Manutha Ka Htar
Think and knowledge of human.
04/11/2024
ကလေးတွေအတွက် လုပ်ပေးနိုင်မလား?
📢 Homeschooling လုပ်ရန်စိတ်ဝင်စားသော ဆရာ၊မ များအတွက် Hope Institute Burma မှ ကူညီထောက်ပံ့ပေးမည့် အစီအစဉ်။
သင်ဟာ ရပ်ရွာဒေသထဲမှာ ကျောင်းတက်ဖို့ခက်ခဲနေတဲ့ ကလေးတွေကို စာသင်ကြားပေးနေသူ (သို့မဟုတ်) သင်ကြားပေးဖို့ စိတ်ဝင်စားနေသူလား?
ဒါဆိုရင်တော့ Hope Institute Burma ရဲ့ Home Schooling Program က သင့်အတွက်ပါ။
Homeschooling Program ဆိုတာ ဘာလဲ❓
📍Homeschooling Program ဆိုတာ ရပ်ရွာကျေးလက်ဒေသတွေမှာ အတန်းပညာသင်ကြားတက်ရောက်ဖို့အတွက် အခက်အခဲရှိနေတဲ့ ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကို ကူညီထောက်ပံ့ပေးတဲ့ program တစ်ခုဖြစ်ပါတယ်။
ဒါကြောင့် စိတ်ဝင်စားသူများအနေနဲ့ Hi Burma ရဲ့ Homeschooling Teacher Position ကိုလျှောက်ထားဖို့ ဖိတ်ခေါ်ပါတယ်။
Hi Burma အနေနဲ့ Homeschooling Teacher များကို လိုအပ်သလို
🌟 သင်ကြားရေးနဲ့ သက်ဆိုင်သော သင်တန်းများ တက်ရောက်နိုင်စေရန် စီစဉ်ပေးခြင်း
🌟 Personal Development, Soft Skills တိုးတက်စေရန်အတွက် သင်တန်းများ စီစဉ်ပေးခြင်း
🌟 သင်ကြားရေးအတွက် လိုအပ်သောသင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း
🌟 ဆရာ/မများအတွက် လစဥ်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း
စတဲ့ အစီစဉ်များဖြင့် ထောက်ပံ့ပေးမှာဖြစ်ပါတယ်။
အသက် (၁၆) နှစ်အထက် စိတ်ဝင်စားသူ မည်သူမဆို လျှောက်ထားနိုင်ပါတယ်။
Application Form: https://bit.ly/HomeSchoolingPro
Application Deadline: 12 Nov 2024 at 4 pm (Myan Time)
ဗုဒ္ဓရဲ့အဆုံးအမဆိုသည်က လေ့လာလိုက်စား၊နာယူသူအနေနဲ့ (၁)တရားကိုသိလိုသူ (၂)လွန်စွာသိလိုသူ (၃)မဖြစ်မနေသိရမှဖြစ်မယ်ဆိုပြီး သိလိုသူ.. ရယ်လို့ ကွဲပြားခြားနားပြီး အသိဉာဏ်ပညာဖြစ်မှုအပိုင်းမှာလည်း ကွာခြာသွားကြတာပါပဲ။ ဆိုတော့... မိရိုးဖလာအနေမျှနဲ့ ကျေနပ်မနေကြပါနဲ့လို့။
16/01/2024
ရုပ်ဝတ္ထုတွေ တိုးတက်လာခြင်းရဲ့နောက်ကွယ်မှာ သဒ္ဓါတရားတွေ၊ စိတ်ဓာတ်တွေ ဆုတ်ယုတ်ပျက်စီးလာတတ်တယ်။
--------------------------------------
သင် ဘယ်လိုမြင်ပါသလဲ...???
*****************************
၁။ အရှင်သာရိပုတြာ မထေရ်မြတ်ကြီး ကိုယ်ပူနာဖြစ်တော့ ကြာရိုးကြာစွယ်စားရမှ ရောဂါပျောက်မှာဆိုလို့ အရှင်မဟာမောဂ္ဂလာန်မထေရ်ကြီး တောထဲကိုယ်တိုင်ကြွကာ ကြာရိုးကြာစွယ်အလှူခံခဲ့ရဖူးတယ်။
၂။ နောက်တစ်ခါ မထေရ်မြတ်ကြီး လေနာရောဂါဖြစ်တော့ နို့ဃနာဆွမ်းစားရင် ပျောက်တယ်ဆိုပြန်လို့ အရှင်မဟာမောဂ္ဂလာန်ပဲ သပိတ်ပိုက်ပြီး ဆွမ်းခံကြွရပြန်တယ်။
၃။ အရှင်သာရိပုတြာ မထေရ်ကြီးရဲ့တပည့် လောသကတိဿမထေရ် နေ့မွန်းလွဲသွားတဲ့အထိ ဆွမ်းမစားရသေးတော့ အရှင်သာရိပုတြာမထေရ်ကြီးကိုယ်တိုင် သပိတ်ပိုက်ကာ ကောသလမင်းနန်းတော်ကိုကြွ စတုမဓုအလှူခံကျွေးခဲ့ရဖူးတယ်။
၄။ ယသောဓရာထေရီမ လေနာရောဂါဖြစ်လေတော့ "ငါက ရှင်ဘုရင်သမီးပဲ၊ ရှင်ဘုရင်ချွေးမပဲ၊ ရှင်ရာဟုလာမယ်တော်ပဲ" ရယ်လို့ မာန်မာနမရှိ၊ ဘယ်သူ့ကိုမှ မပြောပဲ ရောဂါဝေဒနာကို ကြိတ်မှိတ်ခံစားနေတာကို ရှင်ရာဟုလာက အတင်းမေးလေမှ သရက်သီးမှည့်ဖျော်ရည်လေး သောက်ရရင်တော့ ရောဂါပျောက်လိမ့်မယ် ဆိုတဲ့အဖြေကိုရတယ်။
ရှင်ရာဟုလာကလည်း "ငါဟာ ဘုရားသားတော်ပဲ၊ သာကီဝင်မင်းမျိုးပဲ ဆိုတဲ့ မာန်မာနမရှိရှာပဲ သရက်သီးဖျော်ရည်လေးရဖို့ ဘယ်သူကိုမှ အပူမကပ်ပဲ သူ့ရဲ့ဥပဇ္ဈာယ်ဆရာဖြစ်တဲ့ အရှင်သာရိပုတြာ မထေရ်မြတ်ကြီးကိုပဲ သွားပြီးအပူကပ် အကျိုးအကြောင်းပြောခဲ့ရတယ်။
မထေရ်ကြီးကလည်း "ငါက လက်ယာရံအဂ္ဂသာဝကကြီး"ဆိုတဲ့ စိတ်မရှိပဲ၊ ဘယ်သူကိုမှမခိုင်းစေပဲ ကိုယ်တိုင်သာ သပိတ်ပိုက်ပြီး ကောသလမင်းနန်းတော်ကိုကြွ သရက်သီးဖျော်ရည် အလှူခံပေးခဲ့ရဖူးတယ်။
၅။ အရှင်သာရိပုတြာ မထေရ်ကြီးရဲ့ ညီထွေးဖြစ်တဲ့ ရှားတောနေ အရှင်ရေဝတဆီ ဘုရားရှင်နဲ့တကွ အဂ္ဂသာဝကကြီးတွေ၊ မဟာသာဝကကြီးတွေပါ ကြွကြလေတော့ တောလမ်းခရီးမှာ ဆွမ်းကိစ္စအဆင်ပြေစေဖို့ အရှင်သီဝလိမထေရ်အားကိုးနဲ့သာ ကြွခဲ့ကြရတယ်။
၆။ တစ်ခါကလည်း ဘုရားရှင်နဲ့အတူ ရှင်ရာဟုလာ ဆွမ်းခံကြွလေတော့ ရှင်ရာဟုလာရဲ့သန္တာန်မှာ ရုပ်ရည်အဆင်းပေါ်မူတည်ပြီး မာန်မာနဝင်လာလို့ ဘုရားရှင်က မဟာရာဟုလောဝါဒသုတ်လာ ကမ္မဋ္ဌာန်းဟောကြားပေးလေတော့ ရှင်ရာဟုလာလည်း ဘုရားရှင်ဆီက တိုက်ရိုက်ကမ္မဋ္ဌာန်းရလေမှတော့ "ဆွမ်းခံကြွနေရင် အချိန်ပုပ်ပါတယ်၊ ခုပဲ တရားအားထုတ်နေခဲ့တော့မယ်"ဆိုပြီး တရားအားထုတ်နေခဲ့သတဲ့။ နောက်ဆုံးမှ ဆွမ်းခံကြွလိုက်လာတဲ့ အရှင်သာရိပုတြာမထေရ်ကြီးက ရှင်ရာဟုလာ တရားထိုင်နေတာတွေ့လို့ အာနာပါနကမ္မဋ္ဌာန်းပဲ ထပ်ပေးပြီး ဆွမ်းခံဆက်ကြွပြန်တယ်။
ထူးခြားတာက ရှင်ရာဟုလာ ဆွမ်းခံမကြွလို့ ဆွမ်းမစားရသေးတာကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးရော အရှင်သာရိပုတြာမထေရ်ကြီးပါ သိကြပေမဲ့ ရှင်ရာဟုလာအတွက် ဘယ်သူ့ကိုမှ ဆွမ်းပို့မခိုင်းခဲ့ကြဘူးတဲ့။
အဲဒီတနေ့လုံး ရှင်ရာဟုလာ ဆွမ်းမစားလိုက်ရပါဘူး။
အထက်ပါဇာတ်လမ်းတွေမှာ ထူးခြားတာက ဘုရားရှင်ကစလို့ အဂ္ဂသာဝကကြီးတွေပါမကျန် လိုအပ်တာရှိရင် အကုန်စီမံပေးနိုင်တဲ့ ကပ္ပိယတွေ မရှိကြတာပဲ။ ကျန်းမာရေးကိစ္စကအစ လိုတာရှိရင် မထေရ်ကြီးတွေကိုယ်တိုင် သင်္ကန်းလေးရုံ သပိတ်လွယ်ပြီး အလှူခံကြွရတာပဲ။
ကျောင်းမှာ လိုတာမှန်သမျှ စီမံပေးမဲ့ ကပ္ပိယကျောင်းသားတွေ လုံးဝမထားကြဘူးပေါ့။ အလိုနည်း ရောင့်ရဲကြတဲ့သဘောရှိတယ်။ ယနေ့ခေတ်နဲ့ယှဉ်လိုက်ရင် ဘုန်းကံက အင်မတန်နည်းကြတယ်လို့ ဆိုရမဲ့ပုံဖြစ်နေပါတယ်။ ယနေ့ခေတ်မှာက များသောအားဖြင့် ကပ္ပိယကျောင်းသားတွေ ရှိနေကြတယ်။
အချို့များ ဘယ်လောက်ထိ အဆင်ပြေနေကြသလဲဆိုတော့ အလှူရှင်တွေတောင် ပစ္စည်းလေးပါးအတွက် ကျောင်းအထိ ကိုယ်တိုင်သွားလှူနေစရာမလိုတော့ပဲ အိမ်ထဲကနေပြီး ကပ္ပိယတွေရဲ့ Kpay စတဲ့ ဘဏ်အကောင့်တွေထဲလွှဲပြီး လှူလိုက်ရုံပဲ။
အဲ- ကပ္ပိယတွေကလည်း ဘုန်းကြီးကျောင်းထိ သွားနေစရာမလိုတော့ပဲ ဘုန်းကြီးလိုတဲ့အရာမှန်သမျှ deli သမား၊ ကယ်ရီသမားတွေနဲ့ ပို့ခိုင်းလိုက်ရုံနဲ့ အဆင်ပြေသွားပြန်ရော။ ဘယ်လောက်အထိ ဟန်ကျလိုက်ပါသလဲ။ ဘုန်းကြီးက ကျောင်းအခန်းထဲကနေမထွက်ပဲနဲ့တောင် ပစ္စည်းလေးပါးမက လိုရာအကုန်ရနိုင်တဲ့ခေတ်ဖြစ်သွားပြီ။
Online shopping တွေကနေ အကုန်မှာလို့ရနေပြီ၊ ကပ္ပိယက ဘဏ်အကောင့်နဲ့ငွေချေ ငွေလွှဲပေးနေရုံနဲ့ အကုန်ရနေပြီ၊
ကြိုက်တဲ့ခရီးကို ကြွဦးမလား?
ကားလက်မှတ်ကအစ လေယာဉ်လက်မှတ်အထိ အွန်လိုင်းကနေဖြတ်လို့ရနေပြီလေ။
အဆိုးနဲ့အကောင်းဆိုတာ ကျောခြင်းကပ်နေကြတာပါပဲ၊ တိုးတက်ခြင်းရဲ့နောက်ကွယ်မှာ ဆုတ်ယုတ်ခြင်းတွေ တွဲလာနေပါတယ်။ ရုပ်ဝတ္ထုတွေ တိုးတက်လာခြင်းရဲ့နောက်ကွယ်မှာ သဒ္ဓါတရားတွေ၊ စိတ်ဓာတ်တွေ ဆုတ်ယုတ်ပျက်စီးလာတတ်တယ်။
- ဘုရားရှင်လက်ထက်တော်ကလို ကိုယ်တိုင် ဆွမ်းခံစားချင်စိတ်တွေ နည်းလာတယ်၊ ကျောင်းမှာဆွမ်းချက်ကပ်မဲ့ ကပ္ပိယကျောင်းသားတွေ၊ ဝေယျာဝစ္စအဖွဲ့တွေကိုပဲ အားကိုးလာကြပါတယ်၊
- တစ်မိုင် နှစ်မိုင်ခရီးလောက်ကို သင်္ကန်းလေးရုံပြီး ခြေလျင်ကြွရမှာကိုပဲ ဝန်လေးလာကြပါပြီ၊ ဆွမ်းစားကွမ်းစားပင့်လို့ ခြေလျင်မကြွနိုင်ကြတော့ပဲ ကျောင်းကားမရှိရင် သာရေးနာရေးပင့်တဲ့ ဒကာ ဒကာမတွေဘက်က အကြိုအပို့ စီစဉ်ပေးမှ ရပါတော့တယ်။
- သင်္ကန်းလေးရုံပြီး သပိတ်ပိုက်ကြွရမှာကိုက ရှက်စရာကြီးလိုလို ဖြစ်လာနေပါပြီ။ မွန်းလွဲချိန် အကြောင်းရှိလို့ သင်္ကန်းရုံပြီး သပိတ်လေးလွယ်ကြွရင်ကိုပဲ ကားဂိတ် ရထားဘူတာစတဲ့နေရာတွေမှာ အလှူခံစားနေတဲ့ ရဟန်းတွေလိုလို၊ ရဟန်းအတုတွေလိုလို ထင်နေတတ်ကြတဲ့ခေတ်ကို ရောက်မှန်းမသိ ရောက်လာကြပြီ၊
- ဒကာ ဒကာမတွေဘက်ကလည်း ခြေလျင်ကြွနေတဲ့ ရှင်ရဟန်းတွေဆိုရင် ရဟန်းအတုလိုလိုအထင်သေးပြီး၊ ကားအကောင်းစားတွေနဲ့ကြွလာမှ အထင်ကြီးတတ်တဲ့ခေတ်ကို ရောက်မှန်းမသိ ရောက်နေကြပါပြီ။
- သာသနာ ထွန်းကားစည်ပင်နေသလိုလိုနဲ့ ဆုတ်ယုတ်နေတာကိုတော့ သတိထားမိဖို့ အလွန်ခက်နေပါပြီ။ တိုးတက်လာဖို့လမ်းက အင်မတန်ရာခိုင်နှုန်းနည်းပြီး ပိုပြီးဆုတ်ယုတ်လာနေဖို့သာ ရာနှုန်းများနေပါတယ်။
DrJavana Ashin
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |