Tide Power by ATC
All for the satisfaction of our customers.
22/05/2026
မီးစက်တစ်လုံးရဲ့ တန်ဖိုးဟာ အပြင်ပန်းသံကိုယ်ထည်မှာတင် မဟုတ်ဘဲ အတွင်းပိုင်းမှာတပ်ဆင်ထားတဲ့ စက်ပ္စည်းအသေးစိတ် ပေါ်မှာ မူတည်ပါတယ်။
ဒီနေ့မှာတော့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Tide Power ရဲ့ Deep Down Features တွေကို ပြောပြပေးချင်ပါတယ်။
✅ မြန်မာနိုင်ငံရဲ့ အလွန်ပူပြင်းတဲ့ နွေရာသီမှာ တခြားမီးစက်တွေ Heat တက်ပြီး စက်ထိုးရပ်ချိန်မှာ Tide Power ကတော့ အေးအေးဆေးဆေး ဆက်လက်အလုပ်လုပ်နိုင်ပါတယ်။ ဒါဟာ အပူချိန် ၅၀ ဒီဂရီအထိ ခံနိုင်ရည်ရှိတဲ့ Radiator ကို Standard အနေနဲ့ တပ်ဆင်ပေးထားလို့ပဲ ဖြစ်ပါတယ်။
✅ ဒီဂျစ်တယ်စနစ်နဲ့ အပြည့်အဝ ထိန်းချုပ်ပေးတဲ့အတွက် လျှပ်စစ်ဝန်အား (Load) အတက်အကျကို စက္ကန့်ပိုင်းအတွင်း တွက်ချက်ပြီး စက်ကို အကောင်းဆုံးအနေအထားနဲ့ မောင်းနှင်ပေးပါတယ်။ အဝေးကနေလည်း စောင့်ကြည့်နိုင်လို့ စိတ်အအေးရဆုံးပေါ့။
✅ ၃။ စက်သံညက်အောင် တီထွင်ထားတဲ့ ဒီဇိုင်းကြောင့် လူစည်ကားတဲ့နေရာတွေ၊ ရုံးခန်းတွေမှာ ထားရှိဖို့အတွက်လည်း အသင့်တော်ဆုံးပါပဲ။
လုပ်ငန်းခွင်အတွက် ရွေးချယ်မှုတိုင်းဟာ ရေရှည်အတွက် "ရင်းနှီးမြှုပ်နှံမှု" ဖြစ်ရပါမယ်။ ဒါကြောင့် နည်းပညာအဆင့်မြင့်ပြီး စွမ်းဆောင်ရည်အမှန် ရရှိစေမယ့် Tide Power ကိုသာ ရွေးချယ်လိုက်ပါစို့နော်။
☎️ Hotline: 099-77-44-2016
☎️ Viber Phone: 099 44 77 2016
📲 Viber Channel: https://rb.gy/d2waka ကိုလည်း Subscribe လုပ်ထားဖို့မမေ့နဲ့နော်။
22/04/2026
အပူရှိန်ပြင်းတဲ့ နွေရာသီကာလမှာ မီးစက်တစ်လုံးကို ရေရှည် အသုံးပြုနိုင်ဖို့အတွက် အမှတ်တမဲ့နဲ့ အမှားလေးတွေ မလုပ်မိအောင်လည်း သတိထားရပါမယ်နော်။
ဒီနေ့မှာတော့ မီးစက်ရဲ့ အင်ဂျင်သက်တမ်းကို တိုတောင်းစေပြီး ရုတ်တရက် Heat တက်စေနိုင်လို့ ရှောင်ကြဉ်ရမယ့် အချက် (၄) ချက် ကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။
❌ ၁။ ဝန်အား (Load) အလွန်အကျွံအသုံးပြုခြင်း
မီးစက်ရဲ့ စွမ်းဆောင်ရည် (KVA) ထက် ပိုတဲ့ Load တွေကို အတင်းမောင်းနှင်အသုံးပြုခြင်းဟာ အင်ဂျင်ကို နာစေပြီး အပူချိန်ကို အလျင်အမြန် မြင့်တက်စေပါတယ်။
❌ ၂။ Heat တက်နေစဉ် ရေအေးချက်ချင်းလောင်းခြင်း
စက်ပူနေတုန်း ရေအေးလောင်းထည့်လိုက်တဲ့အခါ အင်ဂျင်တုံး (Cylinder Block) အက်ကွဲတာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။ စက်ကို ခဏရပ်၊ အအေးခံပြီးမှသာ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပေးသင့်ပါတယ်။
❌ ၃။ Service အချိန်ကျော်မှ ပစ္စည်းလဲလှယ်ခြင်း
အင်ဂျင်ဝိုင်နဲ့ Filter တွေကို သတ်မှတ်ထားတဲ့ရက်ထက် ကျော်လွန်ပြီးမှ လဲလှယ်တာမျိုးဟာ အင်ဂျင်အတွင်းပိုင်း ပွတ်တိုက်မှုကို များစေပြီး စက်ကို အပူချိန် ပိုတက်စေပါတယ်။
❌ ၄။ လေဝင်လေထွက် မကောင်းသောနေရာမှာ ထားရှိခြင်း
မီးစက်ကထွက်တဲ့ အပူတွေ ပြန်ထွက်မသွားဘဲ စက်ခန်းထဲမှာ အောင်းနေတာဟာ Heat တက်ခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
Tide Power Generator တွေကတော့ ရာသီဉတုမရွေး၊ နေရာဒေသမရွေး ကောင်းမွန်စွာ မောင်းနှင်အသုံးပြုနိုင်ပြီး အာမခံကိုလည်း (၁)နှစ်တိတိ ပေးထားတာကြောင့် လုပ်ငန်းရှင်များအနေနဲ့ မီးစက်ကြောင့် စိတ်ရှုပ်ရတာ၊ အလုပ်ပျက်ရတာမျိုးတွေ မဖြစ်တော့မှာတော့ အသေအချာပါပဲ။
☎️ Hotline: 099-77-44-2016
☎️ Viber: 099-44-77-2016
📲 Viber Channel: https://rb.gy/d2waka
📧 Email: [email protected]
05/04/2026
ဈေးကွက်ထဲက အလွယ်တကူ ဝယ်ယူထားတဲ့ ကွာလတီညံ့မီးစက်တွေကြောင့် လုပ်ငန်းခွင်တွင်း လျှပ်စစ်စွမ်းအင် ခဏခဏ ပြတ်တောက်ပြီး စိတ်ညစ်နေရပြီလား ??
ရုတ်တရက် လျှပ်စစ်စွမ်းအင် ပြတ်တောက်သွားတာဟာ ကုန်ထုတ်လုပ်မှုကို ရပ်တန့်စေရုံတင်မကဘဲ တန်ဖိုးကြီး စက်ပစ္စည်းတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် စိတ်ချရတဲ့ မီးစက်တစ်လုံး ရှိနေဖို့က လုပ်ငန်းရှင်တိုင်းအတွက် အရမ်းပဲ အရေးကြီးပါတယ်။ ATC Myanmar က တင်သွင်းတဲ့ Tide Power Generator တွေကတော့ တည်ငြိမ်တဲ့ စွမ်းအားကို ထုတ်လုပ်နိုင်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများနဲ့ ကိုက်ညီမှုရှိအောင် ထုတ်လုပ်ထားတာကြောင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းကို အကောင်းဆုံး လည်ပတ်နိုင်အောင် ပံ့ပိုးပေးသွားမှာပါ။
လက်ရှိ ATC Myanmar ကနေ လူကြီးမင်းတို့ လုပ်ငန်းတွေ အဆင်ပြေစေဖို့ ဆောင်ရွက်ပေးနေတာတွေကတော့
· လုပ်ငန်းခွင်နဲ့ ကိုက်ညီမယ့် Tide Power Generator အမျိုးအစားတွေကို အကောင်းဆုံး အကြံပြုပေးခြင်း
· စက်ပစ္စည်းများ ပျက်စီးမှုမရှိစေဖို့ တည်ငြိမ်တဲ့ Power Output ရရှိအောင် စနစ်တကျ တပ်ဆင်ပေးခြင်း
· အရေးကြုံချိန်တိုင်း အဆင်သင့်ဖြစ်နေစေဖို့ ကျွမ်းကျင်အင်ဂျင်နီယာများက စစ်ဆေးပြုပြင်ပေးခြင်း
· ယုံကြည်စိတ်ချရတဲ့ Engineering နဲ့ ခိုင်ခံ့တဲ့ အစိတ်အပိုင်းတွေကြောင့် ကာလရှည် စိတ်အေးရခြင်း အစရှိတဲ့ ဝန်ဆောင်မှုတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် လျှပ်စစ်စွမ်းအင်နဲ့ ပတ်သက်လာရင်တော့ ရာနှုန်းပြည့် ယုံကြည်စိတ်ချနိုင်တဲ့ ATC Myanmar ကို သတိရလိုက်ပါနော်။
☎️ Hotline: 099-77-44-2016
☎️ Viber: 099-44-77-2016
📲 Viber Channel: https://rb.gy/d2waka
📧 Email: [email protected]
31/03/2026
အရည်အသွေးမကောင်းတဲ့ မီးစက်တွေကို ရွေးချယ်မိတဲ့အခါ ခဏခဏပြင်ဆင်ရတာ၊ ပြင်စရိတ်များလာတာ၊ လုပ်ငန်းလည်ပတ်မှုမှာ အဆင်မပြေတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ တစ်ခါတစ်လေ မီးစက်ဝယ်တဲ့ စရိတ်ထက်တောင် ပြင်ဆင်ထိန်းသိမ်းရတဲ့ စရိတ်တွေ ပိုများလာနိုင်ပါတယ်။
ဒီလို အခက်အခဲတွေကို မကြုံတွေ့ချင်ဘူးဆိုရင် ဉရောပအရည်အသွေးနဲ့ ထုတ်လုပ်ထားတဲ့ Tide Power မီးစက်ကို ရွေးချယ်သင့်ပါတယ်။
ATC Myanmar မှ ဖြန့်ဖြူးရောင်းချပေးနေတဲ့ Tide Power မီးစက်များမှာ ခိုင်မာတဲ့ အင်ဂျင်နည်းပညာ၊ တည်ငြိမ်တဲ့ လျှပ်စစ်စွမ်းအားထုတ်လုပ်နိုင်မှုနှင့် ယုံကြည်စိတ်ချရတဲ့ စွမ်းဆောင်ရည်များကြောင့် လုပ်ငန်းခွင်အတွင်း မီးအားပြတ်တောက်မှုကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်များကို လျော့နည်းစေပြီး စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
လုပ်ငန်းခွင်အတွက် ယုံကြည်စိတ်ချရတဲ့ စွမ်းအင်လိုအပ်နေပြီဆိုရင် Tide Power ကို ရွေးချယ်လိုက်ပါ။
☎️ Hotline: 099-77-44-2016
☎️ Viber: 099-44-77-2016
📲 Viber Channel: https://rb.gy/d2waka
📧 Email: [email protected]
Click here to claim your Sponsored Listing.
Telephone
Address
No. 99, Min Gyi Mahar Min Gaung St. Yangon-Pathein Road, Hlaingtharyar
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |