DM Fashion

DM Fashion

Share

မင်္ဂလာပါ !!!

23/03/2024

" စိတ်နဲ့တန်တဲ့ဘဝ ''

မျက်လုံးတွေ အကောင်းတိုင်းရှိနေလျက်နဲ့
အကောင်းမမြင်တတ်ဘူးဆိုရင် - - -

နားတွေ အကောင်းတိုင်းရှိနေလျက်နဲ့
ဆုံးမစကားတွေ မကြားလိုဘူးဆိုရင် - - -

နှလုံးသားက အကောင်းတိုင်းရှိနေလျက်နဲ့
ခွင့်လွှတ်တတ်တဲ့စိတ် မမွေးမြူဘူးဆိုရင် - - -

လူတွေကြားမှာ နေထိုင်နေပါလျက်နဲ့
မိတ်ဆွေကောင်းတွေရှိတယ်လို့
မခံစားမိဘူးဆိုရင် - - -

ပတ်ဝန်းကျင်ရဲ့ အကူညီတွေရဖူးပါလျက်နဲ့
ကိုယ့်ကိုယ်ကိုယ်ကလွဲရင်
ဘယ်သူကိုမှ သနားစရာကောင်းတယ်လို့
မခံစားမိဘူးဆိုရင် - - -

ကွဲလွဲချက်တွေ အရမ်းများတဲ့
လောကအကြောင်းကို သိထားပါလျက်နဲ့
ကိုယ့်သဘောနဲ့ မတူညီတဲ့အမြင်တွေကို
လေးစားဖို့ ခက်နေသေးတယ်ဆိုရင် - - -

သတ္တိရှိတယ်လို့ ကြွေးကျော်ထားပါလျက်နဲ့
ကိုယ်ယူသင့်မှန်းသိနေတဲ့ လူမှုတာဝန်တွေကို
မသိလိုက်မသိဖာသာ ထားတတ်နေတုန်း ဆိုရင် - - -

ကိုယ့်ကိုကိုယ် သိပ်တော်တဲ့သူလို့
ယူဆထားပါလျက်နဲ့
လူ့စည်းကမ်း၊ လူ့ကျင့်ဝတ်တွေကို
ဘယ်သူမှမမြင်မသိနိုင်တဲ့
အခြေအနေတွေမှာ အလွယ်တကူ
ချိုးဖောက်ချင်စိတ် ရှိနေတုန်းပဲဆိုရင် - - -

မတရား မမျှတမှုကို ခံစားဖူးပါလျက်နဲ့
မထိုက်တန်တဲ့ အခွင့်အရေးတွေကို
အရူးအမူးမျှော်လင့်နေတုန်းပဲ ဆိုရင် - - -

နိုင်လိုဖိနှိပ်မှုတွေ ခံစားခဲ့ဖူးပါလျက်နဲ့
ကိုယ်တိုင်က နိုင်ရာစားပြီး
ဖော်လံဖားတတ်တဲ့အကျင့်ကို
မပြင်နိုင်သေးဘူးဆိုရင် - - -

သူတစ်ပါးကုန်းတိုက်လို့
ဘဝယိမ်းယိုင်ခဲ့ဖူးပါလျက်နဲ့
သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း
ပြောနေရတာကို အရသာတွေ့နေတုန်းပဲဆိုရင် - - -

မင်းရဲ့သဘောထားတွေကို
ပြောင်းလဲချိန်တန်ပြီ သူငယ်ချင်း - - -

ကံတရားမှာ ဉာဏ်ဘယ်လောက်ပဲများများ
တမာပင်စိုက်ပြီး သရက်သီးခူးချင်လို့့တော့မရဘူး - - -

"စိတ်နဲ့တန်တဲ့ဘဝကို ရကြတာချည်းပဲ"
ဆိုတဲ့စကားက
အလကားရေးထားတာမှမဟုတ်တာ - - -

မူရင်းတင်သူအား

#သင့်အတွက်တန်ဖိုးရှိသောစာမျက်နှာများPageမှ

🎀 လေးစားစွာ ပြန်လည်မျှဝေပေးပါသည်။ 🎀

#စာရေးသူစာဖတ်သူအားလုံးကိုလေးစားလျှက်

ေးကိုLikeနဲ့Followလေးလုပ်ထားပေးပါစာပေများဆက်လက်ဖတ်ရှု့ချင်ရင်

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Pearl Street
Yangon