Shwe Lin Oo Co.Ltd
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Lin Oo Co.Ltd, Construction Company, Yangon.
16/03/2025
💕🌟💫မြန်မာ နိုင်ငံ မှာ လက်ဖက်ခြောက် ကိုရေနွေးထဲခပ်ပီးသောက်တဲ့ ရေနွေးကြမ်းသောက်တဲ့ ယဉ်ကျေးမှုဟာ ရှေး နှစ်ပေါင်းများစွာ ကတည်းကနေ ယနေ့ထိအောင်တည်ရှိနေပါတယ်။
💕🌟💫အိမ်ကို ဧည့်သည်လာတဲ့အခါ ရေနွေးကြမ်း နဲ့ ဧည့်ခံတတ်ကြပါတယ်။
💕🌟💫နေ့လည် နေ့ခင်း သရေစာ စားရင်း လည်း ရေနွေးကြမ်း လေး သောက်လေ့ရှိကြပါတယ်။
💕🌟💫အခုလို အသုံးများတဲ့ လက်ဖက်ခြောက်ဟာ သောက်သုံးသူ ကို ဘယ်လို အကျိုးကျေးဇူးတွေရနိုင်ပါသလဲ👇👇👇
📌လက်ဖက်ခြောက်မှာ (antioxidant ) ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို များစွာတိုးတက်ကောင်းမွန်စေပါတယ်။
📌ဖျားနာပြီးဖြစ်တတ်တဲ့ ရာသီတုပ်ကွေး၊ အအေးမိခြင်းတို့ကို ကာကွယ်ပေးပါတယ်။
📌Polyphenols ဓါတ်ပါဝင်တာကြောင့် ခန္ဓာကိုယ် ရောင်ရမ်းမှုတွေကို လျှော့ ချနိုင်ပါတယ်။ကင်ဆာ ရောဂါ ကို ကာကွယ်နိုင်ပါတယ်။
📌Caffeine ကဖိန်းဓါတ်က ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေပျက်ဆီးခြင်းကို ကာကွယ်ပေးပါတယ်။ဦးဏှောက်ရဲ့ လုပ်ငန်းတွေကို တိုးတက်ကောင်းမွန်စေပါတယ်။
📌လက်ဖက်ခြောက်မှာပါတဲ့ amino acid တမျိုးကလဲ စိတ်ပူပန်မှုတွေကို လျှော့ချပေးပါတယ်တဲ့။ စိတ်ကိုလန်းဆန်းစေပါတယ်တဲ့ရှင့်။
📌Catechin လို့ခေါ်တဲ့ ဓါတ်တမျိုးကလဲ ခံတွင်းနဲ့ လည်ချောင်းထဲက ဘက်တီးရီးယားတွေ၊ဗိုင်းရပ်စ် တွေပွါးများလာတာကို တားဆီးပေးပါတယ်တဲ့။
📌ဒါ့အပြင် ရေနွေးကြမ်း မှန်မှန်သောက်ခြင်းက သွေးကြောတွင်းက မကောင်းတဲ့ အဆီတွေကိုလျှော့ ချပေးပါတယ်။ 📌ခန္ဓာကိုယ်ထဲကကယ်လိုရီတွေကို လောင်ကျွမ်းစေတာကြောင့်ကိုယ်အလေးချိန်ကိုလည်းလျှော့ချနိုင်ပါတယ်တဲ့ရှင်။
😘ကဲးး အခု ရေနွေးကြမ်းရဲ့ ကောင်းကျိုးတွေကို သိပီဆိုတော့
👑လဘက်က အနံ့လေးလည်းမွှေး၊ ဆိုးဆေးမပါလို့ အရောင်လေးကလည်းလှ၊ အရောအနှော ကင်းလို့ စိတ်ချ သောက်သုံးနိုင်တဲ့(ကျောက်မဲ) သဘာဝ လက်ဖက်ခြောက် နဲ့ ခုပဲ သောက်ကြရအောင်နော်။👇
ကိုညီ၊မမိ
အမှတ် 44 ဓမ္မစိန္တာလမ်း၊ကျောက်မြောင်း၊တာမွေ 0943056077
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
959