NEC SOLAR

NEC SOLAR

Share

Solar , Inverter, Battery, EV Charger ဆက်စပ်ပစ္စည်းများ

Photos from NEC SOLAR's post 22/05/2026

Suntree EV charger ဆင်ရန်လိုအပ်သော ပစ္စည်းများ၊
တပ်ဆင်နည်းနှင့် App အသုံးပြုနည်း
----------------------------------------------------
၁။ အိမ်ရဲ့main breaker (သို့) ဆိုလာ အင်ဗာတာ ရှိရင် change over ကနေ
charger ဆင်မယ့်နေရာထိ 6 mm AC ကြိုး ၊ 6 mm Earth ကြိုးလိုပါမယ်။
၂။ အိမ်မှာ solar earth/electrical earth ကောင်းကောင်းရိုက်ထားရင် အဲကနေ ယူလို့ရပါတယ်။
၃။ AC SPD ၁ လုံး၊ RCBO 40A ၁ လုံး၊ အော်တို မီးငြိမ်း FED ၁ လုံး၊ အိမ်မှာ V/A Safeguard မရှိသေးရင်
V/S Safeguard ၁ လုံး၊ 6/8 Way db box ၁ လုံး။
၄။ အိမ်မှာ အပ်ရိုက်ထားတာမရှိရင် Earthing သေချာရိုက်ရပါမယ်။
-
တပ်ဆင်ခြင်း
----------------
Charger ဆင်မယ့်နေရာက မိုးလုံရင် အုတ်နံရံမှာ ကပ်ဆင်လို့ရပါတယ်။
မိုးမလုံတဲ့ ပြင်ပဆိုရင်တော့ ရေလုံ DB box, အမိုး လိုမယ်။ Charger က
IP65 မို့ မိုးရေစိုခံပါတယ်။ မီးကို အိမ်ရဲ့ မိန်း(သို့) Change breaker ကနေ
ယူပါ။ db box ထဲက RCBO ကိုဝင်၊ RCBO အထွက်ကနေ V/A Safeguard ဝင်၊
Safeguard မှာ Charger က L/N ဝင်ပေးပါ။ RCBO ကနေ AC SPD ကို
Line/Neutral looping ဝင်ပေးပါ။ အပ်ကြိုးကို db box က earth bar
မှာ ထည့်ပေးပြီး charger က earth ကြိုး စိမ်း/ဝါကို ထည့်ပေးပါ။ 6 mm ကြိုးအတို တချောင်းနဲ့ AC SPD ကို အပ်ကြိုးသွယ်ပါ။ ဒါဆို db box နဲ့ charger ဆင်ပြီးပါပြီ။
-
အကာအကွယ်တွေ အနေနဲ့ မိုးကြိုး/လျှပ်စီးအတွက် SPD, အားသွင်းနေရင်း
ကားမှာ ဓါတ်လိုက်ခဲ့သော် ပြုတ်ကျအောင် RCBO, မီးအား များတာ/နည်းတာ/
ဆောင့်တက်တာ ကာကွယ်ဖို့ V/A safeguard, မတော်တဆ ဘရေကာ မီးလောင်ခဲ့သော် အော်တိုမီးငြိမ်း( FED) ကနေ ငြိမ်းသတ်ပေးမှာပါ။
-
APP အသုံးပြုခြင်း
---------------------
Tuya app ကို ဖုန်းထဲ ဒေါင်းပြီး အကောင့်လုပ်ပါ။
အရင်တည်းက wifi ပစ္စည်းတွေသုံးနေလို့ Tuya အကောင့်ရှိပြီးသားဆိုရင်
အဲထဲမှာပဲ Add ကို နှိပ်ပြီး charger ကို Bluetooth နဲ့ ရှာလိမ့်မယ်။
ကျွန်တော်ကတော့ wifi smart switch တွေ သုံးနေတာမို့ ရှိပြီးသားပါ။
တွေ့ရင် add ပြီး အိမ်ရဲ့ Wifi username/password တွေ ထည့်ပေးပါ။
ပြီးရင် charger ကို နှိပ်လိုက်ပြီး Setting ကိုနှိပ်၊အပေါ်ဆုံးမှာ binding card
ကို နှိပ်ပြီး charger နဲ့အတူပါတဲ့ card အစိမ်းလေးက Serial Number
ကို မှန်အောင်ရိုက်ပြီး save ပါ။ အားလုံးမှန်ရင် charger က အားသွင်းဖို့
အသင့်ဖြစ်နေမယ်။ ကားကို charger ခေါင်းတပ်ပြီး ကတ်နဲ့ ဖြတ်ပြီး
အားသွင်းလို့ရသလို appထဲက enable ကို နှိပ်ပြီးသွင်းလို့ရတယ်။
Charging ampere ချိန်ဖို့အတွက် Setting ရဲ့အောက်ဆုံးမှာ
Current setting ကို နှိပ် 6A ကနေ 32A ထိ စိတ်ကြိုက် ချိန်လို့ရတယ်။
ကိုယ်သုံးထားတဲ့ တရက်စာ၊တစ်လစာ၊တစ်နှစ်စာ အသုံးတွေပြန်ကြည့်ဖို့
app ပင်မ စာမျက်နှာက Charging data ဆိုတာလေး ကို နှိပ်ကြည့်ပါ။
Day/month/year ကို ရွေးပြီး graph က အပြာလိုင်းကို ဖိကြည့်ရင်
kwh( ယူနစ်) ကို တွေ့ရပါမယ်။ တစ်ရက်ကို ငါးကြိမ် အားသွင်းရင် အပြာလိုင်း
ငါးလိုင်းပေါ်မယ်။Charger မှာ display ပါလို့ လက်ရှိအားသွင်းနေတဲ့အချက်အလက်တွေကိုလည်း real time ကြည့်လို့ရတယ်။ ဟိုတယ်လိုမျိုး အခကြေးငွေနဲ့အားသွင်းပေးတာမျိုးဆိုရင်မှတ်တမ်းမှတ်ရာ ကြည့်လို့ လွယ်ပါတယ်။ စက်မှာပဲကြည့်ကြည့်၊ app မှာပဲကြည့်ကြည့်ပါ။
-
charger တပ်ပြီး တန်းသွင်းစေချင်တယ် ကတ်မဖြတ်ချင်ဘူးဆိုရင် Mode ကိုနှိပ်ပြီး plug and play ကို ရွေးပါ။
အချိန်နဲ့ Timer ပေးပြီး သွင်း ချင်တယ်ဆိုရင် Schedule ကို နှိပ်ပြီး အချိန်သတ်မှတ် သွင်းလို့ရပါတယ်။
ပုံမှန်အတိုင်းဆိုရင်တော့ Normal mode ကို ရွေးပါ။
-
Trouble Shooting
-------------------
တခါတလေမှာ charger ဘေးက emergency stop ခလုတ်
အနီကို ဖိမိလို့ error ပြတတ်တယ်။ တခါတလေ အပ်ကြိုးထည့်
ထားပေမယ့် 0012 ဆိုတဲ့ error ပြတတ်တယ်။ အဲလို ပြရင် အပ်မိမမိ
သေချာစစ်ဆေးပြီး မိတယ်ဆိုရင် app ထဲက enable ကို ၁၀ စက္ကန့်ဖိထားပါ။
box ပေါ် လာရင် GNDON ကို ထောက်ပြီး GNDOFF ပြောင်း၊ confirm
နှိပ်ပေးရင် error ပျောက်သွားပြီး စသုံးလို့ရပါမယ်။
အခြား error လေးတွေ တွေ့ရင်လည်း မေးနိုင်ပါတယ်။
-
NEC SOLAR

Photos from NEC SOLAR's post 15/05/2026

Earth Tester မရှိသူများအတွက် အပ်မိမမိအလွယ်စမ်းနည်း
---------------------------------------------------------
ဆိုလာဆင်တဲ့အခါ၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းတဲ့အခါ Safe ဖြစ်အောင်
Earthing / Grounding (အရပ်အခေါ် အပ်ရိုက်ခြင်း) ကို စနစ်တကျ လုပ်ဆောင်ရပါတယ်။
ဒီလိုရိုက်တဲ့အခါ စံသတ်မှတ်ချက်ရှိပါတယ်။ မြေကြီးထဲ ကြေးချောင်း ရိုက်ထည့်ပြီး ကြိုးသွယ်‌ပေးလိုက်ရုံနဲ့မရပါဘူး။
သာမန်အားဖြင့် လယ်မြေ/သဲမြေ/နှုန်းမြေ တွေ မှာ ရိုက်ရလွယ်ကူပြီး တောင်မြေ/ဂဝံမြေ/ရာဘာတော
လိုနေရာတွေမှာ ရိုက်ရခက်ပါတယ်။ ၂ပွိုင့်၃ပွိုင့်ခွဲရိုက်ရတာ၊ အပ်ကျင်းသေချာတူးပြီး မီးသွေး/ဆား/Earth powder
တွေ မွှေထည့်/ရေလောင်းပြီး လိုချင်တဲ့ တန်ဖိုးရအောင် ရိုက်ရပါတယ်။ အဲလိုရိုက်ပြီး Earth Tester နဲ့ တိုင်းရင်
အိမ်တွေအတွက် 10 Ohm အောက်ရမှ စိတ်ချရပါတယ်။ Earth tester က အဖွဲ့တိုင်းမရှိနိုင်တာကြောင့်
ရှိတဲ့ digital multi meter နဲ့ တိုင်းကြည့်လို့ရပါတယ်။
-
အပ်ရိုက်ပြီး db box က earth bar မှာ ထည့်၊ အင်ဗာတာ/ဘက္ထရီ /SPD နဲ အပ်ပေးရမယ့်နေရာတွေ
အကုန်ပေးပါ။ ပြီးရင် multi meter မှာ AC volt တိုင်းတဲ့ဘက် လှည့်ပြီး
1.Line နဲ့ Neutral ကြိုးထောက်ရင်အိမ်မှာ လာနေတဲ့ မီးအားအတိုင်းရှိရပါမယ်။
2.Line နဲ့ Earth တိုင်းရင် အိမ်မီးအား နဲ့ အတူတူနီးပါးရှိရပါမယ်။
3.Neutral နဲ့ Earth ကိုတိုင်းရင် 0-2 V ကြားဆိုရင် အကောင်းဆုံး၊
2-5 V ကြားဆို လက်ခံလို့ရတယ်။ အဲထက်များပြီး 10/20V ဖြစ်နေရင်
တော့ အပ်မမိတာ/Neutral leakageရှိနေနိုင်ပါတယ်။ ရိုက်ထားတဲ့ အပ်ချောင်းနဲ့ ကြိုးတွေ ပြန်စစ်ရပါမယ်။
တကယ်လို့ 0 ပြနေရင်လဲ ချက်ချင်းမယုံပါနဲ့။ တချို့က လိုအပ်ချက်အရ Neutral နဲ့ Earth ပေါင်းထား
တတ်တယ်။ ဒါ့ကြောင့် ကိုယ်အစအဆုံးဆင်တာမဟုတ်ရင် ပေါင်းထားမထား သိဖို့လိုပါတယ်။
-
NEC SOLAR

Photos from NEC SOLAR's post 26/03/2026

ဘက္ထရီတွေ ဘယ်တော့ သက်တမ်းကုန်မလဲ
------------------------------------------
ဆိုလာ/အင်ဗာတာနဲ့ သုံးနေကြတဲ့ Lifepo4 Battery တွေဟာ
အရင်က သုံးခဲ့တဲ့ ဘက္ထရီအမျိုးအစားတွေထက် ပိုကြာကြာခံလာပြီး
နှစ်ရှည် အသုံးပြုနိုင်ပါတယ်။ ဘက္ထရီဖြစ်တဲ့အတွက် သုံးတာကြာလာတာနဲ့
အမျှ သိုလှောင်နိုင်တဲ့ ပမာဏကလည်း ကျ ကျ လာတတ်တာကတော့
သဘာဝပါပဲ။
-
Lifepo4 ဘက္ထရီကို အားသွင်း/အားထုတ်အသုံးပြုမှု အပေါ် မူတည်ပြီး
သက်တမ်း သတ်မှတ်ပါတယ်။ တစ်ရက် တစ်ကြိမ် အားအပြည့်သွင်း၊
ညကျ အားကို 20% အကျန်လောက်ထိသုံးရင် 1 cycle လို့ သတ်မှတ်ပြီး
အဲဒီလို အကြိမ်ရေ ၃၀၀၀ လောက်အထိ အသုံးပြုလို့ရပါတယ်။
ဘက္ထရီအသုံးပြုမှုတွေကို လေ့လာကြည့်တာမှာ တစ်ရက် 1 cycle အသုံးပြုသူ
မရှိသလောက် ရှားပါတယ်။ ပျှမ်းမျှ တစ်လမှ 15-20 cycle သာ ရှိကြပါတယ်။
ဒီတော့ တစ်နှစ်နေရင် 200-250 cycle ကြားသာ ရှိပါတယ်။
ဘက္ထရီကောင်းတစ်လုံးဟာ 1000 cycle သုံးပြီးမှ SOH (ဘက္ထရီရဲ့ကျန်းမာရေး)
3% ကနေ 5% ကြား ကျပါတယ်။ ၄/၅ နှစ်လောက် သုံးပြီးမှ 95%-97% ကြား ကျန်တာဖြစ်လို့ အသစ်နဲ့ မခြားသေးပါဘူး။
-
နောက်ထပ် cycle ၁၀၀၀ ထပ်သုံးပြီး စုစု‌ပေါင်း 2000 cycle ဖြစ်သွားရင်
SOH 10% ဝန်းကျင်ကျပြီး ဘက်ထီက 90% လောက်ကျန်ပါမယ်။
ဘက္ထရီအသစ် တုန်းက ၁၀ နာရီခံ ရင် cycle 2000 သုံးပြီး ၉ နာရီ ခံမှာမို့
အလုပ်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဘက္ထရီက 8-10 နှစ်လောက် သုံးပြီးပါပြီ။
-
နောက်ထပ် cycle 1000 ထပ်သုံးပြီး cycle 3000 ဖြစ်သွားရင် SOH 15% -20%
ဝန်းကျင် ကျပြီး 80-85% လောက်ကျန်ပါမယ်။ lifepo4 Battery က SOH 80%
ဖြစ်သွားရင် သက်တမ်းကုန်ပြီလို့ ဆိုနိုင်ပါတယ်။ အသုံးပြုချိန်ကလည်း ၁၀ နှစ်
ကျော်သွားပါပြီ။ ဒီတော့ တင်းပြည့်ကျပ်ပြည့် cycle 3000 သုံးလို့ရရင်ကို
တန်လှပါပြီ။ စျေးကွက်ထဲမှာ cycle 8000/10000/12000 ဆိုတာတွေက ဖြစ်နိုင် မဖြစ်နိုင်
စဉ်းစားကြည့်နိုင်ပါတယ်။
-
ဒီလို သက်တမ်းကြာကြာသုံးနိုင်ဖို့ ..........
-
1. Lifepo4 new cell, grade A ဖြစ်ရပါမယ်၊
2. bms အရည်အသွေးကောင်းရမယ်။
Cell balancing ကို ကောင်းကောင်းအလုပ်လုပ်ရမယ်။
3. ဘက္ထရီအားကုန်အောင်မသုံးရဘူး။ 20% လောက် အမြဲချန်ရမယ်။
4. ဘက္ထရီထားတဲ့နေရာက နေတိုက်ရိုက်ထိတဲ့နေရာ၊ အပူချိန်များတဲ့နေရာ
မဖြစ်ရဘူး။
5. အားသွင်းရင် အမ်ပီယာ အမြင့်ကြီးနဲ့ မသွင်းရဘူး။
-
SMART Lifepo4 , 314 Ah ကတော့ အထက်က အချက် ၁၊၂ နဲ့ ကိုက်ညီပါတယ်။ ၃၊၄၊၅ ကို ဂရုစိုက်ရင် သက်တမ်း ၁၀ နှစ်ကျော် ခံပါမယ်။
cell ကောင်းလို့ အားတောင့်သလို bms ကောင်းလို့ cell တစ်လုံးနဲ့ တစ်လုံး
volt different ကလည်း 0.001 V ပဲ ရှိတယ်။ cell နဲ့ bms ဟန်ချက်ညီတဲ့
အတွက် ဘက္ထရီက ငြိမ်ပြီး စွမ်းအားပြည့်သုံးနိုင်တာပဲဖြစ်ပါတယ်။

-
NEC SOLAR
အမှတ် (၁၁၇၄) ၊ သုမန လမ်း ၊ ၂/ တောင် ရပ်ကွက်
အမှတ်(၂) စျေးရှေ့ ၊ သာကေတမြို့နယ်။
ဖုန်း - 09-765647526 ,09-765647528,
09-444295750, 09-444296069

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 1174, Thumana Road, 2/Taung Ward, Thaketa Township
Yangon
11241

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00