Wonderful Companions
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wonderful Companions, Pet breeder, Yangon.
25/04/2026
German Spepherd Dog Age (Years) Approximate Human Age Life Stage
အသက် ၁၃ နှစ်၊ တနည်းအားဖြင့် ၈၂ နှစ်ရှိပြီဖြစ်သော Wonderful Companions မှ သတ်တော်ရှည် ဖိုးဖိုးဘန်...
6 Months 10 years Pre-teen / Adolescent
1 Year 15 years Teenager
2 Years 24 years Young Adult
3 Years 28 years Adult
4 Years 32 years Adult
5 Years 36 years Middle-Aged
6 Years 45 years Middle-Aged / Mature
7 Years 50 years Entering Senior
8 Years 55 years Senior
9 Years 61 years Senior
10 Years 66 years Geriatric
11 Years 72 years Geriatric
12 Years 77 years Geriatric
13 Years 82 years Geriatric
20/02/2026
🇧🇪 Belgian Dogs: ဘယ်လ်ဂျီယံ မာလီနွိုက်စ် များ၏ ခန့်ညားမှု၊ လုပ်ရည်ကိုင်ရည်နှင့် စွမ်းဆောင်ရည်ပြည့်ဝမှု 🐾
ဘယ်လ်ဂျီယံနိုင်ငံက ဆင်းသက်လာတဲ့ သိုးထိန်းခွေးမျိုးနွယ်စုတွေဟာ သူတို့ရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်၊ တက်ကြွတဲ့ စွမ်းအင်နဲ့ ထူးခြားတဲ့ အလုပ်လုပ်နိုင်စွမ်းကြောင့် ကမ္ဘာမှာ နာမည်ကြီးပါတယ်။
မျိုးရိုးဗီဇ တူညီကြပေမယ့် သူတို့ရဲ့ အမွှေးအမျှင် ပုံစံပေါ်မူတည်ပြီး (၄) မျိုး ကွဲပြားသွားပါတယ်။
🐕 Belgian Malinois (မာလီနွိုက်စ်)
ဒီနေ့ခေတ်မှာ လူသိအများဆုံး အမျိုးအစားပါ။ ကိုယ်ခန္ဓာ တောင့်တင်းဖျတ်လတ်ပြီး အလုပ်လုပ်ချင်စိတ် အပြည့်ရှိပါတယ်။ ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အားကစားပြိုင်ပွဲတွေမှာ ထိပ်တန်းက ပါဝင်လေ့ရှိပါတယ်။
🐕 Belgian Groenendael (ဂရိုနန်ဒယ်လ်)
အမွှေးရှည် အနက်ရောင်နဲ့ အရမ်းကို ခန့်ညားတဲ့ ခွေးမျိုးပါ။ စိတ်ခံစားမှု သိလွယ်ပြီး သခင်ဖြစ်သူအပေါ် အလွန်နာခံတတ်ပါတယ်။ သိုးထိန်းဖို့နဲ့ အိမ်စောင့်ဖို့အတွက် အကောင်းဆုံးပါပဲ။
🐕 Belgian Tervuren (တာဗျူရင်)
Groenendael နဲ့ ဆင်တူပေမယ့် အညိုရောင်အမွှေးနဲ့ မျက်နှာမှာ အမည်းရောင် Mask ပါဝင်တာ ကွာခြားပါတယ်။ အရမ်းဉာဏ်ကောင်းပြီး တက်ကြွတဲ့အတွက် ဘယ်လိုအလုပ်မျိုးမဆို သင်ယူနိုင်စွမ်းရှိပါတယ်။
🐕 Belgian Laekenois (လာကီနွိုက်စ်)
အရှားပါးဆုံး အမျိုးအစားဖြစ်ပြီး အမွှေးကြမ်းပုံစံနဲ့ ခက်ထန်တဲ့ ရုပ်သွင်ရှိပါတယ်။ ရှေးယခင်ကတည်းက သိုးထိန်းဖို့နဲ့ ကာကွယ်စောင့်ရှောက်ဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။
💡 သူတို့ရဲ့ တူညီတဲ့ ထူးခြားချက်များ:
ထက်မြက်တဲ့ ဉာဏ်ရည်ရှိခြင်း
အမြဲတမ်း လှုပ်ရှားသွားလာလိုခြင်း
သခင်အပေါ် အလွန်သစ္စာရှိခြင်း
သင်ကြားသမျှကို အချိန်တိုအတွင်း တတ်မြောက်ခြင်း
မှတ်ချက်: ဒီခွေးမျိုးနွယ်တွေဟာ အေးအေးဆေးဆေးနေချင်သူတွေနဲ့ မကိုက်ညီပါဘူး။ သူတို့ဟာ အလုပ်လုပ်ဖို့နဲ့ လေ့ကျင့်ခန်းလုပ်ဖို့ မွေးဖွားလာသူတွေ ဖြစ်ပါတယ်။
Credit to Wild Impact
14/02/2026
သမိုင်းဝင်မှတ်တိုင်တစ်ခုကို စိုက်ထူးနိုင်ခဲ့တဲ့ နေ့တစ်နေ့ပါပဲ။ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ဟာ ခရီးစဉ်ရဲ့ ၁၀၈ ရက်မြောက်နေ့ဖြစ်ပြီး ငြိမ်းချမ်းရေးအတွတ်လမ်းလျှောက်ခြင်းရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ဝါရှင်တန်ဒီစီ (Washington, DC) ကို နောက်ဆုံးမှာတော့ ရောက်ရှိလို့လာခဲ့ပါပြီ။
လှပခမ်းနားတဲ့ ဝါရှင်တန်အမျိုးသားဘုရားကျောင်း (Washington National Cathedral) မှာ ကျင်းပတဲ့ ဘာသာပေါင်းစုံ ဝတ်ပြုဆုတောင်းပွဲမှာ အာလောက (Aloka) တစ်ယောက် အလယ်ဗဟိုမှာ အခန့်သား ထိုင်နေခဲ့ပါတယ်။
ခရီးစဉ်တစ်လျှောက် မိုင်ပေါင်းများစွာကို အတူတူဖြတ်သန်းလာခဲ့သလိုပဲ၊ အခုလည်း ဆရာတော်သံဃာတော်တွေရဲ့ ဘေးနားမှာ တည်ငြိမ်အေးချမ်းစွာနဲ့ သစ္စာရှိရှိ အတူရှိနေခဲ့တာပါ။ ဒီအခိုက်အတန့်က ဘယ်လောက်တောင် ထူးခြားအဓိပ္ပာယ်ရှိသလဲဆိုတာကို သူကိုယ်တိုင်လည်း ကောင်းကောင်းကြီး သိနေတဲ့အတိုင်းပါပဲ။
သင်နှင့်တကွ သတ္တဝါအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ၊ ဘေးကင်းကြပါစေ။ 🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
02112
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |