July Moe

July Moe

Share

💞သားလေးနဲ့သမီးလေးရေ..အားမငယ်နဲ့နော်..မေမေရှိတယ် အရာအားလုံး မေမေရင်ဆိုင်ဖြေရှင်းပေးမယ် 💞

29/03/2025

အဘက်ဘက်က ပျက်စီးဆုံးရှုံးမှု
ဘက်ကိုသာ ဦးတည်သွားပြီဆိုတာ
၂၀၂၁ ဖေဖော်ဝါရီက စလိုက်တာပဲလေ
ကိုယ်လည်းကောင်းအောင်မလုပ်ဘူး
လုပ်သမျှလူတွေကိုလည်း ကန့်လန့်တိုက်
လိုက်ဖျက်ဆီးတယ် ရိုးရိုးလိုက်ဖျက်တာ
အားမရတော့ တိုင်းပြည်ပါတက်သိမ်းတယ်
ဒီချိန် တိုင်းပြည်က ထွက်ပြေးနေရတဲ့
ပရဟိတသမားတွေ လူငယ်လေးတွေရဲ့
တန်ဖိုး ... ဒင်းကတော့ သိမယ်မထင်ပါဘူး
ခံရတာ ပြည်သူတွေပဲလေ.. အောက်ကစာ
crd ပါ...

ဒီအချိန်မှာ တက်ကြွတဲ့
လူငယ်တွေသာရှိစမ်းပါ

ညတွင်းချင်း မန်းလေးဆင်းကြမယ့်
လူတွေက ထောင်နဲ့ချီရှိလိမ့်မယ်
အမြန်လမ်းသွားလို့မရပါဘူးဆိုတာတောင်
လူငယ်တွေရဲ့ ဇောနဲ့ လူငယ်တွေရဲ့မာနနဲ့
" ရအောင်သွားမယ်ကွာ " ဆိုပြီး
တာဝန်ရှိတဲ့လူကြီးတွေကိုတောင်
ရန်တွေ့ပြီးသွားကြမှာ ။

ကျောင်းတွေပိတ်နေချိန်လေ
အရမ်းတွေအားနေတဲ့အချိန်ပေါ့

အရမ်းကိုတက်ကြွနေတဲ့အရွယ်လေ
အရမ်းကို အားကောင်းတဲ့အရွယ်
မိုးတိမ်ကိုတောင် ဒူးနဲ့တိုက်မယ့်အရွယ်တွေပေါ့

မန်းလေးမလိုက်နိုင်တဲ့လူတွေက
မနက်ဖြန်လောက်ဆို အလှူငွေကောက်ဖို့တာဝန်
လိုအပ်တာဝယ်ပြီး အထုပ်ကြီးအထုပ်ငယ်အသွယ်သွယ်နဲ့ ပို့ဖို့ကူဖို့လှူဖို့ plan တွေချနေလောက်ပြီပေါ့

" မန္တလေးရေ အားမငယ်နဲ့ ငါတို့ရှိတယ်" ဆိုတာမျိုး
" စစ်ကိုင်းရေ ငါတို့လာပြီဟေ့ " ဆိုတာမျိုး
" ပျဉ်းမနားရေ ခနလေးစောင့် ငါတို့လာပြီ" ဆိုတာမျိုး ပလူပျံနေမှာအသေအချာပဲပေါ့
ဘယ်မြို့ကို ငါတို့သွားကြမလဲ
ဘယ်မြို့ကိုအရင်ကူမလဲဆိုတာရွေးရင်း
ရန်တွေလည်းဖြစ်နေလောက်ရောပေါ့ ....

ပေါ်ပင်ပဲပြောပြော တကယ်လို့ပဲဆိုဆို
ငါ့ညီ ငါ့ညီမတို့ ပြာယာတွေခတ်နေမှာပဲ 😟

ကိုဗစ်ပထမလှိုင်းတုန်းက
လူငယ်တွေရဲ့အင်အားကို မြင်ခဲ့ရတာ
ကြက်သီးတောင်တဖြန်းဖြန်းထခဲ့ရတဲ့အထိ

အခုတော့ ငါ့ညီ ငါ့ညီမတို့ရေ
မင်းတို့ထဲက တချို့တွေလည်းမရှိတော့သလို
တချို့တွေလည်း မသိနိုင်ကြတော့ဘူးမဟုတ်လား

လွမ်းတယ်ကွယ်
ငါ့ညီ ငါ့ညီမတို့ 🥹

ကလေးတို့လည်း ရောက်ရာအရပ်ဘေးကင်းပါစေ
ငါတို့လည်း ဘေးကင်းပါစေ
မြန်မာပြည်ကြီးလည်း ဘေးကင်းပါစေ ။

Min Yel Kyaw Swar

Photos from July Moe's post 26/02/2025

Happy Birthday ပါအကို

မင်းမော်ကွန်းရယ်လို့
ပရိသတ်ရှေ့စရောက်ကတည်းက
ချစ်ခဲ့ရတဲ့အကို

အကို့ကို ချစ်တာ
ကျောင်းမှာဆို တကျောင်းလုံးသိ ,
ရုံးမှာဆို တရုံးလုံးသိ
သူငယ်ချင်းတွေလည်းသိ,
လုပ်ဖော်ကိုင်ဖက်တွေလည်းသိ,
စီနီယာတွေလည်းသိ
ဂျူနီယာတွေလည်းသိ ,
ချစ်သူလည်းသိ ,
အိမ်ထောင်ဘက်လည်းသိ,
ကိုယ်နဲ့ ဆက်စပ်သမျှ အားလုံးသိ..

ချစ်ခဲ့ရကျိုးနပ်တယ်အကို

မြန်မာအမျိုးသားကောင်း ပီသခဲ့တဲ့

အကို့ကို ရှေးကထက် ပိုချစ်ရပါတယ်

အကိုကလည်း ရှေးကထက် ပိုကျန်းမာ

အောင် နေပေးပါ .. မိဘကောင်းတွေဆီ

က ကောင်းမွေရပြီးသားအကိုက ဇနီး

ကောင်းနဲ့အတူ အရာရာပြည့်စုံမယ့်

ဘဝခရီးကို ချမ်းမြေ့စွာ လျှောက်လှမ်း

နိုင်ပါစေလို့ ...

feb 26. 2025

ကြည်နူးစွာ တိုက်ဆိုင်မှုတခုက

အကို့ကို ဘယ်လောက်ချစ်သလဲဆိုရင်

အကို့ မွေးနေ့မှာပဲ သမီးလေးကို

(ခွဲမွေးခြင်းမဟုတ်ပဲ) သဘာဝအတိုင်း

မွေးခဲ့တာပါပဲ ..

17/02/2025

အမျိုးတို့ရေ ..
ပိတ်ရက်လေးမှာ တွေးမိတာလေး
သတိထားမိစေဖို့ မျှဝေလိုက်ပါတယ်နော်

သင့်ခန္ဓာကလည်း အငှါးပဲနော်
သေတဲ့အခါ ထားခဲ့ရမှာပဲ

ပစ္စည်းဥစ္စာတွေကလည်း အငှါးပါပဲ
သေတဲ့အခါ မုချထားခဲ့ရမှာပါ

ရာထူးရာခံကဆို တဒင်္ဂအငှါးစစ်စစ်
သေတဲ့အခါတောင် ကြာဦးမယ် မစွမ်း
နိုင်ချိန် အနားယူရတာပဲ မဟုတ်လား..

သင်သေတဲ့အခါ ဘာကိုမှ
ယူမသွားနိုင်ပါဘူး..

သင်ဘာမှမယူသွားနိုင်ပဲ ဘာ့အတွက်​
လောဘ ဒေါသ မောဟ တွေနဲ့ နေထိုင်​နေပါသလဲ

အဲဒီ့အငှားတွေကို အသုံးချပြီး
ယူသွားလို့ရသလောက် ယူသွားဖို့
ကြိုးစားရမှာပါ..

ငှားထားတဲ့ခန္ဓာကြီးကို ဝိပဿနာ
အတွက် ခိုင်းပါ လှုနိုင်တန်းနိုင်ဖို့
ငွေရှာတဲ့နေရာခိုင်းပါ သူတပါး
အဆင်ပြေဖို့ လုပ်အားဒါနခိုင်းပါ..

ငှားထားတဲ့ပစ္စည်းတွေကို လိုအပ်သူ
တွေဆီ လှုပါ တန်းပါ ဝေမျှပါ ..

ငှားထားတဲ့ရာထူးဂုဏ်ရှိန်တွေကို
အသုံးချပြီး အများအကျိုးဆောင်ရွက်ပါ
ချီးမြှောက်သင့်သူကို ချီးမြှောက်ပါ..

အဲဒါဆို အဲဒီ့အငှားပစ္စည်းတွေကနေ
ကိုယ့်အတွက် အမြတ်ထွက်ခြင်းပါပဲ

တချို့မြင်နေရတယ် အမြတ်မထွက်တဲ့
အပြင် ဒီခန္ဓာကြီးအတွက်နဲ့ အကုသိုလ်
တွေ ဝယ်ယူသလို လွယ်လွယ်ယူနေကြတာ

ပစ္စည်းဥစ္စာ ချမ်းသာပြည့်စုံချင်လွန်း
အားကြီးပြီး တနေ့တနေ့ ငရဲသွား
လက်မှတ်ဘွတ်ကင်တင်နေကြသူတွေ..

ရာထူးရာခံ ကုလားထိုင်မြဲဖို့အတွက်
လူပေါ်လူကြောနေကြသူတွေ..
လူ့အသက်ပေါင်းများစွာကိုစတေးပြီး
မသူတော်ဇာတ်ခင်းနေသူတွေ..

ခေတ္တသာ အငှားရထားတဲ့ ဒီအရာတွေကို
တွယ်တာမက်မောရာကနေအကုသိုလ်တွေ
ထပ်ဆင့်ဖြစ်ပြီး အပါယ်လေးဘုံကနေ
လွတ်လမ်းမရှိအောင် ကျင်ကြံနေသူတွေ.

အဓိက က
သင်ဘယ်​နေရာကိုသွားချင်တာလဲ...

သံသရာက လွတ်မြောက်ရာ
မြတ်နိဗ္ဗာန်ကိုလား .. ?

ဆင်းရဲတွင်းနက်တဲ့ အပါယ်လေးဘုံ
ကိုလား ... ?

သင် အသက်ရှင်နေသေးတယ်ဆို
ရွေးချယ်လို့ရပါတယ်နော်...
ဆရာလုပ်ခြင်းမဟုတ်ပါ
တွေးမိတာလေး ဝေမျှခြင်းပါ

ဂျူလိုင်မိုး
၁၇.၂.၂၀၂၅

14/02/2025

ဒီအသိတွေကြောင့်ပဲ မနောကို
လေးစားချစ်ခင်နေရတာ ကျမနဲ့
မနောနဲ့ အယူအဆ အတော်များများ
တူညီတယ် ဒါပေမဲ့သူက ကိုယ့်ထက်
အရာရာပိုပြီးလုပ်နိုင်တယ်.. အခုလည်း
ပိုပြီးဆင်ခြင်မိလို့ ကျေးဇူးပါကိုမနော

ဒါန သီလ ဘာဝနာ မပါဘဲ ကျမရဲ့
တနေ့တာကို မကုန်ဆုံးစေဘူး..

ပုထုဇဉ်မို့ အမှားတချို့ရှိကောင်း
ရှိနိုင်တယ် .. အဲဒါကို အမှားမှန်းသိပြီး
ပြင်နိုင်ဖို့ ကြိုးစားရဦးမယ်..

ကျန်ရှိနေတဲ့ဘဝခရီးမှာ
ကိုယ့်ကြောင့် သူများအဆင်ပြေ
ကောင်းမွန်သွားတာပဲ ဖြစ်စေရမယ်
ကိုယ့်ကြောင့် သူများ ဒုက္ခရောက်
သွားတာဘယ်တော့မှ မဖြစ်စေရဘူး..
ဖြစ်လည်းမဖြစ်ခဲ့ဘူး ..

သတိ
သတိ
သတိ
ငါတို့မှာ အချိန်မရှိတော့ဘူး

ဟော ..
ငါ့မှာ ကိုယ်တပိုင်း မရှိတော့ဘူး😢

01/01/2025

အားလုံးအတွက် မင်္ဂလာနှစ်သစ်၊
ပျော်စရာနှစ်သစ် မဖြစ်သေးပါဘူး

အလုပ်မှာ၊ လမ်းမှာ တွေ့သမျှ
သူတွေက Happy New Year လို့
လာနှုတ်ဆက်ကြတိုင်း
ဝတ်ကျေတန်းကျေ
Happy New Year လို့ပြန်
နှုတ်ဆက်နေရပေမယ့်
ကိုယ်တွေ တကယ် ပျော်နိုင်ခွင့်
မရသေးတာ ကိုယ်တွေ အသိဆုံးပါလေ

၇၀ ကျော် ၈၀ နီးပါး
အမယ်အိုကြီး မလွတ်မြောက်
သေးသ၍ နှလုံးသားရှိသူတိုင်း
ပျော်ရက် ကြမယ်မထင်ပါ ..

ပျော်ရက်ကြသူများကိုလည်း
ကိုယ့်စိတ်နဲ့ကိုယ်မို့အပြစ်မပြောလိုပါ ..

ကျမနဲ့ ကျမအမေကတော့
ထုံးစံအတိုင်း ပရိတ် ပဌာန်းရွတ်ရင်း၊
တရားတဖြတ်ထိုင်ရင်း နှစ်ကူးခဲ့ပါတယ်

အမေစု ကျန်းမာပါစေ 🙏
အမြန်ဆုံး လွတ်မြောက်ပါစေ 🙏

မြန်မာနိုင်ငံကြီး အမြန်ဆုံး
ငြိမ်းချမ်းရပါစေ 🙏

အိမ်ဝေးနေသူတွေ အမြန်ဆုံး
အိမ်ပြန်ခွင့်ရပါစေ လို့
လေးလေးနက်နက် ဆုတောင်း
ဖြစ်ခဲ့ပါတယ်...

တကယ် မင်္ဂလာရှိပြီး
တကယ် ပျော်ရွှင်ခွင့်ရမယ့်နှစ်သစ်ကို
အမြန်ဆုံးပိုင်ဆိုင်ပါရစေ 🙏

July Moe
01.01.2025

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


No-24, 9th Floor ( Htun Condos ) , Ar Thaw Ka Street , Tamwe
Yangon
11211

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Sunday 09:30 - 17:30