New Star Computer Training,Sales,Services,Design Centre
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from New Star Computer Training,Sales,Services,Design Centre, Computer Company, No. 1031 , PyiHtaungSu Main Road , 38 Quarter , North Dagon Townships , Yangon. ( 1st Floor , 7/8 Junction , Front AYA Bank , Near 7/8 Bus Stop ), Yangon.
04/02/2026
New Star Computer Center ရှာနေသော မိတ်ဟောင်း မိတ်သစ် များအားအသိပေးအပ်ပါသည်...."ယခင်ထက် ပိုမိုကောင်းမွန်သော ဆားဗစ်များ အား ပေးဆောင်သွားပါမည်"😍😍😍
26/09/2025
မြန်မာပြည် ကွန်ပျူတာ လောကအတွက် ကြီမားသောဆုံးရှုံးမှုတစ်ခုပါ 😩😭😢
ဆရာကြီးကောင်းရာသုဂတိရောက်ပါစေ...မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါတယ်...🙏🙏🙏
Earthquake App မှာ Setting ချိန်နည်း
------------------------------------
Earthquake App မှာ မြန်မာနိုင်ငံအတွင်း လှုပ်ရှားသည့်ငလျင်များကိုသာ အချိန်နှင့်တစ်ပြေးညီ သိရှိစေရန်အတွက် ပြုလုပ်ထားနိုင်ပါတယ်။
Setting ထဲမှာ Location ခေါင်းစဉ်အောက်ရှိ ----
✅Custom ကိုရွေးပါ Search Box မှာ Myanmar(Burma) ကိုရိုက်ထည့်ပြီး Done ကိုနှိပ်ပါ
✅Notifications ခေါင်းစဉ်အောက်ရှိ ----
✅Notification Type - My Country ကိုရွေးပါ
✅Country - Myanmar(Burma) ကိုရွေးပါ
✅Minimum Magnitude - All Magnitudes ကိုရွေးပါ
✅Notification Sound - နှစ်သက်ရာ
✅Change Notification Settings - နှစ်သက်ရာရွေးပါ
Maps ခေါင်းစဉ်အောက်ရှိ ----
✅Map Type - Standard , Satellite & Hybrid ကြိုက်ရာရွေးပါ (Recommend - Hybrid for poor network connection)
✅Show Fault Lines? - ငလျင်ကြောကြီးများကို မြင်ချင်လျင် Enable ထားပါ
Recents ခေါင်းစဉ်အောက်ရှိ ----
✅Show Magnitude - All Magnitudes
✅Show Region - Myanmar(Burma) ကိုရွေးပါ
✅Time Frame - 12 Hours ကိုရွေးပါ
✅Layout - Map + Table
✅Distance Unit - Automatic
✅Sort By - Time
✅Show in UTC time - Disable
✅Zoom to Last Quake - Enable
iPhone နှင့် Android Setting ချိန်နည်းများ အနည်းငယ်သာကွဲပြီး ကျန်တာအားလုံးအတူတူဖြစ်ပါတယ်။
App ရယူရန်-
Android 👉 https://play.google.com/store/apps/details...
IOS 👉 https://apps.apple.com/.../my-earthquake.../id975709372
06/03/2025
ကွန်ပျုတာကို မြန်ဆန်စေမည့် နည်းလမ်း (၅) ခု
============================
မင်္ဂလာပါခင်ဗျာ။ မိတ်ဆွေအနေနဲ့ လက်ရှိမှာ ကွန်ပျုတာ အသုံးပြုနေရတယ်ဆိုရင် ဒီစာလေးကိုဖတ်ဖို့တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ ကျနော် ဝေမျှ ပေးသွားမယ့် အကြောင်းအရာလေးကတော့ "ပိုက်ဆံ မကုန်ဘဲ ကွန်ပျု
တာကို မြန်ဆန်စေမည့် နည်းလမ်း (၅) သွယ်ကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ နည်းလေးတွေ အများကြီး ရှိပါတဲ့အထဲမှ တိုတိုနဲ့ ထိထိ ဖြစ်အောင် (၅) ချက်ထဲနဲ့ အတိုချုပ် ရေးပေးလိုက်ပါတယ်။
🔻🔻🔻🔻🔻🔻🔻🔻🔻🔻
(၁) မလိုအပ်တဲ့ Software များ ဖျတ်ပါ။
တချို့ ကွန်ပျုတာတွေတော်တော်များများမှာ မြင်ဖူးတယ်။ ဘာကြောင့်လည်း မသိ၊ မသုံးတဲ့ Software တွေကို တစ်ခုလည်းမဟုတ်၊ နှစ်ခုလည်း မဟုတ် သွင်းထားလိုက်ကြတာများ မြင်မကောင်းဘူး။ အလကားရလို့များ သွင်းထားတားလား မသိ။ ကွန်ပျုတာဝယ်ပြီဆိုထဲက ကိုယ်သုံးမယ့် Software ရှိပြီ။ ဆိုလိုတာကတော့ မိတ်ဆွေက Graphic Designer ဆိုရင် Graphic နဲ့ဆိုင်တဲ့ Software တွေ သွင်းထားပေါ့။ ခုက အဲ့လိုမဟုတ်ဘူး။ ရှိရှိသမျှ Software တွေသွင်းထားလိုက်တာ Desktop တစ်ခုလုံးလည်း ပြည့်နေပြီ။ ဒီလို သွင်းထားခြင်းအားဖြင့် ဘာတွေ ဖြစ်လာနိင်လဲ? (၁) မလိုအပ်ဘဲ Hard Disk Space တွေ ပြည့်လာတယ်။ (၂) ကိုယ်သွင်းထားတဲ့ Software တွေက Startup Program ထဲမှာပါနေရင် Windows တက်တဲ့ အချိန်ပိုကြာစေပါတယ်။ (၃) အရေးကြီးဆုံးတစ်ချက်ဗျာ။ ကိုယ်က သွင်းလိုက်တာဘဲ။ Spyware လိုဟာမျိုးဖြစ်နေမယ်။ ပါလာမယ်ဆိုရင် Security အရ ကြည့်မယ်ဆိုရင် တော်တော်ကြောက်စရာ ကောင်းတယ်ဗျ။ ဒါ့ကြောင့် မလိုအပ်တဲ့ Software တွေ မသွင်းပါနဲ့လို့ ပြောတာ။ အကယ်လို့များ သွင်းထားရင် ဖျတ်လိုက်ပါ။ Software တွေ Uninstall လုပ်ပုံလုပ်နည်း အဆင်ဆင့်ကို ဖော်ပြလိုက်ပါတယ်။
(a) Start ကိုနှိပ်ပါ။ ပြီးရင် Control Panel ထဲကိုသွားပါ။
(b) Add or Remove Program ကို ၂ချက် နှိပ်ပေးပါ။
(c) ပြီးရင်တော့ မိတ်ဆွေ ဖျတ်ချင်တဲ့ Software ပေါ်မှာ Right Click နှိပ်ပြီး ဖျတ်နိင်ပါပြီ။
🔻🔻🔻🔻🔻🔻🔻🔻🔻🔻
(၂) Disk Cleanup ပုံမှန်လုပ်ပါ။
ကျနော်အမြင်တော့ တစ်လတစ်ခါလုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မလိုအပ်တဲ့ Hard Disk ရဲ့နောက်ကွယ်မှာ Run နေတဲ့ Temporary နဲ့ Unused ဖိုင်တွေကို ရှင်ပေးပါတယ်။ ကဲ ဘယ်လိုလုပ်မလဲ ကြည့်ရအောင်ပါ။
Start ကိုနှိပ်ပါ။ All Programs, Accessories, System Tools ပြီးရင်တော့ Disk Cleanup ကိုနှိပ်ပါ။ OK နှိပ်ပြီးရင် Delete ပေါ်လာပါလိ့်မ်မယ်။ ဘာမှ မပျက်ပါဘူး။ နှိပ်လို့ရပါတယ်။ သူဖျတ်တယ်ဆိုတာက နောက်ကွယ်မှာ Run နေတဲ့ Temp ဖိုင်တွေကို ဖျတ်ပေးတာပါ။
🔻🔻🔻🔻🔻🔻🔻🔻🔻🔻
(၃) Defragment လုပ်ပါ။
မိတ်ဆွေ စာအုပ်ရောင်းတဲ့ ဆိုင်သွားဖူးတယ်မလား? စာအုပ်စင်တွေမှာ စာအုပ်ကို သူ့နေရာနဲ့ သူစီထားရင် ရှာဖတ်ပိုလွယ်တယ်လေ။ အဲ့လို မဟုတ်ဘဲ။ စာအုပ်တွေကို ပုံသာထားရင် ဖတ်ချင်တဲ့ စာအုပ်ကို ရှာနေရတာနဲ့ စာဖတ်ချင်တဲ့ စိတ်ပျောက်မယ်ထင်တယ်။ ဒီလိုဘဲ ကွန်ပျုတာမှာ ဖိုင်တစ်ခုခု လိုလာတဲ့အခါ အလွယ်တကူ ဖိုင်တွေကို စီထားတဲ့ သဘောပါဘဲ။ ဘယ်လိုလုပ်ရမလဲဆိုတာကို တဆင့်ချင်းစီ ပြပေးပါ့မယ်။
Start > Control Panel > Defragment and Optimize Driver ထဲသွားပါ။ C: Partition ကို Select ပေးပါ။ Analyze လုပ်ပါ။ 0% မဟုတ်ဘဲ 1% 2% ဖြစ်နေရင်တော့ Optimize (or) Defragment လုပ်ဖို့ လိုအပ်ပါတယ်။
🔻🔻🔻🔻🔻🔻🔻🔻🔻🔻
(၄) Hard Drive Error ရှိ မရှိ စစ်ဆေးပါ။
Hard Disk မှာလည်း Error ရှိနေပြန်ရင်လည်း သုံးရတာ နှေးတက်ပါတယ်။ ဒါ့ကြောင့် စစ်ဆေးဖို့ လိုအပ် ပါတယ်။ အောက်မှာ တဆင့်ချင်းပြောပြပေးထားပါတယ်။ My Computer ကို ဖွင့်ပါ။ C: Partition ပေါ်တွင် Right Click နှိပ်ပါ။ Properties ထဲသွားပါ။ Tools ထဲကို ဆက်သွားပါ။ ပြီးရင်တော့ Check ကိုနှိပ်ပါ။ Scan လုပ်လေးပါ။ Error ရှိရင် သူပြောပေးပါလိ့မ်မယ်။
🔻🔻🔻🔻🔻🔻🔻🔻🔻🔻
(၅) C: Partition ကို Free Space များများထားပါ။
ဟ ဘာဆိုင်လို့ ထားရမှာတုန်း။ ကိုယ်တွေ့ပါ။ ကျနော် Services လုပ်တုန်းက Customer တစ်ယောက်ရဲ့ Computer ထဲက C: Partition က နီနေပါတယ်။ Computer က သုံးလို့ မရအောင် တော်တော်လေးနေတာပါ။ အကောင်းဆုံးကတော့ Data တွေဆိုရင် D Partition ထဲမှာ သိမ်းထားစေချင်ပါတယ်။ C: Partition ထဲမှာတော့ မသိမ်းဘူး။ Desktop ပေါ်မှာတော့ သိမ်းတယ်ဆိုရင်လည်း အတူတူပါဘဲ။ Desktop, Download, Documents, Music, Videos စတာတွေ အကုန်လုံးသည် C: Partition အောက်မှာပဲရှိကြပါတယ်။ ဒါကြောင့် သိမ်းချင်ရင် D: Partition ထဲမှာဘဲ သိမ်းကြပါ။
Click here to claim your Sponsored Listing.
သင့်တင့်သောတန်ဘိုး =
ကျေနပ်စေသောဝန်ဆောင်မှု +
တိကျသောကျွမ်းကျင်းမှု
သင့်တင့်သောတန်ဘိုး = ကျေနပ်စေသောဝန်ဆောင်မှု + တိကျသောကျွမ်းကျင်းမှု
Category
Contact the business
Website
Address
Yangon
Opening Hours
| Monday | 09:15 - 18:00 |
| Tuesday | 09:15 - 18:00 |
| Wednesday | 09:15 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:30 - 17:00 |
| Sunday | 09:30 - 16:30 |