Myanmar Kaido

Myanmar Kaido

Share

YOUR MOST RELIABLE PARTNER MYANMAR KAIDO COMPANY LIMITED was established in April 1993 by a family of Myanmar nationals.

12/04/2026

တန်ခူးလေနှင့် သင်းပျံ့စေ မြန်မာကိုင်ဒိုမှ ပိတောက်ရနံ့တွေ🌻

ဆောင်းအကုန် နွေအကူး၊ လေရူးလေးတွေ ဝေ့ဝဲလို့ တန်ခူးလရာသီကို
ရောက်ရှိလာတဲ့အခါမှာတော့ မြန်မာတို့ရဲ့ တစ်နှစ်တာ
အတာသင်္ကြန်ပွဲတော်ကြီးကလည်း တစ်ကျော့ပြန်လို့ ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။🌿🍃

သင်္ကြန်မိုးပြေးလေးတွေကြောင့် ဖူးပွင့်လာကြတဲ့
ရွှေဝါရောင် ပိတောက်ရနံ့တို့နဲ့အတူ
ဤမင်္ဂလာရှိသော မြန်မာ့နှစ်ကူး အခါသမယမှာ...
Myanmar Kaido မိသားစုဝင်များအားလုံးမှ
ချစ်ခင်ရပါသော လူကြီးမင်းတို့နှင့်တကွ မြန်မာပြည်သူပြည်သားအပေါင်းတို့အား...
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဆိုတဲ့ ကောင်းကျိုးအထွေထွေနှင့် ပြည့်စုံကြပါစေကြောင်း၊
လုပ်ငန်းဆောင်တာအဝဝ အောင်မြင်ဖြစ်ထွန်းပြီး ဘေးဘယဝေးကွာကာ
ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့
ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင်။🌼🙇‍♀️🙏

10/04/2026

💦 Myanmar Kaido အဖွဲ့သားတို့ရဲ့ အတာသင်္ကြန် အစီအစဉ်များ 💦

ပိတ်ရက်ရှည်ကြီးကို စောင့်မျှော်နေကြတဲ့ ညီမတို့ Myanmar Kaido ရဲ့ အဖွဲ့သားတွေမှာ

ဘယ်လို သင်္ကြန် Plan တွေ ရှိနေကြလဲ? 🌸✨

ဒီ Video လေးထဲမှာ မြန်မာကိုင်ဒို မိသားစုဝင်တွေရဲ့ ပျော်ရွှင်စရာ သင်္ကြန်အစီအစဉ်လေးတွေကို ကြည့်ရှုရင်း...

မိတ်ဆွေတို့ကော ဒီနှစ်သင်္ကြန်မှာ ဘယ်လို Plan တွေရှိလဲဆိုတာ Comment မှာ ပြောပြခဲ့ဦးနော်။

အားလုံးပဲ ပျော်ရွှင်စရာ အတာသင်္ကြန်လေး ဖြစ်ပါစေရှင်။"

31/03/2026

MK

🤝လုပ်ငန်းရှင်မိတ်ဆွေကြီးတို့ရဲ့ Kobelco Excavatorတွေအတွက် အဖော်မွန်အသစ်🤝

မိတ်ဆွေတို့ရဲ့လုပ်ငန်းခွင်တွေမှာအပြည့်ဝဆုံးစွမ်းဆောင်ရည်တွေကိုပေးစွမ်းနေတဲ့ Kobelco Excavatorတွေအတွက် Filterရွေးချယ်မှုဟာ အရေးကြီးဆုံးအပိုင်းထဲမှာပါဝင်ပါတယ်။ Filterရွေးချယ်မှုမှားယွင်းသွားမယ်ဆိုရင် အင်ဂျင်သက်တမ်းကိုတိုစေပြီး ပြုပြင်စရိတ်တွေလည်းပိုမိုကုန်ကျနိုင်ပါတယ်။

ထိုကဲ့သို့သော အခက်အခဲတွေမဖြစ်ရအောင် မြန်မာကိုင်ဒိုကုမ္ပဏီကနေပြီး Kobelco စက်တွေအတွက် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ “MK” အရည်အသွေးမြင့် Filterတွေကို တင်သွင်းဖြန့်ချီပေးနေပြီပဲ ဖြစ်ပါတယ်ရှင်။

‘MK” အမှတ်တံဆိပ် Filterတွေဟာဆိုရင်
✅ မူလ Genuine parts များရဲ့ ကောင်းမွန်တဲ့ အရည်အသွေးအတိုင်း ထုတ်လုပ်ထားခြင်း၊
✅ Kobelco စက်တွေရဲ့အရည်အသွေးကို အပြည့်အဝထိန်းသိမ်းပေးနိုင်ခြင်း အပြင်
✅ ဆီမှာပါလာနိုင်တဲ့ အမှုန်အမွှားတွေကိုပါ အထိရောက်ဆုံးစစ်ထုတ်ပေးနိုင်တဲ့အတွက် အင်ဂျင်ကို အပြည့်အဝကာကွယ်ပေးနိုင်ပါတယ်။

မြန်မာကိုင်ဒိုကုမ္ပဏီလီမိတက်၊ ရုံးခွဲအသီးသီးမှာ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြစ်တဲ့ “ MK” အမှတ်တံဆိပ် အရည်အသွေးမြင့် Filter များကို ဝယ်ယူရရှိနိုင်ပြီပဲ ဖြစ်ပါတယ်ရှင်။👇

(1)Fuel Filter(7μm)
(2)Fuel Filter(4μm)
(3)Fuel Filter(2μm)
(4)Fuel Filter
(5)Engine Oil Filter

အသေးစိတ်သိရှိလိုပါက Myanmar Kaido ရဲ့ pageနဲ့ ဖုန်းနံပါတ်တွေမှ တစ်ဆင့်လည်း ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်။

20/03/2026

MK Lubricants ကို သယ်ဆောင်လာမယ့် Legendက ဘယ်သူဖြစ်မလဲ❓❔

MK ကို သယ်ဆောင်လာမယ့်

တည်ငြိမ်မှု
ခမ်းနားတဲ့ထည်ဝါမှု
အောင်မြင်မှုတွေနဲ့အတူ
လျှောက်လှမ်းလာတဲ့ Legend က ဘယ်သူဖြစ်မလဲ❓ ❓ ❓

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 242/243, Dipe Yinn Wun Htauk U Myae Street, Shwe Lin Ban Industrial Zone, Hlaing Thar Yar Tsp, Yangon Region
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00