ES Ever Smile
09 768178901, 09 768178902
[email protected]
No.2, Malarmyaing 2nd Street, Hlaing Township,Yangon
25/01/2021
⛩️ ဂျပန်တက္ကသိုလ်က ကျောင်းသားတွေ နေထိုင်ရေးအတွက် ကူညီထောက်ပံ့
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်နေချိန်အတွင်း ဂျပန်က နာမည်ကြီး တက္ကသိုလ်တစ်ခုက ကျောင်းသားအများအပြားဟာ အလုပ်ရတာ နည်းလာတဲ့အတွက် လိုအပ်နေတဲ့ ကျောင်းသားတွေကို တက္ကသိုလ်က အစားအသောက်တွေ စတင် ထောက်ပံ့ပေးနေပြီ ဖြစ်ပါတယ်။
Tsukuba တက္ကသိုလ်က ကျောင်းသားအများအပြားဟာ စီးပွားရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ထောက်ပံ့ပေးဖို့ တောင်းဆိုနေတာကို Tsukuba တက္ကသိုလ်က သိရှိခဲ့ရပါတယ်။
Tsukuba တက္ကသိုလ်က ဒီဇင်ဘာလမှာ ကျောင်းသားတွေအပေါ် စစ်တမ်းကောက်ယူခဲ့ရာမှာ ဖြေဆိုသူ ၇၀ ရာခိုင်နှုန်းက ဝင်ငွေ လျော့ကျခဲ့တယ်လို့ ဖြေပါတယ်။
ဒေသတွင်းက ကုမ္ပဏီတွေနဲ့ လယ်သမားတွေက လိုအပ်တဲ့ ကျောင်းသားတွေကို အစားအသောက်တွေ လှူဒါန်းပေးဖို့ Tsukuba တက္ကသိုလ်က တောင်းဆိုခဲ့ပါတယ်။
အဲဒီနောက် ဆန် ၊ ဟင်းသီးဟင်းရွက်နဲ့ အသင့်စားခေါက်ဆွဲခြောက် စုစုပေါင်း ၇ တန် အပါအဝင် အစားအသောက်တန်ချိန် ၂၀ ကျော်လောက် ရရှိခဲ့ပါတယ်။
အဲဒီအစားအသောက်တွေကို သောကြာနေ့က
ကျောင်းသား ၂၅၀၀ ကျော်ဆီ ပေးဝေခဲ့ပါတယ်။
နိုင်ငံခြားသား ကျောင်းသားတစ်ယောက်က သူဟာ မိသားစုဆီက အထောက်အပံ့ရရှိတာမျိုး မရှိတဲ့အပြင် ကပ်ရောဂါကြောင့် သူ့မှာ အချိန်ပိုင်းအလုပ် မရှိတော့တဲ့အတွက် အခုလိုကူညီပေးတာကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။
Credit ; NHK
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 2, Marlarmyaing 2nd Street, Hlaing Township
Yangon
11051