Engineering For Kids Myanmar

Engineering For Kids Myanmar

Share

An innovative educational program from USA, bringing Science, Technology, Engineering, and Math (STE

28/03/2024

ထူးခြားအံ့အားသင့်ဖွယ် ကမ္ဘာ့စံချိန်တင်တွေကို ဖော်ပြပေးလေ့ရှိတဲ့ Guinness World Records 🔰

သားသားမီးမီးတို့ ငယ်စဉ်တုန်းက ကမ္ဘာ့အရပ်အရှည်ဆုံးလူ၊ ကမ္ဘာ့အကြီးဆုံး ပင့်ကူ စသဖြင့် ထူးဆန်းအံ့အားသင့်ဖွယ် World Record တွေ အကြောင်းကို ဖတ်ဖူးကြတယ်မလား ? 👀

ဒီလို 🔰World Record တွေကို ထုတ်ပြန်နေတာ Guinness World Records ဆိုတဲ့ Organization တစ်ခုက ဖြစ်ပါတယ်နော်။ Guinness World Records Org ဆိုတာ 📚 Guinness Book of Records ကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး အဲ့ဒီ စာအုပ်ဟာ World Record-breaking Achievements တွေကို မှတ်တမ်းတင်ဖော်ပြပေးလေ့ရှိပါတယ်။ ✅

အဲ့ဒီ Idea ကို စတင်ခဲ့တဲ့သူကတော့ 👨‍💼Guinness Brewery ရဲ့ Managing Director တစ်ယောက်ဖြစ်တဲ့ Sir Hugh Beaver ကနေပြီး 1950 အစာပိုင်းလောက်မှာ အကြံဉာဏ်ရလာခဲ့တာဖြစ်ပါတယ်။ 👨‍💼Beaver က အဲ့ဒီတုန်းက Party ပွဲတစ်ခုတက်နေခဲ့ပြီး အဲ့ဒီ Party မှာ သူ့နဲ့ တစ်ခြားသူတွေက “ကမ္ဘာ့အမြန်ဆုံးငှက်” အကြောင်းအငြင်းပွားခဲ့ကြရာမှ အဖြေမှန်ကို ဘယ်လို Reference Book ထဲမှာမှ ရှာလို့မတွေ့ဘဲ ပြီးဆုံးသွားတဲ့အတွက်ကြောင့် Beaver ကနေပြီး ဒီလို အချက်အလက်တွေကို တစ်နေရာတည်းမှာ ရှာတွေ့နိုင်အောင်ဆိုပြီး စာအုပ်ကို စတင်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။💫

အခုဆိုလျှင် Guinness World Records က London, New York, Beijing, Tokyo and Dubai တစ်ဝှမ်းမှာ Ambassadors တွေ ရှိပြီး ကမ္ဘာတစ်ဝှမ်းက သတင်းပေးသူတွေနဲ့ လုပ်ရှားလျက်ရှိပါတယ်။ 💯Guinness World Records ကို နှစ်စဉ်ထုတ်ဝေလျက်ရှိပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဘာသာစကားပေါင်း ၂၃ မျိုးနဲ့ ဘာသာပြန်ထုတ်ဝေလျက်ရှိပါတယ်။ 😯

နောက်ထပ်လည်း ဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ သတင်းအချက်အလက်တွေကို တင်ပေးသွားမှာဖြစ်လို့ Page လေးကို စောင့်ကြည့်ပေးပါဦးနော်။

08/03/2024

ကမ္ဘာ့အသက်အကြီးဆုံး Programmer Masako Wakamiya 👩‍💻👵

သားသားမီးမီးတို့က👨‍💻 အသက်အငယ်ဆုံး Programmer, ငယ်စဉ်ကတည်းက Coding ကို လေ့လာခဲ့ပြီး အောင်မြင်မှုရရှိနေတဲ့ Programmer အကြောင်းတွေပဲ ကြားဖူးနေကြတယ်မလား ❓

ဒါပေမယ့် Coding ကို လေ့လာရာမှာ အသက်အရွယ်ဆိုပြီး ကန့်သတ်ချက်မရှိဘဲ ကိုယ်ဝါဿနာပါရာကို စတင်ရာမှာ ဘယ်အရွယ်မဆို နောက်မကျကြောင်း ပြသသွားတဲ့ အသက်အကြီးဆုံး Programmer တစ်ယောက်ရှိပါတယ်နော်။ 👩‍💻👵

👩‍💻သူ့နာမည်က Masako Wakamiya လို့ခေါ်ပြီး Masako က Bank စာရေးအလုပ်ကနေ အသက် (၄၃) နှစ်အရွယ်မှာ ပင်စင်ယူခဲ့ပြီး အသက် (၉၀) အရွယ် အမေအိုကြီးကို စောင့်ရှောက်ရင်း အချိန်ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ Masako က အိမ်မှာနေရင်း ကမ္ဘာကြီးနဲ့ ဆက်သွယ်ချင်လို့ Computer တစ်လုံး ဝယ်ခဲ့ရာမှာ Coding အပေါ် စိတ်ဝင်စားမှု စတင်ခဲ့ပြီး Computer Club တွေ Join ၊ လေ့လာရင်းနဲ့မှ တစ်ဆင့် Gaming App လေးတစ်ခုကို တီထွင်ဖြစ်ခဲ့ပါတယ်။ Masako က 👵အသက် (၈၁) နှစ်အရွယ်ရောက်မှ 📱 Gaming App တစ်ခုကို တီထွင်နိုင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့တာပဲဖြစ်ပါတယ်။

ဒါကြောင့် သားသားမီးမီးတို့လည်း ကိုယ်ဝါဿနာပါရာ လမ်းကြောင်းတွေကို လိုက်ဖို့ ဘယ်သောအခါမှ နောက်မကျဘူးဆိုတာ သတိရပေးပါနော်။ 💫

သားသားမီးမီးတို့ Coding ကို သင်ယူလိုပါက 09444767040 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါပြီရှင့်။ ☎️

Photos from Engineering For Kids Myanmar's post 24/02/2024

သားသားမီးမီးတို့အတွက် အကျိုးရှိစေတဲ့ Website, Applications တွေကို အမြဲမျှဝေပေးလျက်ရှိတဲ့ EFK Myanmar ကနေ ဒီနေ့မှာလည်း သားသားမီးမီးလေးတို့အတွက် အကျိုးရှိမယ့် Website လေးတစ်ခုကို ယူဆောင်လာပေးပါတယ်နော်။ 🌐

ဖေဖေမေမေတို့က ကိုယ့်ရဲ့ရင်သွေးလေးတွေကို ကမ္ဘာတစ်ဝှမ်းက နောက်ဆုံးပေါ် သတင်းတွေကို အမှီလိုက်နိုင်ပြီး ဗဟုသုတ ကြွယ်ဝစေချင်ပါသလား ❓

ဒါဆိုရင်တော့ ဒီ 🌐Website လေးကို ကလေးတို့အတွက် ညွှန်းပေးချင်ပါတယ်နော်။ 💻 Website လေး နာမည်က Kids News ဖြစ်ပြီး အဲ့ဒီ Website မှာ ဆိုရင် သားသားမီးမီးတို့ အသက်အရွယ်အလိုက် ကိုယ့်နဲ့ကိုက်ညီမယ့် နောက်ဆုံးပေါ် သတင်းတွေကို Up to date ဖတ်ရှုနိုင်ဦးမှာဖြစ်ပါတယ်ဗျို့။ 🔥

ဒါ့အပြင် ကလေးတို့ဖတ်ရှုနိုင်အောင် သတင်းအကြောင်းအရာတွေကို လိုရင်းတိုရှင်း ဖော်ပြထားတဲ့အတွက်ကြောင့် နားလည်ရ လွယ်ကူစေမှာပဲဖြစ်ပါတယ်။ 💯

✅ဒီ Website လေးကို အသုံးပြုခြင်းအားဖြင့်

သားသားမီးမီးတို့အနေနဲ့ ဗဟုသုတ တိုးပွားစေသလို English လိုရေးသားထားတဲ့ News တွေကို ဖတ်ခြင်းအားဖြင့် English Skills ကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်။ 💥

ဒါဆိုရင် Website လေးမှာ ဘာတွေလုပ်နိုင်သေးလဲဆိုတာ ပုံတစ်ပုံချင်းစီမှာ ဖတ်ကြည့်နိုင်ပါပြီနော်။ ⬇️

📌 Kids News ကို အောက်ပါ Link ကတစ်ဆင့် ဝင်ရောက်အသုံးပြုနိုင်ပါပြီ။

https://www.kidsnews.com.au/

သားသားမီးမီးတို့ကို နည်းပညာခေတ်ကြီးမှာ အမှီလိုက်နိုင်ဖို့ Coding သင်ကြားပေးလိုပါက 09444767040 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါပြီနော်။ ☎️

Photos from Engineering For Kids Myanmar's post 05/02/2024

သားသားမီးမီးတို့သိချင်တဲ့လူရဲ့ Biography အကြောင်းကို ရှာဖွေဖတ်နိုင်မယ့် Ducksters 💻

Engineering For Kids Myanmar ကနေ ဒီနေ့မှာတော့ သားသားမီးမီးတို့အတွက် အသုံးဝင်စေမယ့် Website လေးတစ်ခုယူလာပေးပါတယ်နော်။ ဒါကတော့ Ducksters Website ပဲဖြစ်ပါတယ်။ ✨

ဒီ 💻 Website လေးမှာဆိုရင် ကလေးတို့ သိချင်တဲ့လူရဲ့အကြောင်းကို Search Bar မှာ အလွယ်တကူ ရှာရုံနဲ့ ထွက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် History, Biography, Geography, Science ဆိုပြီး Categories တွေခွဲထားပြီး Games တွေလည်း ဆော့ကစားနိုင်ဦးမှာဖြစ်ပါတယ်။

✅Biography တွေရှာတဲ့အခါကျရင်လည်း ပုံမှန် Website တွေလို စာတွေအများကြီးကျလာမှာမဟုတ်ဘဲ ကလေးတွေအတွက် ရည်ရွယ်တာဖြစ်တဲ့အတွက်ကြောင့် Facts အချက်လေးတွေနဲ့ လိုရင်း တိုရှင်း Information တွေ ကျလာမှာဖြစ်ပါတယ်။

✅ဒါ့အပြင် Fun Facts ဆိုပြီး စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းလေးတွေကို စုပေးထားမှာဖြစ်ပါတယ်။ ဉပမာ - Einstein အကြောင်းရှာရင် Einstein နဲ့ပတ်သက်တဲ့ Fun Facts အပိုင်းလေးတွေအပြင် Activities အနေနဲ့ Audio, Video, Quiz အပိုင်းလေးတွေ ပါဝင်မှာဖြစ်ပါတယ်။

✅ကလေးတို့အနေနဲ့ စာမဖတ်ချင်ဘူးဆိုရင် Audio နားထောင်နိုင်သလို Video Version အနေနဲ့လည်း ရုပ်ပုံလေးတွေနဲ့ ကြည့်ရှုနိုင်ဦးမှာဖြစ်ပါတယ်။ ဒါကြောင့် သားသားမီးမီးတို့အနေနဲ့ ဒီ Website လေးကို အသုံးပြုမယ်ဆိုရင် ဗဟုသုတရရှိရုံတင်မကဘဲ English Reading, Listening စွမ်းရည်ကိုပါ တိုးတက်စေနိုင်မှာဖြစ်ပါတယ်။ စာကိုဖတ်ပြီးသွားရင် ပြန်လည်ဆန်းစစ်နိုင်အောင် Quiz Session လည်း ပါဝင်မှာဖြစ်ပါတယ်နော်။

🌐Website ကို အောက်ပါ Link ကတစ်ဆင့်ဝင်ရောက်အသုံးပြုနိုင်ပါပြီ။

📌 https://www.ducksters.com/

EFK Myanmar မှ ဖွင့်လှစ်တဲ့ အတန်းများအကြောင်းအသေးစိတ်ပိုမိုသိရှိလိုပါက 09444767040 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါပြီ။ ☎️

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


149 (C), Myakanthar Road, Kamaryut Township
Yangon
11041