Yangonthu Branded Cosmetics
Personal Care & Beauty Products
08/05/2026
Skincare တွေလုပ်နေတာပဲ…
ဒါပေမယ့် Skin မကောင်းသေးဘူးလား?”
တချို့လူတွေက skincare product ကောင်းတာတွေသုံးနေတယ်…serum တွေလည်းသုံးတယ် mask လည်းတင်တယ်… expensive skincare တွေလည်းဝယ်သုံးတယ်…
ဒါပေမယ့် skin က glow မလာဘူး၊ breakout တွေခဏခဏဖြစ်နေတယ်၊ မျက်နှာက dull ဖြစ်နေတုန်းပဲဆိုပြီး စိတ်ညစ်နေတတ်ပါတယ် 😢
တကယ်တော့ skincare မှ product ကောင်းတာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
Sometimes…routine လေးတွေမကိုက်တာ၊ skin barrier အားနည်းနေတာ၊ ဒါမှမဟုတ် skincare ကို overdoing ဖြစ်နေတာတွေskin မကြည်တဲ့ reason ဖြစ်နေတတ်ပါတယ်
ဒီ post ကို save ထားပြီကိုယ့် routine နဲ့တိုက်စစ်ကြည့်နော် 👇
━━━━━━━━━━━━━━
1. Serum အများကြီးသုံးတိုင်း skin ပိုကောင်းလာတာ မဟုတ်ဘူး
တချို့နေ့တွေမှာ Vitamin C, Niacinamide, Retinol, AHA/BHA… အကုန် layer တင်လိုက်ရင် skin ပို glow မယ်ထင်တတ်ကြပါတယ် 😭
ဒါပေမယ့် active ingredients တွေ အများကြီး mix သုံးလိုက်ရင် skin က sensitive ဖြစ်လာတာ၊ redness ဖြစ်တာ၊ breakout ထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
တခါတလေ simple routine လေးတွေကပဲ skin ကို ပို stable ဖြစ်စေတတ်ပါတယ် 🤍
━━━━━━━━━━━━━━
2. Moisturizer skip လုပ်နေတယ်
“Oily skin မို့ moisturizer မလိုဘူး” ဆိုပြီးထင်နေတဲ့သူတွေ အများကြီးရှိပါတယ်…
ဒါပေမယ့် hydration မလုံလောက်ရင် skin က oil ပိုထွက်လာတတ်ပါတယ် 😢
အဲ့ဒါကြောင့် makeup မလှတော့တာ၊ pores ပိုမြင်လာတာ၊ skin dull ဖြစ်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
Healthy glow skin ဆိုတာ hydrated skin ပါ
━━━━━━━━━━━━━━
3. Sunscreen လိမ်းပေမယ့် amount မလုံလောက်တာ
Sunscreen လိမ်းနေပေမယ့် နည်းနည်းပဲလိမ်းတာမျိုးလည်း ရှိတတ်ပါတယ်…
ပြီးတော့ “Indoor နေရင်မလိုဘူး” “Cloudy day ဆိုမလိုဘူး” ဆိုပြီး skip လုပ်တတ်ကြပါတယ် ☀️
ဒါပေမယ့် UV damage က skin dull ဖြစ်တာ၊ dark spots ဖြစ်တာ၊ skin tone မညီတာတွေ ဖြစ်စေနိုင်ပါတယ်
━━━━━━━━━━━━━━
4. Skin barrier ပျက်နေတာကို မသိဘဲ exfoliate ဆက်လုပ်နေတယ်
Skin rough ဖြစ်လာရင် scrub ပိုတိုက်တာ၊ acid ပိုသုံးတာမျိုး လုပ်တတ်ကြပါတယ် 😭
ဒါပေမယ့် skin barrier already weak ဖြစ်နေတဲ့အချိန်မှာ exfoliate ထပ်လုပ်ရင် skin ပို sensitive ဖြစ်လာနိုင်ပါတယ်။
Skincare လိမ်းရင် sting ဖြစ်တာ၊ redness ဖြစ်တာ၊ skin ခြောက်ပြီး tight ဖြစ်တာမျိုးတွေရှိလာရင် skin barrier အားနည်းနေတာဖြစ်နိုင်ပါတယ် 🤍
━━━━━━━━━━━━━━
5. Overnight result မျှော်လင့်လွန်းတာ
TikTok / Facebook ပေါ်မှာ “3 days glow” “1 week clear skin” ဆိုတာတွေမြင်ပြီး skin care ကချက်ချင်း result ထွက်ရမယ်ထင်တတ်ကြပါတယ်…
ဒါပေမယ့် real skincare က consistency ပိုအရေးကြီးပါတယ်
Healthy skin ဆိုတာ နေ့တိုင်း နည်းနည်းချင်း ဂရုစိုက်မှ ရလာမယ့် resultပါ
━━━━━━━━━━━━━━
Glow skin ဆိုတာ perfect skin မဟုတ်ဘူး…
ကိုယ့် skin healthy ဖြစ်နေပြီး ကြည့်လိုက်ရင် fresh & comfortable ဖြစ်နေတာက တကယ် glow skin ပါ
ကိုယ့် skin ကို pressure မပေးဘဲ slowly care လုပ်ပေးတာက ပိုအရေးကြီးပါတယ် 🤍
ဒီ post ကို save ထားပြီးroutine ပြန်စစ်ကြည့်နော်
📍 အမှတ် (105), 8 မိုင်လမ်းဆုံ
(ရွှေဘဲစားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင်)
ပြည်လမ်းမပေါ်, မရမ်းကုန်းမြို့နယ်, ရန်ကုန်မြို့
📲 09 9703 10083, 09 4500 10418
⏰ မနက် 9:00 မှ ညနေ 6:30အထိ
ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်ရှင့်။
01/05/2026
ပျော်ရွှင်စရာ အလုပ်သမားနေ့ ဖြစ်ပါစေ။
လူတိုင်း ကိုယ်ဖန်တီးတဲ့ အလုပ်နဲ့ ထိုက်တန်တဲ့
ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို အပြည့်အဝ ခံစားရပါစေ။
ဒီနေ့ May 1 ရက်နေ့ဟာ
ကမ္ဘာတစ်ဝှမ်းရှိ အလုပ်သမားတွေကို ဂုဏ်ပြုတဲ့
အလုပ်သမားနေ့ (Labor Day) ဖြစ်ပါတယ်။
Labor Day ဟာ သာမန်နေ့တစ်ရက်မဟုတ်ပဲ
အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့
တက်ကြွစွာ တိုက်ပွဲဝင်ခဲ့တဲ့ သမိုင်းတစ်ခုကနေ
ဖြစ်ပေါ်လာခဲ့တာပါ။
၁၉ ရာစုနှောင်းပိုင်းကာလမှာ
အလုပ်သမားတွေဟာ တစ်နေ့ကို ၁၂ နာရီကျော်
အလုပ်လုပ်ရပြီး အနားယူချိန်မရှိသလို
အလုပ်ခွင်အခြေအနေတွေကလည်း မလုံခြုံခဲ့ပါဘူး။
ဒီလိုအခြေအနေတွေကို ပြောင်းလဲဖို့အတွက်
အလုပ်သမားတွေက
“တစ်နေ့ ၈ နာရီသာ အလုပ်လုပ်ခွင့်” ဆိုတဲ့
အခွင့်အရေးကို တောင်းဆိုခဲ့ကြပါတယ်။
အဲဒီလိုတောင်းဆိုမှုတွေကြောင့်
၁၈၈၆ ခုနှစ်၊ အမေရိကန်နိုင်ငံ Chicago မြို့မှာ
အလုပ်သမားတွေ သပိတ်မှောက်ခဲ့ကြပြီး
Haymarket Incident လို့ခေါ်တဲ့
သမိုင်းဝင်ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီကာလကနေစပြီး
အလုပ်သမားအခွင့်အရေးတွေ
တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး
May 1 ရက်နေ့ကို
ကမ္ဘာတစ်ဝှမ်း အလုပ်သမားနေ့အဖြစ်
သတ်မှတ်ဂုဏ်ပြုလာခဲ့တာ ဖြစ်ပါတယ်။
#အလုပ်သမားနေ့
30/04/2026
ကဆုန်လပြည့်နေ့ အခါသမယတွင်
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်
ပြည့်စုံကြပါစေလို့ Yangonthu Branded Cosmetics
မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#ကဆုန်လပြည့် #ဗုဒ္ဓနေ့
26/04/2026
ကျန်းမာစိုပြေတဲ့ skin ဆိုတာက
ခဏလေးနဲ့ဖြစ်လာတဲ့အရာမဟုတ်ပါဘူးနော်🥰
နေ့တိုင်း ပုံမှန် ကိုယ့် skin ကို
သေချာဂရုစိုက်ထားတဲ့ result လေးပါ 💛
တချို့အချိန်တွေမှာ နေပူထိတာ၊ ရေဓာတ်မလုံလောက်တာ
skincare routine လျော့သွားတာတွေကြောင့်
Skin နဂိုထက် မဲသွားတာ၊ ညစ်သွားတာ၊
ခြောက်သွားတာလေးတွေဖြစ်တတ်ပါတယ်
ဒါက normal ဖြစ်ပေမယ့် သေချာပြန်ပြီး
မထိန်းသိမ်းဘူးဆိုရင်skin barrier ပျက်စီးပြီး
အဆီပိုပြန်၊ ဝက်ခြံထွက်လွယ်
sensitivity တွေမြင့်လာနိုင်ပါတယ်။
အဲ့ဒါကြောင့် skin ကို ပြန်လည်ထိန်းသိမ်းတဲ့အခါမှာ
အရေးကြီးဆုံးက basic care လေးတွေပါ အဲ့ဒါလေးတွေက
💧 Hydration (ရေဓာတ်ပြည့်ဝမှု)
Skin စိုပြေဖို့အတွက် moisturizer မဖြစ်မနေလိုပါတယ်။
ရေဓာတ်ပြည့်ဝတဲ့ skin က နဂိုထက်စိုပြေပြီး
fine lines တွေလည်း နည်းသွားတတ်ပါတယ်။
☀️ Sunscreen (UV Protection)
နေရောင်ခြည်က တင်းတိတ်နဲ့မှဲ့ခြောက် ဖြစ်စေတဲ့ အဓိကအကြောင်းရင်းပါနော်။
SPF မသုံးဘူးဆိုရင် skincare တွေအများကြီး သုံးထားရင်တောင်
ကိုယ်လိုချင်တဲ့ result မရနိုင်ပါဘူး။
🧴 Skin Barrier Care
Skin barrier က ကိုယ့်အသားအရည်ကို ကာကွယ်ပေးတဲ့ layer လေးတစ်ခုဖြစ်ပါတယ်။
အဲ့ layerလေး ပျက်သွားခဲ့ရင် dryness, irritation, acne စတာတွေဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်မို့ gentle skincare, over-exfoliate မလုပ်တာက အရေးကြီးပါတယ်။
🌿 Glow Boosting Care
Vitamin C, Niacinamide, Hydrating serum စတဲ့ products လေးတွေက
skin tone ကိုပြန်ညှိပေးပြီး ကျန်မာစိုပြေတဲ့ skin လေးရရှိလာအောင်ကူညီပေးပါတယ်။
လိုချင်တဲ့ productလေးတွေရှိရင် စိတ်ချယုံကြည်စွာ
လာရောက်မေးမြန်း ဝယ်ယူနိုင်ပါတယ်ရှင့်။
📍 အမှတ် (105), 8 မိုင်လမ်းဆုံ
(ရွှေဘဲစားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင်)
ပြည်လမ်းမပေါ်, မရမ်းကုန်းမြို့နယ်, ရန်ကုန်မြို့
📲 09 9703 10083, 09 4500 10418
⏰ မနက် 9:00 မှ ညနေ 6:30အထိ
ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်ရှင့်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No(105), 8 Mile, Pyay Road
Yangon