Projects Building

Projects Building

Share

Construction and decoration service, since 2013

24/05/2026

🙏🏻🙏🏻🙏🏻 မနက်ခင်းဆုတောင်း ..

၇ရက်သားသမီးအပေါင်း
ဆင်းရဲးခြင်းခမ်းသိမ်းကင်းကြပါစေ.

🌄 မနက်ခင်းတိုင်း အေးချမ်းကြပါစေ။
နေ့ရက်တွေတိုင်း ကံကောင်းကြပါစေ။

🌄 ရေလိုလည်း အေးပြီးရင်း အေးပါစေ။
ပန်းလိုလည်း မွှေးပြီးရင်း မွှေးပါကြပါစေ။

🌄 စိတ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး
ကိုယ်၏ ချမ်းသာခြင်းများနဲ့ ပြည့်စုံနိုင်ကြပါစေ။

🌄 လဲနေသူများကို တွဲထူပေးနိုသူဖြစ် ကြပါစေ။
အားငယ်နေသူများကို အားပေးနိုင်သူ ဖြစ်ကြပါစေ။

🌄 ဒုက္ခရောက်သူတိုင်းကို ကူညီနိုင်သူ ဖြစ်ကြပါစေ။
အဆင်မပြေဖြစ်နေသူတိုင်းကို ပံ့ပိုးပေးနိုင်သူ တွေဖြစ်ပါစေ။
🙏🙏🙏

ုတောင်း 🙏

24/05/2026

✨ အပတ်စဉ် Sunday Quiz လေး လာပါပြီ ✨

ဆောက်လုပ်ရေးလောကမှာ အမြဲလိုလို ကြားနေရတဲ့ "PAE" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် အပြည့်အစုံက ဘာဖြစ်မလဲ❓🏠

Comment မှာ အဖြေမှန်လေးတွေ ဝင်ရောက်ဖြေဆိုရင်း ဖုန်းဘေ ကံစမ်းလိုက်ရအောင်နော်။ 😉 👇

မေးခွန်းရဲ့ ရွေးချယ်စရာများကတော့ -
(A) Professional Architecture Estate
(B) Project Alternative Engineering
(C) Plinth Area Estimate

🎁 ပါဝင်ကံစမ်းရန် စည်းကမ်းချက်များ
၁။ ဒီ Post လေးကို Like လုပ်ပေးပါ။
၂။ မိမိထင်တဲ့ အဖြေမှန် (A, B သို့မဟုတ် C) ကို Comment မှာ ရေးပေးခဲ့ပါ။
၃။ အောက်ပါ link က Post ကို Public ဖြင့် Share ပေးရပါမယ်။
https://www.facebook.com/share/v/18yADpm7eq/

⚠️ အထူးသတိပြုရန်
(သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ပြည့်စုံစွာ ကိုက်ညီသူများကိုသာ စနစ်တကျ စိစစ်ပြီး ကံထူးရှင်အဖြစ် ရွေးချယ်ပေးသွားမည် ဖြစ်ပါတယ်ရှင်။)

💬 စည်းကမ်းချက်ပြည့်စုံစွာ ဖြေဆိုပြီး Share ထားသူများထဲမှ ကံထူးရှင် (၅) ယောက်ကို ရွေးချယ်ပြီး ဖုန်းဘေ ၅,၀၀၀ စီ မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။

📣 ကံထူးရှင်ကြေညာမည့်နေ့: (27.5.2026)နေ့တွင် Page ကနေ တရားဝင် ကြေညာပေးသွားပါမယ်။

အဖြေမှန်ကို အခုပဲ Comment မှာ ဖြေခဲ့ပြီး ဖုန်းဘေ ကံစမ်းလိုက်တော့နော်။ 🍀✨

Projects Building Co.,Ltd.
📞 09-777967070, 09-261554339, 09-5128791
📍 အမှတ် (၇၃၄)၊ ယမနေ (၆) လမ်း၊ (၃၄) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

21/05/2026

🙏ပဋ္ဌာန်း (၂၄) ပစ္စည်း ဆုတောင်း🙏

၁။ ဟေတု ပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။

၂။ အာရမ္မဏ ပစ္စယော - မျက်စိနှင့် နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြုရပါစေသား။

၃။ အဓိပတိ ပစ္စယော - ရုပ်၊ နာမ် နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။

၄။ အနန္တရ ပစ္စယော - များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြုရပါစေသား။

၅။ သမနန္တရ ပစ္စယော - ရုပ်နှင့်နာမ် အတူရှိသော တရားတို့ကို မျက်မှောက်ပြုရပါစေသား။

၆။ သဟဇာတ ပစ္စယော - ရုပ်,ရုပ်ချင်း၊ နာမ်.နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။

၇။ ညမည ပစ္စယော - ရုပ်မှနာမ်သို့၊ နာမ်မှရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား။

၈။ နိဿယ ပစ္စယော - ရုပ်နာမ်နှစ်ပါးတို့၏ တည်နေရာကို သိရပါစေသား။

၉။ ဥပနိဿယ ပစ္စယော - ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။

၁၀။ ပုရေဇာတ ပစ္စယော - ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။

၁၁။ ပစ္ဆာဇာတ ပစ္စယော - နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။

၁၂။ အာသေဝန ပစ္စယော - လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။

၁၃။ ကမ္မ ပစ္စယော - ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။

၁၄။ ဝိပါက ပစ္စယော - ဝဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။

၁၅။ အာဟာရ ပစ္စယော - လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့နိုင်ရပါစေသား။

၁၆။ ဣန္ဒြိယ ပစ္စယော - နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။

၁၇။ ဈာန ပစ္စယော - သူတော်ကောင်းတရား (၇)ပါး၊ ဉာဏ်စဉ်(၅)ပါးနှင့် ပြည့်စုံရပါစေသား။

၁၈။ မဂ္ဂ ပစ္စယော - ဘာဝနာနှစ်ပါးအပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကို ရ ရပါစေသား။

၁၉။ သမ္ပယုတ္တ ပစ္စယော - သူတော်ကောင်းတို့နှင့်ပေါင်း၍ (၇) ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား။

၂၀။ ဝိပ္ပယုတ္တ ပစ္စယော - သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။

၂၁။ အတ္ထိ ပစ္စယော - သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။

၂၂။ နတ္ထိ ပစ္စယော - ပရမတ္တ မရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။

၂၃။ ဝိဂတ ပစ္စယော - ရှေး၌ ပွင့်ပြီးကုန်သော ဘုရားတို့ကို ရှိခိုးရပါစေသား။

၂၄။ အဝိဂတ ပစ္စယော - ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား။

(မူရင်းမျှ‌ဝေသူအားလေးစားစွာဖြင့်)

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No-734, Yamanay 6st, 34 Ward, North Dagon Township
Yangon
11422

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 00:00