Htun Pharmacy - Your Health Partner

Htun Pharmacy - Your Health Partner

Share

HTUN Pharmacy - YOUR HEALTH PARTNER

Opened at Ahlone Township

Reliable pharmacy for your prescrip

19/03/2024

ချစ်ခင်လေးစားရပါသော Customerများခင်ဗျာ...

၂၁.၃.၂၀၂၄ (ကြာသပတေးနေ့)မှ စတင်၍
ကျောင်းလမ်းရှိ ထွန်းဆေးဆိုင် အမှတ်(၂)ကို
ပိတ်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ထွန်းဆေးဆိုင်ရဲ့ မူရင်းဆိုင်ဖြစ်တဲ့
ငုဝါလမ်းပေါ်ရှိ ထွန်းဆေးဆိုင် အမှတ်(၁)မှာလည်း
ဆက်လက်အားပေးနိုင်သလို
ဖုန်းလေးဆက်ပြီး မှာယူလိုက်ရုံနဲ့
အိမ်အရောက်ပို့ ဝန်ဆောင်မှုပေးသွားမှာပဲဖြစ်ပါတယ်။

ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများကို ပေးနိုင်ဖို့
အစဥ်အမြဲကြိုးစားသွားမှာမို့
ဆက်လက်အားပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ယနေ့အချိန်အထိ အစဥ်အမြဲအားပေးလာကြတဲ့
မိတ်ဟောင်းမိတ်သစ် Customerများကိုလည်း
လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်။

HTUN Pharmacy - Your Health Partner

မြန်မာနိုင်ငံအနှံ့ (ပို့ဆောင်ပေးရန် အခက်အခဲ မရှိသည့်ဒေသများသို့) ပို့ဆောင်ပေးပါသည်။



Viber = 09798423266



အမှတ်(၉၈/B)၊ ငုဝါလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 018 225233, 09 79 842 3266

06/10/2023

ဖောလစ်အက်ဆစ် ချို့တဲ့နေရင် ဒါတွေ ခံစားရနိုင်ပါတယ်😅😅

ဗီတာမင်ဘီအုပ်စုတွေက လူအများ ရံဖန်ရံခါ သောက်လေ့ရှိတဲ့ အားဆေးလို့ခေါ်တဲ့ multivitamin & mineral supplements တွေ ထဲမှာ ပါလေ့ရှိပါတယ်။ ဒါပေမဲ့ B1, B2, B3, B6 နဲ့ B12 တွေသာ အပါများပြီး B7 လို့ခေါ်တဲ့ ဘိုင်အိုတင် နဲ့ B9 လို့ခေါ်တဲ့ ဖောလစ်အက်ဆစ်တို့ ပုံမှန် ပါလေ့မရှိပါဘူး။

ဖောလစ်အက်ဆစ်ဆိုရင် ကိုယ်ဝန်ဆောင်တွေပဲ သောက်ရတယ်လို့ ထင်တတ်ကြပါတယ်။ နေ့စဉ်အစာအာဟာရတွေထဲမှာ ဖောလစ်အက်ဆစ်က မရှားလို့ ချို့တဲ့တဲ့ပြဿနာ အရမ်းမတွေ့ရပေမဲ့ တချို့လူတွေမှာ ရှိနေနိုင်ပါတယ်။

ဖောလစ်အက်ဆစ် ချို့တဲ့ရင် -

❗️ သွေးအားနည်းရောဂါတစ်မျိုး ဖြစ်ဖို့ အားပေးပါတယ်။ အမျိုးသမီးတွေမှာ လစဉ်ရာသီကနေ သံဓာတ်ဆုံးရှုံးမှုရှိပါတယ်။ မြန်မာပြည်ဟာ အသားစားနည်းတဲ့ တိုင်းပြည်၊ တချို့အသားတွေ ရှောင်တတ်ကြတဲ့ တိုင်းပြည်ဖြစ်ပြီး သံဓာတ်အားဖြည့်ဆေး မှီဝဲကြတဲ့ အလေ့အထ မရှိကြတော့ သွေးအားနည်းတဲ့ ပြဿနာဟာ မြန်မာအမျိုးသမီးတွေရဲ့ % တစ်ခုမှာ သေချာရှိပါတယ်။ ဒီကြားထဲမှာ ဖောလစ်အက်ဆစ်ပါ ထပ်ချို့တဲ့ရင် သွေးအားနည်းရောဂါ ပိုဆိုးစေပါတယ်။

❗️ သတိမေ့တတ်ဖို့နဲ့ စိတ်ဆတ်ဖို့ အားပေးပါတယ်။

❗️ တချို့သော ဝမ်းလျှောလွယ်မှု၊ အစာအိမ်အူလမ်းကြောင်း မအီမသာဖြစ်မှုတွေဟာ ဖောလစ်အက်ဆစ် ချို့တဲ့မှုနဲ့ ဆက်စပ်ပါတယ်။

❗️ ပါးစပ်ထဲမှာ အနာခဏခဏဖြစ်ဖို့ အားပေးပါတယ်။ (Stress Ulcer ခဏခဏ ရရင် ဆရာဝန်ခွင့်ပြုချက်မလိုဘဲ ဝယ်လို့ရတဲ့ B အုပ်စုတွေ သောက်ပေးဖို့ အကြံပေးချင်ပါတယ်)

❗️ ကလေးငယ်တွေ၊ လူငယ်တွေ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးရမယ့် အရွယ်မှာ မထွားလာတာမျိုး ဖြစ်တတ်ပါတယ်။

‼️ အဆိုးဆုံးပြဿနာတစ်ခုက ကိုယ်ဝန်ဆောင်တွေမှာ ဖောလစ်အက်ဆစ် ချို့တဲ့ရင် ရင်သွေးမှာ ဆိုးရွားတဲ့ ချို့ယွင်းချက်တွေပါလာနိုင်တာပါပဲ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ဖို့ စတင်စီစဉ်ချိန်ကတည်းက မိခင်လောင်းဟာ ဖောလစ်အက်ဆစ် စတင်မှီဝဲသင့်ပါတယ်။ ဖခင်လောင်းပါ မှီဝဲရင် သုက်ပိုးတွေရဲ့ အရေအတွက်နဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလို့ သားသမီးအရ ပိုလွယ်စေပါတယ်။

ဖောလစ်အက်ဆစ် မချို့တဲ့ရလေအောင် ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ရှောက်သံပရာအနွယ်ဝင် အသီးမျိုးစုံ (လိမ္မော်၊ ရှောက်ချို၊ ကျွဲကော စသည်)၊ ကညွှတ်၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ပဲပင်ပေါက်၊ မြေပဲပင်ပေါက်ကဲ့သို့ အပင်ပေါက်များ၊ သင်္ဘောသီး၊ နေကြာစေ့၊ အသည်း စတာတွေကို စုံလင်အောင် စားသုံးပေးပြီး ဆရာဝန်ညွှန်ကြားချက်နဲ့ အတူ လိုအပ်ရင် ဖောလစ်အက်ဆစ် အားဆေး သောက်သုံးပေးသင့်ပါတယ်။

အသည်းရောဂါရှိတဲ့သူတွေဆိုရင် ပုံမှန် မကြာမကြာ သောက်ပေးဖို့ကို လိုအပ်ပါတယ်။



(မူရင်း Postကို လွတ်လပ်စွာ Shareနိုင်ပါသည်။
HTUN Pharmacy - Your Health Partner၏ မူပိုင် Contentများကို Creditပေး၍သော်လည်းကောင်း Creditမပေး၍သော်လည်းကောင်း ကူးယူဖော်ပြခြင်းများ ခွင့်မပြုပါ။)

HTUN Pharmacy - Your Health Partner

မြန်မာနိုင်ငံအနှံ့ (ပို့ဆောင်ပေးရန် အခက်အခဲ မရှိသည့်ဒေသများသို့) ပို့ဆောင်ပေးပါသည်။



Viber = 09798423266



အမှတ်(၉၈/B)၊ ငုဝါလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 018 225233, 09 79 842 3266



အမှတ်(၁၅/B)၊ ကျောင်းလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 09 79 314 1530

Photos from Htun Pharmacy - Your Health Partner's post 19/07/2023

အာဇာနည်နေ့တိုင်း (၁)နှစ်ပြည့်တဲ့ ဆေးဆိုင်လုပ်ငန်းက ဒီနေ့နဲ့ဆို (၁၁)နှစ်ပြည့်သွားပြန်ပါပြီ။

လုပ်ငန်း တိုးတက် အောင် ကြိုးစား ပေးကြတဲ့ ဝန်ထမ်း တစ်ယောက်စီ တိုင်းကိုလည်း ကျေးဇူး တင်ပါတယ်။ မိတ်ဖက် companyမှ ဝန်ထမ်းများ၊ မင်္ဂလာစျေး လက်ကားဒိုင်များ ကိုလည်း ကျေးဇူးတင်ပါတယ်။ ၁၁နှစ်တိုင် အားပေးကြတဲ့ customer တစ်ယောက်စီတိုင်းကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်။

လုပ်ငန်းနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ဓနအင်အား၊ စိတ်ဓာတ်ခွန်အား တွေ ပေးခဲ့ကြတဲ့ မိသားစုဝင် တွေ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။

Photos from Htun Pharmacy - Your Health Partner's post 04/07/2023

သိထားသင့်တဲ့ Vitamin C ရဲ့ အကောင်းအဆိုးအချို့

VIitamin C ဗိုက်တာမင်စီဟာ ဆေးဝါးဈေးကွက်ထဲမှာ အတွင်ကျယ်ဆုံး ဖြည့်စွက်အာဟာရတစ်ခု ဖြစ်ပါတယ်။

အအေးမိနှာစေး၊ လည်ချောင်းယား၊ ဓာတ်မတည့်တဲ့ ဝေဒနာတွေကို သက်သာစေသလို ကိုယ်ခံအားတက်ဖို့ အထောက်အပံ့ပေးလို့ ဆရာဝန်တွေကလည်း ညွှန်ကြားသလို အကြားအမြင်ဗဟုသုတများတဲ့ ခေတ်မလို့ ကိုယ့်ဟာကိုယ်လည်း သောက်ကြပါတယ်။

စိတ်ကိုလည်း နာရီတချို့လောက် ကြည်လင်လန်းဆန်းစေပါတယ်။ အထူးသဖြင့် ဗိုက်တာမင်ဘီအုပ်စုနဲ့ တွဲသောက်ရင်ပေါ့နော်။ B နဲ့ C တွဲထားတဲ့ ဆေးတွေက စိတ်ဖိစီးမှုကို ယာယီလျှော့ချပေးနိုင်တာ ဒါကြောင့်ပါ။

ဓာတ်တိုးပစ္စည်း (free radical) တွေကို ကာကွယ်ပေးသလို အရေပြားကို တင်းရင်းစိုပြည်စေတဲ့ သဘာဝ ကိုလာဂျင်တစ်သျှူးတွေ တိုးပွားမှုကို အားပေးလို့ အရွယ်တင်နုပျိုမှုကို အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ပေးပါတယ်။ သံဓာတ်နဲ့ အခြားအရေးပါတဲ့ သတ္တုဓာတ်တွေကို အူလမ်းကြောင်းက စုပ်ယူမှုအဆင်ပြေစေပါတယ်။

ဒီလို ကောင်းကျိုးတွေ အများကြီးရှိလို့ လိမ်းတဲ့ထုတ်ကုန်တွေပါ တီထွင်လာကြပါတယ်။ သူ့ရဲ့ လိမ်းရင်ရတဲ့ အာနိသင်တွေကို ပုံလေးထဲမှာ ဖော်ပြပေးလိုက်ပါတယ်။

ဗိုက်တာမင်စီဟာ ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင်အမျိုးအစား ဖြစ်လို့ များများသောက်မိလည်း မြင်သာတဲ့ အန္တရာယ် မရှိပေမဲ့ ပမာဏများများကို ကာလကြာရှည် သောက်မယ်ဆိုရင်တော့ ဆီးကျောက်တည်နိုင်တဲ့ အခွင့်အလမ်း တက်လာစေပါတယ်။

နောက်ထပ် သတိထားသင့်တဲ့ အချက်တစ်ချက်က အစာချေရည်အက်ဆစ်ဓာတ်များတဲ့သူတွေ အစာနည်းချိန် ဗိုက်တာမင်စီကို သောက်ချလိုက်ရင် အက်ဆစ်ဓာတ်တွေ ပိုများလာစေပါတယ်။ ဒါကြောင့် အစာအိမ်ရောဂါရှိသူတွေ ဗိုက်တာမင်စီစားရင် အစာရှိသင့်သလို အက်ဆစ်ဓာတ်နည်းတဲ့ non-acidic vitamin C အမှတ်တံဆိပ်တွေကို ရွေးချယ်သင့်ပါတယ်။

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Shop 1. . . No. 98, Nguwah Street, Ahlone Township
Yangon

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00