Kimber Kimber
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kimber Kimber, Artist, မြန်မာ, Yangon.
16/08/2023
DatShin Review: Across the Spider-Verse
Plot: Earth 1610 ရဲ့ Spider-Man ဖြစ်လာပြီဖြစ်တဲ့ Miles Morales ဟာ သူ့ကျောင်းသားဘဝ နဲ့ superhero ဘဝကို ချိန်ညှိနိင်အောင် ကြိုးပမ်းနေရတုန်းပါပဲ။ ဒီအချိန်မှာပဲ သူ့ရဲ့ မဟာရန်သူတော်ကြီးတစ်ယောက် ပေါ်ထွက်လာခဲ့သလို multiverse တစ်ခွင်က မရေမတွက်နိုင်တဲ့ Spider-Man တွေပါ ပါလာတဲ့အခါ Miles Morales ဟာ ကိုယ်ယုံကြည်တာကို ဆက်လုပ်ဖို့ Spider-Verse တစ်ခုလုံးကို အာခံဖို့ဖြစ်လာခဲ့ပါတယ်။
Review:
Into the Spider-Verse ဟာ အရမ်းကိုကောင်းခဲ့တဲ့၊ ဇာတ်လမ်းဇာတ်ညွှန်း၊ ဇာတ်ကောင်၊ animation ၊ တေးဂီတ အကုန် perfect ဖြစ်နေခဲ့တဲ့ ရုပ်ရှင်ပါ။ Disney look လို့ခေါ်ကြတဲ့ realitic ဖြစ်တဲ့ art design က ကွဲထွက်ပြီး ဆန်းသစ်လွတ်လပ်တဲ့ အမြင်ရှိခဲ့လို့ အရမ်းလူကြိုက်များခဲ့လို့ ခုဆို TMNT တောင် သူ့လို အဆန်းတွေလိုက်လုပ်နေရပါပြီ။ ဒီတော့ ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်ဆို ကျွန်တော် Across the Spider-Verse ကို အများကြီး မျှော်လင့်မထားခဲ့ပါဘူး။ Perfect ဖြစ်ပြီးသားကားကို မီဖို့ ကျော်ဖို့က မလွယ်သလို သူ့ art design ကလည်း ခုဆို ထူးဆန်းတော့တဲ့အထဲမှာလည်း မပါတော့ဘူးလို့ ပြောလို့ရနေတယ်။ Multiverse ဇာတ်လမ်းဆိုတာကလည်း ကောင်းအောင်ရိုက်ပြနိုင်ဖို့က သိပ်လွယ်တာမဟုတ်ဘူး။ ဒါပေမယ့် Across the Spider-Verse ဟာ အရင်ကားရဲ့ perfect ဖြစ်နေပါတယ်ဆိုတဲ့ နေရာတိုင်းနီးပါးမှာ next level ကို တက်ပြသွားခဲ့ပါတယ်။
ရုပ်ရှင်စဖွင့်ကတည်းက အဆုံးအထိ frame တိုင်း၊ ဇာတ်ဝင်ခန်းတိုင်းက တကယ်ကို လှပသေသပ်လွန်းနေခဲ့တယ်။ Music ကလည်း အကောင်းဆုံး support ပေးထားနိုင်တယ်။ အဇာတ်လမ်းဇာတ်ကောင်တွေကလည်း ပျော်ရလိုက်၊ ဝမ်းနည်းရလိုက်နဲ့ တကယ်ကို roller coaster of emotion ဖြစ်အောင် လုပ်သွားတယ်။ ပေါ့လည်းပေါ့ပါးတယ်၊ serious ဖြစ်ချိန်တန်တဲ့အခါလည်း အသေကိုဖြစ်တယ်။ အသံသရုပ်ဆောင်တွေကလည်း အကုန်မိုက်နေပြန်။ ကြည့်နေရင်း တစ်ဝက်မရောက်သေးဘူး ဒီကားက ဇာတ်မသိမ်းခင် ပြီးသွားမှာမို့လို့ မပြီးပါနဲ့ ကြည့်ချင်သေးလို့ပါဆိုပြီး တွေးဖြစ်နေတာ အမှန်ပဲ။
Across the Spider-Verse အကြောင်းက ဆက်ပြောလည်း ဒါတွေပဲလာမှာမို့လို့ အများကြီးမပြောတော့ပါဘူး။ အကုန်ကောင်းနေ ကြိုက်နေတာကိုး။ ဆိုတော့ ပရိသတ်ကြီးလည်း မကြည့်ရသေးဘူးဆိုရင် ၂ ခါတွေးမနေနဲ့ ကြည့်ကြည့်လိုက်ပါ။ ၂ နာရီကျော်လောက် ကောင်းကောင်းကြီး ဖျော်ဖြေသွားပါလိမ့်မယ်။
Rating:
DatShin: 9/10
IMDB: 8.8/10
Rotten Tomatoes: 96%
Audience score: 94%
Director: Joaquim Dos Santos, Kemp Powers, Justin K. Thompson
Writer: Phil Lord, Christopher Miller, Dave Callaham
Producer: Phil Lord, Christopher Miller, Amy Pascal, Avi Arad Christina Steinberg
Cast: Shameik Moore, Hailee Steinfeld, Brian Tyree Henry, Luna Lauren Valez, Jake Johnson, Jason Schwartzman, Issa Rae, Karan Soni, Shea Whigham, Greta Lee, Daniel Kalyuua, Mahershala Ali, Oscar Isaac
Editor, Michael Andrews
Music: Daniel Pemberton
Production: Columbia Pictures Marvel Entertainment, Sony Pictures Animation, Pascal Pictures, Lord Miller Productions, Arad Productions
Distribution: Sony Pictures Releasing
Running Time: 2hrs 20mins
Budget: $100 million
Box Office: $684.4 million
Click here to claim your Sponsored Listing.
Category
Website
Address
မြန်မာ
Yangon