Aung Pyitan
Technical Expert on -
• Construction Chemicals
• Construction Machinery
• Engineering Consultation
08/06/2026
မိုးရာသီကာလမှာ ဘယ်လို ပြဿနာမျိုးတွေ အဖြစ်များလဲ?
✅မိုးရာသီကာလတွင် အမိုးစလပ်၊ အပြင်နံရံအက်ကြောင်း၊ Beam နှင့် Wall အစပ်ကြား၊ ပြတင်းပေါက်ဘောင် ၊ရေဆင်းပိုက်နှင့် ကွန်ကရိ အဆက်နေရာတွေမှာ ရေစိမ့်မှု ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါသည်။
✅ရေစိမ့်မှု ပြဿနာများကို ကာကွယ်ရန်အတွက် အရည်အသွေးကောင်းသည့် ရေလုံဆေး အသုံးပြုရန် လိုအပ်သလို အောက်ခံ မျက်နှာပြင်ကိုလည်း သေချာစွာ ပြုပြင်ပေးရန် လိုအပ်ပါသည်။
✅အောက်ခံ ကွန်ကရိမျက်နှာပြင် ပြုပြင်ရာတွင် အက်ကြောင်းရှိ မရှိ၊ လေခို မခို ၊ ရေဆိုင်း ကောင်းမကောင်း ၊Joint များရှိမရှိ၊သံချောင်းများ သံချေးတက်နေခြင်းရှိမရှိ အရင်ဆုံး စစ်ဆေး ပြုပြင် သင့် ပါသည်။
ထို့နောက် ထောင့်ချိုး အဆက်နေရာများတွင် Angle Fillet လုပ်ဆောင်ကာ ရေလုံဆေး လုပ်ငန်းကို စနစ်တကျ လုပ်ဆောင်ပေးရပါမယ်။
🔰ရေလုံဆေး ရွေးချယ်ရာတွင် ဘိလပ်မြေ အခြေခံ ရေလုံဆေး ( AquaCem 200 Flex နှင့် AquaCem 100)၊ Acrylic အခြေခံ ရေလုံသုတ်ဆေး (APT RoofGuard Classic)၊ ကွန်ကရိ ဖျော်စပ်ရာတွင် ထည့်သွင်း အသုံးပြုနိုင်သည့် ဆေးရည် APT 850WT တို့ရှိသည်။
🔰AquaCem 200 Flex သည် ကျုံ့ကြွမှုဒဏ် မြင့်မားစွာ ခံနိုင်သည့် နှစ်မျိုးစပ် ဘိလပ်မြေ အခြေခံ ရေလုံဆေး ဖြစ်ပြီး ဧရိယာ ကျယ်ဝန်းသည့် အမိုးစလပ် မျက်နှာပြင်နှင့် ရေကူးကန် များတွင် အသုံး ပြုနိုင်ပါသည်။ AquaCem 200 Flex ရေလုံဆေးသည် အောက်ခံမျက်နှာပြင်အက်ကွဲပါက လိုက်၍ အက်ကွဲခြင်းမျိုး မဖြစ်နိုင်ဘဲ 2mm အထိ ခံနိုင်ရည်ရှိပါတယ်။
🔰AquaCem 100 သည် နှစ်မျိုးစပ် ဘိလပ်မြေ အခြေခံ ရေလုံဆေး ဖြစ်ပြီး movement သိပ်မရှိသော ဧရိယာသိပ် မကျယ်သည့် ဝရံတာ၊ ရေချိုးခန်း၊ အိမ်သာ များတွင် အသုံးပြုနိုင်ပါသည်။
🔰APT RoofGuard Classic သည် UV ဒဏ်နှင့် ပွတ်တိုက်မှု ဒဏ်ကို ခံနိုင်ရည်ရှိသည့်အတွက် အမိုးစလပ်များတွင် အသုံးပြုနိုင်သည်။ RoofGuard Classic သုတ်ထားသော ရေလုံဆေး အလွှာပေါ်တွင် Topping တင်ရန်မလိုပါ။ APT RoofGuard Classic ကို အောက်ခံမျက်နှာပြင် အစိုဓာတ် 6% အောက်ရှိမှသာ အသုံးပြုပေးရန် လိုအပ်သည်။
🔰APT 850WT သည် ကွန်ကရိ အတွင်း စိမ့်ဝင်နိုင်သည့် ရေကို လျှော့ချပေးနိုင်သည့်အတွက် ကွန်ကရိ စတင် လောင်းရာတွင် ထည့်သွင်း အသုံးပြုသင့်သည်။
👉အသုံးပြုမည့် နေရာပေါ်မူတည်၍ အသုံးပြုသင့်သည့် ရေလုံဆေး အမျိုးအစား အကြောင်း အသေးစိတ် သိရှိလိုပါက Aung Pyitan နှင့် တိုင်ပင် ဆွေးနွေးနိုင်ပါသည်။
Check us out on www.AungPyitan.com or call us:
📞📞Phone (or) Viber
✅09 881 881 420
ကွန်ကရိတွေမှာ ရေလုံဆေး အသုံးမပြုထားရင် ကွန်ကရိမှာ အပေါက်ငယ်တွေ ပါရှိတဲ့အတွက် အချိန်ကြာလာတာနှင့် အမျှ ရေစိမ့်ဝင်မှု ပြဿနာတွေ ဖြစ်တက်ပါတယ်။
ရေစိမ့်ဝင်မှုပြဿနာကနေကြိုတင် ကာကွယ်ဖို့အတွက် ရေလုံဆေးကို အသုံးပြုသင့်ပါတယ်။
19/05/2026
Yangon Convention Center မှာကျင်းပပြုလုပ်ခဲ့သော Build Smart & Biggest Myanmar Production 2026 Expo ပြပွဲကြီးတွင် Aung Pyitan မှ ထုတ်ကုန်များစွာ ပါဝင်ပြသခဲ့ပြီး လာရောက်လေ့လာကြတဲ့ Business Owners, Clients, Industry အသီးသီးမှ Professionals များ အယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ် 🤝
01/05/2026
အလုပ်သမားနေ့ (မေဒေး)
ယနေ့ မေလ(၁)ရက်မှာ ကျရောက်သော “အလုပ်သမားနေ့” တွင် ကာယ၊ဥာဏ အားတွေနဲ့ စွမ်းစွမ်းတမံလုပ်ဆောင်နေကြသော အလုပ်သမားများ အားလုံး ကျန်းမာဘေးကင်းပြီး အောင်မြင်ပျော်ရွှင်သောလုပ်ငန်းခွင်များရရှိ ပိုင်ဆိုင်နိုင်ပါစေကြောင်း Aung Pyitan မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်…
30/04/2026
2026ခုနစ်၊ဧပြီလ(30)ရက်နေ့တွင် ကျရောက်သည့် ‘ကဆုန်လပြည့်နေ့’ မှစ၍ မြန်မာပြည်သူပြည်သား အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ Aung Pyitan မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်...🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
54 A, Thirimingalar Street (2). Kamayut Township
Yangon
11041
Opening Hours
| Monday | 09:30 - 17:30 |
| Tuesday | 09:30 - 17:30 |
| Wednesday | 09:30 - 17:30 |
| Thursday | 09:30 - 17:30 |
| Friday | 09:30 - 17:30 |
| Saturday | 09:30 - 13:30 |