Sir Zaw-Basic Civil Engineering Class
Engineering Services College & University
02/07/2025
ငလျင်လှုပ်ပြီးနောက်ပိုင်း Code ကို Update လုပ်ထားတဲ့ MNBC 2025 ထွက်လာပြီမလို့
MNBC 2020 နဲ့မသုံးရတော့ဘူးလို့သိရတယ်
အခုအကြမ်းဖတ်ကြည့်တာမှာ
MNBC 2025မှာ 0.2sec Spectral Acceleration နဲ့ 1sec Spectral Acceleration Factor တွေကွာသွားတယ် Seismic Design Category မှာ ပိုပြီးပြည့်စုံလာတယ်
2025မှာ မြို့တစ်မြို့ချင်းစီရဲ့ factor တွေအသေးစိတ်ရေးပေးထားသလို factor တန်ဖိုးတွေလည်းကွာသွားတာတွေ့ရတယ်
ဥပမာ မန္တလေးဆို
MNBC 2020မှာ Ss 1.2 နဲ့ S1 က 0.7
MNBC 2025 မှာ Ss 1.8နဲ့ S1 က 1.31
ဖြစ်သွားတယ်
MNBC 2025 English Version
MNBC - 2025 pdf file download ရယူရန်
PART1-ADMINISTRATION OF PLANNING, BUILDING AND BUILT ENVIRONMENT
PART2-ARCHITECTURE AND URBAN DESIGN
https://drive.google.com/file/d/1SClcgZHC3pa3I-x4p4mnE5_SF5VLih44/view?usp=sharing
PART3-STRUCTURAL DESIGN
PART4-SOIL AND FOUNDATION
https://drive.google.com/file/d/1AWDYPEWjsolKYlwUD4v8bqJSAeojX3wm/view?usp=sharing
PART5 BUILDING SERVICES
PART5A- LIGHTING
PART5B- ELECTRICAL AND ALLIED INSTALLATIONS
PART5C- INSTALLATION OF LIFTS AND ESCALATORS
PART5E- HEATING, MECHANICAL VENTILATION AND AIR-CONDITIONING SERVICES
PART5F- FIRESAFETY, FIREPROTECTION SYSTEMS AND MEANS OF ESCAPE
https://drive.google.com/file/d/15ESMtEZLG367UBsOpjF4X5wp03Ac4nWM/view?usp=sharing
PART5D- WATERSUPPLY, DRAINAGE AND SANITATION
https://drive.google.com/file/d/1GiPIeR5d5nz4HwM8ZSUvQ57MYpT5HQXq/view?usp=sharing
PART 6- BUILDING MATERIALS
PART 7-CONSTRUCTION MANAGEMENT AND PLANNING, CONSTRUCTION PRACTICES,
SAFETY AND BUILDING MAINTENANCE
https://drive.google.com/file/d/1dcvBghT2iwufieriuIg97Ca5Psc9pMkB/view?usp=sharing
MNBC 2025 Myanmar Version
အပိုင်း ၁- မြို့ပြစီမံကိန်း၊ အဆောက်အအုံနှင့် မြို့ပြပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်း
https://drive.google.com/file/d/1_h2YraXyZYUas8mr3HDmMCmPp_U8gfD_/view?usp=sharing
အပိုင်း ၂ - ဗိသုကာနှင့် မြို့ပြပုံစံထုတ်ခြင်း
https://drive.google.com/file/d/1LWiqJLCG4Lb7cBsHE-O_qVBpFhREfsAr/view?usp=sharing
MNBC - 2025 (pdf file download ရယူရန်)
အပိုင်း ၃ - ဖွဲ့စည်းပုံ ဒီဇိုင်း
အပိုင်း ၄ - မြေနှင့် အုတ်မြစ်
https://drive.google.com/file/d/1ZIyaVaYMCiIKzfAHY1MTlFRHw4WW29BX/view?usp=sharing
အပိုင်း ၅ - အဆောက်အအုံ ဝန်ဆောင်မှုများ
အပိုင်း ၅ (က) - အလင်းရောင်
အပိုင်း ၅ (ခ) - လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း
အပိုင်း ၅ (ဂ) - ဓါတ်လှေကားများနှင့် စက်လှေကားများ တပ်ဆင်ခြင်း
https://drive.google.com/file/d/1OnsVjaq7ZgR762OVZWRMzMvorO3g-_A5/view?usp=sharing
အပိုင်း ၅- အဆောက်အအုံ ဝန်ဆောင်မှုများ
အပိုင်း ၅ (င) - အပူပေးခြင်း၊ စက်စွမ်းအားသုံး လေဝင်/လေထွက်စနစ်နှင့် လေအေးပေးခြင်း လုပ်ငန်းများ
အပိုင်း ၅ (စ) - မီးဘေးလုံခြုံရေး၊ မီးဘေးကာကွယ်ရေးစနစ်များနှင့် အရေးပေါ် လွတ်မြောက်ရေးဆိုင်ရာ နည်းလမ်းများ
https://drive.google.com/file/d/1xqHe5PT220aZf9Ykf5-t0IEQFD6R_DB6/view?usp=sharing
အပိုင်း ၅ (ဃ) - ရေပေးဝေခြင်း၊ မိလ္လာပိုက်ဆက်ခြင်းနှင့် သန့်ရှင်းမှု
https://drive.google.com/file/d/1MlbO1e6nkG0LE0l6m80geLPHWYaXcBTJ/view?usp=sharing
အပိုင်း ၆ - အဆောက်အအုံဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ
https://drive.google.com/file/d/1Qw_sLDiQ0m66ZpBcelzBjs62iDrVUJdt/view?usp=sharing
Credit Khun Pyae
30/04/2025
အခုချိန်မှာ ငလျင်အတွက်လိုအပ်နေလို့ • • •
ဒါတော့ များများ Share ပေးသင့်တယ် ထင်တာပဲ။
Downloadable here
https://www.dropbox.com/scl/fi/lqonjkze5a0wful5f1f38/Final-Update-SOP-25-4-2025.-1.pdf?rlkey=uxgthaswbyugg3o1943thylx9&st=1agnpw1a&dl=0
Crd_Orginal_Post
14/02/2025
ရန်ကုန်မြို့တွင် တာ၀န်ထမ်းဆောင်ရန် အတွက်
(1) မ ၁ဦး နှင့်အတူ
(1) အမျိုးသမီး ၁ဦး ခန့်အပ်ရန် ရှိပါသဖြင့် စိတ်ပါ၀င်စားသူ အမျိုးသမီး Civil အင်ဂျင်နီယာများ
095083300 သို့ Viber ကနေ CV လေးများပေးပို့ လျှောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။
အသေးစိတ်သိချင်တာရှိပါက ဖုန်းနံပါတ်ကိုသာ ဖုန်းဆက်ပြီးမေးကြပါရန်။
27/10/2024
ကျတော်နဲ့အတူ Projectတစ်ခု အတွက် အတူ လက်တွဲလုပ်ဆောင်ရန်
Engineer (1) post • • •
or (Ok)
location Area (Yangon)
(Negotiation)
စိတ်ပါ၀င်စားသူများနေဖြင့် 09450015750 or 09252232223 ကို viber ကနေ CV များပေးပို့နိုင်ပါသည်။ မပေးပို့ခင် ဖုန်းဆက်ပြီးလဲအသေးစိတ်မေးမြန်းနိုင်ပါသည်။
06/12/2022
အားကစားကွင်းဆိုင်ရာသိမှတ်ဖွဟ်ရာများ။
______________________
#ဘောလုံးကွင်း
__________
(၁)ဂိုးတိုင်အမြင့် =၈ပေ
(၂)ဂိုးတိုင်အကျယ် =၂၄ပေ
(၃)ကွင်းအလျား =ကိုက်၁၁၀မှ၁၂၀
(၄)ကွင်းအနံ =ကိုက်၇၅မှ၈၀
(၅)ဂိုးဧရိယာ =၆ကိုက်
(၆)ပင်နယ်တီဧရိယာ =၁၈ကိုက်
(၇)ပင်နယ်တီအမှတ် = ဂိုးတိုင်မှ ၁၂ကိုက်
(၈)ဘီးဂုတ်စက်ဝိုင်းအချင်း=၁၀ကိုက်
(၉)ကွင်းလယ်စက်ဝိုင်းအချင်း=၂၀ကိုက်
(၁၀)ကွင်းဘေးအလံတိုင်အမြင့်=၅ပေ
(၁၁)ဘောလုံးအလေးချိန် =၁၄မှ၁၆အောင်စ့
#ဘော်လီဘောကွင်း
_____________
(၁)အလျား =၁၈မီတာ
(၂)အနံ =၉မီတာ
(၃)ပိုက်အမြင့်=၂.၄၁မီတာ
#ပိုက်ကျော်ခြင်းကွင်း
_______________
(၁)အလျား =၁၃.၄မီတာ
(၂)အနံ =၆မီတာ
(၃)ပိုက်အမြင့် =၁.၅၅မီတာ
(၄)ပိုက်အလျား =၆.၁၁မီတာ
(၅)ပိုက်အနံ =၀.၇မီတာ
(၆)ကွင်းလယ်ပိုက်အမြင့်=၁.၅၂မီတာ
#ဘတ်စကက်ဘောကွင်း
_________________
(၁)အလျား =၂၈မီတာ
(၂)အနံ =၁၅မီတာ
(၃)ဂိုးတိုင်အမြင့်=၆.၂၅မီတာ
(၄)ဂိုးအကျယ် =၆မီတာ
#တင်းနစ်ကစားကွင်း
______________
(၁)အလျား =၇၈ပေ
(၂)အနံ =၂၇ပေ
(၃)ပိုက်အမြင့်=၃.၅ပေ
#ကြက်တောင်ကွင်း
_____________
(၁)အလျား = ၄၄ပေ
(၂)အနံ =၂၀ပေ
(၃)ပိုက်ကပ်စည်းများ=၆.၅ပေ
(၄)တိုင်အမြင့် =၅ပေ၂လက္မ
#ဖူဆယ်ကွင်း
_____________
(၁) အလျား = ၁၃၈ ပေ (42m)
(၂) အနံ = ၈၂ ပေ (25 m)
(၃) ဘီးကုတ် = ၁၉ ပေ ၆ လက်မ (6 m)
(၄) ကွင်းလယ် စက်ဝိုင်း = ၉ ပေ ၈ လက်မ (3 m)
(၅) ဂိုးတိုင်အမြင့် = ၆ ပေ ၆ လက်မ (2 m)
(၆) ဂိုးတိုင်အကျယ် = ၉ ပေ ၉ လက်မ (3 m)
👉ဖူဆယ် ဆိုက် ပြည့်ကို ရေးပေးထားသည် ။
the ant
28/07/2022
“RC Slab မှာ သံတစ်လွှာပဲ ခင်းလို့ ရပါသလား”
RC slab တွေမှာ အုတ်ရိုးအပေါ်ကို တိုက်ရိုက်တင်ထားတဲ့ ရေကန်အဖုံး၊ မြောင်းဖုံး၊ septic tank အဖုံးကျောက်ပြား စတာတွေသည် simply supported များ ဖြစ်ကြပါတယ်၊
RC building တွေရဲ့ ကြမ်းခင်း Floor slab, Roof slab တွေကတော့ အများအားဖြင့် beam တွေနဲ့ တသားတည်း monolithic လောင်းကြတာမို့ fixed end တွေ ဖြစ်ကြပါတယ်၊
အကယ်၍ simply supported ကျောက်ပြား ဖြစ်ခဲ့မယ်ဆိုရင် အလယ်မှာ maximum positive moment
⅛ ω L² တစ်မျိုးပဲ ရှိပါမယ်၊ အဆိုပါ 1/8 ပမာဏ အထိ ထမ်းနိုင်မယ့် reinforcement ထည့်ပေးရပါမယ်၊ အောက်ဘား bottom layer ပဲ လိုအပ်ပါတယ်၊
အပေါ်လွှာ temperature and shrinkage တွေ မစဉ်းစားပါနဲ့ အောက်သံတစ်လွှာသည် သူ့အပေါ်က ကွန်ကရိသား 450mm အထိကို အပူအအေး ကိစ္စ ထိန်းချုပ်ပေးပါတယ်၊ ကွန်ကရိရဲ့ thermal expansion သည် 5.5 ဝန်းကျင်ဖြစ်ပြီး rebar က 6.5 ဝန်းကျင်မို့ သိပ်လည်း မကွာလှပါဘူး၊
Fixed end ဖြစ်လာပြီဆိုရင်တော့ နှစ်လွှာ လိုအပ်လာပါပြီ၊ ဒါကလည်း အလယ်မှာ ထမ်းနေရတဲ့ ⅛ ω L² ကိုပဲ အချို့တစ်ဝက် မျှဝေပြီး အစွန်အစပ် နှစ်ဖက်ဆီကို ပို့ပေးလိုက်လို့ပါ၊ အစွန်အစပ်တွေ မရွေ့အောင် beam နဲ့ ချုပ်ထားပါတယ်လို့ ယူဆလိုက်တဲ့ အတွက် အဆိုပါ အစွန်ချုပ်အား FEM ဖြစ်ပေါ်လာအောင် ဝေပေးလိုက်တဲ့ သဘောပါ (Calculus င်္သချာသဘောအရတော့ boundary conditions အနေနဲ့ fixed ဖြစ်နေတဲ့ နေရာတွေမှာ deflection angle ကို zero ပေးပစ်လိုက်တဲ့အတွက် ပေါ်ပေါက်လာရတဲ့ မျှဝေမှု moment ပါ)
သည့်အတွက် RC building floor တွေမှာရော
⅛ ω L² ခံနိုင်အောင် အောက်သံတစ်လွှာပဲ ခင်းမယ်၊ မရဘူးလား၊ ရပါတယ်၊
အစွန် နှစ်ဖက်မှာ ပေါ်လာနိုင်တဲ့ အရွေ့တွေကို ထိန်းချုပ်မထားတော့တဲ့ အတွက်၊
(၁) အစွန် support နေရာတွေမှာ အက်နိုင်ပါတယ်၊ (သီအိုရီ အရပါ၊ မြေပြင်မှာတော့ အက်တာ မမြင်ဖူးပါဘူး)
(၂) သေချာတာကတော့ အလယ်မှာ အိုက်ကျမှု deflection က (၅) ဆ ကြီးမားနေမှာမို့ ကြိုတင်ပြီးသာ camber ပေးမထားခဲ့ရင် အလယ်မှာ အနည်းငယ် အိကျနေမှာကတော့ သေချာပါတယ်။
ပြိုမှာလား ဆိုတော့
⅛ ω L² ကို ထမ်းပေးနေတဲ့အတွက် မပြိုနိုင်ပါဘူး
နှစ်လွှာအဖြစ် ပြောင်းလဲ ဆင်တဲ့အခါ
⅛ ω L² ကို ဝေမျှထမ်းခိုင်းတာမို့ steel area ပိုပြီး လိုအပ်လာတာမျိုးတော့ မဟုတ်ရပါဘူး၊ တစ်လွှာတုန်းက သုံးရမယ့် steel ကိုပဲ တစ်ဝက်စီ ဝေပြီး ထည့်ပေးလိုက်လို့ ရပါတယ်၊
အကျိုးတရား (၂) ခု ရပါတယ်
အစွန် support နေရာတွေမှာ ချုပ်အား ပေါ်လာတဲ့အတွက်
(၁) မအက်တော့ပါဘူး
(၂) ညွှတ်ကျမှု deflection သည်လည်း ငါးပုံလေးပုံ လျော့ကျသွားပါတယ်၊ ငါးပုံတစ်ပုံစာသာ ညွှတ်ကျပါတယ်
အပိုင်း (၂)
သည်နေရာမှာ—
အလယ် ⅛ ω L² အတွက် steel ကို တစ်ဝက်စီ ဝေပြီး 1/16 စီ ထည့်လို့ ရပါတယ် လို့ ကျနော် ပြောခဲ့ပေမယ့် ဒါကတော့ plastic အရမ်းဆန်သွားပါတယ်၊ elastic သီအိုရီ သဘောအရတော့ top အလွှာအတွက် 1/12 အထိ ရှိနေမှာပါ၊ လက်တွေ့မြေပြင်မှာလည်း နှစ်လွှာစလုံးကို 1/12 ပမာဏစီ ထည့်ပေးနေကြတာပါ၊ အချို့ designer တွေဆိုရင် top bar ကို beam လိုပဲ 1/9 ပမာဏ အထိတောင် ထည့်ပေးကြပါတယ်။
ကောင်းပါပြီ
သည်တော့ 1/12 ပမာဏကို ထည့်ပေးမယ်၊ bent up/ bent down နဲ့ ချိုးချ-ပြန်တင် လုပ်ပြီး တစ်လွှာတည်း ဆင်မယ်၊ ရနိုင်မလား
***ကျနော့ စမ်းသပ်ချက်အရတော့ ရပါတယ်***
ချိုးချ ချိုးတင် လုပ်ရမယ့် inflection point နေရာကို အရမ်းကြီး စဉ်းစား ရွေးချယ်ရမယ်လို့ ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ အစွန် L/7 နဲ့ အလယ်အကွက် L/4 သည် အတော်လေးပဲ အဆင်ပြေကြောင်း တွေ့ရပါတယ်။
ကျန်တာကို အထူးတလည် မပြောလိုပေမယ့် သံတစ်လွှာချင်းအတူတူ bent up/ bent down style သည် Deflection ကို ငါးပုံလေးပုံ သက်သာသွားစေတာတော့ အငြင်းပွါးဖွယ်ရာ မရှိပါဘူး၊
RC slab မှာ သံတစ်လွှာ bent up/ bent down style သည်
သုတေသန Research တစ်ခုအတွက် လိုအပ်တဲ့
၁- သီအိုရီ—- ရှိပါတယ်
၂- အောင်မြင်မှု ( သီအိုရီနဲ့ လိုက်လျောညီထွေရှိမှု) —— ကြုံတွေ့ရပါတယ်
ဒါပေမယ့် ကျနော့်အနေနဲ့
၃- Compare data analysis လုပ်မပြနိုင်ခဲ့ပါဘူး
နိဂုံးချုပ် ပြောရရင်…
“Slab မှာ သံတစ်လွှာပဲ ခင်းလို့ ရပါသလား”
-ရပါတယ်၊ bent up/ bent down သံတစ်လွှာနဲ့ ခိုင်ခန့်တဲ့ မြေပြင် သက်သေတွေ ရှိိပါတယ်
-မရပါဘူး ဟိုလို ဖြစ်သွားမှာ ဒီလိုဖြစ်သွားမှာ ဆိုတာသည် စိတ်ကူးယဉ် အတွေးသက်သက်ပါ
အင်ယာ နည်းပညာ နယ်ပယ်ထဲက အကြောင်းအရာပါ၊ သုတေသန လုပ်နိုင်စွမ်း ရှိသူ၊ စိတ်ဝင်စားသူ၊ လက်တွေ့ စမ်းသပ်ကြည့်နိုင်သူတွေ အတွက်သာလျှင် ရေးပြပေးတာပါ၊ စိတ်ကူးယဉ် ဝေဖန်သုံးသပ် တွေးပြမယ့်သူတွေအတွက် မဟုတ်ပါဘူး။
Crd
Click here to claim your Sponsored Listing.
Category
Contact the university
Telephone
Address
M301, Sanchaung Garden Residence, Sanchaung Street, Sanchaung Tsp
Yangon