KP Collections

KP Collections

Share

ယိုးဒယားမစစ်ရင် အဆ(1000)ပြန်အမ်းပေးမယ့်T-Shirt ဆိုင်နော်

Photos from KP Collections's post 05/05/2026

#ခုဆို9နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ကျွန်တော့်ရဲ့ကမ္ဘာလေး
-လွန်ခဲ့သော‌ေခြာက်နှစ်ကျော်လောက်ကပေါ့ Kbzဘဏ်ကမထွက်မီ Tshirt ဆိုင်တကာပတ်ပြီး အထုတ်ကြီး အထုတ်ငယ်ဆွဲ လိုင်းကားတိုးစီးပြီး မိုးထဲလေထဲလိုက်ဝယ်ပြီး ဘဏ်မှာ တဆင့်ပြန်ရောင်းရင်းစခဲ့တဲ့ကျွန်တော့်ရဲ့အိပ်မက်လေး
-အထုတ်ကြီးတွေဆွဲ မိုးကရွာ လိုင်းကားကမလာသေး Taxiစီးရင် ရှုံးပီဆိုတော့သိတော့ Busကားမှတ်တိုင်မှာ တယောက်တည်း ငိုခဲ့ရတာကတော့ အမှတ်တရပါဘဲ
-ဘဏ်ကထွက်ပြီး မသေချာတဲ့အနာဂတ်ကိုအရဲစွန့်ပြီး စလျောက်ဖို့အတွက်ရှိတာလေးထုခွဲရောင်းချပြီးသကာလ
-တခါမှမရောက်ဖူးတဲ့ဘန်ကောက်ကို တယောက်တည်းစိုးရိမ်စိတ်နဲ့ ရောက်ခဲ့ရပြီလေ
-Tshirtလေး အထည်(3000)နဲ့ကျွန်တော့်အိပ်မက်ကိုစပြီးအကောင်ထည်စဖော်ပြီလေ
-ကြိုးစားခဲ့တယ်/နေ့ရောညရော အလုပ်ကိုရူးသွပ်ပြီးစိတ်ရောဘဝရောနှစ်ထားခဲ့တယ်/လဲ ကျကာနီးရင်လည်းကို့ကိုကိုပြန်ထူပြီးအားပေးရတယ်/အစွမ်းရှိသလောက်ကြိုးစားရတာပေါ့
-ဘယ်လိုအခြေနေဖြစ်နေပါစေ ဝယ်သူတွေကိုအကောင်းဆုံးServiceပေးတယ်/ဝယ်သူအပေါ် မိသားစုလိုသဘောထားပြီး ကိုယ်ချင်းစာစိတ်နဲ့ ဘဲစျေးရောင်းတယ်/ကိုရဲ့ကျေးဇူးရှင် ထမင်းရှင်အဖြစ်မှတ်ယူပြီးအမြဲ ဆုတောင်းပေးတယ်
COVID နဲ့ နိုင်ငံရေးမှာလည်း မပြိုလဲအောင် တတ်နိုင်သလောက် ထိန်းကျောင်းရတာပေါ့
-( ကို့ကိုယ်ကိုအောင်မြင်ပြီလို့ ထင်တဲ့နေ့ဟာ ကျရှုံးတဲ့နေ့ဘဲတဲ့)
အဲ့ဒါကြောင့် အောင်မြင်ပြီလို့တော့ဘယ်တော့မှမထင်ပါဘူး/
ကြိုးစားမှုလေးအရာလေးတော့ထင်လာတယ်လို့ မှတ်ယူပါတယ်
#ကျွန်တော်ကြိုးစားနေပါတယ်
ယခုရော/နောင်ရော /အမြဲတမ်းအတွက်ရောပေါ့
-အထည်လေး(3000)နဲ့စခဲ့တဲ့အိမ်မက်လေး အခုတော့အထည်(50000)နီးပါးလောက်ထိခရီးပေါက်ခဲ့ပါပြီ
-ဆိုင်ခွဲလေးလည်းဖွင့်နိုင်ခဲ့ပါပြီ
-ကျွန်တော့်အိမ်မက်လေးကို ဆက်ပြီးအကောင်ထည်ဖော်နိုင်အောင်ခုချိန်ထိ အားပေးကူညီခဲ့ကြတဲ့ သင်ဆရာ/မြင်ဆရာ/ကြားဆရာအပေါင်းနဲ့
ခုချိန်ထိယုံကြည်စွာအားပေးဝယ်ယူကြတဲ့တစ်ဦးတစ်ယောက်စီတိုင်း ကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ
-အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုရာဆန္ဒတွေပြည့်ကြပါစေခင်ဗျာ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
အမှတ်(31)ပါရမီလမ်းမပေါ် ပါရမီစိန်ဂေဟာအနီး (16)ရပ်ကွက် လှိုင်မြို့နယ်
09756004658/0943181633

24/04/2026

"Page chat box သို့ဝင်လာသော ဒီရက်ပိုင်းအလွဲများ"🤣🤣🤣
T-shirt ဒိုင်ပါခင်ဗျာ ဆိုလည်း
-အကိုရေ (ဘော်လီ )ရှိလားတဲ့
-ဂါဝန်ရောရလားတဲ့🤣
-ဒိထက်ဆိုးတာရှိသေးတယ် (ရွှေရင်ကျော်ဆရာတွေလွယ်တဲ့ လွယ်အိတ် ရှိလားတဲ့) သေရော🤣🤣
အဲ့ ဗဒီးဗဒါး အဖွဲ့ကတမျိုး
-နောက်တစ်ခုက( မေးပျောက်)အဖွဲ့ မေးပြီးဘယ်စကြာဝဠာ ဘယ်ကမ္ဘာကို လွင့်ပျောက်သွားမှန်းမသိတဲ့အဖွဲ့🤣
-နောက်တဖွဲ့က ထာဝရဈေးမေး/ရာသက်ပန်ဈေးမေး/သံသရာအဆက်ဆက်ဈေးမေး တဲ့သီးသန့်အဖွဲ့ကတမှောင့်🤣
-နောက် FBI တို့ Cia တို့ရှုံးလောက်အောင် စုံစီနဖာ A4 စာရွက်တစ်ရွက်လောက် reply ပြန်ပြီးမှ ပျောက်သွားသောအဖွဲ့🤣
-ထိုအဖွဲ့များအား ဦးစားပေးစိတ်ရှည်စွာဖြေပေးနေရပါသောကြောင့် တကယ့် ကာကာအစစ်မှန်များ reply ပြန်တာနောက်ကျသွားရင် ဒီကဘဲတောင်းပန်လိုက်ရပါတယ်လို့🙏🙏🙏
-ဟာသအနေဖြင့်သာ

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 46, Parami Road, (16)Quartar, Hlaing Township. Yangon
Yangon
11051

Opening Hours

Monday 09:00 - 07:00
Tuesday 09:00 - 07:00
Wednesday 09:00 - 07:00
Thursday 09:00 - 07:00
Friday 09:00 - 07:00
Saturday 09:00 - 07:00
Sunday 09:00 - 07:00