SAMM

SAMM

Share

SAMM (Music Training Center)

14/05/2026

ဂစ်တာသမား တစ်ယောက်အနေနဲ့ အနည်းဆုံး သိထားရမည့် အချက်တွေကတော့ ...

- Major Scale ဆိုတာ ?
- Functional Harmony ဆိုတာ ?
- ​Modes နှင့် စကေး Degree
- Modes ဖြစ်ပေါ်လာပုံ နှင့် အသုံးပြုရမည့် ကောဒ့်
- Triad နှင့် Arpeggio
- Modes နှင့် Chord Progression
- Modes များနှင့် Characteristic နုတ်
- Model Harmoy And Relative Modes
- Pitch Axis Theory
- Chords and Scales ချိတ်ဆက်မှု

12/05/2026

ဂီတပညာရပ်နှင့် သီချင်းတစ်ပုဒ် ဖန်တီးခြင်း....

Music Production ဆိုတာဟာ တကယ်တော့ Note တွေကို ကွန်ပျူတာဆီသို့ ပေးပို့လိုက်ပြီး ဂီတအသံ အနေနဲ့ ဖန်တီးခိုင်းလိုက်တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။

ဥပမာ သင်ဟာ Note တွေကို နားလည်ထားမယ် ဂီတသဘောတရားတွေကို နားလည်ထားမယ်ဆိုရင် သင့်စိတ်ထဲမှာ ဖြစ်နေတဲ့ ဂီတတွေကို ကွန်ပျူတာဆီကို ပေးပို့ပြီးဂီတသံအနေဖြင့် ပြန်လည်ကြားရကာ ခံစားနားဆင် နိုင်ပါတယ်။

ဒီတော့ သင့်စိတ်ထဲမှာ ဂီတ မရှိပဲကွန်ပျူတာမှ အလိုအလျှောက် ဂီတသံများထွက်ပေါ်ရန် စောင့်နေမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့။ အခုခေတ် AI Music တွေကတော့ ချွင်းချက်တစ်ခုပေါ့...

ဒီတော့ သီချင်းတစ်ပုဒ် ဖန်တီးဖို့ရာ သင်ဟာ တကယ့်ကို Music ကို ချစ်တဲ့သူတစ်ယောက် ဖြစ်အောင် သင့်ကိုယ်သင် လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ စတင်ရမည့် နည်းလမ်းကတော့
သီချင်းတွေ များများနားထောင်ရပါမယ် ...

ထိုသို့ နားထောင်ရာမှာ အခြားသူများရဲ့ ဖန်တီးမှုကို အသေးစိတ် လေ့လာရပါမယ်။ ပြီးလျှင် ကိုယ်တိုင် Note တွေ သံစဥ် Melody တွေနဲ့ ရင်းနီးအောင် သင့်ခေါင်းထဲမှာ မှတ်သားထားရပါမယ်....

သင်ကိုယ်တိုင် Music မဖန်တီးနိုင်ဘူးဆိုတာဟာ သင်ဟာ Music note တွေကို ဘယ်လောက် သင့်ခေါင်းထဲမှာထည့်သွင်း
မှတ်သားထားသလဲ ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်။

သီချင်းနားထောင် ကျက်မှတ်ခြင်းဟာ Music အပေါ် အာရုံစိုက်မှု အားကောင်းစေပြီး Melody တွေကိုလည်း သင့်စိတ်ထဲမှာ ကိန်းအောင်းသွားစေ ပါတယ်... ဒီတော့မှ ကိုယ်လုပ်ချင်တဲ့ Music ပုံစံကို ပြန်လည်ကူးပြောင်း ဖန်တီးရမှာ ဖြစ်ပါတယ်...

သင့်စိတ်ထဲမှာရှိနေတဲ့ Music ကို ကွန်ပျူတာ ဆောဖ့်ဝဲလ်တွေ အားကိုးပြီး အလွယ်တကူ ဖန်တီးယူနိုင် ပါတယ်။ ဆိုလိုတာကတော့ သင့်ရင်ထဲမှာ Music တစ်ခု မရှိပဲနဲ့ ကွန်ပျူတာဖြင့် ဆော့ဖ်ဝဲလ်အားကိုးပြီး ဂီတဖန်တီးဖို့ ခက်ပါတယ်....

ဒါကြောင့် ဂီတပညာရပ်ကို လေ့လာရာမှာ အခြေခံ Note တွေ ဒို ရေ မီ ဖာ တွေကို သိထားသင့်ပြီး တူရိယာတစ်ခုခုကိုလည်း တီးနိုင်အောင် ကြိုးစားသင့်ပါတယ်... သင့်စိတ်ထဲမှာ Music ရှိနေရင်ကွန်ပျူတာ ဆော့ဖ်ဝဲလ်များ အသုံးပြုနိုင်ရန် သီချင်းတစ်ပုဒ်ဖန်တီးနိုင်ရန် အတွက်ကတော့ အချိန်ခဏလေးအတွင်း သင်ယူ တတ်မြောက်နိုင်ပါတယ်...

SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Level Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ်ပြီး Pro Tools အခြေခံ အသုံးပြုတတ်ရန်လိုအပ်ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပါတယ် ...

12/05/2026

FL Studio ရဲ့Multilink Controller အသုံးပြုနည်း

FL Studio တွင် နှစ်သက်ရာ Volume Fader များကို အလွယ်တကူ အတိုးအကျယ်နိုင်ရန်အတွက် Mult iLink Controller ဆိုသည့် K**b Controller တစ်ခု ထည့်သွင်းပေးထားပါတယ်...

Multilink Controller ကိုအသုံးပြုချင်တယ်ဆိုရင်တော့ FL Studio 12 အပေါ်ဖက် Tools Bar ရှိ Multilink Controller ကို On ပေးထားရပါမယ်။ ဒါဆိုရင် Mouse Icon လေးဟာ လက်ပုံစံ အဖြစ်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

ပြီးနောက် နှစ်သက်ရာ Fader တစ်ခုကို Mouse နှင့် နှိပ်ပြီး ရွေးလိုက်ပါမယ်။
ဒါဆိုရင် အဲဒီလို သင်ရွေးလိုက်တဲ့ Fader ဟာ Multilink Controller နှင့် ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်...

Multilink Controller မှာ K**b , Horizontal Fader , Vertical Fader ဆိုပြီးတော့ Fader Type သုံးမျိုးပါဝင်ပြီး နှစ်သက်ရာ Fader အမျိုးအစားကို ရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။

SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Level Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ်ပြီး Pro Tools အခြေခံ အသုံးပြုတတ်ရန်လိုအပ်ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပါတယ် ...

11/05/2026

Vocal Mixing ပြုလုပ်နည်း

သီချင်းတစ်ပုဒ်ကို Mixing ပြုလုပ်ရာမှာ တစ်ထိုင်တည်းဖြင့် အချောသတ်ပြီးမြောက်ပြီး Perfect ဖြစ်တဲ့ သီချင်းတစ်ပုဒ် ရရှိစေဖို့ဆိုတာ တကယ်တော့ ထင်သလောက် မလွယ်ကူလှပါဘူး ... ဘာကြောင့်လဲဆိုရင် Mixing ပြုလုပ်ရာမှာ အကြားအာရုံ ၊ ဦးနှောက်မှ စဉ်းစားလုပ်ဆောင်နိုင်မှု တို့အပြင် Software ကျွမ်းကျင်မှု ၊ အာရုံစူးစိုက်နိုင်မှု စသည့် အချက်များစွာ လိုအပ်ပါတယ် ...

ထို့အပြင် အခြားသောလုပ်ငန်းများနှင့် မတူညီတဲ့ အဓိက ကွဲပြားချက်ကတော့ အချိန်ကြာမြင့်စွာ နားထောင်ခြင်းကြောင့် မိမိရဲ့ နား ပင်ပန်းလာခြင်း ၊ သီချင်းနားထောင်ရာမှာ ညည်းငွေ့လာခြင်း ၊ အာရုံပျံ့လွင့်ခြင်း စသည်ဖြင့် သင်ကိုယ်တိုင် သတိမထားမိသော ပင်ပန်းနွမ်းနယ်မှုတွေ ကြုံတွေ့ခံစားရလာ နိုင်မှာ ဖြစ်ပါတယ် ...

ဒါကြောင့် Mixing ပြုလုပ်ရာမှာပဲ ဖြစ်ဖြစ် Mastering နှင့် အခြား အရေးကြီးသော Vocal ပြုပြင်ခြင်း ၊ Drum အသံ ချိန်ညှိခြင်း စသည်တို့ လုပ်ဆောင်ရာမှာ (၂) နာရီ ခြား တစ်ခါ (၁၅) မိနစ်ခန့် အနားယူပြီးမှသာ တဖန် ပြန်လည်လုပ်ဆောင် သင့်ပါတယ် ...

သီချင်းတစ်ပုဒ်ကို Mixing ပြုလုပ်ရာမှာ အဓိက အခက်ခဲဆုံး အပိုင်းဟာ Vocal အသံ ချိန်ညှိခြင်း ဖြစ်ပါတယ် ... ဆိုလိုတာက Vocal အသံကို Effect ထည့်သွင်းခြင်း , EQ ခံခြင်း , အစရှိသည်တို့ကို အလွယ်တကူ လုပ်ဆောင်နိုင်ပေမယ့် Vocal အတိုးအကျယ် သတ်မှတ်ခြင်း အပိုင်းမှာတော့ အတော်လေး ခက်ခဲမှုရှိနိုင်ပါတယ် ...

ယေဘူယျအားဖြင့် လူအများစုဟာ သီချင်းတစ်ပုဒ် နားထောင်ရာမှာ Vocal အသံကိုသာ အာရုံစိုက်နားထောင် လေ့ရှိပြီး Vocal အသံကောင်းခြင်း မကောင်းခြင်း အပေါ်မှာသာ ၎င်းသီချင်းရဲ့ အရည်အသွေးကို သတ်မှတ် ဆုံးဖြတ်လေ့ရှိပါတယ် ... ဒါကြောင့် သီချင်းတစ်ပုဒ် Mixing ပြုလုပ်ရာမှာ Music အားလုံးရဲ့ အသံအတိုး အကျယ် နှင့် Vocal အသံ အတိုးအကျယ် မျှတအောင် ချိန်ယူခြင်း ဟာ ခက်ခဲသော လုပ်ဆောင်မှု အပိုင်းလို့ ဆိုလို ခြင်း ဖြစ်ပါတယ် ...

တစ်ခါတစ်ရံ Main Vocal အသံဟာ Pitch များ ယိုင်နေခြင်း , အမြင့်သံများ သီဆိုရာမှာ အသံ အက်ကွဲနေခြင်း , အသံ အတိုးအကျယ် ညီမျှမှု မရှိခြင်း , အသက်ရှုသံများ ကျယ်လောင်စွာ ပါဝင်နေခြင်း အစရှိသဖြင့် လိုအပ်ချက် များစွာရှိသော Vocal အသံမျိုးစုံကို Mixing လုပ်ဆောင်ပေးရန် ကြုံတွေ့ရတတ်ပါတယ် ... များသောအားဖြင့် Vocal အသံကောင်းမွန်ပြီး Professional အဆိုတော် တစ်ယောက် ဖြစ်ပါက Music နှင့် Vocal အသံကို ချိန်ယူရာမှာ Vocal ကို Music ထက် အနည်းငယ် +3 dB ခန့် Level မြှင့်၍ ချိန်ယူလေ့ရှိပါတယ် ...

သီချင်း အမျိုးအစား Music Type အပေါ်မူတည်၍ R & B , Pop , Balled , Slow Rock , Hip Hop တို့မှာ ဆိုရင် Vocal အသံဟာ Music ထက် ပိုမိုကျယ်လောင်စွာ ကြားရတာကို သတိထားမိမယ် ထင်ပါတယ် ... သို့သော် Rock , Alternative , Punk , စသည့် ဂီတ အမျိုးအစားများမှာကတော့ Vocal အသံနှင့် Music ဟာ Level မတိမ်းမယိမ်း အနေအထား (သို့မဟုတ်) Level တူညီတဲ့ အနေအထား မျိုး ချိန်ယူလေ့ ရှိပါတယ် ...

ထို့ပြင် Modern Rock , Metal , Dance စသည့် Music အမျိုးအစားများမှာတော့ Music အသံဟာ Vocal ထက် ပိုမို ကျယ်လောင်ပြီး Vocal အသံဟာ Music အောက်မှာသာ ရှိတဲ့ ပုံစံမျိုး သတ်မှတ်ချိန်ယူလေ့ ရှိတာကိုလည်း တွေ့ရပါတယ် ...

ဒါကြောင့် သင့်အနေဖြင့် Music နှင့် Vocal အသံ အနည်းအများကို ချိန်ယူရာမှာ ဂီတ အမျိုးအစား ကွဲပြားမှု အလိုက် ...

- Music ( - 3 dB ) ဆိုလျှင် Vocal ( 0 dB )
- Music ( 0 dB ) ဆိုလျှင် Vocal ( 0 dB )
- Music ( 0 dB ) ဆိုလျှင် Vocal ( -3 dB )

စသည်ဖြင့် Vocal နှင့် Music အတိုးအကျယ် Level များသတ်မှတ်ကာ ချိန်ယူနိုင်ပါတယ် ...

နောက်ဆုံး အနေဖြင့် အကြံပြုနိုင်တာကတော့ Vocal အသံ နှင့် Music အနည်းများ သတ်မှတ်ရန် ခက်ခဲမှုရှိနေပါက ...

- ပုံမှန်အတိုင်း သင့်စိတ်ကြိုက် Vocal အနည်းအများ သတ်မှတ်ထားသော Mixing
- ( + 2 dB ) ခန့် Vocal ပိုမို မြှင့်တင်ထားသော Mixing
- ( + 5 dB ) ခန့် Vocal ပိုမို မြှင့်တင်ထားသော Mixing
- ( -2 dB ) ခန့် Vocal ပိုမို လျှော့ချထားသော Mixing

ဆိုပြီး Backup အနေဖြင့် Vocal Level မတူညီသော Mixing များကို အရံသင့် ပြုလုပ်ထားနိုင်ပါတယ် ... နောက် တစ်ရက် နှစ်ရက် ခန့်အကြာမှ ၎င်း Mixing များကို ပြန်လည်နားထောင်ပြီး သင့်အနေအကောင်းဆုံး Mixing သီချင်းတစ်ပုဒ်ကို မှန်ကန်စွာ ဆုံးဖြတ် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ် ...

SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

(Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

(ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Level Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ်ပြီး Pro Tools အခြေခံ အသုံးပြုတတ်ရန်လိုအပ်ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပြီး ဂစ်တာ လေ့ကျင့်နည်းစနစ် , သီအိုရီနှင့် သီချင်း ပေါင်းစပ်ဖွဲ့စည်းပုံ , Speed Exercises များ , Music Thoery စာအုပ်များဖြင့် သင်ကြားပေးခြင်း ဖြစ်ပါတယ် ...

Online Class အနေဖြင့် Telegram မှတဆင့် Video သင်ခန်းစာများ , မြန်မာပြန် PDF E Book စာအုပ်များ , ဘာသာပြန် စာတန်းထိုး Movie သင်ခန်းစာများ စသည်တိုကို တစ်ဦးချင်းစီ ပေးပို့၍ သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ...

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No 61 Lake Kan Street Yay Kyaw
Yangon
11182