GLOBAL FIRE ALARM

GLOBAL FIRE ALARM

Share

We specialize in FIRE ALARM SYSTEMS both conventional and addressable. We offer our customers BIG VA

04/01/2021

🇲🇲 မြန်မာ့လွတ်လပ်ရေးနေ့

တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ပင်လုံစိတ်ဓာတ်များကြောင့် ပုံပေါ်ခဲ့ရသော လွတ်လပ်ရေးနေ့သည် ယခုအခါ (၇၃) နှစ်‌တိုင်ခဲ့ပါပြီ

၇၃ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အား GFA မှ လှိုက်လှဲစွာဖြင့် ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လွတ်လပ်ရေးတည်တံ့ခိုင်မြဲဖို့ လူတိုင်းကိုယ်စီအလုပ်လုပ်ကြပါစို့

09/12/2020

ကိုလိုနီနယ်ချဲ့လက်အောက်မှ ပြန်လည်လွတ်မြောက်ရေးအတွက် အမျိုးသားရေးစိတ်ဓါတ်အပြည့်နဲ့ နယ်ချဲ့တော်လှန်ရေးကြီးကိုစတင်ခဲ့တဲ့နေ့...

#မြန်မာတို့ရဲ့အမျိုးသားနေ့ ..
ဒီနေ့မှာတော့ နှစ်တစ်ရာတိုင်ခဲ့ပါပြီ

အဲ့ဒီနေ့ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၊ ၅ ရက်) မှာစတင်ပျိုး‌ထောင်ပေးလိုက်တဲ့ စစ်မှန်တဲ့အမျိုးသားရေးစိတ်ဓါတ်တွေကို တောက်လျောက်သယ်ဆောင်လာပြီး အကြိမ်ကြိမ်တော်လှန်ရေးလုပ်ရာက ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့မှာလွတ်လပ်ရေးကိုရှိခဲ့ခြင်းဖြစ်ပါတယ်။

ဒါကြောင့် လွတ်လပ်ရေးရဲ့အရင်းအမြစ် တော်လှန်ရေး‌နေ့ကြီးဆိုလည်းမမှားပါဘူး။

Photos from GLOBAL FIRE ALARM's post 15/11/2020

ပါဆယ်စနစ်ဖြင့် စတုဒီသာ လှူဒါန်းခြင်း

ယနေ့ ၁၅.၁၁.၂၀၂၀ ( တနင်္ဂနွေနေ့ ညနေ ၃:၀၀နာရီ) တွင်
ကမ္ဘာအေးစာတိုက်အနီး
အမှတ် (၈၇၀), မဟာဘောဂလမ်း, ၈ရပ်ကွက်,
မရမ်းကုန်းမြို့နယ် ရှိကျနော်များ၏ရုံးရှေ့တွင်
ဧည့်ပရိတ်သတ်များက သတ်မှတ်ထားသော Distancing (၆)ပေအကွာဖြင့်တန်းစီးခဲ့ကြပြီး စတုဒီသာကို ပါဆယ်စနစ်ဖြင့်အားပေးခဲ့ကြပါတယ်။

လူအယောက် ၆၅၀ အတွက် တိုကင်ဖြင့်သက်မှတ်ထားခဲ့သော်လည်း
အယောက် (၁၀၀၀) နီးပါးကို လှူဒါန်းနိုင်ခဲ့ပါတယ်။

လှူဒါန်းရာတွင်
ဘဲဥ ပဲကုလားဟင်း
ငါးခြောက်ကြော်
ငါးပိကြော်
ရွှေဘိုပေါ်ဆန်းထမင်း
ဆိတ်သားဟင်းတို့ကို HDPE ဗူးများဖြင့် ထုပ်ပိုး၍ လှူဒါန်းခဲ့ကြတဲ့အပြင်

ပထမရောက်လာသူ (၆၅၀)ကို
Mask များ နှင့်
ချိတ်ပါလက်သန့်ဆေး Spray တောင့်များ ကိုလည်းလက်ဆောင်ပေးအပ်ခဲ့ပါတယ်။

Live Video တင်ထားခြင်းကို ကြည့်နိုင်ရန်
https://m.facebook.com/story.php?story_fbid=1352016908523758&id=100011463840986

အလှူတစ်ခုအောင်မြင်စွာပြီးမြောက်ခြင်းအတွက် ဝမ်းသာအားရမိတဲ့အပြင်၊ အဖက်ဖက်မှ ကူညီလုပ်ဆောင်ပေးကြသော အကျိုးဆောင် ပုဂ္ဂိုလ်တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ်။

မြန်မာပြည်သူပြည်သားအားလုံးလည်း Covid-19ကပ်ရောဂါမှကင်းဝေး၍ သက်ရှည်ကျန်းမာစိတ်ချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါရတယ်ခင်များ🙏🙏🙏

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


870, Mahar Bawga Street, Near Kabaraye Sardike Bus Stop, Ward 8, Mayangon Township, Opposit Of Kabaraye Pagoda
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00