Obel Web Services

Obel Web Services

Share

The best web solution team

Photos 21/05/2016

သင့်ရဲ့ Customer အပေါ် ဆွဲဆောင်နိုင်မည့် နည်းလမ်း (၁၀) ချက်

၁။ Delight your Customer
ဖောက်သည်တွေကို ယခင်က ကျေနပ်ရုံ (Satisfy) လောက်သာ ဆက်ဆံခဲ့ကြပေမယ့် ယနေ့ခေတ် အပြိုင်အဆိုင်ခေတ်ကြီး ထဲတွင်တော့ ဖောက်သည်တွေကို ပျော်ရွှင်အားရ ကျေနပ်အောင် နည်းအမျိုးမျိုး ဖြင့် ကြိုးစားလာကြသည်။

၂။ No Phone Trees
၁၀၀ မှာ ၉၉ ယောက်က ဖုန်းဆက်လိုက်ရင် အလိုအလျောက်ဖြေကြားစက်ထဲမှာ Extension No. ဘယ်လောက်ကို ထပ်နှိပ်ရမလဲ ဆိုတာကို သဘောမတွေ့ကြပါဘူး။ ထိုကြောင့် ပျူငှါသော လေ့ကျင့်ပေးထားသော ဝန်ထမ်းတွေက ဖြေကြား ပြီး လွှဲပေးတာမျိုး လုပ်တာ ပိုကောင်းပါသည်။ ဖုန်းကိုင်လိုက်တဲ့ အချိန်မှာ သင့် စိတ်နေစိတ်ထား နဲ့ ရုပ်သွင် ကို အသံနေ အသံထား က တစ်ဆင့် ဖောက်သည်တွေ က ခံစား သိရှိနိုင်သည်။

၃။ Don’t measure Call length
အရောင်းသမား က ဖောက်သည် နဲ့ စကားပြောချိန်ကြာလေလေ … ဖောက်သည်ဆီမှ ရရှိဖို့ အခွင့်အရေး ပိုများလေလေ ပဲ။ ဖောက်သည် အပေါ် မှာ ရင်းနှီးမြှပ်နှံပါ။ ဒီလိုဘဲ ဖောက်သည်ကလည်း သင့်အပေါ် ပြန်လည် ရင်းနှီးမြှပ်နှံပါလိမ့်မည်။

၎။ Sweat the Small Staff
အရေးမကြီးတဲ့ ကိစ္စလေးတွေ အတွက်လည်း ကြိုးစားဆောင်ရွက်ပါ။ ဖောက်သည် က သင့်ရဲ့ ကိစ္စလေးတွေ အပေါ် မှာ အလေးအနက် ဆောင်ရွက်မှု ကို အသိအမှတ်ပြုပါတယ်။ ကိစ္စလေးတွေ အများကြီးနေကနေလည်း သင့်ဖောက်သည် ရဲ့ ထာဝရ အားပေးမှု နှင့် သစ္စာရှိမှု ကို ရရှိနိုင်ပါသည်။

၅။ Be Responsive
ဖောက်သည်တွေ အပင်ပန်းခံ အချိန်ကုန်ခံ ပြီး သင့်ဆီကို အပေါင်း(သို့) အနှုတ်လက္ခဏာ ဆောင်သော စာတွေ ပေးပို့တယ် ဆိုတာ ၁၀၀ မှာ ၁ ယောက်သာ ပြုလုပ်ခြင်း ဖြစ်ပါသည်။ ဒါကြောင့် သူတို့ ချီးကျူးချက် ဝေဖန်ချက်များကို ဂရုတစိုက် စာ ပြန်ပေးပါ။ စာပြန်ရာတွင်လည်း တစ်ရက်ထက် ပိုမကြာသင့်ပေ။ အချို့ကုမ္ပဏီကြီး တွေဆိုရင် ပျမ်းမျှ ၁၅မိနစ် အတွင်း စာပြန်ကြသည် ကို တွေ့ရသည်။ စာပြန်ရာတွင် အလိုအလျောက် စာပြန်ခြင်း၊ ပုံသေကားချပ်စာတွေဖြစ်ခြင်း မျိုး မဖြစ်စေရပါ။

၆။ No More Upsell
သင် က ဖောက်သည်တွေ ရဲ့ လိုအပ်ချက် ကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတယ် ဆိုရင် ကုန်ပစ္စည်း ကို အရမ်း ကြော်ငြာ ထိုးရောင်း ပြီး ဖောက်သည် ကို ဖိအားပေးတာမျိုး မလုပ်သင့်ပါဘူး။

၇။ Under-Promise & Over-Deliver
ဖောက်သည်တွေ ကို ကတိ လျော့ပေးပြီး ဖောက်သည် မျှော်လင့်ထားတာထက် တန်ဖိုး ကို ပိုပေးပါ။ သူတို့က အမြဲတမ်း သင့်ရဲ့ အပြုအမှု ကြောင့် အံ့သြ ကျေနပ် ဝမ်းသာ နေပါလိမ့်မည်။

၈။ Respect the Customer
ဖောက်သည် တွေလည်း အချိန်တိုင်း မှာ မှားနိုင်ပါတယ်။ ဘာပဲဖြစ်နေဖြစ်နေ သူတို့ဟာ အမြဲတမ်း သင့်ဆီက အလေးအနက်ထား ဆက်ဆံမှု ကို ရရှိသင့်ပါသေးတယ်။ အချို့ကုမ္ပဏီတွေမှာ ဖောက်သည် ကို ရိုင်းပြ မောက်မာစွာ ဆက်ဆံသည် ကို တွေ့ရှိ တိုင်ကြားခံရပါက ချက်ချင်း အလုပ်ထုတ် အရေးယူနိုင်သည့် မူဝါဒများ ထားရှိ ကျင့်သုံးကြသည်။

၉။ Every touch point with your Customer is important, even the box you ship them
ဖောက်သည် နဲ့ ထိတွေ့ရမယ့် အရာအားလုံး ဟာ အရေးကြီးပါတယ်။ သင်တို့ ဖောက်သည်ဆီ ပို့မယ့် ပစ္စည်း ထည့်မယ့် ကတ္ထူဗုံး က အစ အရေးကြီးပါတယ်။ “၁၉၉၀ ကတည်းက အားပေးမှု ကို ကျေးဇူးတင်ပါသည်။” စာတမ်းမျိုးဖြင့် ဖောက်သည် ၏ အားပေးမှု ကို အသိအမှတ်ပြုပါသည်။

၁၀။ Seek out Customer feedback
ဖောက်သည်တွေ ဆီက ရိုးသားတဲ့ တုန့်ပြန်ချက် ဝေဖန်ချက်မျိုးတွေလောက် သင့်ကုမ္ပဏီ ကို တိုးတက်အောင် လုပ်မယ့် နည်းလမ်း မရှိပါဘူး။ ဒါကြောင့် သင့်အနေနဲ့ မရရင်တောင် ရအောင် လုပ်ဖို့ နည်းလမ်း ရှာပြီး ရအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Source:http://arrluuthebenjamin.blogspot.com

Photos 20/05/2016

သင့် Customer အတွက် အမြဲတမ်းရှိနေပေးနိုင်တာ!!

Website တစ်ခုဟာ့ သင့်ရဲ့လုပ်ငန်းအတွက် မည်သည့် supervision မှ မလိုဘဲ၂၄ နာရီအပြည့် အလုပ်လုပ်နေသလို့ သင့်ရဲ့ Customer များအတွက်လည်း အချိန်တိုင်း ရှိနေပေးနိုင်တယ်

Oble Web Services
Call + 95 (09) 43164723, +95 (09) 797975927

Land and Houses | Land and Houses Co.,Ltd 19/05/2016

Project Company Name: Land and Houses Co.,Ltd

Land and House Company သည် ရန်ကုန်မြို့ရှိ ယောက်လမ်းတွင် ရုံးစိုက်ထားပြီး မြန်မာနိုင်ငံရဲ့ အိမ်၊ခြံ၊မြေ ရင်းနှီးမြုပ်နှံမူနှင့်ရောင်းဝယ်ရေးလုပ်ငန်းများအတွက် အဓိက ၀န်ဆောင်မူပေးနေသည့် အိမ်၊ခြံ၊မြေ ကုမ္ပဏီကြီး တစ်ခုဖြစ်ပါသည်။





Project Link: http://landandhouses.com.mm/

Land and Houses | Land and Houses Co.,Ltd

YTU | Yangon Technological University 19/05/2016

Project Company Name: YTU University

YTU သည် ရန်ကုန်မြို့ရှိ အင်းစိန်-ကြို့ကုန်းဘက်တွင် တည်ရှိပြီး ဘွန့်လွန်ကျောင်းသားအများစုတက်ရောက်နေသည့် ရန်ကုန်ထိပ်တန်းတက္ကသိုလ်ကျောင်း တစ်ကျောင်းဖြစ်ပြီး တိုင်းပြည်အတွက် ပညာတတ်အများအပြားနှင့် နိုင်ငံခေါင်းဆောင်များ မွေးထုတ်ပေးလျက်ရှိသည့် University ဖြစ်ပါသည်။

Project Link: http://ytu.edu.mm

YTU | Yangon Technological University

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Room (11), Building (11), Kan Street, Hlaing Myint Mo Housing, Hlaing Township
Yangon
11453