်းဘက်က ခြေနင်းခုံပေါ်မှာ စာရွက်လေး ခင်းပေးရတယ်။ အလုပ်ရုံထဲက ဆီဂျေးတွေဘာတွေကြောင့် မညစ်ပတ်အောင်ပေါ့လေ။ ဒါကို အရင်တုန်းကတော့ စက်ပြင်တွေက လုပ်ပေးနေကျ။

အသစ်ရောက်လာတဲ့ Management က စက်ပြင်အစား ရုံးဝန်ထမ်းတွေကို ခြေနင်းပေါ် စာရွက်ခင်းခိုင်းတယ်။ ဒီမှာ ကျွန်တော့် မိတ်ဆွေ ဒေါသစထွက်တော့တာပဲ။

"ပညာတွေသင်လာတာ သူများခြေထောက်နင်းဖို့ စာရွက်ခင်းပေးဖို့လား ကွ" တဲ့။ ဝန်ဆောင်မှုဆိုတော့လဲ လုပ်ပေးသင့်တယ်ဆိုပေမယ့် အဲ့လောက်ကြီးကျ သူက မသတီဘူး။

တစ်ရက်ကျတော့ သူဌေးက သူ့ကို လာပြောတယ်၊
"မင်းကွာ ငါတို့က Service ပေးနေတာ၊ ပိုက်ဆံရတာပဲဟာ၊ မာနတွေ အဲ့လောက် ထားမနေပါနဲ့" တဲ့
ကိုယ်တော်ချောက ရေလည်တင်းတာ၊ လက်ထဲကိုင်ထားတဲ့ စာရေးဖို့ခံတဲ့ အောက်ခံပြားကြီးကို သူဌေးဆီ ပစ်ပေးပြီး "အဆင်ပြေနေရင် ဦးလေးပဲ သွားလုပ်လိုက်၊ ကျွန်တော်ကတော့ ဒိုးပြီ" ဆိုပြီး ရုံးထဲကနေ အိမ်ကို လစ်တော့တာပဲ။

သူဌေးခဗျာ အခြားဝန်ထမ်းတွေရှေ့၊ Customer တွေရှေ့ ရန်စခံလိုက်ရတော့ သူတော့မသိဘူး ကျွန်တော့်မှာ မျက်နှာတွေပူလို့ သူဌေးကို တစ်ပတ်လောက် စေ့စေ့တောင် မကြည့်တော့ဘူး။

ခုခေတ် စကားနဲ့ပြောရရင် ရုပ်ပေါက်တာပေါ့။ ကျွန်တော့်မိတ်ဆွေ လုပ်တာ မှားလားဆိုတော့ မမှားသော်ငြား မှန်တော့ မှန်မနေပြန်ဘူး။ နောက်ဆုံး ညှိမရဘူးဆိုရင်တောင် "ရတယ်၊ ကျွန်တော်ထွက်မယ်" ဆိုပြီး ထွက်စာတင် ထွက်လို့လဲ ရနေတာပဲလေ။

ဘယ်လိုပဲ ဖြစ်ဖြစ် ရန်ဖြစ်တဲ့ အကျင့်ကြီးက ပါသွားရင် နောက်အလုပ်တွေမှာလဲ အနည်းနဲ့အများတော့ ထိခိုက်တတ်ပါတယ်။
ဒီတော့ဗျာ...
ကုမ္ပဏီဝန်ထမ်းဘဝမှာ ဖြစ်ချင်တာဖြစ် သူဌေးနဲ့တော့ ရန်မဖြစ်နဲ့ပေါ့ဗျာ...

22/05/2026

အောင်မြင်မှုတိုင်းမှာ Expire Date ဆိုတာ ရှိတယ် 😁

20/05/2026

အချက်အလက်တွေဆိုတာ အရောင်းသမားတွေအတွက် အသက်ပဲ 💪

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Address


66, Khaymarthi Street, Mi Chaung Kan Quarter, Thingangyun
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00