Worldview Myanmar - WIF

Worldview Myanmar - WIF

Share

International Non-Governmental Organization (INGO)

08/10/2025

ဒီရေတောပင်ဖြစ်လာမည့် အသီးတောင့်များ

ဒီရေတောပင်ဖြစ်လာမည့် အသီးတောင့်များကိုနေရာဒေသအနှံ့မှ လိုက်လံစုစည်းပြီး လက်ရွေးစင်အသီး တောင့်များကိုရွေးချယ်ရသည်။ ရွေးချယ်ပြီးသော အသီးတောင့်များကို ခြင်းထဲတွင်စနစ်တကျထည့်ကာ သိုလှောင်ထားရပြီး သစ်စေ့သိုလှောင်ရုံ အနီးရှိ မြစ်/ချောင်းအတွင်းမှ ရေငန်ဖြင့် နှစ်ရက်လျင် တစ်ကြိမ်ခန့် ရေလောင်းပေးရသည်။ ခြင်းထဲတွင်ထည့်ထားသော အသီးတောင့်များကို အတိအကျ ရေတွက် သိုလှောင်ထားရသည်။ ဥပမာအားဖြင့် တစ်ခြင်းလျှင် အသီးတောင့်တစ်ထောင်စီထည့် ထားမည်ဆိုပါလျှင် စိုက်ပျိုးသည့်အခါ ရေတွက်ရလွယ်ကူမည်ဖြစ်သည်။

တစ်ဟက်တာအတွက် အသီး တောင့် (၂၅၀၀) စိုက် ပျိုးရမည်ဆိုလျှင် တစ်ထောင်စီထည့်ထားသော ခြင်း (၂) ခြင်းနှင့် တစ်ဝက်စိုက်ရ မည်ဟုအလွယ်တကူခန့် မှန်းသိရှိနိုင်မည်ဖြစ်သည်။
နှစ်စဉ် ဖေဖော်ဝါရီ၊ မတ်လလောက်များ ဆိုလျှင် အသီးတောင့်များကို စတင်စုဆောင်းရရှိနိုင်ပြီဖြစ်သည်။ ဧပြီ၊ မေ လဝန်းကျင်တွင် စိုက်ပျိုးမြေနေရာ၌ ခြုံနွယ်ရှင်းလင်းခြင်း၊ မြေပြုပြင်ခြင်းတို့ကို အပြီးသတ် ဆောင်ရွက်ရမည်ဖြစ်သည်။ ဇွန်၊ ဇူလိုင်လများအတွင်း ရေထရက်များတွင် အသီး တောင့်များအား ဒီရေတောစိုက်ခင်းနေရာတွင်စိုက်ပျိုးကြပါသည်။ ထို့ကြောင့် ဒီရေတောပင်တစ်ပင် ဖြစ်လာစေရန်မှာ အသီးတောင့်စတင်စုဆောင်းခြင်း၊ လက်ရွေးစင်အသီးတောင့် များအား‌ရွေးချယ်ခြင်း၊ အသီးတောင့်များ အား စနစ်တကျထားသိုလှောင်ခြင်း၊ မြေနေရာရှင်းလင်းခြင်း၊ စိုက်ပျိုးမြေနေရာတွင် စိုက်ပျိုးခြင်း အစရှိသည့် လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်ရပါသည်။

စိုက်ပျိုးရာတွင်လည်း နည်းစနစ်နှစ်မျိုးရှိလေသည်။ ပထမနည်းမှာ စိုက်ပျိုးရန်သတ်မှတ်ထားသောနေရာ ၌ အသီးတောင့်များကိုတိုက်ရိုက်စိုက်ပျိုးခြင်းဖြစ်ပြီး ဒုတိယနည်းမှာ ပျိုးပင်များကိုစိုက်ပျိုးခြင်းဖြစ်သည်။ စိုက်ခင်းထဲတွင် အသီးတောင့်များကိုတိုက်ရိုက်စိုက်ပျိုးခြင်းမှာလွယ်ကူသော်လည်း အပင် ၁၀၀ ရာခိုင်နှုန်း ရှင်သန်ကြီးထွားမည်ဟုပုံသေတွက်ဆထား၍မရ။ တစ်ချို့အပင်များမှာ အကြောင်းအမျိုးမျိုးကြောင့် ရှင်သန်မလာခဲ့။ ထို့ကြောင့် ပျိုးပင်များကို သေပင်များနေရာတွင် အစားထိုးစိုက်ပျိုးကြရသည်။

အသီးတောင့်များအားလက်ရွေးစင်ရွေးချယ်ပြီးသိုလှောင်ရုံတွင်သို လှောင်ထားသည့်ကာလ၌ ပျိုးဥယျာဉ် တစ်ခုကိုလည်းတည်ထောင်ထားရသည်။ ထိုပျိုးဥယျာဉ်တွင် အသီးတောင့်များကိုစိုက်ပျိုးထားပြီး ပင်ပျိုလေးအဖြစ်မွေးမြူထားရခြင်းပင်။ စိုက်ပျိုးရာသီကာလ အသီးတောင့် စိုက်ပျိုးခြင်း၌ မဖြစ် ထွန်းသောအပင်နေရာများတွင်ထိုပျိုးပင်ပေါက်များကို အစားထိုး စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် စနစ်တကျ စိုက်ပျိုးပြုစုထားသော ဒီရေတော စိုက်ခင်းများသည် ရာနှုန်းပြည့်အောင်မြင်ဖြစ်ထွန်းသောဒီ ရေတောကြီး အဖြစ်ဆီသို့ ဦးတည်လျက်ရှိနေပါသည်။ (ဓါတ်ပုံ - စိုးထက်ကို)
#ဒီရေတော

Photos from Worldview International Foundation -'s post 17/09/2025

We are honored to join Climate Week NYC 2025 🌍
Our CEO, Kim Noguera Gabrielli, will be speaking at the Family Offices and Investors Summit — sharing how high-integrity blue carbon projects, co-designed with coastal communities, deliver lasting impact for climate, biodiversity, and people.
It’s a moment to connect, exchange knowledge, and explore how nature-based solutions can bridge local priorities with global climate goals.
🔗 Learn more: https://www.eventbrite.com/e/1332651780349/?discount=ATLAS50

08/09/2025

ကွန်ကရစ်လမ်းခင်းပေးခြင်းလုပ်ငန်းပြီးစီး၍ ကျေးရွာကော်မတီသို့လွှဲပြောင်း

Worldview International Foundation (WIF) သည် ဒေသခံများ၏သွားလာရေးအဆင်ပြေစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ချက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိပါသည်။

ကျောက်တန်း မြို့နယ် မင်္ဂလွန်းကျေးရွာအတွင်းရှိ အမက-မင်္ဂလွန်းကျောင်း ရှေ့လမ်း ပျက်စီးကာ ဒေသခံများ သွားလာရေးအခက်အခဲ ရင်ဆိုင်နေရသောကြောင့် အဆိုပါလမ်းအား အဆင့် မြှင့်တင်နိုင်ရန်အတွက် ကွန်ကရစ်လမ်း ခင်းပေး ခဲ့ပါသည်။ လမ်းပေအရှည်(၄၀၀) ၊ (၄) လက်မထု၊ (၁၀) ပေအကျယ် ရှိသော ကျောင်းရှေ့ကွန်ကရစ်လမ်းကို ဇူလိုင်လအတွင်းတွင် ပြီးစီးအောင် အကောင် အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းအား ကျေးရွာဖွံ့ဖြိုးရေးကော်မတီသို့ လွှဲပြောင်းပေးအပ် ခဲ့ပါ သည်။ ထိုလုပ်ငန်းအား အကောင်အထည်ဖော်ရာတွင်လို အပ်သော ဘိလပ်မြေ၊ ကျောက်နှင့် သဲတို့အား WIF က ပံ့ပိုးပေးခဲ့ခြင်းဖြစ်ပြီး ကျေးရွာလူထုဘက်မှလည်း လုပ်အားပြန်လည်ပံ့ပိုးပေးခဲ့ပါသည်။ (ဓါတ်ပုံ - ပေးပို့)

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


WORLDVIEW INTERNATIONAL FOUNDATION, 170, 9 Street, Ward 3, South Oakkalarpa Township
Yangon