All Success Counsultancy
Our Service
*Training & Development
*HR Development
*Sales & Marketing Development
*Business Development
*Consultancy
*Content Writing
* Motivation Speech
25/05/2025
Ayeyarwaddy Business Center မှ
June လအတွင်း ဖွင့်လှစ်မည့် သင်တန်းများ
👇👇👇👇👇👇👇👇👇👇👇👇👇👇
(1) Certificate in Human Resource Management
(2) Certificate in Marketing Management
သင်တန်းများ
သင်တန်းကာလ (၂) လ
တစ်ပတ် (၂) ရက်
တစ်ရက် (၂) ရီ
သင်တန်းကြေး (၁) သိန်းကျပ်
ဆက်သွယ်ရန် ဖုန်း ၀၉၉၆၄၀၁၆၂၄၃၊ ၀၉ ၄၂၁၀၁၆၂၄၃
https://www.facebook.com/share/p/12MEcmSa777/?mibextid= => HR
https://www.facebook.com/share/p/19qUXrSogL/?mibextid=wwXIfr => Marketing
27/02/2025
Challenges in F&B Industries (Free Seminar)
===================================
ကဲ ဒီတစ်ခေါက် Knowledge Buffet Week - (28) မှာတော့ မိတ်ဆွေတို့အတွက်
Challenges in F&B Industries ကိုရွေးပေးထားပါတယ်
👉ရင်းနှီးမြှပ်နှံမယ့်သူတွေ
👉အလုပ်လုပ်ကိုင်မည့်သူတွေ
👉F&B စိတ်ဝင်စားသူတွေ
တွေ့ကြမယ်၊ ဆုံကြမယ်၊ အခက်အခဲတွေတိုင်ပင်ကြမယ် နှီးနှောဖလှယ်ကြမယ်၊ ဆွေးနွေးကြမယ်
ဦးဆောင်ဆွေးနွေးပေးမယ့်သူကတော့
Ko Aung Thu Hein @ Smiley ဖြစ်ပြီး
ကိုအောင်သူဟိန်းဟာ
1️⃣ Bar, F&B လုပ်ငန်းများမှာ နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိပြီး
2️⃣F&B စီးပွါးရေးလုပ်ငန်းထူထောင်ချင်သူများအတွက် အကြံပေးလုပ်ကိုင်နေပြီး
3️⃣ကိုယ်တိုင်လဲ SMILE 33 Cocktail Bar & Restaurant လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါတယ်
4️⃣ ကိုယ်တိုင်လဲ ပြည်တွင်းပြည်ပ F&B အတွေ့အကြုံများလေ့လာထားသူ တစ်ယောက်ဖြစ်ပါတယ်
⛔️လူဦးရေ ကန့်သတ်ထားတာမို့ ကြိုတင်စာရင်းပေးသွင်းဖို့လိုပါတယ်⛔️
ကျင်းပမည့်နေ့ - ၂ မတ်လ ၂၀၂၅ (Sunday)
အချိန် - နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ
နေရာ - နံပါတ် (၁၃၆-၁၃၈)၊ ၃၉ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
စာရင်းပေးရန်ဖုန်း - ၀၉၉၆၄၀၁၆၂၄၃
(ယခုအစီအစဉ်ကို Ayeyarwaddy Business Center နဲ့ RGN Learning Center မှ ပူးပေါင်းကျင်းပပါသည်။)
19/11/2024
မားကတ်တင်းမတတ်ရင် ဘယ်လိုစီးပွားရေးလုပ်မလဲ???
Certificate in Marketing Management
***************************************
ကိုယ်ပိုင်စီးပွားရေးမှာပဲသုံးသုံး
မားကတ်တင်းနဲ့ အသက်မွေးဝမ်းကျောင်းပဲပြုပြု
မားကတ်တင်းကို လေ့လာလို၍ပဲ ဖြစ်ဖြစ်
မားကတ်တင်းပညာရပ်ကို လက်တွေ့ပြန်လည်အသုံးချနိုင်သည်အထိ စနစ်တကျ သေချာစွာသင်ကြားပေးသွားမည်ဖြစ်ပါသည်
လေ့လာသင်ယူရမှာတွေကတော့ -
1. Introduction to Marketing
မားကတ်တင်းပညာရပ်ဆိုတာဘာလဲ??
မားကတ်တင်းသမားတစ်ယောက်ကဘာတွေလုပ်ရမှာလဲ??
Company တွေမှာ မားကတ်တင်း ကောင်းဖို့ ဘာလို့လိုအပ်နေတာလဲ??
စတာတွေကို လေ့လာသင်ကြားရမှာဖြစ်ပါတယ်
2. Research for Marketing
မည့်သည့်အဖွဲ့အစည်းမဆို မားကတ်တင်းလုပ်ဖို့အတွက်လိုအပ်တဲ့အခြေခံကတော့ Research လုပ်ဖို့ပဲဖြစ်ပါတယ်၊ Market Research ကနေရရှိလာမယ့် Data တွေကနေတဆင့် မိမိအဖွဲ့အစည်းအတွက် အသုံးဝင်တဲ့ သတင်းအချက်အလက်တွေအဖြစ် အသုံးချနိုင်ဖို့ စာတွေ့လက်တွေ့တွေနဲ့ ရှင်းလင်းပြသသွားမှာဖြစ်ပါတယ်
3. Market Segmenting, Targeting and Positioning
မားကတ်တင်းပညာရပ်မှာအရေးကြီးဆုံးအပိုင်းဖြစ်တယ့် မိမိဖောက်သည်တွေဆီကို ရောက်ရှိဖို့ပဲဖြစ်ပါတယ်၊ ယင်းကဲ့သို့ မိမိဖောက်သည်တွေဆီကိုရောက်ရှိဖို့ Market Segment, Target နဲ့ Positioning အပိုင်းတွေကို ဘယ်လိုအသုံးချမလဲဆိုတာကို လေ့လာရမှာဖြစ်ပါတယ်
4. Managing Brand
မိမိတို့ ကုန်ပစ္စည်းအမှတ်တံဆိပ်ကို ဝယ်ယူသူဖောက်သည်တွေအကြားပြန့်နှံ့ရောက်ရှိပြီး၊ ဝယ်ယူသူ ဖောက်သည်တွေရဲ့ လေးစားတန်ဖိုးထားမှုရရှိလာအောင် ဘယ်လိုကြိုးစားရမလဲ၊ တခြားသော စျေးကွက်ထဲမှာ ရှိတဲ့ အမှတ်တံဆိပ်တွေထဲမှာ မိမိအမှတ်တံဆိပ်ကို လူသိများထင်ရှားစေဖို့ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကိုသင်ကြားပို့ချသွားမှာဖြစ်ပါတယ်
5. Service Marketing
မားကတ်တင်းသမားတိုင်းသိထားသင့်တဲ့ ဝန်ဆောင်မှုမားကတ်တင်းကဘာလဲ???
မိမိတို့ထုတ်ကုန်က ဝန်ဆောင်မှုလား???ကုန်ပစ္စည်းလား??? ဝန်ဆောင်မှုမားကတ်တင်းက ဘာလို့အရေးကြီးသလဲ??? ဝန်ဆောင်မှုမားကတ်တင်းမှာ လိုက်နာသင့်တာတွေ၊လုပ်ထုံးလုပ်နည်းတွေ၊သဘောတရားတွေကို စနစ်တကျလေ့လာသင်ယူခွင့်ရရှိမှာဖြစ်ပါတယ်
6. Digital Marketing
မိမိတို့ကုန်ပစ္စည်း၊ ဝန်ဆောင်မှု အစရှိသည်တို့ကို သမာရိုးကျ မိရိုးဖလာ မားကတ်တင်းစနစ်ကနေ အများပြည်သူထံအချိန်တိုအတွင်း၊ အကျိုးရှိရှိ ပြန့်နှံ့ရောက်ရှိနိုင်ဖို့ ဒစ်ဂျစ်တယ် မားကတ်တင်းကို ဘယ်လိုအသုံးချမလဲ၊ ဒစ်ဂျစ်တယ်မားကတ်တင်းရဲ့ စိန်ခေါ်မှုတွေနဲ့ အကျိုးဖြစ်ထွန်းမှုတွေ စတာတွေကို နားလည်သည်အထိရှင်းလင်းပြောပြသွားမှာဖြစ်ပါတယ်
7. Marketing Plan
မားကတ်တင်းသမားတစ်ယောက်အတွက်အရေးကြီးဆုံးအရာတစ်ခုကတော့ Marketing Plan ပဲဖြစ်ပါတယ်၊ မိမိတို့အဖွဲ့အစည်းအတွက်လိုအပ်နေတဲ့ မားကတ်တင်းစီမံကိန်းကိုဘယ်လိုဆွဲမလဲ၊ ဘယ်လိုအကောင်အထည်ဖော်မလဲ စတာတွေကို သီအိုရီတွေ၊ စာတွေ့တွေ၊ လက်တွေ့တွေနဲ့ရှင်းလင်းပြသသွားမှာဖြစ်ပါတယ်
8. Professional Selling
မားကတ်တင်းနဲ့ အရောင်းဘာကွာသလဲ??? လူတိုင်းက အရောင်းသမားတွေမို့၊ အရောင်းသမားကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်ဖို့လိုသလဲ၊ မားကတ်တင်းသမားက စျေးရောင်းတတ်ဖို့လိုသလား??? အရောင်းဖြစ်အောင် လိုက်နာဆောင်ရွက်ရမယ့် အချက်အလက်တွေ စတာတွေရှင်းလင်းပြောပြသွားမှာဖြစ်ပါတယ်
သင်တန်းရက် - Mon - Tue (၂ လသင်တန်း)
သင်တန်းအချိန် - ၆ နာရီခွဲမှ ၈ နာရီအထိ
စတင်မည့်ရက် - ၁၆ ဒီဇင်ဘာ ၂၀၂၄
ZOOM ဖြင့် အွန်လိုင်းမှ သင်ကြားပို့ချသွားမည်
သင်ကြားမည့်သူ - William (Management)
သင်တန်းကြေး - ၁ သိန်းကျပ်
စစ်မှန်သည့်စီမံခန့်ခွဲမှုပညာရပ်များကို အမှန်တကယ် တတ်မြှောက်လိုသူများကို နွေးထွေးစွာကြိုဆိုပါသည်
All Success Counsultancy
02/11/2024
Followership (နောက်လိုက်ကောင်းလုပ်ခြင်းအတတ်ပညာ)
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
Followership လို့ ဆိုလိုက်ရင် လူတိုင်းကိုက မလှုပ်ချင်မကိုင်ချင်ကြတော့တာ၊ ဦးဆောင်သူ နေရာတစ်ခု ရကိုရမှလိုချင်တာမျိုးဖြစ်နေတယ်.......။ ဒီဟာလေးကို ကျွန်တော် မိတ်ဆွေ ဒေါက်တာအောင်ကိုကို Training စလုပ်ကတည်းက - ဒီ Terms ကို ကျွန်တော်သဘောကျနေခဲ့တာပါ.......။
ကြုံတုန်းလေးပြောရအူးမယ် စီမံခန့်ခွဲသူတွေအများကြီးရှိတဲ့အထဲကမှ ကျွန်တော်အားအကျရဆုံး ပြည်းတွင်းက ဆရာနှစ်ဦးရှိတယ် တစ်ယောက်က မန်းလေးက တစ်ယောက်က ရန်ကုန်က
နှစ်ယောက်လုံးက ဒေါက်တာတွေချည်းပဲ
တစ်ယောက်က HR လိုင်း
နောက်တစ်ယောက်က မားကတ်တင်းလိုင်း 😁😁😁
နှစ်ယောက်စလုံးက ဒေါက်တာဘွဲ့တွေစွန့်ပြီး HR သင်ကြားရေးဆရာလုပ်/ မားကတ်တင်းသင်ကြားရေးဆရာလုပ်နေကြတာ
နှစ်ယောက်လုံးအဲ့ဒီသက်ဆိုင်ရာပညာရပ်တွေကို ဆုံးခန်းတိုင်အောင် ကြိုးစားပမ်းစားလိုက်ကြတာနော်
တစ်ယောက်က HR လောကက ဆရာဒေါက်တာအောင်ကိုကို
တစ်ယောက်က Marketing လောကက ဆရာဒေါက်တာဖြိုးပိုင်(ဘူကောင်တွေကိုရှောင်ခိုင်းတဲ့ဆရာ)😁😁😁
ဒီဆရာတွေ စာဖတ်ကြမ်းချက်က 9 လောက်ရှိတယ်
နှစ်ယောက်စလုံးက Fastest Reader တွေချည်းပဲ
မှတ်မှတ်သားသားရှိမယ်ဆို ဆရာနှစ်ယောက်စလုံးက သက်ဆိုင်ရာ ဘာသာရပ်တွေ ဂျွတ်တယ်
ကျွန်တော်သည်ကား ဟိုဘက်မရောက် သည်ဘက်မရောက် အလယ်မှာကားယားကြီး 😁😁
အဲအဲ Followership လေးဆီဆက်သွားလိုက်အူးမယ်
ဆရာအောင်ကိုကိုမိတ်ဆက်ပေးလို့ ကျွန်တော် Followership ကိုသိတယ် အဲ့ဒီတော့မှလေ့လာကြည့်တော့ကျွန်တော်တို့ဆီမှာက များလိုက်တဲ့ Leadership Training တွေ မတတ်ချင်မှ အဆုံးပါ။ တကယ်တမ်းကတော့ Leader တွေကိုလိုပါတယ်။ ဒါပေမယ့် အများစုဟာ Leader ဘ၀ကို ဗြုန်းခနဲ ဆိုရလာကြတာမဟုတ်တော့ Followership ကို အလေးထားသင့်တယ်လို့ ထင်မြင်မိပါတယ် .....။
ကျွန်တော်လည်း တခြားorganization တစ်ခုမှ Corporate Training လုပ်ပေးဖို့စီစဉ်တော့ MD က သူက Follower မဟုတ်ဘူးတဲ့ တက်ဖို့လိုလို့လားတဲ့ပြန်မေးပါတယ်။ ကျွန်တော်တို့ ဟာ အမြဲတမ်းLeader ဖြစ်နိုင်မလားဆိုတာစဉ်းစားစရာပါ.........။ တစ်နေရာရာ တဒေါင့် ဒေါင့် မှာတော့ Follow လုပ်ရမှာပါ.........။ Follow လုပ်ခြင်း၊ နောက်လိုက်ကောင်းလုပ်ခြင်းဟာ မိမိသွားလိုသော ပန်းတိုင်ကို အန္တရာယ်ကင်းကင်း အချိန်တိုတိုနဲ့ အကျိုးရှိရှိ ရောက်သွားစေတဲ့ အဓိကအချက်ပါ။
မိမိမကျွမ်းကျင် မိမိနားမလည်သေးတဲ့အချိန်မှာတော့ Follower လုပ်ရင်း ၀မ်းစာစုသင့်ပါတယ်။ ကျွန်တော်လည်း Followeship/ Leadership သင်တန်းပေါင်း ၅၀ နီးပါးခန့် လူပေါင်းစုံအဖွဲ့အစည်းပေါင်းစုံကိုပေးလာခဲ့တာ Leadership မသင်မီ Followership သင်ခြင်းဟာ ပိုမိုထိရောက်တယ်ဆိုတာတွေ့ရတယ်၊ အခုနောက်ပိုင်းလုပ်ငန်းရှင်တွေ၊ သူဌေးတွေ၊ ဆိုင်ရှင်တွေကို တွေ့လည်း မိမိအနေနဲ့ လုပ်ငန်းထဲ Operation ထဲမှာ အမြဲရှိနေတာမဟုတ်တဲ့အတွက် Followership စိတ်ဓါတ်နဲ့ မိမိလက်အောက်ငယ်သား/ ဝန်ထမ်းထံကနေ ပြန်လည်း နည်းနာယူရမယ်၊ ကောင်းတာတွေ့ရင် ပြုပြင်မယ်ပြောင်းလဲမယ်၊ လိုအပ်ရင် ချီးကျူးမယ် အကြံဥာဏ်တောင်းမယ် တစ်ချို့သော ဂျပန်စက်ရုံတွေဆို Tool Box Meeting လုပ်ပြီး ဝန်ထမ်းတွေဆီက ကုန်ထုတ်စွမ်းအားတိုးတက်ဖို့ အကြံဥာဏ်တွေတောင်းခံတယ်
မြန်မာနိုင်ငံမှာလည်းCompany အကြီးကြီးတစ်ခုက အဲ့သလိုပုံစံမျိုး လုပ်ငန်းစီမံကိန်းတွေကို ဝန်ထမ်းတွေထံက အကြံဥာဏ်ရယူတာတွေကြားရတယ်
တစ်ခုပဲရှိတယ် ကောင်းတာတွေ့ရင် ချီးကျူးရမယ်မြှောက်စားရမယ် ကိုယ်မသိရင် ကိုယ်နားမလည်ရင် ဦးဆောင်တဲ့ သူနောက်ကလိုက်က မှာထုံးစံပါပဲ အရာရာတိုင်းမှာ ဦးဆောင်သူမဖြစ်နိုင်ပါဘူး ကိုယ်ကိုတိုင်နောက်လိုက်လုပ်ချိန်မှာ အဖွဲ့အစည်းကို အကျိုးပြုတဲ့နောက်လိုက်ကောင်းဖြစ်ဖို့လိုပါတယ်
ဝန်းထမ်းငယ်တွေအနေနဲ့ကလဲ အလားတူပါပဲ ချက်ချင်း လူကြီးဖြစ်ဖို့ခေါင်းဆောင်ကြီးဖြစ်သွားဖို့ မတွေးပဲနဲ့ မိမိအနေနဲ့ ၀မ်းစာပြည့်လာရင်တော့ တစ်ခြားသူများကို မိမိလိုဖြစ်လာအောင် ဦးဆောင်လမ်းပြလုပ်ရင်းနဲ့ Leader အဖြစ်ခံယူသင့်ပါတယ်.....Before you are a leader, success is all about growing yourself. When you became a leader, success is all about growing other ပေါ့ဗျာ................နောက်လိုက်ကောင်းများဖြစ်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်
02/11/2024
Digital Marketing ကို သုံးပြီး Branding ဘယ်လိုလုပ်ရမလဲဆိုတာကို နက်ဖြန် မျှဝေသွားပါမယ်
မနက်ဖြန် တွေ့ကြမယ်ဗျာ
😊😊😊
23/10/2024
အရင်းအနှီးအနည်းဆုံး နဲ့ စီးပွားရေးဘယ်လိုစတင်မလဲ????
======================================
ယခုတစ်ပတ် Knowledge Buffet အပတ်စဉ် (၂၂) အဖြစ်
စီးပွားရေးလုပ်ငန်းများအတွက် အကြံပေးအဖြစ် လုပ်ကိုင်နေသူ၊
မြန်မာနိုင်ငံ၏ ပထမဦးဆုံး စားသောက်ဆိုင်လုပ်ငန်းစီမံခန့်ခွဲမှု သင်တန်းများကို သင်ကြားပို့ချပေးနေသော
Pro Wave သင်တန်းကျောင်း၏ Founder ဖြစ်သူ
ဆရာ Rio မှ
စီးပွားရေးလုပ်ငန်းစတင်ချင်သူများ၊
စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်ရည်ရွယ်နေသည့် လူငယ်၊ လူရွယ်များအတွက်
***အရင်းအနှီးနည်းနည်း
***ထိရောက်မှုရှိရှိနဲ့
*** စီးပွားဖြစ်နိုင်သော
***စီးပွားရေးလုပ်ငန်း စတင်နိုင်စေရန် ရည်ရွယ်၍
“How to start a business with a small investment???”
အရင်းအနှီးအနည်းဆုံး နဲ့ စီးပွားရေးဘယ်လိုစတင်မလဲ????
ခေါင်းစဉ်ဖြင့်
အကြံဉာဏ်များ၊
ဆွေးနွေးမှုများဖြင့် ဟောပြောပို့ချပေးသွားမည် ဖြစ်ပါသည်....
အချိန် - နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲ အထိ
နေ့ရက် - ၂၆ အောက်တိုဘာလ ၂၀၂၄ (စနေနေ့)
နေရာ - နံပါတ် (၁၃၆-၁၃၈)၊ ၃၉ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
စာရင်းသွင်းရမည့်ပုံစံ - Chat Box (သို့) ဖုန်း - ၀၉ ၉၆၄၀၁၆၂၄၃ စာရင်းပေးသွင်းနိုင်သည်။
မည်သူမဆို အခမဲ့တက်ရောက်နိုင်ပြီး၊ လူဦးရေအကန့်အသတ်ရှိပါသည်။
Ayeyarwaddy Business Center
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Thamaing Station Road
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |