GITE Termite Control Service

GITE Termite Control Service

Share

Termite Control, Myanmar
Pest Control, Myanmar

Photos from GITE Termite Control Service's post 03/12/2025

ခြလမ်းကြောင်းတွေကို Thermal Imaging Device သုံးပြီး ရှာကြည့်တဲ့ နည်းလမ်းပါ။
မျက်စီနဲ့ မမြင်နိုင်တဲ့ သစ်သားမျက်နှာပြင်အောက်က လမ်းကြောင်းတွေကို ရှာတဲ့ နေရာမှာ သုံးပါတယ်။
နည်းလမ်းအရ အကန့်အသတ်ရှိပေမဲ့ သုံးလို့ရတဲ့ အခြေအနေမျိုးမှာ အခြားသော Device တွေနဲ့ ပူးတွဲအသုံးပြုပါတယ်။
သူ့ကိုသုံးရတာ Ultrasound ရိုက်ရတာလိုပဲ ပုံရိပ်ဖတ်တဲ့ နည်းလိုပါတယ်။
သင်ပေးတဲ့သူတော့ မရှိပါဘူး။ ကိုယ့်ဘာသာကိုပဲ ပုံရိပ်က ဖေါ်ပြတာနဲ့ လက်တွေ့ကို ပေါင်းစပ်ပြီး သင်ယူရတာပါ။

Photos from GITE Termite Control Service's post 29/10/2025

ခြက အိမ်ထဲရောက်နေပြီး ဘယ်လိုနှိမ်နင်းရမလဲဆိုတာကို စဉ်းစားနေတဲ့ အိမ်ပိုင်ရှင်တွေ ဖတ်ကြည့်သင့်တဲ့ အကြောင်းအရာကို တင်ပြပေးလိုက်ပါတယ်။

Post construction anti termite treatment အမျိုးအစားထဲက ခြ နှိမ်နင်းခြင်း နည်း(၂)မျိုးဖြစ်တဲ့
အဆိပ်အစာကျွေးခြင်း(Poisonous bait system) နှင့်
ခြဆေးရည် (Termiticide) အသုံးပြုခြင်းတို့ကို ယေဘူယျအားဖြင့် နှိုင်းယှဉ်ပေးထားပါတယ်။

အမြန်ဆုံး ထိရောက်လိုလျှင်
ခြအများအပြားရှိပြီး အလျှင်အမြန် ဖျက်ဆီးနေလျင် ၎င်းကိုချက်ချင်းရပ်တန့်လိုပါက ခြဆေးရည်ဖြင့် အကာအကွယ်ပေးခြင်း (Termiticide Treatment) က ပိုမြန်ဆန်သည်။

ကိုလိုနီတစ်ခုလုံးကို ချေမှုန်းလိုလျင်
ခြကိုလိုနီရဲ့ ဇစ်မြစ်ကို အပြီးသတ်ဖျက်ဆီးလိုပြီး၊ ဓာတုပစ္စည်းသုံးစွဲမှုကို လျှော့ချလိုပါက ခြအဆိပ်အစာစနစ် (Bait System) က ပိုသင့်တော်သည်။

အကောင်းဆုံး လုပ်ဆောင်သင့်သည်မှာ ခြနှိမ်နင်းရေး ပညာရှင် (Pest Control Professional) နှင့် တိုင်ပင်ဆွေးနွေးပြီး၊ မိမိအိမ်၏ အဆောက်အအုံဖွဲ့စည်း ပြင်ဆင်ထားပုံနှင့် လက်ရှိ ခြအခြေအနေကို စစ်ဆေးကာ အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်ရန် ဖြစ်ပါတယ်ခင်ဗျာ။

ယခုပြောထားတာထက် ထပ်မံသိရှိလိုတာရှိရင် comment မှာသော်လည်းကောင်း၊ Viber ဖြင့်သော် လည်းကောင်း မေးမြန်းနိုင်ပါတယ်။

28/10/2025

ခြသေးသေး‌ေလးတွေရဲ့ ဖန်တီးမှု အနုပညာ လို့ပြောရမလား။
အဲ့လိုပြောမယ်ဆို ကြည့်ရူသူမရှိတဲ့ မှောင်ထဲက အနုပညာပဲ ဖြစ်မယ်ထင်တယ်။

တကယ်ကတော့ နှံနှံစပ်စပ် ပေါက်ပေါက်ရှာရှာ အသေးစိတ် ရှာဖွေတတ်တဲ့ GITE Termite Control Team ရဲ့ ရှာဖွေလေ တွေရှိလေ ဖြစ်ခဲ့တဲ့
အိမ်တလုံးရဲ့ မျက်နှာကျတ်အပေါ်က ခြလမ်းကြောင်းတွေပါပဲ။

သူ့အောက်ဖက်က အခန်းထဲမှာ တွေ့တာက ခြလမ်းကြောင်း သေးသေးလေး တကြောင်းတည်းပါ။
အိမ်ရှင်က မျက်နှာကျက်အပေါ်ဖက်က ညဖက်ဆို အသံသေးသေးလေးတွေ ကြားတယ်လို့ပြောတာနဲ့ တက်ရှာကြတာပါ။

ခြလမ်းကြောင်းတွေက ဘာကြောင့် အပေါ်ကို ထောင်ထွက်နေရတာလဲဆိုတော့ ဘယ်ကို ထပ်သွားလို့ ရဦးမလဲဆိုပြီး လမ်းကြောင်းရှာတဲ့ စမ်းသပ် လမ်းကြောင်းတွေပါ။

သွားစရာ ထပ်တွေ့ရင် ထပ်သွားဦးမယ့် သတ္တဝါလေးတွေပါပဲ။ သွားစရာ မရှိတော့လို့ အိမ်သစ်ထပ်ဆောက်နေကြတာပါ။

30/09/2025

Gemini မှာ Prompt ရေးကြည့်ပြီး ထုတ်ကြည့်ထားတာလေးပါ။
AI Generated image ပါ။

Photos from GITE Termite Control Service's post 11/09/2025

ခြကာကွယ်ဆေး ထည့်ဖို့ ပိုက်တွေဆင်နေပြီ။

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00