Shinpo Japanese Language Center
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shinpo Japanese Language Center, School, 184(B). Dhamathuka Street. (7)Ward. Hlaing Township, Yangon.
10/08/2022
10 လပိုင်းအတွက်
၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် Nat-Test ဂျပန်စာအရည်အချင်းစစ် စာမေးပွဲဖောင်များကို
သြဂုတ်လ (၁၀) ရက်နေ့မှ စပြီး စက်တင်လာလ (၂၃) ရက်နေ့ မနက် (၁၁) နာရီအထိ လက်ခံပေးသွားပါမည်။
စာမေးပွဲလျှောက်ထားရန် လိုအပ်သည့် အချက်များ
----------------------------------------------------------
၁။ စာမေးပွဲလျှောက်လွှာဖောင်
( Online မှ ဒေါင်းယူကာ Print ထုတ်ပြီး ဖြည့်သွင်းပုံနမူနာအတိုင်း လက်ရေးမူဖြင့် ဖြည့်ရန် )
၂။ မှတ်ပုံတင်မိတ္တူ တစ်စောင်
၃။ 30 x 40 mm Colour ဓာတ်ပုံနှစ်ပုံ ( တစ်ပုံမှာ စာမေးပွဲလျှောက်လွှာဖောင်တွင် ကပ်ရန်)
၄။ စာမေးပွဲကြေး ( ၄၂၀၀၀ ) ကျပ်
စာမေးပွဲလျှောက်လွှာဖောင် ဒေါင်းယူရန်လင့်http://yangon.nat-test.jp/Yangon%20Nat-Test%20Forms%202022.pdf
စာမေးပွဲဖောင်ဖြည့်သွင်းရန် နမူနာပုံ ကြည့်ရန်လင့်
http://yangon.nat-test.jp/
မှတ်ချက်
(၁) စာမေးပွဲဖောင် ဖြည့်သွင်းရာတွင် စာမေးပွဲ နမူနာဖောင်တွင် ဝိုင်းပြထားသော နေရာတွင်သာ ဖြည့်ရန်။
(၂) ဓာတ်ပုံကြည်လင်ပြတ်သားမှု မရှိခြင်း ၊ ပုံဆိုဒ်မှန်ကန်မှု မရှိပါက လက်ခံမည်မဟုတ်ပါ ။
(၃) အချက်အလက် ပြည့်စုံပါက ကိုယ်စားဖောင်လက်ခံပေးပါသည်။
(၄) Online မှ ဖောင်လက်ခံခြင်း မရှိသေးပါ။
အသေးစိတ်သိရှိလိုပါက >>> Nat-Test Center Yangon ရုံး ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ( နေ့ခင်း (၁၂) နာရီမှ (၁) နာရီ အထိ ထမင်းစားနားပါသည်) ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
အမှတ် B-11 ၊ မြေညီထပ် ၊ အနော်ရထာအိမ်ရာ ၊ လှည်းတန်း (အင်းစိန်လမ်း-လှည်းတန်းမှတ်တိုင်အနီး) ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်
09-789885510, 01-535626, 01-514418
Nat-Test Center, Yangon
30/07/2022
စိတ်ဝင်စားသူများအတွက်
📣📣Online Study in Japan Weeks 2022 ~ အတွက် Registrationစတင်ပြုလုပ်နိုင်ပါပြီ🇲🇲🇯🇵
🤗ဂျပန်နိုင်ငံမှာ ကျောင်းသွားတက်ဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် Aug 8 ရက်နေ့မှ Sep 9 ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် "Online Study in Japan Weeks 2022"မှာ ပါဝင်ဆင်နွှဲဖို့ အောက်ပါလင့်ခ်မှာ Registrationပြုလုပ်နိုင်ပါပြီ🤩🥰
📌Registration Link: http://www.okayama-u.ac.jp/user/myanmar/prepare2022.html
💻Online ကနေတဆင့် 🇯🇵ဂျပန်နိုင်ငံက မိမိစိတ်ဝင်စားရာ တက္ကသိုလ်အသီးသီးနဲ့ တိုက်ရိုက်ဆွေးနွေးမှုပြုလုပ်ပြီး ပညာတော်သင်ဆိုင်ရာ၊ အလုပ်အကိုင်ပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေရရှိနိုင်မှာဖြစ်လို့ အားလုံးပဲ ဆက်ဆက်ပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 🤗🤗
👉🏻✨Online Study in Japan Weeks 2022〜မှာ တက္ကသိုလ်တွေနဲ့ group consultationလုပ်ဖို့ Register ပြုလုပ်နည်းတွေ၊ websiteအသုံးပြုနည်းတွေနဲ့ recommendပေးလိုတဲ့ကျောင်းအကြောင်းတွေကို သိရှိနိုင်ဖို့ Aug-10ရက်နေ့မှာလည်း Pre-seminarကျင်းပပေးမှာဖြစ်လို့ pre-seminarကိုလည်း တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါရစေ။ 🙇♀️
🤗pre-seminarအကြောင်းကိုလည်း မကြာခင် OJEIC pageမှာ တင်ပေးမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။ 🙇♀️🙇♀️🙇♀️
Click here to claim your Sponsored Listing.
Category
Website
Address
184(B). Dhamathuka Street. (7)Ward. Hlaing Township
Yangon