Myanmar Innovative Life Sciences
Helping food producers and farmers produce safer and better quality food sustainably. Learn more at: https://www.milsciences.com/about-mils
19/05/2026
သဘာဝမြေသြဇာ (Organic Fertilizer) နှင့် ဓာတ်မြေသြဇာ (Chemical Fertilizer) ကွာခြားချက်
သင့်စိုက်ခင်းအတွက် ရေရှည်အကျိုးကျေးဇူးကို ဘယ်အမျိုးအစားက ပိုမိုပေးစွမ်းနိုင်သလဲ?
စိုက်ပျိုးရေးကဏ္ဍတွင် အထွက်နှုန်းတိုးတက်မှုသာမက မြေဆီလွှာ၏ ရေရှည်ကျန်းမာရေးနှင့် တည်တံ့ခိုင်မြဲမှုသည်လည်း အလွန်အရေးကြီးပါတယ်။ ယနေ့တွင် MILS မှ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာတို့၏ ကွာခြားချက်များနှင့် စိုက်ပျိုးရေးအပေါ် သက်ရောက်မှုများကို ဗဟုသုတအဖြစ် မျှဝေပေးလိုပါတယ်။
🌱 သဘာဝမြေသြဇာ (Organic Fertilizer)
သဘာဝမြေသြဇာများကို အပင်အကြွင်းအကျန်များ၊ မြေဆွေးနှင့် တိရစ္ဆာန်ဘေးထွက်ပစ္စည်းများမှ ထုတ်လုပ်ထားပါတယ်။
သဘာဝမြေဩဇာ၏ အားသာချက်များ -
• မြေဆီလွှာဖွဲ့စည်းပုံ (Soil Structure) ကို ကောင်းမွန်စေခြင်း
• ရေထိန်းသိမ်းနိုင်စွမ်းကို မြှင့်တင်ပေးခြင်း
• မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝပိုးများ၏ လှုပ်ရှားမှုကို အားပေးခြင်း
• အာဟာရဓာတ်များကို ဖြည်းဖြည်းချင်း (Slow-release) ထုတ်လွှတ်ပေးသဖြင့် ရေရှည်အာဟာရ ရရှိစေခြင်း တို့ဖြစ်ပါတယ်။
သို့သော် အာဟာရဓာတ် ထုတ်လွှတ်မှုနှေးကွေးသောကြောင့် အပင်ကြီးထွားမှုကို ချက်ချင်း မမြင်တွေ့နိုင်ပါ။
🧪 ဓာတ်မြေသြဇာ (Chemical Fertilizer)
ဓာတ်မြေသြဇာများသည် Nitrogen (N), Phosphorus (P) နှင့် Potassium (K) ကဲ့သို့သော အာဟာရဓာတ်များကို ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်ထားသော မြေသြဇာအမျိုးအစားများ ဖြစ်ပါတယ်။
ဓာတ်မြေဩဇာ၏ အားသာချက်များ -
• အပင်လိုအပ်သော အာဟာရဓာတ်များကို လျင်မြန်စွာ ရရှိစေခြင်း
• အပင်ကြီးထွားမှုနှင့် အထွက်နှုန်းကို မြန်ဆန်စွာ တိုးတက်စေခြင်း
• စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးများခြင်း တို့ဖြစ်ပါတယ်။
သို့သော် ရေရှည်နှင့် အလွန်အကျွံ အသုံးပြုပါက မြေဆီလွှာဖွဲ့စည်းပုံ ထိခိုက်ခြင်း၊ အက်စစ်ဓာတ် မြင့်တက်ခြင်းနှင့် အကျိုးပြုအဏုဇီဝလှုပ်ရှားမှုများ လျော့နည်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
တောင်သူဦးကြီးများအနေဖြင့် ဘယ်မြေသြဇာကို ရွေးချယ်အသုံးပြုသင့်သလဲ?
ခေတ်မီစိုက်ပျိုးရေးစနစ်တွင် အထွက်နှုန်းနှင့် မြေဆီလွှာကျန်းမာရေးကို ဟန်ချက်ညီစေရန် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာတို့ကို စနစ်တကျ ပေါင်းစပ်အသုံးပြုသော Integrated Nutrient Management (INM) စနစ်ကို ကျင့်သုံးရန် အကြံပြုလိုပါတယ်။
Myanmar Innovative Life Sciences သည် သိပ္ပံနည်းကျ ဆန်းသစ်တီထွင်မှုများမှတစ်ဆင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးစေရန် အစဉ်တစိုက် ပံ့ပိုးကူညီလျက် ရှိပါတယ်။
တောင်သူဦးကြီးများအနေဖြင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အသုံးပြုမှုဆိုင်ရာ အတွေ့အကြုံများကို Comment တွင် မျှဝေဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09255167596/ 09447043463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn: https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn
14/05/2026
“သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး” ဆိုသည့် ဆိုရိုးစကားအတိုင်း ဓာတ်မြေဩဇာကို စနစ်တကျ မသုံးစွဲပါက သီးနှံအထွက်နှုန်း နည်းပါးနိုင်ရုံသာမက မြေဆီလွှာ၏ အရည်အသွေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ယနေ့တွင် MILS မှ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အရေးပါသည့် "ဓာတ်မြေသြဇာ အသုံးပြုခြင်းဆိုင်ရာ အခြေခံမူ ၄ ချက် (4Rs)" အကြောင်းကို တောင်သူဦးကြီးများနှင့် လုပ်ငန်းရှင်များအတွက် မျှဝေတင်ပြပေးလိုက်ပါတယ်။
ဓာတ်မြေသြဇာကို အကျိုးရှိရှိ အသုံးချနည်း (၄) ရပ် (4Rs) -
• မှန်ကန်သော အမျိုးအစား ဖြစ်ရမည်။ (Right Source)
မိမိစိုက်ပျိုးသည့် မြေဆီလွှာ၏ အခြေအနေနှင့် သီးနှံလိုအပ်ချက်ပေါ် မူတည်၍ သင့်တော်သော မြေသြဇာအမျိုးအစားကို ရွေးချယ်ရပါမည်။ မြေဆီလွှာကို ဦးစွာစစ်ဆေးပြီးမှ လိုအပ်သည့် အာဟာရကို ဖြည့်တင်းပေးသင့်ပါတယ်။
• မှန်ကန်သော ပမာဏ ဖြစ်ရမည်။ (Right Rate)
မြေသြဇာကို အလွန်အကျွံ အသုံးပြုခြင်းသည် ကုန်ကျစရိတ် မြင့်တက်စေရုံသာမက မြေဆီလွှာ၏ အရည်အသွေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ သီးနှံ၏ ကြီးထွားမှု အဆင့်အလိုက် လိုအပ်သည့် ပမာဏကိုသာ တွက်ချက်ကျွေးရပါမည်။
• မှန်ကန်သော အချိန် ဖြစ်ရမည်။ (Right Time)
အပင်မှ အာဟာရဓာတ်ကို အထိရောက်ဆုံး စုပ်ယူနိုင်သည့် အချိန်တွင် ကျွေးရပါမည်။ သီးနှံအမျိုးအစားအလိုက် အပင်ငယ်စဉ်၊ ပန်းပွင့်ချိန် သို့မဟုတ် အသီးတင်ချိန် စသည်ဖြင့် အချိန်ကိုက် ကျွေးခြင်းဖြင့် လေလွင့်မှုကို လျှော့ချနိုင်ပါတယ်။
• မှန်ကန်သော နေရာ ဖြစ်ရမည်။ (Right Place)
မြေသြဇာကို အပင်၏ အမြစ်နှင့် နီးကပ်စွာ သို့မဟုတ် အပင်မှ စုပ်ယူရလွယ်ကူသော နေရာ၊ နည်းလမ်း (ဥပမာ - မြေကျင်းတူးထည့်ခြင်း၊ အရွက်ဖျန်းခြင်း) ဖြင့် စနစ်တကျ ထည့်သွင်းရပါမည်။
4Rs ကို လိုက်နာခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ -
• မြေဩဇာ လေလွင့်မှုကို လျှော့ချနိုင်ခြင်းကြောင့် ကုန်ကျစရိတ် သက်သာခြင်း
• အပင်မှ အာဟာရကို အပြည့်အဝ စုပ်ယူနိုင်ခြင်းကြောင့် အထွက်နှုန်း တိုးတက်ခြင်း
• မြေဆီလွှာနှင့် ရေအရင်းအမြစ် ညစ်ညမ်းမှုကို ကာကွယ်နိုင်ခြင်းကြောင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ခြင်းတို့ဖြစ်ပါတယ်။
စနစ်တကျ ဓာတ်မြေဩဇာကို အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို ဖော်ဆောင်နိုင်ပါတယ်။
တောင်သူဦးကြီးများအနေဖြင့် မိမိတို့၏ အတွေ့အကြုံများကို Comment တွင် မျှဝေဆွေးနွေးနိုင်ပါတယ်။
• Reference: The Fertilizer Institute
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09255167596/ 09447043463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn: https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
165 Aung Zay Ya (1) Street, Thirimingalar Road (Japan Road), Level 1, Insein Township
Yangon
11012
Opening Hours
| Monday | 08:30 - 16:30 |
| Tuesday | 08:30 - 16:30 |
| Wednesday | 08:30 - 16:30 |
| Thursday | 08:30 - 16:30 |
| Friday | 08:30 - 16:30 |