APK Group Construction

APK Group Construction

Share

APK Group Construction

22/10/2018

"ကတ္တရာလမ်းခင်းရာတွင်ကျောက်ကုန်ကျမှုခန့်မှန်းတွက်ချက်ခြင်း"(နမူနာ)
ကတ္တရာလမ်းခင်းတာနဲ့ ပတ်သက်ပြီး ကျောက်ဘယ်လောက်ကုန်မလဲ အလွယ်တွက်ရအောင် တင်ပြပေးလိုက်ပါတယ်။
လမ်းတစ်မိုင်အတွက်
အထူးသတိပြုရမှာက သယ်ယူပို့ဆောင်ရန် wastage အတွက်ဥပမာ 13% ​ပေးမယ်ဆိုရင် ရလာတဲ့ အဖြေတွေကို 1.13 နဲ့ ထည့်မြှောက်ပေးကြဖို့ပါ။
လမ်းအကျယ် ၁၂ ပေ၊ ထု ၁ လက်မ ကို ကုဗဖွဲ့မယ်ဆို
5280' × 12 ' × 1/12 '= 5280 ကုဗပေ ပါ။
ကျောက်တစ်ကျင်းမှာ ၁၀၀ ကုဗပေ ဖြစ်တဲ့ အတွက်
၁၂ ပေ ကျယ် လမ်းတစ်မိုင်ကို ၁လက်မထု ခင်းမယ်ဆို
(၅၂.၈)ကျင်းပါ။
- 4"×2" ကျောက်ဟာ 6" ထုခင်းရင်
(52.8×6=316.8) 316.8 ကျင်း။
- 1"×2", 1"×1" ကျောက်ကို
3" ထုခင်းရင် (52.8×3= 158.4) 158.4 ကျင်း၊
- ကျောက်ဇကွဲ chipping(1/4 " × 3/8") သုံးခင်းရင် ခင်းပြီး 1"ထု ကျန်အောင် 2"ထုနှုန်းယူရင် (52.8× 2= 105.6) 105.6 ကျင်း။
- သဲက 2" × 4" ကြားသဲကြပ်ဖို့အတွက်က 1" ထုနှုန်းခန့်မှန်း ယူရင် (52.8×1=52.8) 52.8 ကျင်း။
# # #
-Topping course နဲ့ Wearing course တွေမှာ Chipping ကို percent နဲ့ပေးပါတယ်။ Percent နဲ့ တွက်မယ်ဆိုရင်...
- ၁၂ ပေ အကျယ် တစ်မိုင်ဟာ (5280×12=63360 sqft)ပါ။
-Topping အတွက် 100 sqft ကို 5 cuft ပေးတဲ့ အတွက်
63360×0.05 = 3168 cuft ပါ။ 3200 cuft ပေးပါတယ်။
ဒီအတွက် Topping မှာ 1/2" to 3/4" က 3200cuft ÷2 = 1600 cuft= 16 ကျင်းနဲ့ 1/8" to 1/4 " က 3200cuft ÷2 = 1600 cuft = 16 ကျင်း ပါ။ Topping အတွက် စုစုပေါင်း Chipping 32 ကျင်းပါ။
- Wearing course အတွက် 100 sqft ကို 4.5 cuft ပေးတဲ့အတွက် 63360× 0.045 = 2851 cuft = 2900 cuft ပါ။ ဒီအတွက် Wearing course မှာ 1/4" to 1/2" ကို 2900cuft÷2= 1450 cuft = 14.5 ကျင်းနဲ့
1/8" to 1/4" ကို 1450 cuft= 14.5 ကျင်းပါ။ Wearing course အတွက် စုစုပေါင်း 29 ကျင်းပါ။
Topping နဲ့ Wearing မှာ percent နဲ့တွက်ရင် waste stage ထည့်မတွက်ပါဘူး။
# # #
-လမ်းခင်းတဲ့အခါ ဒီနည်းအတိုင်း ကျောက်အရွယ်အစား အသုံးပြုမှုပေါ်မူတည်တွက်ချက်လို့ရပါတယ်။
- ကတ္တရာကတော့ တစ်မိုင်အတွက် အရင်က အကြမ်းဖျင်း (17+7+6)၊ 2 coat ကို 24 ton၊ 3 coat ကို 30 ton ပါ။
- ခု နောက်ပိုင်း အကြမ်းဖျင်း(21+8+7)တိုးပေးလို့ 2 coat ကို 29 တန်၊ 3 coat ကို 36 ton ပါ။
-1 ton မှာ ကတ္တရာပေပါ 5.4 လုံးပါ။
-သမားရိုးကျ လမ်းတွက်နည်း နမူနာလေးပါ။
- ဝန် ခံနိုင်ရည်ပေါ်မူတည်ပြီး Design က
ကျောက်အလွှာ အမျိုးမျိုး၊ ဆိုဒ် အမျိုးမျိုး ပေးပါတယ်။
:18' အကျယ် လမ်းတစ်မိုင်ဆို 1" ထုအတွက် = 79.2 ကျင်း
:24' အကျယ် လမ်းတစ်မိုင်ဆိုရင် 1" ထုအတွက်= 105.6 ကျင်းပါ။
Credit: NyeinChanHtwe

12/09/2018

အသံလုံခန်း(cavity room) တည်ဆောက်ပုံ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အသံလုံ အစည်းဝေးခန်းမများ၊ home theatre (အိမ်တွင်းရုပ်ရှင်ရုံ)၊ karaoke lounge (ကာရာအိုကေ သီချင်းဆိုခန်း)၊ music studio (သီချင်းအသံသွင်းခန်း) စတဲ့ အသံလုံခန်းများတည်ဆောက်ပုံကို အကြမ်းဖျင်းတင်ပြပါမယ်။
အသံလုံခန်းဆိုတာ နံရံတစ်ခုကို အုတ်နဲ့စီပြီး 50 mm (၂")ခြားပြီး နောက်ထပ်နံရံတစ်ခု ထပ်စီထားတဲ့ လေဟာနယ်အုတ်ရိုးဖြစ်တယ်။ နံရံ ၂ ခုရဲ့ကြားကို rock wool (glass wool) လို့ခေါ်တဲ့ ဖန်စဖျင်ကို ထည့်ရတယ်။glass wool ဆိုတာ နိုင်ငံခြားကတင်သွင်းရတဲ့ ၂ "ထု ဖျင်လိပ်ဖြစ်တယ်။မီးလုံးဝမလောင်ဘဲ လက်အိပ်မပါဘဲကိုင်ရင် အနည်းငယ်ယားယံတတ်တယ်။
ဒီ့ထက်အသံလုံချင်ရင် မျက်နှာကြက်ကိုပါ ၂ ထပ်ပြုလုပ်ရတယ်။အဲဒီ ၂ ခုကြားမှာလည်း glass wool ကိုသာထည့်ပေးရတယ်။
cold storage များကိုတော နံရံ ၄ ဘက်စလုံး၂ ထပ်၊ မျက်နှာကြက်လည်း ၂ ထပ် ဖြစ်ပြီးကြမ်းခင်းကိုပါ ၂ ထပ်ပြုလုပ်ရပါတယ်။ နောက်ဆုံးအဝင်တံခါးကိုလည်း ready made ၂ ထပ်ကိုမှာယူတတ်ဆင်ရတယ်။
ပြထားတဲ့ပုံမှာ နံရံ ၂ ထပ်စီနည်းကို ပြထားတာဖြစ်တယ်။
special credit & share with sayar u tin maun§ myain§

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 10:00 - 18:00
Wednesday 11:00 - 19:00
Thursday 13:00 - 20:00
Friday 07:00 - 15:00
Saturday 08:00 - 16:00
Sunday 09:00 - 17:00