DECO LIGHT-Engineering Services

DECO LIGHT-Engineering Services

Share

South Dagon Site…Loading

23/05/2025

👉ငလျင်ဒဏ်ခံခဲ့ရသောအိမ်များသည် မိုးရာသီအချိန်တွင် အောက်ပါအခြေအနေများ ဖြစ်ပေါ်နိုင်သည်

✅အိမ်အပြင်ဘက်တွင် ဖွဲ့စည်းမှုများ ထိခိုက်မှုကြောင့် မိုးရေများစွာဝင်နိုင်ခြင်း

✅ငလျင်ကြောင့် အုတ်ခဲများပြိုကျ ခြင်း၊ အုတ်ခဲများကျဲကုန်သည့် နေရာများမှ မိုးရေများ ဝင်နိုင်သည်။

✅ကျိုးပဲ့နေသော နံရံများ၊ ခြံစည်းရိုးများ မှတဆင့် ရေစီးဝင်မှု ဖြစ်နိုင်သည်။

✅မိုးရေယိုစိမ့်ခြင်း (Leakage & Seepage)
အသုံးပြုထားသောလှေကားခွင်များနှင့်အပေါ်ထပ်များရှိနံရံများ crack များရှိလျှင် မိုးရေစိမ့်ဝင်နိုင်သည်။

✅ငလျင်ကြောင့် အပေါက်သေးသေးလေးများပေါ်လာပြီး မိုးရေစိုထိတွေ့မှုကြောင့် အိမ်ကို ညစ်ပတ်လာမှု ဖြစ်ပေါ်နိုင်သည်။

✅မိုးရေဝင်ခြင်းကြောင့် လျှပ်စစ်ဝါယာသွယ်တန်းထားသောနံရံများတွင် ဝါယာရှော့များလည်း ဖြစ်နိုင်သည်။

✅ခင်းကျင်းထားသောကြမ်းပြင် (wooden flooring, laminate) များ ရေမြှုပ်ခြင်းကြောင့် ပွပီး ပျက်ဆီးခြင်းများဖြစ်နိုင်သည်။

✅မိုးအကြီးအကျယ်ရွာသွန်းမှုကြောင့် foundation အပေါ်ဖိအားတိုးလာပြီး ငလျင်ကြောင့်တုန်လှုပ်ပြီးသား အိမ်ကို ထပ်မံဖိအားဖြစ်ပေါ်စေနိုင်သည်။

✅လေပြင်းတိုက်ခတ်ခဲ့ပါက already weakened structure များ ရုတ်တရက် ပြိုကျနိုင်သည်။

🙏🙏🙏အကြံပြုချက်များအနေဖြင့်

👌Post-earthquake inspection ပြုလုပ်ခြင်း နှင့် မိုးရာသီမတိုင်ခင် structure integrity စစ်ဆေးရန် လိုအပ်ပါသည်။

👌Crack နှင့် leakage ရှိရာတွင် sealant, waterproof materials များအသုံးပြုပီး အဆင်ပြေရန် ပြုလုပ်ထားသင့်သည်။

👌သံတိုင်များ ခြံစည်းရိုးများကို reinforcement ပြုလုပ်ပီး ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။

👌မိုးရေမဝင်အောင် Roofing Systemကိုပြန်လည်စစ်ဆေး ပြင်ဆင်ထားသင့်ပါသည်

မိတ်ဆွေများ ၏အကျိုးအတွက် ကျွန်မတို့ DECO LIGHT-Engineering Services မှ နှိုးဆော်အပ်ပါသည်👆🏻👆🏻👆🏻👆🏻👆🏻

Photos from DECO LIGHT-Engineering Services's post 22/05/2025

"ဘယ်နှစ်ထပ်အိမ်ဆောက်ရင်အကောင်းဆုံးလဲ"

ဆိုတဲ့မေးခွန်းကို ဖြေဖို့အတွက် သင့်ရဲ့လိုအပ်ချက်တွေ၊ မြေအကျယ်အဝန်း၊ မိသားစုဝင်အရေအတွက်၊ ဘတ်ဂျက်၊ နေရာဒေသနဲ့ နောက်ထပ်အသုံးပြုမှု (နေထိုင်ဖို့၊ ရုံးအဖြစ်၊ ငှားမယ်လား စတာတွေ) များကို စဉ်းစားရပါမယ်။

အထွေထွေ အကြံပြုချက်ကတော့:

👉တစ်ထပ်အိမ် –

အသက်ကြီးသူတွေအတွက် သင့်တော် (လှေကားမရှိ)

မြေကျယ်ပြီး လွယ်လွယ်နဲ့နေချင်သူတွေအတွက်

အဆင်ပြေမယ်

👉နှစ်ထပ်အိမ် –

မိသားစုကြီးတစ်ခုနေဖို့အတွက် သင့်တော်မယ်

အခန်းဖွဲ့များများရမယ် ခြံဝန်းထဲအပင်စိုက်

👉3ထပ်အိမ်(သို့)အထပ်များများ

မြေအနည်းငယ်နဲ့ နေရာများများသုံးချင်သူတွေအတွက်

သုံးထပ် (သို့) ထပ်များများ ဆောက်သင့်ပါတယ်။

ရုံး၊ အဖွဲ့အစည်းနေရာတွေအတွက် သင့်တော်မယ်။

အပေါ်ထပ်မှာ ငှားဖို့ထားမယ်ဆိုရင် အကျိုးရှိမယ်။

မြို့တွင်း မြေဈေးကြီးရာဒေသတွင် ရှိသူများအတွက်

အဆင်ပြေဆံုး

အကြံပြုချက်အနေနဲ့ကတော့

မိသားစုအတွက် သာမန်နေထိုင်ရန်ဆိုရင် နှစ်ထပ်အိမ် (သို့) နှစ်ထပ်ခွဲအိမ်က အလယ်အလတ်အဖြစ်အကောင်းဆုံးဖြစ်တတ်ပါတယ်။



လူကြီးမင်းများ အဆောက်အဦး Design များလိုအပ်ခဲ့လျင် ဆက်သွယ် နိုင်ပါသည်။

✅Package 1 (Exterior)-Archi Drawing 2D (Plans&Elevation) +3D(4Views)
👉1Sqft 300 MMK

✅Package 2(Exterior)-Archi +Structure Drawing+3D(7Views)
👉1Sqft 600 MMK

✅Package 3(Interior)-ID Drawings +3D 3Views(1Room)
👉1Sqft 1000 MMK

ဆက်သွယ်ရန်
📞 09 783434719 | 09 444338466
📩[email protected]
🏢 No.33/L, ပျော်ဘွယ်လေးကြိုးစက်လမ်း, မရမ်းကုန်းမြို့နယ်, ရန်ကုန်မြို့

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Kyeik Wine Pagoda Road
Yangon