Thiri Thansin

Thiri Thansin

Share

fashion ကျကျလှပဖို့ သံစဥ်ဆိုင်မှာေစျးဝယ?

04/05/2023

Butterfly Effect ဆိုတာ ရှိပါတယ် ။

တင်စားပြောရရင်

ကမ္ဘာကြီးရဲ့ တဖက်ခြမ်းက လိပ်ပြာလေး တောင်ပံခတ်လိုက်တာက တဖက်ခြမ်းမှာ လေဆင်နှာမောင်းနဲ့ ‌မုန်တိုင်းတွေ ဖြစ်သွားစေတယ် ။

နားလည်ရ အလွယ်ဆုံး ပြောပါဆိုရင်

ပစ္စပ္ပန်/အတိတ်က ကိစ္စသေးသေးလေး တစ်ခုက
ကြီးမားတဲ့ ကိစ္စတွေ အနာဂတ်မှာ ဖြစ်လာစေတယ် ။

ဥပမာ ။

စာဖတ်နေသူရဲ့ အဖေနဲ့ အမေနဲ့ စတင် တွေ့ဆုံဖြစ်မယ့် အတိတ်က နေ့တစ်ရက်မှာ သင့်အမေ အနေနဲ့
ခလုတ်တိုက်မိတာလေးက အစ ၊

သင့်အဖေရဲ့ ရထားစောင့်တာ ကြာလို့
နောက်ကျသွားတာကနေ စပြီး

ပြောင်းလဲမှုအကြီးကြီးတွေ ဖြစ်ပြီး သင်တောင်
မွေးဖွားဖြစ်လာခဲ့မှာ မဟုတ်ပါဘူး ။

သူတို့လည်း ညားဖြစ်ခဲ့မှာ မဟုတ်ပါဘူး ။

အဲ့လောက်ထိ သက်ရောက်မှု ရှိနိုင်ပါတယ် ။

ကျနော့် ဘ၀မှာလည်း ကိစ္စတစ်ခု ပြောရရင်

ကျနော် ခြောက်တန်းတုန်းက
ရေကူးချန်ပီယံ တရုတ်အစ်ကို တစ်ယောက်ကနေ
ကျနော်နဲ့ ကျနော့်အိမ်ရှေ့က သူငယ်ချင်းတို့ကို
ရေကူးသင်ပေးခဲ့ပါတယ် ။

ဒါပေမယ့် ကျနော့်အနေနဲ့ အဲ့ဒီအချိန်တုန်းက
ကျနော့်ကို ချန်ထားတယ် ၊ သူ့ကိုပဲ ဦးစားပေးတယ်
လို့ ခံစားခဲ့ရလို့ သုံးရက်လောက်အပြီး

နောက်ရက်တွေကို မသွားဖြစ်တော့ပါဘူး ။

အဲ့လိုနဲ့ ကျနော့် သူငယ်ချင်းက သူ့တက္ကသိုလ်မှာ ရေကူးချန်ပီယံဖြစ်လာခဲ့ပြီး ကျနော်က အခုထိ
ရေ သေချာ မကူးတတ်သေးပါဘူး ။

ကျနော်သာ နည်းနည်း စိတ်ကို တမျိုးထားလိုက်ပြီး
ဆက်ပြီးသာ အတူ ကူးခဲ့ရင် ကျနော် ရေသေချာ
ကူးတတ်နေမှာပါ ။

ဒီလိုမျိုးပါပဲ ၊

ဖြစ်လာခဲ့သမျှတွေက ပိုကောင်းတာတွေအတွက်ရော ၊
ပိုဆိုးလာတာတွေအတွက်ရော ဖြစ်ပါတယ် ။

ဒီနေရာမှာ ပိုကောင်းတာတွေ ဖြစ်လာဖို့ ဆိုပြီး
အတင်း အကောင်းမြင်စရာ မလိုပါဘူး ။

ကျနော်တို့ရဲ့ အသုံးမကျခဲ့တာတွေ ၊
ပိန်းတိန်းခဲ့တာကို ကိုယ့်ကိုယ်ကိုယ် မ၀န်ခံရင် ၊
သင်ခန်းစာ မယူရင် ဘယ်တော့မှ မတိုးတက်လာပါဘူး ။

ဒီလိုပဲ ကျနော့် ဘဝရဲ့ အချိန်တချို့မှာ

ပိုက်ဆံသိပ်မရှိတဲ့ကြားက နှစ်ရက် သုံးသိန်းခွဲ
အတန်းတစ်ခုကို တက်ခဲ့လို့

ကျနော့် ဆိုရှယ်မီဒီယာက ထိုးတက်ခဲ့ပါတယ် ။
(အဲ့အစ်ကိုကတော့ အခု လိုင်းပေါ် မရှိတော့ပါဘူး)

2017 မှာလည်း မြန်မာပြည်မှာ တချို့အင်္ဂလိပ်စာအုပ်တွေက ဝယ်မရလို့ သက်သက် ထိုင်းကို သွားပြီး

စာအုပ်တွေ ဝယ်ခဲ့တာကနေ crushing it နဲ့
တခြားစာအုပ်ကောင်းတွေ ဖတ်မိပြီး
ကျနော့် social media strategy တွေ ကောင်းခဲ့တာပဲ ဖြစ်တယ် ၊ ဦးနှောက်ကလည်း ထွားလာတာပဲ
ဖြစ်ပါတယ် ။

အကယ်၍ ကျနော်သာ တစ်ကျပ်ကို နှစ်ကျပ်ခွာနဲ့
ခြစ်ကုတ်နေခဲ့မယ်ဆိုရင် ဒီလိုတွေ လုပ်ဖြစ်ခဲ့မှာ
မဟုတ်ပါဘူး ၊ ဒီအထိ ရောက်လာချင်မှ
ရောက်လာမှာပါ ။

ဒါ့ကြောင့် ဒီပိုစ့်လေးက ပြောချင်တာက

သင့်ရဲ့ ဆင်ခြေပေးလိုက်တဲ့ ကိစ္စလေးတစ်ခုကနေ
သင့်ကို အပျင်းကြီးစေတဲ့ လူ ဖြစ်သွားစေနိုင်ပါတယ် ။

သင် အကြောက်ကြီးပြီး ဘာမှ ထမလုပ်ခဲ့တာက
သင် ရစရာရှိတဲ့ အခွင့်အလမ်းကြီးတွေကို လက်လွှတ်ရတတ်ပါတယ် ။

အမှားလုပ်တာ ၊ ဂွမ်းတာ ၊ အတင်းပြောခံရတာတွေထက်
တွန့်ဆုတ်နေတာ ၊ တွေဝေနေတာ ၊ ဆင်ခြေတွေ
ပေးနေတာက သင့်ဘ၀ရဲ့ တိုးတက်မှုတွေကို
ပိုပြီး အရှိန်နှေးစေပါတယ် ။

ကျနော့်အတွေ့အကြုံအရ
အမှားတွေ မြန်မြန်လုပ်၊ မြန်မြန်ပြင် ၊

မြန်မြန်မှား ၊ မြန်မြန်ပြင် ၊ မြန်မြန်ရှေ့တိုးတာက

အလုပ်အဖြစ်ဆုံး နည်းတွေထဲက တစ်ခုပါပဲ ။

ဒါ့ကြောင့် သင့်အနေနဲ့ ဒီမေလ တစ်ရက်နေ့ကစပြီး
တွေဝေတာတွေ ‌လုံးဝလျော့ချလိုက်ပြီး
သတ္တိလေး မွေးပြီး ရဲရဲ လုပ်ကြပါ ၊ ရှေ့ဆက်တိုးကြပါလို့ အကြံလေး ပေးချင်ပါတယ် ။

Photos from Thiri Thansin's post 22/03/2023

Black and White Team.... coming soon.... at Thansin Fashion Shop Yuzana Plaza

Photos from Thiri Thansin's post 22/03/2023

အိုး....အရောင်လေးတွေကချစ်စရာလေးတွေ.... အကျီ်အရုပ်အစုံနဲ့ ဘောင်းဘီရေစိုကာလာလေးတွေရဲ့ လိုက်ဖက်နေမှူက မိုက်နေရောပဲ.... အရောင်လေးတွေကြည့်ရင်း ရေခဲမုန့်တောင်စားချင်သွားပီ 😋😋

Photos from Thiri Thansin's post 12/02/2023

One set လေးတွေနဲ့ style ကျလှပကြစို့လား.... all in stock! New arrival at ThanSin Ladies Fashion (yuzana plaza, second floor)

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon