Biflora Myanmar
၀မ်းပျက်၀မ်းလျောခြင်းများအတွက် BIFLORA ......
27/06/2024
Probiotics သိမ်းဆည်းနည်း
Probiotics များသည် ခန္ဓာကိုယ်ကို ကောင်းကျိုးပြုသော ဘက်တီးရီးယားလေးများ ဖြစ်ပြီး အစာနှင့်အူလမ်းကြောင်းတွင် အများဆုံး ရှိနေတတ်ကြပါသည်။
ယခုအခါ Probiotics များကို ခန္ဓာကိုယ်ကျန်းမာရေး ကောင်းကျိုးများအတွက် တွင်ကျယ်စွာ အသုံးပြုလာကြပါသည်။ Probiotics တမျိုးနှင့်တမျိုး ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှုပုံ မတူညီကြဘဲ Probiotics အမျိုးအစားပေါ် မူတည်၍ ၄င်းတို့နှင့် သက်ဆိုင်သည့်ကျန်းမာရေးကောင်းကျိုးများကို ပေးနိုင်ကြသည်။ ဥပမာအားဖြင့် ဝမ်းပျက်ဝမ်းလျောခြင်းအတွက် အသုံးပြုနိုင်သလို နာတာရှည်အူရောင်ယမ်းခြင်း (IBD)၊ အူလှုပ်ရှားမှုပုံမှန်မဟုတ်ခြင်း (IBS)၊ အသည်းအဆီဖုံးခြင်း၊ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း၊ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း အစရှိသဖြင့် ကောင်းကျိုးများပေးစွမ်းနိုင်ပါသည်။
အချို့သော Probiotics များသည် အပူဒဏ်ကိုအတော်အသင့်ခံနိုင်သော်လည်း အချို့ Probiotics များသည် အပူဒဏ်မခံနိုင်သဖြင့် Probiotics များကိုသိမ်းဆည်းမည်ဆိုလျှင် အေး၍ခြောက်သွေ့သောနေရာတွင် သိမ်းသင့်ပါသည်။
Biflora တွင်ပါဝင်သော Probiotics သိမ်းဆည်းရာ၌ ရေခဲသေတ္တာထဲတွင် သိမ်းရန်မလိုဘဲ အေး၍ခြောက်သွေ့သော နေရာ၊ အခန်းအပူချိန် ၃၀°C အောက်၊ နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့သောနေရာတွင် အလွယ်တကူ သိမ်းဆည်းနိုင်သဖြင့် အိမ်တိုင်းဆောင်ထားသင့်ကြောင်း တင်ပြလိုက်ပါသည်။
26/06/2024
ဆယ်မွန်ငါးအစိမ်းစားခြင်း
ဆယ်မွန်ငါးအပါအဝင် အဆီများသော ငါးများကို ကျန်းမာရေးအတွက် စားသုံးရန်အထူးသင့်တော်ပါသည်။ ဆယ်မွန်ငါးတွင် ခန္ဓာကိုယ်ကို အကျိုးပြုသော Omega-3 Fatty acid သာမက အသားဓါတ်၊ ဗီတာမင် B အုပ်စု၊ ပိုတက်ဆီယမ်၊ ဆီလီနီယမ် အစရှိသည့် ခန္ဓာကိုယ်ကို အကျိုးပြုစေသော အာဟာရဓါတ်များ စုံလင်စွာ ပါဝင်ပါသည်။
ဆယ်မွန်ကဲ့သို့ အဆီများသောငါးများ စားပေးခြင်းဖြင့် သွေးပေါင်ချိန် ထိန်းစေခြင်း၊ ခန္ဓာကိုယ် ရောင်ယမ်းမှုများကို သက်သာစေခြင်း၊ ကိုယ်အလေးချိန် ထိန်းစေခြင်း၊ နှလုံးနှင့်ဦးနှောက် ကျန်းမာရေးကို အထောက်အကူ ပြုစေခြင်း၊ အရေပြား ကျန်းမာစေခြင်း၊ စိတ်ဖိစီးမှုနှင့် စိတ်ကျခြင်းမှ သက်သာစေခြင်း၊ မျက်စိအမြင်အာရုံ ကောင်းစေခြင်း၊ အရိုးကျန်းမာစေခြင်း အစရှိတဲ့ ကောင်းကျိုးများကို ရစေနိုင်မှာဖြစ်ပါသည်။
ငါးကို များသောအားဖြင့် ကြော်ချက်ပြီးမှ စားသုံးကြသော်လည်း၊ ဂျပန်၊ ကိုရီးယားအစရှိသည့် လူမျိုးများက လတ်လတ်ဆတ်ဆတ် အစိမ်းအတိုင်း စားကြပါသည်။ ယခုအခါတွင် ငါးအစိမ်းစားခြင်းသည် ခေတ်စားလာပြီး ကမ္ဘာအနှံ့တွင် ငါးအစိမ်းစားနေကြပါသည်။ ငါးအစိမ်း စားခြင်းကို ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ အသက်ကြီးသူ ဘိုးဘွားများ၊ ကိုယ်ခံအားကျနေသူများအတွက် မသင့်တော်ခြင်းကြောင့် သတိပြုဆင်ခြင်သင့်ပါသည်။
ငါးအစိမ်းစားရာတွင် လတ်ဆတ်မှု လွန်စွာအရေးကြီးပြီး၊ အရောင်ဖျော့ပြီး အစက်များပေါ်နေသော၊ အသားပျော့နေပါက မစားသင့်ပါ။ ဆယ်မွန် စသည့်ငါးများကို ပြင်ဆင်ရာတွင် သုံးသော စဥ့်တီတုံး၊ ဓါး အစရှိသည်တို့ကို သေချာစွာ ဆေးကြောသန့်စင်ဖို့ လိုပါသည်။ ငါးအစိမ်းဝယ်လာပြီး မစားဖြစ်သေးပါကလည်း ဘက်တီးရီးယား မပေါက်ဖွားစေရန် ရေခဲသေတ္တာ အအေးခန်းတွင် ကောင်းမွန်စွာ သိမ်းဆည်ရးပါမည်။ လျှပ်စစ်မီးမမှန်ပါက သိုလှောင်ထားသည့် ငါး၏ အရည်အသွေး ထိခိုက်နိုင်ပါသည်။
ထို့ပြင် ငါးအစိမ်း ကိုင်တွယ်ရာတွင်လည်း မသန့်ရှင်း၍ ဖြစ်စေ၊ ငါးတွင်ကပ်နေသော ဘက်တီးရီးယားပိုးများကြောင့်ဖြစ်စေ ဝမ်းပျက်ဝမ်းလျောခြင်း၊ ပျို့အန်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။
ဝမ်းလျောဝမ်းပျက် လက္ခဏာများ ပြင်းထန်ပါက ဆေးရုံ၊ ဆေးခန်းများသို့ ပြသ၍ ကုသမှု ခံယူသင့်ပါသည်။
ထိုကြောင့် ငါးအစိမ်းစားပါက သန့်ရှင်းလတ်ဆတ်မှု အထူးအရေးကြီးသလို၊ သန့်ရှင်းကောင်းမွန်စွာ ထားသိုပြင်ဆင်ကိုင်တွယ်ရန်လည်း လွန်စွာအရေးကြီးကြောင်း တင်ပြလိုက်ပါသည်။
23/06/2024
ဝမ်းအစိမ်းရောင် သွားစေသော အကြောင်းများ
ဝမ်းသွားတဲ့အခါ အစိမ်းရောင်ဝမ်းတွေကို တွေ့လိုက်ပါက ရုတ်တရက် လန့်သွားတတ်ပါသည်။ ဝမ်းအစိမ်းရောင် သွားစေသော အကြောင်းရင်းများတွင် ပုံမှန်အခြေအနေများ ဖြစ်သည့် အစိမ်းရောင်၊ ခရမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ စားခြင်း၊ သံဓာတ် ကြွယ်ဝသော အစားအစာများနှင့် သံဓာတ် ဖြည့်စွက်စာများကို သောက်သုံးခြင်း၊ ဝမ်းနှုတ်ဆေး သောက်ခြင်း၊ ပဋိဇီဝပိုးသတ်ဆေး သောက်ခြင်း၊ ကော်ဖီ သောက်ခြင်း တို့ကြောင့်လည်း ဖြစ်စေနိုင်ပါသည်။
Salmonella ရောဂါပိုးဝင်၍ အစာအဆိပ်သင့်ရာတွင် လည်းကောင်း၊ သည်းခြေအိတ် ခွဲစိတ်၍ ဖယ်ရှားထားသူများတွင် လည်းကောင်း ဝမ်းအစိမ်းရောင် သွားနိုင်ပါသည်။
မွေးကင်းစကလေး များတွင်လည်း ပုံမှန်အားဖြင့် ဝမ်းအစိမ်းရောင် သွားနိုင်ပါသည်။
ပုံမှန်အားဖြင့် အထက်ပါ အကြောင်းများကြောင့် ဝမ်းအစိမ်းရောင် သွားတတ်သော်လည်း ဝမ်းလျောတာ ၃ ရက်ထက် ပိုကြာနေလျှင်၊ အန်တာ ၁ ရက်ကျော်နေလျှင်၊ ဗိုက်အလွန်အမင်း အောင့်လျှင်၊ ဝမ်းတွင် သွေးပါလျှင် ဆေးရုံ၊ဆေးခန်းသို့ သွားရောက်ပြသသင့်ပါကြောင်း တင်ပြလိုက်ပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
No. 218, Bogyoke Road, Botahtaung Tsp
Yangon